Friday, January 25, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းမည်ဆိုပါက ၀မ်ပေါင်ကုမ္ပဏီဘက်မှ ဥပဒေကြောင်းအရ တရားစွဲဆိုမည်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းမည်ဆိုပါက ၀မ်ပေါင်ကုမ္ပဏီဘက်မှ ဥပဒေကြောင်းအရ တရားစွဲဆိုမည်  
Wednesday, 23 January 2013 22:40
AddThis Social Bookmark Button
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းမည်ဆိုပါက ၀မ်ပေါင်ကုမ္ပဏီမှ စာချုပ်ပါ စည်းကမ်းချက်များအတိုင်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ၀မ်ပေါင်ကုမ္ပဏီ၏ ရန်ကုန်ရုံး Admin မန်နေဂျာ ဦးမြင့်သိန်းက ဇန်န၀ါရီ ၂၄ ရက်တွင် Eleven Media Group သို့ တရားဝင်ပြောကြား လိုက်သည်။
နိုင်ငံတော်အစိုးရမှ အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆက်လက်လုပ်ဆောင်ခြင်း မပြုဘဲ ဖျက်သိမ်းပါက တရားဥပဒေ လမ်းကြောင်းဖြင့်သာ ဖြေရှင်းမည်ဖြစ်ပြီး အစိုးရသို့မဟုတ် ကြားခံကုမ္ပဏီ မည်သည့်အဖွဲ့အစည်းကို တရားစွဲဆိုမည်ဆိုသည်ကိုမူ စာချုပ်အား အသေးစိတ်လေ့ လာပြီးမှသာ ပြောဆိုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"တကယ်တမ်း စီမံကိန်းရပ်ဆိုင်းမယ်ဆိုရင် လုံးဝဖျက်သိမ်းပေါ့နော်။ စာချုပ်အရဆိုရင် ကျွန်တော်တို့ တရားစွဲမယ်။ ဘယ်သူ့ကို တရားစွဲမလဲဆိုတာတော့ စာချုပ်အပေါ် မူတည်တယ်။ စာချုပ်ကို အသေးစိတ်ကြည့်ရဦးမယ်။ ဒါပေမဲ့ ဒီကိစ္စက နောက်ဆုံးဒီလိုအခြေအနေ ရောက်သွားလို့ရှိရင် ဒီတရားဥပဒေ လမ်းကြောင်းအရ ဖြေရှင်းရမှာပဲ။ ဒါတော့ သေချာတယ်" ဟု ၎င်းက ပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော မြန်မာဝမ်ပေါင် မိုင်းနင်းကော့ပါးလီမီတက်နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်တို့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေခြင်း ဖြစ်ပြီး  စီမံကိန်းဧရိယာအတွင်းရှိ လယ်ယာမြေများ သိမ်းယူမှုအပြင် အခြားအကြောင်းများကြောင့် ဒေသခံများ၏ စီမံကိန်းရပ်တန့်ပေးရန် ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
ထို့နောက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သည်။
 Comments 
 
+7 #15 ကျောင်းသားကြီး 2013-01-24 19:47
လွယ်လွယ်လေးရယ် ဥပဒေကို ပြင်လိုက်ပေါ့ကွာ အရင်ကလဲ ဒီလိုပဲ သန်းရွှေလက်ထက် ဥပဒေပြင်ပြီး ဗိုလ်ချုပ်အမျိုးဖက် ပါအောင် ယက်သွားတဲ့ စာချုပ်တွေ နဲ့ ဝမ်ပေါင် နဲ့ လုပ်စားထားတာပဲ။
အရင်က တရားမ၀င်အစိုးရနဲံချုပ်ခဲ့ တဲ့ စာချုပ် တွေ တရားမ၀င် ကြေငြာလိုက်ပေါ့။
 
+5 #14 Zawtika 2013-01-24 16:24
Quoting thihathu:
ကိုယ့်ဆီမှာ သူများအတွက် အရေးကြီးတာတခု ကိုင်ထားရင်
သူများကိုမညှစ်မီကိုယ့် လက်ထဲကတန်ဖိုးကြီး အရာကိုကာကွယ်နိုင်ဖို့ အင်အားရှိရမှာပါ။
ရင်တုန် ပန်းတုန် ရှိလိုက်လေကွယ်၊ အား.. မူးတယ် မူးတယ်....
 
