Sunday, January 27, 2013

ကချင်ကို အပြတ်ချေမှုန်းရန် ကြံ့ခိုင်ရေးပါတီ အမတ် လွှတ်တော်တွင် ပြော


ကချင်ကို အပြတ်ချေမှုန်းရန် ကြံ့ခိုင်ရေးပါတီ အမတ် လွှတ်တော်တွင် ပြော

၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက ကျင်းပသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ် ပြည်လုံးကျွတ်ညီလာခံသို့ သမ္မတ ဦးသိန်းစိန် လာရောက်နှုတ်ဆက်စဉ် (ဓာတ်ပုံ – ကောင်းညီဟန် /ဧရာဝတီ)
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အား အပြုတ်တိုက် ချေမှုန်းနိုင်မှသာ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဖြစ်ကြောင်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) မှ လွှတ်တော်အမတ် ဦးလှဆွေက ယမန်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး ၌ ပြောဆို ဆွေးနွေးကြောင်း သိရသည်။

ခြစားမှု တိုက်ဖျက်ရေး ပွင့်လင်းမြင်သာရမည်


ခြစားမှု တိုက်ဖျက်ရေး ပွင့်လင်းမြင်သာရမည် 


ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အရာရှိကြီးတချို့၏ အလွဲသုံးစား ပြုမှုများ ကို ဖော်ထုတ် စစ်ဆေးနေသည့် သတင်းကြောင့် သမ္မတ ဦးသိန်းစိန် လက်ထက် အစိုးရ၏ လာဘ်ပေး လာဘ်ယူမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ် အရွေ့ကို မြင်တွေ့ရသည်ဟု ဆိုနိုင်သော်ငြား အများပြည်သူ အတွက် အစိုးရက တရားဝင် သတင်းထုတ်ပြန်မှု အားနည်းနှေးကွေးလွန်းနေပြီး တရားစီရင်ရေးနှင့် ဥပဒေစိုးမိုးရေးတွင်လည်း မည်သို့မည်ပုံ ကိုင်တွယ်ဆောင်ရွက်မည်ကို ရှင်းလင်းစွာ မသိရှိရသေးချေ။
ဇန်နဝါရီလ ၁၈ ရက်နေ့ က စပြီး မိမိဆန္ဒနှင့် မိမိဘာသာ နှုတ်ထွက်သွားခဲ့သည်ဟု ဆိုသော ဆက်သွယ်ရေး ဝန်ကြီးအပါအဝင် ဝန်ထမ်း ၄၀ ကျော်အား နေပြည်တော်တွင် ခေါ်ယူ စခန်းသွင်း စစ်ဆေးမှုများ လုပ်ခြင်းမှာ ကမ္ဘာပေါ်တွင် ခြအစားဆုံးနိုင်ငံ တနိုင်ငံအဖြစ် သတ်မှတ်ခံထားရ သည့် မြန်မာနိုင်ငံ၏ အစိုးရ ဗျူရိုကရေစီ ယန္တရားကို သန့်ရှင်းပြီး အစွမ်းထက်လာစေရေး သမ္မတ ဦးသိန်းစိန်က အလေးအနက်ထား မိန့်ခွန်းပြောကြားပြီး တလနီးပါးအကြာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

