Wednesday, November 14, 2012

သမ္မတ အိုဘားမား မြန်မာခရီးစဉ် မြောက်ကိုရီးယား အန္တရာယ် ပူပန်




သမ္မတ အိုဘားမား မြန်မာခရီးစဉ် မြောက်ကိုရီးယား အန္တရာယ် ပူပန် 


မဇ္ဈိမသတင်းဌာန .၁၅ရက်နေ့ နိုဝင်ဘာ ၂၀၁၂  — အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ လုံခြုံရေးစိုးရိမ်မှု မှာ မြောက်ကိုရီးယား ဖြစ်ကြောင်း သံတမန် သတင်း ရပ်ကွက်တခုက ပြောသည်။

အိုဘားမား မြန်မာနိုင်ငံသို့ မလာရောက်မီ ရက်ပိုင်းအလို၌ နိုင်ငံခြားသား ၁၀ ဦးအပါအ၀င် အကျဉ်းသား ၄၅၂ ဦးအား လွတ်ငြိမ်းသက်သာခွင့်ပေး


အိုဘားမား မြန်မာနိုင်ငံသို့ မလာရောက်မီ ရက်ပိုင်းအလို၌ နိုင်ငံခြားသား ၁၀ ဦးအပါအ၀င် အကျဉ်းသား ၄၅၂ ဦးအား လွတ်ငြိမ်းသက်သာခွင့်ပေး   PDF Print
Thursday, 15 November 2012 09:43
AddThis Social Bookmark Button
မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ အိုဘားမား မလာရောက်မီ ရက်ပိုင်းအလို၌ နိုင်ငံခြားသားများ အပါအ၀င် အကျဉ်းသား ၄၅၂ ဦးအား နိုဝင်ဘာလ ၁၅ ရက်မှစ၍ လွတ်ငြိမ်းသက် သာခွင့် ပြု လိုက်ကြောင်း နိုဝင်ဘာလ ၁၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း စစ်ကိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောက် ရွက်နိုင်ရန် အတွက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း စစ်ကိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောက် ရွက်နိုင်ရန် အတွက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား 

Printer-friendly versionSend by email

အိုဘားမား ခရီးစဉ် အကြို လွတ်ငြိမ်းခွင့်ကြေညာ


အိုဘားမား ခရီးစဉ် အကြို လွတ်ငြိမ်းခွင့်ကြေညာ 


ယခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်လာမည့်သူများကို အင်းစိန်ထောင်ရှေ့ တွင် စောင့်ကြို 
နေကြသူများ (ဓာတ်ပုံ - ဧရာဝတီ) 

အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား မြန်မာပြည် ခရီးစဉ် မတိုင်မီမှာ မြန်မာနိုင်ငံ အစိုးရက အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်ကို ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ သတင်းစာတွေမှာ  ကြေညာပါတယ်။ 

ပြစ်ဒဏ်အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့်ပြု

ပြစ်ဒဏ်အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့်ပြု 

Printer-friendly versionSend by email

နေပြည်တော် နိုဝင်ဘာ ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်  တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကို  နားလည်ကြပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေမည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန်အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသော အားဖြင့်လည်းကောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ (က)နှင့်အညီ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်များကို ထိုက်သင့်စွာကျခံပြီးကြသော အသက် အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးချို့တဲ့သူများနှင့် နိုင်ငံခြားသား အကျဉ်းသားများ အပါအဝင် စုစုပေါင်းအကျဉ်းသား ၄၅၂ ဦးအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄ဝ၁(၁)အရ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်မှစ၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုကြောင်းနှင့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။