Photo:
U.S.Department of State ၂၀၁၂ ခုနှစ် သြဂုတ်လ၂၀ရက်ကအမေရိကန်
နိုင်ငံခြားရေးဝန်ကြီးဌာနသတင်းစာရှင်းလင်းပွဲ၌ နိုင်ငံခြားရေး
ဝန်ကြီးဌာန ပြောခွင့်ရသူဗစ်တိုးရီးယား နူးလန်းရှင်းလင်းပြောကြားနေစဉ်။
RFA News, 3 November 2012 —- ပြည်ထောင်စုလွှတ်တော်ကအတည်ပြုလိုက်တဲ့
မြန်မာနိုင်ငံ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ဥပဒေကို သမ္မတဦးသိန်းစိန်ကမနေ့ကလက်မှတ်ရေးထိုးလိုက်တဲ့အတွက် ပြည်တွင်း ပြည်ပက
စောင့်စားမျှော်လင့်နေ ကြတဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေတစ်ရပ်
ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ကမ္ဘာ့ဘဏ် ပြန်လည်ဆက်သွယ် လုပ်ကိုင်လာနိုင်ချိန် အတွင်း
ဒီဥပဒေကို သမ္မတက လက်မှတ်ရေးထိုးလိုက်တာပါ။ မနေ့ကတော့ မြန်မာနိုင်ငံ အတွက်
သီးသန့်ထောက်ပံ့ကူညီငွေ ဒေါ်လာ သန်း (၈၀)၊ အတိုးမဲ့ချေးငွေ ဒေါ်လာ (၁၆၅)
သန်း၊ စုစုပေါင်း အမေရိ ကန်ဒေါ်လာ ( ၂၄၅) သန်း ကူညီမယ်လို့ ကမ္ဘာ့ဘဏ် က
ကြေညာခဲ့ ပါတယ်။