Sunday, November 11, 2012

ပြည်ထောင်စုဝန်ကြီးဌာန အမည်ပြောင်းလဲ သတ်မှတ် (အမိန့်ကြော်ငြာစာ အမှတ်၊ ၈၃/၂ဝ၁၂)


ပြည်ထောင်စုဝန်ကြီးဌာန အမည်ပြောင်းလဲ သတ်မှတ် (အမိန့်ကြော်ငြာစာ အမှတ်၊ ၈၃/၂ဝ၁၂) 

Printer-friendly versionSend by email
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၈၃/၂ဝ၁၂
၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်
(၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်)
ပြည်ထောင်စုဝန်ကြီးဌာန အမည်ပြောင်းလဲသတ်မှတ်ခြင်း

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး၏ သဘောတူညီချက်အရအောက်ပါ ပြည်ထောင်စု ဝန်ကြီးဌာနများကို ယှဉ်တွဲဖော်ပြပါအတိုင်း အမည်ပြောင်းလဲ သတ်မှတ်လိုက်သည်။

မူလအမည်
ပြောင်းလဲသတ်မှတ်လိုက်သည့်အမည်
(၁)
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
(Ministry of Communications, Posts and Telegraphs)
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန
( Ministry of communications and Information Technology)
(၂)
အလုပ်သမားဝန်ကြီးဌာန
(Ministry of Labour)
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန
(Ministry of Labour, Employment and Social Security)

                                                                    (ပုံ) သိန်းစိန်                  
                                                                 နိုင်ငံတော်သမ္မတ            
                                                     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Share/Save

ဆက်သွယ်ရေး ဥပဒေကြမ်းတွင် ပါဝင်သော ပုဒ်မ ၆၃၊ ၆၄၊ ၆၆၊ ၇၃၊ ၇၄နှင့် ၇၅ တို့ပါ အချက်များအပေါ် ဝေဖန်အကြံပေးမှုများ ရှိနေ


ဆက်သွယ်ရေး ဥပဒေကြမ်းတွင် ပါဝင်သော ပုဒ်မ ၆၃၊ ၆၄၊ ၆၆၊ ၇၃၊ ၇၄နှင့် ၇၅ တို့ပါ အချက်များအပေါ် ဝေဖန်အကြံပေးမှုများ ရှိနေ   PDF Print
Sunday, 11 November 2012 12:18
AddThis Social Bookmark Button
ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်ရှိ ဆက်သွယ်ရေး တာဝါတိုင်တစ်ခုကို အောက်တိုဘာလအတွင်းက တွေ့ရစဉ်


ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရန်အတွက် နိုဝင်ဘာလ ၇ ရက်နေ့က နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ထုတ်ပြန်ခဲ့သော ဆက်သွယ်ရေး ဥပဒေကြမ်းတွင် ပါဝင်သည့် ဥပဒေပုဒ်မ ၆၃၊ ၆၄၊၆၆၊ ၇၃၊ ၇၄နှင့် ၇၅ တို့အပေါ် နည်းပညာ နယ်ပယ်မှ ကျွမ်းကျင်သူများသာမကဘဲ အများပြည်သူကပါ ဝေဖန်အကြံ ပြုမှုများ ရှိနေကြောင်း သိရသည်။

11mt4
အခန်း (၂၀) ပါဝင်သော ဆက်သွယ်ရေး ဥပဒေကြမ်းတွင် အခန်း (၁၉) ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်း၌ ပါဝင်သည့် ဥပဒေပုဒ်မ ၆၃၊ ဥပဒေ ပုဒ်မ ၆၄၊ ဥပဒေ ပုဒ်မ ၆၆ ဥပဒေပုဒ်မခွဲ (ဃ) နှင့် (င) တို့အပါအ၀င် အခန်း (၂) အထွေထွေတွင် ပါဝင်သော ဥပဒေပုဒ်မ (၇၃)၊ ဥပဒေပုဒ်မ (၇၄)နှင့် ဥပဒေပုဒ်မ (၇၅) တို့မှာ အငြင်းပွားဖွယ်ရာများ ဖြစ်လာနိုင်သည်ဟု သုံးသပ်မှုများ ရှိခဲ့ခြင်းဖြစ်သည်။

ရွှေဘိုမြို့ အရှေ့မြောက်ဘက်ကို ဗဟိုပြုကာ ရစ်ခ်ျတာစကေး (၆ .၈)ရှိ အင်အားပြင်းငလျင်လှုပ်ခတ်၊စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ မိတ္ထီလာနှင့် ရွှေဘိုမြို့အနီးတစ်ဝိုက်တွင် ငလျင်သက်ရောက်မှုရှိခဲ့