+32 #13 zeroworld 2013-01-24 15:34
တရားစွဲတော့ကောင်းတာပေါ့ ၊ ဒါ့မှအစကနေ ဘာတွေလုပ်ခဲ့တယ်ဆိုတာ သိခွင့်ရမယ်။
တရားသဖြင့် လုပ်ခဲ့ယင်တော့ ကာကွယ်ပေးရမှာ ကျွန်တော်တို့ရဲ့ ဝတ္တရား
မတရား လုပ်ထားယင် ဘာကြောက်စရာလိုလဲ ပြန်ပြီးတောင် တရားထပ်စွဲလိုက်မယ်။
 
+32 #12 thihathu 2013-01-24 15:19
Quote:
ကချင် နဲ့ "၀" ကိစ္စ မှာ ပြဿနာ မဟုတ်ပဲ ပြဿနာ ဖြစ်နေတာပါ။ ယိုးဒယားတွေသာ ဗမာစိတ်ကို တရုပ်တွေလို နားလည်ပီး လုပ်စားတတ်ရင် ကရင် ပြဿနာ ဒါထက် ကြီးနိုင်ပါတယ်။ ဘင်္ဂလားတွေသာ ဗမာစိတ်ကို တရုပ်တွေလို နားလည်ပီး လုပ်စားတတ်ရင် ရခိုင် ပြဿနာ ဒါထက် ကြီးနိုင်ပါတယ်။ အိန္ဒိယတွေသာ ဗမာစိတ်ကို တရုပ်တွေလို နားလည်ပီး လုပ်စားတတ်ရင် ချင်းပြည်နယ်မှာ ပြဿနာ ဒါထက် ကြီးနိုင်ပါတယ်။
အိန္ဒိယက ချင်းကိုမြှောက်မပေးနိုင်ပါဘူး။သူ့ဆီမှာလဲချင်းသူပုန်တွေရှိပါတယ်။မီဇိုရမ်ပြည်နယ်ကမီဇိုတွေဟာ
ချင်းအနွယ်တွေပါပဲ။မီဇိုတင်မကဘူးသူ့ရဲ့N-E ဒေသကပြည်နယ်အားလုံးမှာသူပုန်တွေကကျုပ်တို့ဆီမှာလိုပါပဲ
အာသံ။မဏိပူရ၊နာဂ၊ဘိုဒို၊ကူကီလူမျိုးသူပုန်တွေဒါဇင်လိုက်ရှိပါတယ်။အဖွဲ့တွေမှတပြုတ်ပါ။
N-Eဒေသကိုအိန္ဒိယမိန်းပြည်ကြီးနဲ့ကာမတပဒေသကနယ်မြေကျဉ်းကျဉ်းလေးနဲ့ပဲဆက်ထားတာ။
အဲဒီ့ပြည်နယ်တွေတည်ငြိမ်ဖို့ကမြန်မာပြည်ကအဓိကပါပဲ။မြန်မာပြည်ကိုစစ်ရေးအကူအညီအချို့နဲ့
လက်နက်တွေပေးထားတာအဲဒီ့အတွက်ပါ။မြန်မာပြည်ကချင်းနဲ့နာဂသူပုန်၂ကောင်ပဲရှိပါတယ်။
ပြီးတော့အဲဒီ့ပြည်နယ်တွေအားလုံးlandlocked ဖြစ်နေတယ်။ဘင်္ဂလားကဖြတ်လမ်းခွင့်မပြုဘူး။
အဲဒီ့အတွက်ကြောင့်ကုလားတန်မြစ်စီမံကိန်းလုပ်နေတာပါ။တရုတ်ရေတပ်ကိုမြန်မာကခွင့်ပြုမပြုရှိသေးတယ်။
အိန္ဒိယနဲ့မြန်မာမှာမြန်မာကအပေါ်စီးကပါ။ကိုယ်ကသူ့ကိုလိုတာနဲနဲလေးပါ။သူနဲ့မလုပ်လဲတခြားလူတွေရှိတယ်။
သူအတွက်ကတော့မြန်မာပြည်ရဲ့ဆုံးဖြတ်ချက်တွေဟာအင်မတန်အရေးပါပါတယ်။
အိန္ဒိယကမြန်မာကိုမျက်နှာပျက်အောင်မလုပ်ရဲပါဘူး။
ထိုင်းကတော့သိလို့လုပ်စားလာတာကြာပါပီ။အရင်ကကရင်ကောကရင်နီကောမွန်ကောမြှောက်ပေးထားတာ။
အခုကျတော့ပထ၀ီနိုင်ငံရေးကောစီးပွားရေးအခြေအနေကကောအရင်နဲ့မတူတော့ဘူး။
ကရာကျွန်းဆွယ်မှာတူးမြောင်းလုပ်ဖို့ကအဆင်မပြေတော့ထားဝယ်ကသူ့အတွက်အရေးကြီးလှပြီ။
ရင်လတ်ကြီးရုပ်ပျက်ဆင်းပျက်ကိုမြန်မာကိုဖားနေတာသိသာလွန်းပါတယ်။ပီးတော့အာဆီယံဇုန်အပြင်