Friday, January 25, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းမည်ဆိုပါက ၀မ်ပေါင်ကုမ္ပဏီဘက်မှ ဥပဒေကြောင်းအရ တရားစွဲဆိုမည်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းမည်ဆိုပါက ၀မ်ပေါင်ကုမ္ပဏီဘက်မှ ဥပဒေကြောင်းအရ တရားစွဲဆိုမည်  
Wednesday, 23 January 2013 22:40
AddThis Social Bookmark Button
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းမည်ဆိုပါက ၀မ်ပေါင်ကုမ္ပဏီမှ စာချုပ်ပါ စည်းကမ်းချက်များအတိုင်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ၀မ်ပေါင်ကုမ္ပဏီ၏ ရန်ကုန်ရုံး Admin မန်နေဂျာ ဦးမြင့်သိန်းက ဇန်န၀ါရီ ၂၄ ရက်တွင် Eleven Media Group သို့ တရားဝင်ပြောကြား လိုက်သည်။
နိုင်ငံတော်အစိုးရမှ အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆက်လက်လုပ်ဆောင်ခြင်း မပြုဘဲ ဖျက်သိမ်းပါက တရားဥပဒေ လမ်းကြောင်းဖြင့်သာ ဖြေရှင်းမည်ဖြစ်ပြီး အစိုးရသို့မဟုတ် ကြားခံကုမ္ပဏီ မည်သည့်အဖွဲ့အစည်းကို တရားစွဲဆိုမည်ဆိုသည်ကိုမူ စာချုပ်အား အသေးစိတ်လေ့ လာပြီးမှသာ ပြောဆိုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် Hawaii ကို ရောက်ရှိ


ဒေါ်အောင်ဆန်းစုကြည် Hawaii ကို ရောက်ရှိ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ်နဲ့ တောင်ကိုရီးယားခရီးစဉ်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာစဉ်။ (ဇန်နဝါရီ ၂၄၊ ၂၀၁၃)
VOA News, 24 January 2013  —-  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ Hawaii ပြည်နယ်မှာ ကျင်းပတဲ့ Rotary ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံမှာ မိန့်ခွန်းပြောဖို့အတွက် ကြာသပတေးနေ့က Hawaii ပြည်နယ် Honolulu မြို့တော်ကို ရောက်ရှိလာပါတယ်။ အဲ့ဒီမှာ သတင်း ယူဖို့အတွက် VOA  ဝိုင်းတော်သား ကိုသိန်းထိုက်ဦး လည်း ရောက်နေ တာကြောင့်  ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခရီးစဉ်အစီအစဉ်တွေကို သိရဖို့ မစုမြတ်မွန်က ကိုသိန်းထိုက်ဦးကို ဆက်သွယ်မေးထားပါတယ်။

Thursday, January 24, 2013

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရန် တိုက်ပွဲများရပ်သင့်၊ လက်တွေ့တိုက်ပွဲများ ရပ်သကဲ့သို့ စိတ်တွင်းတိုက်ပွဲများလည်း ရပ်ရန် အရေးကြီး

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရန် တိုက်ပွဲများရပ်သင့်၊ လက်တွေ့တိုက်ပွဲများ ရပ်သကဲ့သို့ စိတ်တွင်းတိုက်ပွဲများလည်း ရပ်ရန် အရေးကြီး 

