Monday, October 15, 2012

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအရေး လှုပ်ရှားမှုကော်မတီရန်ကုန်မှ OIC နှင့်ပတ်သတ်၍ သဘောထားကြေငြာချက်ထုတ်ပြန်


မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအရေး လှုပ်ရှားမှုကော်မတီရန်ကုန်မှ OIC နှင့်ပတ်သတ်၍ သဘောထားကြေငြာချက်ထုတ်ပြန်


Popular News Journal,15 October 2012  —–  မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအရေး လှုပ်ရှားမှုကော်မတီရန်ကုန် မှ တောင်းဆိုချက်များအား မလိုက်လျောပါက ဥပုသ်နေ့တိုင်း ဆန္ဒပြမည်ဟု ထုတ်ပြန်ကြေငြာလိုက်သည်။
မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် တော်သလင်းလကွယ်နေ့ ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့ နေ့စွဲဖြင့်ထုတ်ပြန်သောကြေညာချက်တွင်
- မြန်မာနိုင်ငံစတင်ထူထောင်ခဲ့ချိန်အနော်ရထာမင်းလက်ထက်မှစတင်၍ကမ္ဘာ့အလယ်တွင် ထေရဝါဒနိုင်ငံ
အဖြစ်စံပြရပ်တည်နိုင်ခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်း ခိုးဝင်လာသူများ ဖမ်းမိ


စစ်ကိုင်းတိုင်းအတွင်း ခိုးဝင်လာသူများ ဖမ်းမိ

ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်းရွာအနီးရှိ ဘင်္ဂါလီ ကယ်ဆယ်ရေးစခန်း (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)
ဧရာဝတီသတင်းဌာန. ၁၅ရက်နေ့ အောက်တိုဘာ ၂၀၁၂  —  စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းသို့ တရားမ၀င်နည်းလမ်းဖြင့် ၀င်ရောက်လာသည့် ဘင်္ဂါလီလူမျိုး ၁၆ ဦးကို ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း သတင်း ရရှိသည်။
၎င်းတို့ကို ကလေးမြို့နယ် မောက်လင်း ကျေးရွာအုပ်စုအတွင်းရှိ သာယာကုန်းရွာအနီးနှင့် ဇိုဇန် လမ်းခွဲအနီးတွင် ယမန်နေ့က ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း ကလေးမြို့နယ် ရဲစခန်း က ဧရာဝတီ သို့ ပြောသည်။
“အမျိုးသား ၁၆ ဦးပါ။ သူတို့မှာ နိုင်ငံသား အထောက်အထား စာရွက်စာတမ်း ဘာမှ မတွေ့ရပါဘူး။

စစ်တွေမြို့ နေရာမဲ့ ဒုက္ခသည်များအတွက် စခန်းများ တိုးချဲ့ဆောက်နေ


စစ်တွေမြို့ နေရာမဲ့ ဒုက္ခသည်များအတွက် စခန်းများ တိုးချဲ့ဆောက်နေ

ခိုကိုးရာမဲ့နေကြသော ရခိုင်ပြည်သူ ဒုက္ခသည်များ
ရန်ကုန် (မဇ္ဈိမ) .၁၅ရက်နေ့ အောက်တိုဘာ ၂၀၁၂  —–  စစ်တွေမြို့ရှိ အိမ်ခြေမဲ့ ဒုက္ခသည်များအတွက် ရက်တိုအတွင်း အမြန်နေ ထိုင်နိုင်ရန် လူအုပ်စုနှစ်ဖက်လုံးအတွက် ယာယီအိမ်သစ်များ ပြိုင်တူ ဆောက် လုပ်ပေးနေကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင် တင် က ပြောသည်။
လက်ရှိအခြေအနေတွင် ဒုက္ခသည်စခန်းများ၌ အိမ်အလုံးပေါင်း ၇၅၀ ခန့် ထပ်မံ ဆောက်လုပ်ပေးရန်ရှိပြီး ၅၅၀ ခန့် ဆောက်လုပ်ပြီးစီးကြောင်း သိရသည်။ ထို ယာယီိအိမ်များမှာ ၄ ခန်းကို တတွဲ ဖြစ်ပြီး သွပ်မိုး၊ ထရံကာ၊ ဝါးကွပ်ပျစ် ခင်းထားသည်။ အောက်ခြေတိုင်များကို သစ်ပျော့၊