ရွှေဘိုမြို့ အရှေ့မြောက်ဘက်ကို ဗဟိုပြုကာ ရစ်ခ်ျတာစကေး (၆ .၈)ရှိ အင်အားပြင်းငလျင်လှုပ်ခတ်၊စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ မိတ္ထီလာနှင့် ရွှေဘိုမြို့အနီးတစ်ဝိုက်တွင် ငလျင်သက်ရောက်မှုရှိခဲ့  
PDF Print
Sunday, 11 November 2012 11:48
AddThis Social Bookmark Button

ကျောက်မြောင်းမြို့နယ်ခွဲရှိ ရတနာသိင်္ဃတံတား ပြိုကျ ပျက်စီးနေသည်ကို တွေ့ရစဉ်

thn-11-11-12-12ရွှေဘိုမြို့၏ အရှေ့မြောက်ဘက်ကို ဗဟိုပြုကာ ရစ်ခ်ျတာစကေး(၆ .၈)ရှိ အင်အားပြင်းငလျင်တစ်ခု ယနေ့(၁၁-၁၁-၂၀၁၂)နံနက် (၇း၄၂)မိနစ်ခန့်တွင် လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ပြောကြားချက်အရ သိရသည်။ အဆိုပါ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ မိတ္ထီလာနှင့် ရွှေဘိုမြို့အနီးတစ်ဝိုက်တွင် ငလျင်သက်ရောက်မှုရှိခဲ့ပြီး ဒေသအချို့တွင် ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

မြေငလျင်များအတွက် အဆင်သင့်ဖြစ်နေပြီလား


မြေငလျင်များအတွက် အဆင်သင့်ဖြစ်နေပြီလား 

udontalk.com
7Day News Journal, 11 November 2012  —-
ပြီးခဲ့သည့် နှစ်လခန့်က 7Day News ဂျာနယ် အတွဲ(၁၁) အမှတ်(၂၇)တွင် ကမ္ဘာပေါ်တွင်အကြီးဆုံးမြေငလျင်ပြတ်ရွေ့ကြောများတွင် တစ်ခုအပါအ၀င်ဖြစ်သော စစ်ကိုင်းပြတ်ရွေ့ကြော၊ မြေငလျင်အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ရေးသားဖော်ပြခဲ့သော အထူးသတင်းပေးပို့ချက်ကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

ယနေ့(နိုဝင်ဘာလ ၁၁ရက်နေ့) နံနက် ၇:၄၂ နာရီက ရွှေဘိုမြို့ မြောက်ဘက် ၄၅ မိုင်ခန့်ကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၆.၈ ရှိ ငလျင် လှုပ်ခဲ့



ယနေ့(နိုဝင်ဘာလ ၁၁ရက်နေ့) နံနက် ၇:၄၂ နာရီက ရွှေဘိုမြို့ မြောက်ဘက် ၄၅ မိုင်ခန့်ကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၆.၈ ရှိ ငလျင် လှုပ်ခဲ့  
PDF Print
Sunday, 11 November 2012 08:53
AddThis Social Bookmark Button
ယနေ့(နိုဝင်ဘာလ ၁၁ရက်နေ့) နံနက် ၇:၄၂ နာရီက ရွှေဘိုမြို့ မြောက်ဘက် ၄၅ မိုင်ခန့်ကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၆.၈ ရှိ ငလျင် လှုပ်ခဲ့ကြောင်း မိုး/ဇလ ဦးစီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

ငလျင်လှုပ်ခတ်လျှင် အန္တရာယ်လျော့နည်းစေရန် လုပ်ဆောင်သင့်သော အချက်များ


ငလျင်လှုပ်ခတ်လျှင် အန္တရာယ်လျော့နည်းစေရန် လုပ်ဆောင်သင့်သော အချက်များ 

photo - unexplainable.net
7 Day News Journal, 11 November 2012  — ငလျင်မလှုပ်မီ ဆောင်ရွက်ရန်
- အခန်းတွင် ခိုင်ခံ့သော စားပွဲခုံ၊ အတွင်းနံရံ သို့မဟုတ် တိုင် တံခါး ဘောင်အောက်စသော လုံခြုံသော နေရာများကို သိအောင် လုပ်ထားရန်
- ယင်းနေရာများအောက်သို့ အမြန်ဝင်၍ အကာအကွယ်ယူ၊ဆွဲကိုင်ရန် လေ့ကျင့်ထားရန်
- ပြတင်းပေါက်များ၊ မှန်များ၊ တွဲ လောင်းချိတ်ထားသော ပစ္စည်းများ၊ ယိုင်လဲသော ပရိဘောဂများ စသည့် ပြိုလဲပျက်စီးနိုင်သော နေ ရာများကို သိထားရန်

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။