encircling china လုပ်တဲ့အမေရိကန်ရဲ့ဗျုဟာမှာမြန်မာကအရေးပါတယ်။ကျွန်းစုကိစ္စတွေမှာလဲ
တရုတ်နဲ့တခြားအာဆီယံတွေငြိတယ်။တရုတ်ရဲ့အာဏာလွှမ်းမိုးမှုကကြီးလာတယ် ။
ဘာမဟုတ်တဲ့ကရင်အရေးနဲ့မြန်မာဆီကညှစ်ဖို့ထက်မြန်မာနဲ့ပေါင်းလုပ်တာပိုကောင်းတဲ့ဘက်ကို
ရွှေ့သွားပါပီ။ပီးတော့ထိုင်းကသူ့အဘအမေရိကန်ကိုမလှန်ရဲပါဘူး။မြန်မာအတွက်ကလည်းတခြားနိုင်ငံတွေ
ထက်ထိုင်းနဲ့ပေါင်းတာအဆင်ပြေပါတယ်။ဘာပဲပြောပြောဘာသာကော၊အကျင့်ကော၊လူမျိုးကောအကုန်ခြုံ
ကြည့်ရင်ကိုယ်နဲ့အတူဆုံးကတကမ္ဘာလုံးမှာသူပဲရှိပါတယ်
ဘင်္ဂလားကကျတော့ရိုဟင်ဂျာခေါ်ဘင်္ဂလီကိုမြှောက်ပေးရင်ကိုယ်လည်းသူ့ဆီကစစ်တကောင်းတောင်ပေါ်
မျိုးနွယ်စုကိုမြှောက်ပေးရုံပါပဲ။ဘေးချင်းကပ်နေကြတာ။သရေပါ။ပီးတော့ရိုနဲ့စတဲ့ဘင်္ဂလီတွေကသာ
ပညာမတတ်လို့အောက်တန်းကျနေတာပါ။ဘင်္ဂလီပြည်မကsecular stateပါ။ဘာသာရေးနဲ့နိုင်ငံရေးမရောပါ။
သူတို့ကိုယ်တိုင်လဲအဲဒီ့ရို..နာမည်ခံတွေကိုအောက်တန်းစားဆိုပီးခြံခတ်ထားတာပါ။သူလည်းမြန်မာနဲ့စီးပွားရေး
လုပ်ချင်နေတာအဲဒီ့သတ္တ၀ါတွေကြောင့်စိတ်ညစ်နေရတဲ့အခြေအနေမှာရှိပါတယ်
တရုတ်တကောင်တည်းကိုသာမြန်မာဘက်ကပြန်ပီးအညှာကိုင်စရာမရှိသလိုဖြစ်နေပါတယ်
သူ့ယူနန်မှာသူပုန်လည်းမရှိ၊ရွှေပိုက်လိုင်းကလည်းပေးလုပ်ပီးသားဖြစ်သွားပီ။
တကယ်တော့အဲဒီ့အကွက်ကိုကိုယ်ကကိုယ်ထားရမဲ့ဟာ။ယူနန်၊ဆီချွမ်အစရှိတဲ့တရုတ်အနောက်တောင်ပိုင်းအတွက်ကော
မလက္ကာchoking point ကိုrelieve လုပ်ဖို့အတွက်ကမြန်မာပြည်ကအခရာပါ။ရွှေနဲ့ကျောက်ဖြူစီမံကိန်းက
အဲဒီ့အတွက်လုပ်နေတာပါ။ဒါပေမဲ့နောက်ပိုင်းအမေရိကန်နဲ့ပေါင်းပီး
ကိုယ့်စစ်တပ်ကလည်းအဆင့်မီဖြစ်လာတဲ့အခါတော့တခုခုဆိုပိုက်လိုင်းကိုပိတ်ပစ်ရမလားဆိုပီးပြန်ညှစ်လို့တော့ရပါတယ်။
တရုတ်နယ်စပ်ကကချင်၊၀၊ကိုးကန့်၊ရှမ်း၊လားဟူနဲ့ပလောင်တွေကိုလက်နက်ကိုင်ဖြုတ်ဖို့လိုတယ်။
အခုလိုတရုတ်ကမြှောက်ပေးနေမှာစိုးရတယ်။ နောက်ပီးသူ့ပိုက်လိုင်းလုံခြုံရေးဆိုပီးတရုတ်တပ်ဝင်မလာနိုင်လောက်အောင်
ကိုယ့်မှာစစ်အင်အားရှိဖို့လိုပါတယ်။ကိုယ့်ဆီမှာသူများအတွက်အရေးကြီးတာတခုကိုင်ထားရင်
သူများကိုမညှစ်မီကိုယ့်လက်ထဲကတန်ဖိုးကြီးအရာကိုကာကွယ်နိုင်ဖို့အင်အားရှိရမှာပါ။(ပနားမားတူးမြောင်းကိစ္စကိုသာကြည့်ပါ)
 
