Saturday, October 20, 2012

ဆန္ဒပြသည့် တရားလွှတ်တော်ရှေ့နေ အရေးယူခံရ


ဆန္ဒပြသည့် တရားလွှတ်တော်ရှေ့နေ အရေးယူခံရ


Moe MaKa News, 20 October 2012  —  အောက်တိုဘာလ ၁၈ ရက်နေ့က ပြည်မြို့မှာ ရုံးခွန်တော်တံဆိပ်ခေါင်းများ တန်ဖိုးမြှင့်ခြင်း၊  High Court  နှင့် ရန်ကုန်တိုင်းဒေသကြီးစုပေါင်း ရုံးကို အလွဲသုံးလုပ်ခြင်းနှင့်ပတ်သက်လို့ ဆန္ဒပြခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးကို ပြည်မြို့ အမှတ် (၂) ရဲစခန်းတွင် ပုဒ်မ (၁၈) ဖြင့် တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။
ဦးမြင့်အေးအပြင် ကိုဘရှီ၊ ကိုရေခဲတို့ကိုလည်း တရားစွဲဆိုခဲ့ပါတယ်။

လိုင်စင်မဲ့ကားများ ဥပဒေနှင့်အညီတင်းကြပ်နေသော်လည်း ကားဈေးကွက်တည်ငြိမ်


လိုင်စင်မဲ့ကားများ ဥပဒေနှင့်အညီတင်းကြပ်နေသော်လည်း ကားဈေးကွက်တည်ငြိမ် 


Moe MaKa News, 20 October 2012  —  ကရင်ပြည်နယ်အတွင်းက လိုင်စင်မဲ့ကားများကိစ္စကို ရထားဝန်ကြီးအသစ်တက်လာပြီးနောက်ပိုင်း အရေးယူလိမ့်မည်ဟု ထင်ကြေးပေးခဲ့ကြ သည့်အတိုင်း အမှန်တစ်ကယ်ဖြစ်လာပြီး ဘားအံပြည်နယ်ရဲ့တပ်ဖွဲ့မှူးရုံးဝင်းနှင့် အစိုးရရုံးဌာန နေရာလွတ်များတွင် ဖမ်းဆီးခံရသောလိုင် စင်မဲ့ကားများဖြင့် ပြည့်နေပါတယ်။

မိုးမခဟစ်တိုင် (ပေးစာများ)


မိုးမခဟစ်တိုင် (ပေးစာများ) 


Moe MaKa News, 20 October 2012  —-
• လကမ္ဘာလမ်းပေါ်က အလှူအတန်း မရက်ရောနိုင်ပါဗျာ
ပေးပို့သူ -  ယာဉ်မောင်းလှအောင်

ကျွန်တော်တို့နေစဉ် သွားလာနေကြရတဲ့ မြ၀တီ-ကောကရိတ်လမ်း (ဒေါနတောင်လမ်း) ကြီးရဲ့ ကြီးမာတဲ့သမိုင်းအစဉ်အလာတွေကတော့ ပြောမကုန်ပါဘူး။ ဒါပေမယ့် လမ်းပြင်မယ်ဆိုပြီး လမ်းကြေးကောက်တဲ့ကုမ္ပဏီကကောင်းလေးတွေကတော့ အလျှော့မပေး လမ်းကြေး ကောက်ပြီး အကြွေပြန်မအမ်းတာက အကျင့်ပါနေပါပြီ။

ဗြိတိန် ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲက သမ္မတ ဦးသိန်းစိန်ထံ လာတွေ့


ဗြိတိန် ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲက သမ္မတ ဦးသိန်းစိန်ထံ လာတွေ့

သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန် ၀န်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲ၊ ဓာတ်ပုံ -သမ္မတရုံး အင်တာနက်စာမျက်နှာ
ဧရာဝတီဘလော့. ၂၀ရက်နေ့ အောက်တိုဘာ ၂၀၁၂  —-  ဗြိတိန် ၀န်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲ ဦးဆောင်တဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၃ နာရီကျော်က သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်ရှိ သမ္မတ ဧည့်ခမ်းမမှာ တွေ့ဆုံကြပါတယ်။ 

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဟောင်း the Rt Hon Tony Blair ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နိုင်ငံတော်သမ္မတဦးသိန်းစိန် ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဟောင်း the Rt Hon Tony Blair ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ 

Printer-friendly versionSend by email

နေပြည်တော်၊ အောက်တိုဘာ - ၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ယနေ့ညနေ (၃) နာရီခွဲတွင် ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်းthe Rt Hon Tony Blair ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အားနေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ သမ္မတ၏ဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ တိုနီဘလဲတို့ တွေ့ဆုံ၊ ညစာအတူစား

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ တိုနီဘလဲတို့ တွေ့ဆုံ၊ ညစာအတူစား 


ဧရာဝတီဘလော့. ၂၀ရက်နေ့ အောက်တိုဘာ ၂၀၁၂  —-
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန် ၀န်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲ တို့ဟာ ဒီကနေ့ ညပိုင်း ၆ နာရီ ၄၅ မိနစ် ကနေ ၈ နာရီ ၃၀ မိနစ် အထိ နေပြည်တော်မှာ ရှိတဲ့ သင်္ဂဟ ဟော်တယ်မှာ တွေ့ဆုံခဲ့ကြပါတယ်။


နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။