“တစ်.. နေရာယူ၊
 နှစ်.. အဆင်သင့်၊
သုံး.. မောင်းချိန်၊

လေး.. ကျည်ဆံထည့်၊

ငါး.. ဝပ်၊

ခြောက်.. ပစ်နိုင်ပြီ၊ ပစ်… ”
ကျောင်းဝတ်စုံဟု မှတ်ခေါ်ရန် မသေချာတော့သည့် အင်္ကျီတချို့ ဝတ်ဆင်ထားသော စာသင်ခန်းဝင်အရွယ် ကလေးငယ်တချို့၏ အသံများကို ကြားလိုက်ရသည်။ သူတို့တွေ စစ် တိုက်တမ်းဆော့ ကစားနေကြခြင်း ဖြစ်သည်။ နေရာဌာနက အသစ်စက်စက် တူးထားသော ဗုံးခိုကျင်းများထဲတွင်ဖြစ်သည်။ ဗုံးခိုကျင်းက သူတို့အတွက် ခိုအောင်းရာ၊ ဗုံးခိုကျင်းက သူတို့အတွက် လုံခြုံရာဟု သဘောထား ကာ နေရာအသီးသီးယူ ပြီး တိုက်ပွဲ တစ်ခုအသွင် ဆော့ကစား နေကြခြင်းဖြစ်သည်။ “ဒီကလေး တွေ ရဲ့ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာကို  သာ ပြုပြင်လို့ရကောင်းရမယ်။ သူတို့ရဲ့ စိတ်တွေကိုတော့ လွယ်လွယ်နဲ့ ပြင် လို့ရမှာမဟုတ်တော့ ဘူး။ သူတို့သွေးထဲမှာ စစ် ဆိုတာကြီးက ရှိနေပြီ။ ပြီးတော့ သေ နတ်သံတွေ၊ အမြောက်သံ တွေနဲ့ ယဉ်ပါးနေကြပြီ။ ဒါဟာ သူတို့ အနာဂတ်အတွက် ရင်လေးစရာတစ် ခုပဲ” ဟု ဒုက္ခသည် စခန်းများသို့ ကိုယ်တိုင်သွားရောက်ခဲ့သော လူမှု ကူညီရေး အရပ်ဘက်အဖွဲ့အစည်းဝင် တစ်ဦးက ဆိုသည်။ စစ်ဘေးဒုက္ခ သည်များနေထိုင်ရာ ဒုက္ခသည်စခန်း များ၏ ရှေ့တိုင်းလိုလိုတွင် ဗုံးခိုကျင်း များ အသီးသီးနေရာယူထားကြသည်။ တူးထားသည်မှာ မကြာသေးဟု တူး လက်စဗုံးခိုကျင်း များကိုကြည့်၍ သိနိုင်သည်။ ကချင်ပြည်နယ်အတွင်း စစ်ရှိန် တဖြည်းဖြည်းမြင့်လာ၍ ဒုက္ခသည်များက မိမိတို့၏ အသက် အန္တရာယ် လုံခြုံရေး အတွက် အားကိုးတကြီး တူးဆွ ထားခြင်းဖြစ်သည်။
မိမိတို့ တစ်ခါမှမမြင်ခဲ့ဖူးသော လူစိမ်းများရောက်ရှိလာသဖြင့် ခိုနားရာ တဲအိမ်များထဲမှ စစ်ဘေးဒုက္ခသည် တို့အသီးသီးထွက်ကြည့်ကြသည်။ ယင်းတို့၏ မျက်လုံးများထဲတွင် ထိတ် လန့်မှု၊ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုများ အထင်းသားပါဝင်နေကြောင်း မျက် မြင်ခံစားလိုက်ရသည်။ ကူညီဖေးမရန် စာနာမှုနှင့်အတူ လာရောက်ကြောင်း အချိန်ယူ ရှင်းပြလိုက်ကြသည်။ သူတို့ အတော်အတန် သဘောပေါက်သွား ကြသည်။ “နင်တို့မပြန်ကြပါနဲ့။ နင် တို့နေသမျှ ငါတို့အတိုက်မခံရဘူး” ဟု စစ်ဘေးဒုက္ခသည်တစ်ဦးဆီက ဆန္ဒပြု အသံထွက်ပေါ်လာသည်။ “ဘာလို့ လဲ၊ ဘာကြောင့် ဒီလိုခံစားနေရတာလဲ၊ ရှင်းပြပါဦး”ဟု စစ်ဘေးဒုက္ခသည် များကို ကူညီမှု၊ အားပေးမှုများ ပြုလုပ်ရန် ရောက်ရှိလာသော လူမှုကူညီရေး အရပ်ဘက်အဖွဲ့ဝင်တစ်ဦးက မေးမြန်းလိုက်သည်။ “နင်တို့မြို့ ပေါ်မှာ အဆန်းမဟုတ်ပေမယ့် ငါတို့ တွေဆီမှာတော့ မိုးချုပ်တာနဲ့ တံခါး ပိတ်ပြီး ပုန်းနေရတယ်။ မနက်မိုး လင်းရင်လည်း ကိုယ့်အထုပ်ကလေး ကိုယ်ပိုက်ပြီး ပြေးဖို့ပြင်နေရတယ်။ အခု နင်တို့လိုဧည့်သည်တွေ ရှိလို့ ဒီလို အေးအေးနေရတာ” ဟု ကချင်ဒေသ ခံဒုက္ခသည်တစ်ဦးက ရှင်းပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်နှင့် တောင်ကိုရီးယားခရီးစဉ် စတင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်နှင့် တောင်ကိုရီးယားခရီးစဉ် စတင်   PDF Print
Wednesday, 23 January 2013 19:09
AddThis Social Bookmark Button