+23 #11 Zawtika 2013-01-24 11:39
Quoting thihathu:
သောက်တရုတ်တွေနဲ့နောက်ထပ်ဘယ်တော့မှစာချုပ်မချုပ်ပါနဲ့တော့ခင်းဗျား။
xxxxxxxxx
မောင်သီဟသူပြောတာ မျက်မြင် ကိစ္စတွေအတွက် သက်သက်ပဲဆိုရင်တော့ မှန်ပါတယ်......
ခက်တာက မြင်တာတွေကိုဘဲပြောနေကြတာကိုး...
တရုတ်က ခင်ဗျားတို့ မြင်သလောက်ပဲ ပါးရင်တော့ ခင်ဗျားတို့ ကံကောင်းမှာပါ...
ကချင် နဲ့ "၀" ကိစ္စ မှာ ပြဿနာ မဟုတ်ပဲ ပြဿနာ ဖြစ်နေတာပါ။
ယိုးဒယားတွေသာ ဗမာစိတ်ကို တရုပ်တွေလို နားလည်ပီး လုပ်စားတတ်ရင် ကရင် ပြဿနာ ဒါထက် ကြီးနိုင်ပါတယ်။
ဘင်္ဂလားတွေသာ ဗမာစိတ်ကို တရုပ်တွေလို နားလည်ပီး လုပ်စားတတ်ရင် ရခိုင် ပြဿနာ ဒါထက် ကြီးနိုင်ပါတယ်။
အိန္ဒိယတွေသာ ဗမာစိတ်ကို တရုပ်တွေလို နားလည်ပီး လုပ်စားတတ်ရင် ချင်းပြည်နယ်မှာ ပြဿနာ ဒါထက် ကြီးနိုင်ပါတယ်။
ဗမာတွေကလဲ ကိုယ့်စိတ် ကိုယ့် ဗီဇ နဲ့ လာတာဆိုတော့ လူမျိုးစု ပြဿနာဟာ ဗမာပြေအတွက် ၀ဋ်နာကံနာ လို့ဘဲ ပြောရမှာပါ...
 
