Sunday, November 11, 2012

ဒေလီရှိ မြန်မာများကို ဒေါ်စု မိန့်ခွန်းပြောမည်


ဒေလီရှိ မြန်မာများကို ဒေါ်စု မိန့်ခွန်းပြောမည် 


နယူးဒေလီ (မဇ္ဈိမ) . ၁၀ ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-   မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ လာရောက်စဉ် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အိန္ဒိယ  နိုင်ငံရောက် မြန်မာများအား မိန့်ခွန်းပြောကြားမည် ဖြစ်သည်။
အဆိုပါ မြန်မာဒုက္ခသည်များအား နယူးဒေလီမြို့ Vikaspuri ရပ် Oxford ကျောင်း၌ နိုဝင်ဘာလ ၁၆ ရက်နေ့
နေ့လည်ပိုင်း တွင် ဒေါ်အောင်ဆန်းစုကြည် က တွေ့ဆုံမည် ဖြစ်ကြောင်း ၁၉၉ဝ ပြည်သူ့လွှတ်တော် အမတ်ဟောင်း ဒေါက်တာတင့်ဆွေ က ပြောသည်။

ငလျင်နောက်ဆက်တွဲသတင်း ၃


ငလျင်နောက်ဆက်တွဲသတင်း ၃ 

ဓာတ်ပုံ - ညီညီဇော်
7Day News Journal, 11 November 2012  —-
( စစ်ကိုင်းမြို့ဘက်ခြမ်းရှိ ဧရာဝတီမြစ်ကူးတံတား ထိပ်ရှိ စစ်ကိုင်းမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်မှ ခြင်္သေ့ရုပ်တစ်ခု ငလျင်ဒဏ်ကြောင့် ပြုတ် ကျနေသည်ကိုတွေ့ရစဉ်။)
ငလျင်နောက်ဆက်တွဲသတင်း ၃ : စစ်ကိုင်းပြတ်ရွှေ့ကြောပေါ်တွင် ယနေ့နံနက် အင်အားကြီးင လျင်တစ်ခု လှုပ်ခတ်ပြီးသွားပြီ ဖြစ်သည့် အတွက် စစ်ကိုင်းပြတ်ရွေ့ပေါ်ရှိ အခြားဒေသများတွင်လည်း မြေငလျင်အန္တရာယ်ကို သတိပြုရန် လိုကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ အတွင်းရေးမှုး ဦးစိုးသူရထွန်းက ပြောကြားသည်။

ဘီဘီစီ ညွှန်ချုပ် ရာထူးက နုတ်ထွက်


ဘီဘီစီ ညွှန်ချုပ် ရာထူးက နုတ်ထွက် 


BBC News , 10 November 2012  — ဘီဘီစီရဲ့ ညွှန်ကြားရေးမှူးချုပ် George Entwistle ဟာ ရာထူးကနေ နုတ်ထွက် သွားပါတယ်။
ဘီဘီစီရဲ့ ပြည်တွင်းရုပ်မြင်သံကြား အစီအစဉ် တခု ဖြစ်တဲ့ သတင်းနဲ့ မျက်မှောက်ရေးရာ တွေကို ထုတ်လွှင့်ပြသတဲ့ Newsnight အစီအစဉ် က ဗြိတိသျှ နိုင်ငံရေး သမားဟောင်း တဦးကို ကလေးသူငယ် တွေကို မဖွယ်မရာ ပြုကျင့် ခဲ့တယ် လို့ မှားယွင်းစွာ စွပ်စွဲ ထားတဲ့ ရုပ်မြင် သံကြား သတင်းကို ထုတ်လွှင့် ပြသခဲ့ တာနဲ့ ပတ်သက်လို့ တာဝန်ရှိသူ တဦး အဖြစ်နဲ့ ရာထူးကနေ နုတ်ထွက် သွားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ကလင်တန် သမ္မတနဲ့အတူ အာရှသွားမည်


နိုင်ငံခြားရေးဝန်ကြီး ကလင်တန် သမ္မတနဲ့အတူ အာရှသွားမည်  

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်။
VOA News, 10 November 2012  —  အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ စီးပွားရေးနဲ့ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးဖို့ အတွက် အာရှပစိဖိတ်ဒေသ ကို နောက်လာမယ့် သီတင်းပတ်မှာ သွားရောက်ဖို့ စီစဉ်ထားပါတယ်။ 

