Tuesday, November 13, 2012

ငလျင်ဒဏ်သင့် ပြည်သူများအား နိုင်ငံတော်နှင့် အာဏာပိုင်အဖွဲ့အစည်းများ၊စေတနာရှင် ပြည်သူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့မှ ၀ိုင်းဝန်းကူညီစောင့်ရှောက်ပေးလျက်ရှိ


ငလျင်ဒဏ်သင့် ပြည်သူများအား နိုင်ငံတော်နှင့် အာဏာပိုင်အဖွဲ့အစည်းများ ၊စေတနာရှင် ပြည်သူ များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့မှ ၀ိုင်းဝန်းကူညီစောင့်ရှောက်ပေးလျက်ရှိ 

Printer-friendly versionSend by email
နေပြည်တော် နိုဝင်ဘာ ၁၃
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၀၇ နာရီ ၄၂ မိနစ် ၃၈ စက္ကန့်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမြေငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ စစ်ကိုင်း၊ ရွှေဘို၊ ကျောက်မြောင်း၊ ခင်ဦး၊ မန္တလေး၊ အမရပူရ၊ စဥ့်ကူး၊ ကျောက်ဆည်နှင့် သပိတ်ကျင်းမြို့နယ်တို့တွင်       စေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ၊ လူနေအိမ်ခြေအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ရုံးအဆောက်အအုံများနှင့် တည်ဆောက်ရေးလုပ်ငန်းများ ပျက်စီးခြင်း၊ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရသေဆုံးခြင်း များ ဖြစ်ပေါ်ခဲ့ကြောင်းသတင်းများ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
 နိုဝင်ဘာ ၁၃ ရက်နေ့အထိ ငလျင်ဒဏ်ကြောင့် စုစုပေါင်း ပျက်စီးဆုံးရှုံးခဲ့ရမှု အခြေအနေမှာ အခြေခံပညာကျောင်း ၂၅ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၃၅ ကျောင်း၊ ဘုရားစေတီပုထိုး ၄၅ ဆူ၊ ၀န်ထမ်းအိမ်ရာ ၅၅ လုံး၊ ဒေသခံပြည်သူများ၏နေအိမ် ၂၀၁ လုံး၊ ဆေးရုံဆေးပေးခန်း ၁၃ ခု၊ ရတနာသိင်္ဃတံတား တည်ဆောက်ရေးလုပ်ငန်းခွင်မှ ဆိပ်ခံ ဗောတံတား ၁ ခု၊ တာဝါတိုင်နှင့် ထရန်စဖော်မာ ၅ ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
ပျက်စီးဆုံးရှုံးသွားသည့် ရုံးအဆောက်အအုံ၊ ၀န်ထမ်းအိမ်ရာများကို နိုင်ငံတော်မှ ပြန်လည်တည်ဆောက်ပေးသွားမည်ဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဒေသခံများ၏နေအိမ်များကို ငလျင်ဒဏ်ခံနိုင်သည့် တန်ဖိုးနည်းအိမ်ရာများအဖြစ် ပြန်လည်ဆောက်လုပ်ပေးခြင်းနှင့် ပျက်စီးသွားသည့်စေတီပုထိုးနှင့် သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းများ ကို နိုင်ငံတော်နှင့် စေတနာရှင် အလှူရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိကြောင်းသိရသည်။
ယခုလတ်တလော အခြေအနေတွင်လည်း ငလျင်ဒဏ်ခံစားရသည့် မိဘပြည်သူများ၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးတို့ကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့များ ၊ ဒေသခံပြည်သူများ ၊ စေတနာရှင်ပြည်သူများ၊ တပ်မတော်၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့များ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူထုလူတန်းစား အသီးသီးတို့နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် အထူးကုဆရာဝန်ကြီးများ ပါဝင်ဖွဲ့စည်းထားသည့် ဆေးဝါးကုသရေး အထူးအဖွဲ့များစေလွှတ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးလျှက် ရှိကြောင်းသိရသည်။

အင်အားပြင်း ငလျင်ဒဏ် ခံရသည့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ကြိုပမ်း ဆောင်ရွက်မှု အခြေအနေ အသိပေး ကြေညာခြင်း