+68 #10 ရန်ကုန်အောင် 2013-01-24 05:46
ကဲ...............
ဘယ်လိုလဲ..........
ကော်မရှင်စား၊ ပွဲစားကြီးများ.............
တရုတ်ကြီးဆီက ဘီလူးဇာတ်ရုပ်ပေါ်လာပြီ။
ကိုယ်တိုင်သာ အစားခံလိုက်ကြပါ။
ပြည်သူတွေကို အစားထိုးကျွေးခြင်း မပြုကြပါနဲ့ ။
ကိုယ်လုပ်ခဲ့သမျှ ကိုယ်ပဲ ရဲရဲကြီး ခံဖို့  ပြင်ပေတော့။
ယောကျာင်္းတွေပီပီ (တပ်မတော်သား ဟောင်းတွေပီပီ) ရဲဝံ့ကြစမ်းပါ။
 
+25 #9 myo1 2013-01-24 04:49
မစင်က အီးကို နံလိုက်တာလို့  ပြောသလို ဖြစ်မနေဘူးလား.....
 
+10 #8 Ta Pyay Thu Ma Shwe Hta 2013-01-24 01:52
Oh we sue them too at the International Criminal Court for throwing smoke-bombs that turned out to be flame throwers at sleeping sangha and protesters in the middle of the night with things made in China. For selling defect smoke bombs (if they say the smoke bombs are only tear gas that mysteriously shot flames when touched water).
 
+44 #7 tslzawzaw4th@gmail.com 2013-01-24 01:08
ဒီလိုပဲပြောတော့မှာပေါ့ဒီလိုမပြောရင်ပြေစရာလမ်းမှမရှိတော့တာ ဘာမှစိတ်မပူကြနဲ့ ဒါမျိုးလေးကတော့သူတို့အတွက်လွယ်လွယ်လေးပါ။ဒါမျိုးဖြေရှင်းဖို့က သူတို့တွက်စကားပဲ။ စကားနဲ့ချုပ်စကားနဲ့ပြန်ဖျက်သိမ်းပေါ့။ တယုတ်ကိုယ့်ကျိုးတစ်ခုပဲကြည့်တဲ့ကောင် ခံလိုက်ပါတော့ သည်းခံတာမနည်းတော့ဘူး။ ဘာမှမလျောနိုင်ဘူး နင်တို့ ကျွန်တော်တို့နိုင်ငံမွဲတာ။နင်တို့အသိပဲ။
 
+30 #6 tonelay 2013-01-24 00:52
တရုတ်လုပ်တယ်ဆိုကတည်းကလုံးဝအကြိုက်မတွေ့ပါဘူး..ဒါပေမယ့်ရေရှည်တိုင်းပြည်အကျိုးပြုတယ်ဆိုရင်လုပ်သင့်ပါတယ်..
မြန်မာပြည်ကပြောင်းလဲကာလမကြာသေးတော့ဥပဒေဆိုတာဘာမှသေသေချာချာလဲမရှိဘူး..စိတ်ကူးရှိတာတွေလျောက်လုပ်.ပြီမှဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီလူတွေကအားအားယားယားလမ်းပေါ်ထွက်ချင်နေကျတယ်..ခိုင်မာတဲ့ဥပဒေလိုအပ်နေပါတယ်..ဒါမှနောက်ဝင်မဲ့နိင်ငံတွေလဲသူတို့စိတ်ချရမှာပါ..
 