ha-24-1-1အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်အား ယနေ့ (ဇန်န၀ါရီလ ၂၄ ရက်နေ့) နံနက် ၉ နာရီ ၅၀ မိနစ်က ထိုင်းလေကြောင်းလိုင်းဖြင့် စတင်ထွက်ခွာသွားပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၂၅ ရက်တွင် ဟိုနိုလူလူ မြို့၌ ဟာဝိုင်ယီ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဟာဝိုင်ယီရောက် မြန်မာများနှင့် သီးခြားစီတွေ့ဆုံခြင်း၊ ဇန်န၀ါရီ ၂၈ ရက်တွင် ဟိုနိုလူလူမြို့၌ ကျင်းပမည့် ရိုထရီငြိမ်းချမ်းရေး ဆွေးနွေးပွဲ (Rotary Peace Forum) သို့ တက်ရောက်မိန့်ခွန်းပြောကြားခြင်း၊ ဟာဝိုင်ယီငြိမ်းချမ်းရေးဆု (Hawaii Peace Award) ကို လက်ခံရယူခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင် တပ်မတော်နှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင် မှု နမူနာ


ဖိလစ်ပိုင် တပ်မတော်နှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင် မှု နမူနာ

ဖိလစ်ပိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ တပ်မတော် ဌာနချုပ်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ – 88 Generation Stutents / Facebook)
ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ မကြာသေးမီက အာဆီယံ မိသားစုဝင် နိုင်ငံတခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကို ၄ ရက်ကြာ လေ့လာရေးခရီး သွားခဲ့ကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ကျနော်တို့ရဲ့ အိမ်နီးချင်း၊ အာဆီယံ မိသားစုထဲက နိုင်ငံတနိုင်ငံလည်းဖြစ်သလို ကျနော်တို့နဲ့ ဖြတ်သန်းပုံချင်းလည်း ဆင်တူတာတွေ အများကြီးရှိတော့ သူတို့ အပြောင်းအလဲကို စိတ်ဝင်စားလို့ သွားရောက် လေ့လာဖြစ်ခဲ့တယ်။ အထူးသဖြင့်တော့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်တာတွေ ကျနော်တို့ ဘက်အသီးသီးကနေ လေ့လာနိုင်ဖို့ဆိုပြီး သွားခဲ့ကြတယ်။

ကချင် ပဋိပက္ခ နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး


ကချင် ပဋိပက္ခ နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး 


VOA News, 23 January 2013  — (မျက်မှောက်ရေးရာ/သတင်းသုံးသပ်ချက်) 
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာအစိုးရနှင့် စစ်ရေးအခြေအနေ ပိုမိုဆိုးရွားလာနေပြီး နိုင်ငံရေးပြေလည်မှု ရရှိဖို့ကလည်း ပိုပြီးအလှမ်းဝေးလာတဲ့ KIA ပြဿနာဟာ ကျန်တဲ့ တိုင်းရင်းသားတွေနှင့် မြန်မာအစိုးရတို့အကြား ရထားတဲ့ သဘောတူညီချက်တွေကို ဘယ်လိုများ ထိခိုက်နိုင်ပါသလဲ။ တရုတ်-မြန်မာဆက်ဆံရေးကိုလည်း ဘယ်လို ထိခိုက်နိုင်သလဲဆိုတာတွေကို သမိုင်းပညာရှင်တွေဖြစ်ကြတဲ့ ဦးအောင်ခင်၊ ကမ္ဘောဇဝင်း တို့နှင့် ဦးကျော်ဇံသာက ဆွေးနွေးမေးမြန်းထားပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။