အင်အားပြင်း ငလျင်ဒဏ် ခံရသည့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ကြိုပမ်း ဆောင်ရွက်မှု အခြေအနေ အသိပေး ကြေညာခြင်း

                                ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
                                           နိုင်ငံတော်သမ္မတရုံး
                                         သတင်းထုတ်ပြန်ချက် (၃/၂၀၁၂)
                                        ၂၀၁၂ ခုနှစ်၊နိုဝင်ဘာလ ၁၂ ရက်
                                ၁၃၇၄ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်
အင်အားပြင်း ငလျင်ဒဏ် ခံရသည့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ကြိုပမ်း ဆောင်ရွက်မှု အခြေအနေ အသိပေး ကြေညာခြင်း

၁။  ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ (၁၁) ရက်နေ့၊ နံနက် (၀၇)နာရီ (၄၂)မိနစ် (၃၇)စက္ကန့် တွင် လှုပ်ခတ်ခဲ့သည့် အင်းအားပြင်း မြေငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ စစ်ကိုင်း၊ ရွှေဘို၊ ကျောက်မြောင်း၊ ခင်ဦး၊ မန္တလေး၊ အမရပူရ၊ စဥ့်ကူး၊ကျောက်ဆည်နှင့် သပိတ်ကျင်း မြို့နယ် တို့တွင် စေတီပုထိုးများ၊ သာသနိက အဆောက်အအုံများ၊ လူနေအိမ်ခြေ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ရုံး အဆောက်အအုံများနှင့် တည်ဆောက်ရေး လုပ်ငန်းများ ပျက်စီးခြင်း၊ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရ သေဆုံးခြင်းများ ဖြစ်ပေါ် ခဲ့ပါသည်။
၂။ ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် နိုင်ငံတော်သမ္မတ အနေဖြင့် အဆိုပါငလျင်ဒဏ် ခံရသည့်ဒေသ များသို့ ကိုယ်တိုင် သွားရောက်ရန် အခြေအနေမပေးသည့်အတွက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက် ခမ်း ဦးဆောင်သည့်အဖွဲ့အား ချက်ချင်းစေလွှတ်၍ ကယ်ဆယ်ရေး ၊ထောက်ပံ့ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နိုင်ရန်နှင့် ဒေသခံပြည်သူများအား ကူညီအားပေးနိုင်ရန် တာဝန်ပေးအပ်ခဲ့ပါသည်။
၃။  နိုင်ငံတော်သမ္မတအနေဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးပျက်စီး ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရ သည့် မိဘ ပြည်သူများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြအပ်ပါသည်။ ငလျင်လှုပ်ခတ်မည့် အခြေအနေကို ကြိုတင်တွက်ဆနိုင်ခြင်း မရှိသော်လည်း ငလျင်လှုပ်ခတ်မှုဖြစ် စဉ်၌ ဘေးဒုက္ခခံစားခဲ့ရသူများအား အရေးအပေါ် အချိန်တွင် ချက်ချင်းအကူအညီပေးရေးနှင့် ကယ် ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသော ဒေသခံ ပြည်သူများကိုလည်း အထူးကျေးဇူးတင်ရှိပါ သည်။ ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့်လည်း ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း များကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၎။ ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့သည် လူထုလူတန်းစားအဖွဲ့အစည်း အားလုံးနှင့် လည်းကောင်း ၊နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာ အပ်ပါသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဆွီဒင်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Fredrik Reinfeldt ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ


နိုင်ငံတော်သမ္မတဦးသိန်းစိန် ဆွီဒင်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Fredrik Reinfeldt ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ 

Printer-friendly versionSend by email

သမ္မတနှင့်စစ်တပ်သည် သီးခြားစီသာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသတင်းစာ The Hindu နှင့် တွေ့ဆုံခန်း၌ ပြောကြား


သမ္မတနှင့်စစ်တပ်သည် သီးခြားစီသာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသတင်းစာ The Hindu နှင့် တွေ့ဆုံခန်း၌ ပြောကြား   PDF Print
Tuesday, 13 November 2012 14:41
AddThis Social Bookmark Button
မြန်မာနိုင်ငံ၏ အဓိကအတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယတင်းစာ The Hindu နှင့် အောက်တိုဘာလ ၃၁ ရက် တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် စစ်တပ်သည် သီးခြားစီ သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။