+93 #5 kokokokokoko 2013-01-24 00:26
့ရှက်စရာလည်းကောင်းတယ် နိုင်ငံသိက်ခါလည်းကျတယ် ပါဝင်ပတ်သက်ခဲ့တဲ့သူတွေ ကိုယ့်ဗိုက်ကိုယ်ဓါးနဲ့
ထိုးသေဖို့ကောင်းတယ် အရှက်မရှိပြောသေး တိုင်းပြည်ကိုခုက်ခမရောက်ရအောင်ကယ်တင်ခဲ့တာတဲ့။ ထွစ်----
 
+169 #4 thihathu 2013-01-23 23:29
သောက်တရုတ်တွေနဲ့နောက်ထပ်ဘယ်တော့မှစာချုပ်မချုပ်ပါနဲ့တော့ခင်းဗျား။
သူတို့ထက် ပိုပြီးပိုက်ဆံပေးတဲ့၊၂ဖက်မျှကြည့်တတ်တဲ့၊အဆင့်ရှိတဲ့ဂျပန်၊အမေရိကန်၊ဥရောပနှင့်သာလုပ်ပါ။
ဒီကြေးနီစီမံကိန်းရပ်ဖို့ကတော့မဖြစ်နိုင်ဘူးထင်ပါတယ်။
တရုတ်ကိုကြောက်လို့မဟုတ်ပေမဲ့မြန်မာနိုင်ငံရဲ့မျက်နှာအတွက်ပါ။ အရင်မြစ်ဆုံတုန်းကတော့နိုင်ငံရဲ့ icon
လဲဖြစ်တော့ ရပ်လိုက်တာကိုတမ္ဘာလုံးက၀ိုင်းထောက်ခံပေမယ့်အခု လက်ပံတောင်းကတော့တမျိုးဗျာ။
ချုပ်ထားတဲ့စာချုပ်တခုကိုဘယ်လောက်ထိလေးစားသလဲဆိုတာကိုတခြားလာလုပ်မဲ့နိုင်ငံတွေကပါစောင့်
ကြည့်နေတဲ့အခြေအနေပါ။မြစ်ဆုံရပ်တာကတရုတ်သြဇာအောက်ကနေမြန်မာနိုင်ငံရုန်းထွက်လာတဲ့
ပြယုဂ်မို့အမေရိကန်နဲ့အပေါင်းအပါတွေကသြဘာဝိုင်းပေးပေမယ့်လက်ပံတောင်းကြတော့နှာစေးနေတယ်ဗျ။
သူတို့ဆီကကုမ္ပဏီတွေလာလုပ်ရင်ကောအနားရွာကလူတွေဝိုင်းအော်တာနဲ့ရပ်ပစ်မှာလားမရပ်ဘူးလားဆိုတာ
ကိုစောင့်ကြည့်နေတာ။အဖြစ်နိုင်ဆုံးကတော့တရုတ်ကကောင်တွေနဲ့ညှိပီး
compensationကို၁၀ဆတင်ပီးပေးခိုင်းပါ။ပေးနိုင်ပါတယ်။စီမံကိန်းတန်ဖိုးက ၄၆ဘီလျံရှိတာ သန်း၅၀
လောက်တော့ပေးနိုင်ရမှာပေါ့။အဲဒါဆိုရွာသားတွေလည်းကျေနပ်ပီးအဆင်ပြေသွားပါလိမ့်မယ်။
သဘာဝပတ်ဝန်းကျင်ကတော့မတတ်နိုင်ဘူးဗျာ။၄၆ဘီလျံရှိတာကိုသဘာဝပတ်ဝန်းကျင်အကြောင်းပြပီး
ရပ်ဖို့မြန်မာနိုင်ငံကမချမ်းသာပါဘူး။ချမ်းသာတဲ့နိုင်ငံတွေတောင်တကယ်တမ်းယှဉ်လာရင်
စီးပွားရေးနဲ့နိုင်ငံရေးကိုပဲကြည့်တာပါ။သဘာဝပတ်ဝန်းကျင်ဆိုတာဟန်ပြလောက်လုပ်နေတာ။
ဒါမှမဟုတ်တရုတ်ဆီကနေစီမံကိန်းကိုပြန်ဝယ်ပီးတခြားနိုင်ငံကကုမ္ပဏီဆီပြန်ရောင်းကြည့်ပါလား။
သူတို့လည်းကနေဒါဆီကလွှဲထားတာဆိုလားပဲ။ကြေးနီတွေရှိနေမှန်းသိရက်နဲ့တော့မြေကြီးထဲ
သိမ်းထားတာတော့မဟုတ်သေးဘူး။အဲဒီကရတဲ့ပိုက်ဆံတွေနဲ့လုပ်ရမှာတွေအများကြီးရှိသေးတယ်။
နောက်ပီးတရုတ်ဆီမှာဝှက်ဖဲတောင်မဟုတ်ဘူး။ပေါ်တင်ဖဲကြီး ကချင်နဲ့ဝ ရှိနေသေးတယ်။
ပီးခဲ့တာတွေတော့ထားလိုက်တော့စာချုပ်ကချုပ်ပီးနေပီ။နောက်နောင် တရုတ်ကကုမ္ပဏီဆိုရင်
ဘာပရောဂျက်မှမပေးဖို့ပဲလိုပါတယ်။တကယ်ကမ်းကမချုပ်ခင်တည်းကစဉ်းစားမိခဲ့ကောင်းတာပါ။
အခုမှတော့စာချုပ်ခဲ့တဲ့သူတွေကိုပဲအပြစ်တင်ရတော့မှာပဲ
 