ငလျင်နောက်ဆက်တွဲသတင်း

ငလျင်နောက်ဆက်တွဲသတင်း 

အမရပူရမြို့ရှိ ရွှေလင်းပင်ဘုရား ထီးတော်ယိုင်သွားစဉ်။ ဓာတ်ပုံ- ညီညီဇော်
7Day News Journal, 11 November 2012  —
ငလျင်နောက်ဆက်တွဲသတင်း(၈)-
ယနေ့နံနက်တွင်လှုပ်ခတ်ခဲ့သော အင်အားကြီးငလျင်ကြောင့် ရွှေဘိုမြို့ နယ်ရှိ ကျောက်မြောင်းမြို့နှင့် စဥ့်ကူးမြို့ကို ဆက်သွယ်သည့် တည်ဆောက်ဆဲ ဧရာဝတီမြစ်ကူးတံတားဖြစ်သော ရတနာ သိင်္ဃ တံတား၏ ချဉ်းကပ်တံတားပြိုကျခဲ့သည့်အတွက် လူ၃ဦးသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိသွားကြောင်း ထိုနေရာတွင်ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ပေးနေသော အောင်ဇေယျလူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆင့်ဆင့်ပြောင်းလဲမှုတွေလုပ်ဖို့ အစိုးရ၊ အတိုက်အခံ၊ ပြည်သူလူထုနဲ့ တွေ့ဆုံ ဆွေးနွေးရပါမယ် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဒုဥက္ကဋ္ဌ Mr.Steven Groff နှင့် တွေ့ဆုံ မေးမြန်းခြင်း


အဆင့်ဆင့်ပြောင်းလဲမှုတွေလုပ်ဖို့ အစိုးရ၊ အတိုက်အခံ၊ ပြည်သူလူထုနဲ့ တွေ့ဆုံ ဆွေးနွေးရပါမယ် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဒုဥက္ကဋ္ဌ Mr.Steven Groff နှင့် တွေ့ဆုံ မေးမြန်းခြင်း   PDF Print
Written by ဖြိုးဝေ   
Sunday, 11 November 2012 14:56
AddThis Social Bookmark Button

ha-11-11-3မြန်မာနိုင်ငံအနေဖြင့် အာရှဖွံ့ဖြိုးရေးဘဏ်အား ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုအတွက် ၂၅ နှစ်ကျော်ကြာ ငွေကြေးနှင့် နည်းပညာ အကူအညီများ ကူညီထောက်ပံ့မှုအား ၁၉၈၇ ခုနှစ်မှ စတင်ရပ် ဆိုင်းခဲ့သော်လည်း အာရှဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံသို့ ကူညီမှုများ ပြန်လည်ပေးအပ်မည့် မဟာဗျူဟာ အား အောက်တိုဘာ လ ၂၆ ရက်နေ့က အတည်ပြုပေးခဲ့ပြီးနောက် မြန်မာနိုင်ငံ၌ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အာရှဖွံ့ဖြိုးရေးဘဏ်ဒုဥက္ကဋ္ဌ Mr.Steven Groff နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

တရားရုံးများသို့ သတင်းမီဒီယာများ ၀င်ရောက်ခွင့်အား တားမြစ်၊ ကန့်သတ်ထားခြင်း မရှိကြောင်းနှင့် တရားရုံးများနှင့် သတင်းမီဒီယာများအကြား မည်သည့်အခါကမှ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ဖူးခြင်း မရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ပြောကြား


တရားရုံးများသို့ သတင်းမီဒီယာများ ၀င်ရောက်ခွင့်အား တားမြစ်၊ ကန့်သတ်ထားခြင်း မရှိကြောင်းနှင့် တရားရုံးများနှင့် သတင်းမီဒီယာများအကြား မည်သည့်အခါကမှ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ဖူးခြင်း မရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ပြောကြား   PDF Print
Sunday, 11 November 2012 14:39
AddThis Social Bookmark Button
မန္တလေးမြို့ရှိ တရားရုံးတစ်ခု၌ လေ့လာနေသည့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး
ကော်မတီ အဖွဲ့ဝင်များအား နိုဝင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်
864တရားရုံးများသို့ သတင်းမီဒီယာများ ၀င်ရောက်ခွင့်အား တားမြစ်ကန့်သတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များ မရှိကြောင်းနှင့် တရားရုံးများနှင့် သတင်းမီဒီ ယာ များ အကြားတွင် မည်သည့်အခါကမှ ပြဿနာ တစ်စုံတစ် ရာ ဖြစ်ပွားခဲ့ဖူးခြင်း မရှိခဲ့ပါကြောင်း ပြည်ထောင်စု တရားလွှတ်တော် ချုပ် တရားသူကြီး ဦးစိုးညွန့်က ပြောကြားခဲ့သည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။