+117 #3 Snipher 2013-01-23 23:22
လက်ပံတောင်း အစီရင်ခံစာမထုတ်ပြန်မီ ၀မ်ပေါင်အနေဖြင့် ဒီလို ကြေညာထုတ်ပြန်တာက လက်ရှိအစိုးရနှင့်ပြည်သူလူထုကို သွယ်ဝိုက် ခြိမ်းခြောက်ရာ ရောက်ပါတယ်။ ပတ်ဝန်းကျင်ထိခိုက်မှုတွေရှိနေတာက ငြင်းမရ ပါဘူး။ တကယ်ထိခိုက်ခံစားရမှာက ဒေသခံတွေပါ။ အာဏာရှင်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ကတိတွေက ဘယ့်နှစ်ခါများ ကတိ တည်ဖူးလို့လဲ။ မနက်ဖြန်ဆိုလျှင်တောင် ငွေစက္ကူဖျက်သိမ်း တာတို့၊ ပြည်သူ့ပိုင်သိမ်းတာတွေက အာဏာရှင်နိုင်ငံအများစုရဲ့ လုပ်ရပ်တွေပါ။ စီမံကိန်းရပ်ဆိုင်း ခဲ့မယ့် ဆိုလျှင်လည်း မြန်မာတွေအနေဖြင့် သိက္ခာကျစရာ အကြောင်း တော့ မရှိပါဘူး။ သယံဇာတဆိုတာ နိုင်ငံသူနိုင်ငံ သားတွေပိုင်သလို့ နိုင်ငံတော်လည်း ပိုင်တာပါပဲ။
 
+145 #2 ဥုံဖွ 2013-01-23 23:10
စွဲရင်လဲ အရင်ဗိုလ်ချုပ် များကိုသာစွဲပါ ပြည်သူ့အစိုးရမဟုတ်တဲ့ အရင်အစိုးရနဲ့သာဆိုင်ပါတယ် လျှော်ရရင်လဲ ပြည်သူ့ဘဏ္ဍာငွေကိုမျက်စောင်းတောင်မထိုးပါနဲ့
 
+139 #1 Change 2013-01-23 23:04
ဟိုတုန်းကတော့ ဂျပန်အလိုတော်ရိ.....
အခုတော့ တရုတ်အလိုတော်ရိ.....

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။