စစ်တွေတွင် စုံစမ်းစစ်ဆေးရေး အခြေစိုက်ရုံး ဖွင့်ရန် ပြင်ဆင်


စစ်တွေတွင် စုံစမ်းစစ်ဆေးရေး အခြေစိုက်ရုံး ဖွင့်ရန် ပြင်ဆင်

၂၀၁၂ခုနှစ်စက်တင်ဘာ၇ရက်နေ့တွင်ပထမအကြိမ်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင် မြန်မာ့လေကြောင်း ခရီးစဉ်ဖြင့်ရခိုင်ပြည်နယ်စစ်တွေမြို့သို့ ရောက်ရှိစဉ် (ဓါတ်ပုံ သိန်းလှိုင်/မဇ္ဈိမ)
ရန်ကုန် (မဇ္ဈိမ) .၁၅ရက်နေ့ အောက်တိုဘာ ၂၀၁၂  —  မှန်ကန်သော ပြည်သူ့အသံ သိနိုင်ရန်နှင့် သတင်း အမှားများ ကို လေ့ လာဖြေရှင်းရန်အတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စုံစမ်း စစ်ဆေးရေး အခြေ စိုက်ရုံးချုပ် ဖွင့်မည်ဟု ဦးသူရ (ဇာဂနာ) က ဆိုသည်။
အောက်တိုဘာလ၁ဝရက်နေ့ကစစ်တွေမြို့သို့ ဒေါက်တာဆလိုင်းဇွန်ထျန်းလျန်၊ ဒေါက်တာဦးအေးမောင်၊ ဦးထန်ကျင်ထောင်း၊ဦးတင်မောင်သန်း၊ဦးမြင့်ထွန်း၊ဦးသူရကျော်တိုနှင့်အတူဒုတိယအကြိမ် ရောက်ရှိလာစဉ် ဦးသူရ က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ပဋိပက္ခများ နှင့် ရပ်တည်လျက်ရှိသော ရခိုင်ပြည်နယ်တွင် တည်ငြိမ် မှုနှင့် တရားဥပဒေစိုးမိုးရေး ပြည့်ပြည့်ဝဝ ရရှိရန် လိုအပ်နေမှုများနှင့် အခက်အခဲများ၏ အကြောင်းရင်း များကို သိရန်သေချာစွာ လေ့လာမည်ဟု ဆိုသည်။
စုံစမ်းရေးအဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၁ ရက်နေ့တွင် စစ်တွေမြို့၊ အောင်မင်္ဂလာ ရပ်ကွက်သို့

PR စနစ် ၃ လအတွင်း အကောင်အထည် ဖော်မည်


PR စနစ် ၃ လအတွင်း အကောင်အထည် ဖော်မည် 


လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ (ဓာတ်ပုံ – ဧရာဝတီ)
ဧရာဝတီသတင်းဌာန.၁၅ရက်နေ့ အောက်တိုဘာ၂၀၁၂—  နိုင်ငံခြားသားခံယူထားသော မြန်မာနိုင်ငံသားများ
 မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် (Permanent Residence – PR) ရရှိနိုင်မည့်စနစ်ကိုလာမည့်၃လအတွင်းအကောင်အထည် ဖော်နိုင် မည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ပြောသည်။
ယမန်နေ့က နေပြည်တော်တွင်စတင်ကျင်းပသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပထမ အကြိမ် ညီလာခံ ၂၀၁၂အခမ်းအနားကို သမ္မတ ဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီးအဖွဲ့ လာရောက်ကြစဉ် ၀န်ကြီး ဦးခင်ရီက သတင်းထောက်တချို့ကိုထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“PR စနစ်က ၃ လလောက်ဆိုရင် အကောင်အထည် ပေါ်လောက်ပြီ” ဟု ဦးခင်ရီက ဆိုသည်။
PR စနစ်သည် လတ်တလော အနေအထားတွင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံ များ၌ ရောက်

တရားဥပဒေစိုးမိုးရေး အစည်းအဝေး ပြုလုပ်


တရားဥပဒေစိုးမိုးရေး အစည်းအဝေး ပြုလုပ်

တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပခဲ့စဉ်က
DVB News, 15 October 2012  —- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အစည်း အဝေးကို နေပြည်တော်မှာ ရှိတဲ့ ကော်မတီရုံးခန်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
တရားဥပဒေစိုးမိုးရေးအတွက် ပညာပေးအစီအစဉ် ဌာနဆိုင်ရာတွေ ပူးပေါင်းဆောင်ရွက်ရေး၊ အခြားသော ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဦးဝင်းမြင့်က “တရားဥပဒေဆိုတာက မှန်ကန်ရမယ်၊ မျှတရမယ်၊ ညီညွတ်တဲ့ အမိန့်စည်းမျဉ်းစည်းကမ်း အတိုင်းသာ ဖြစ်ရမယ်လေ။ အဲဒါမျိုးသာ လိုက်နာရမှာပေါ့။ တချို့စည်းမျဉ်းစည်းကမ်းဥပဒေတွကလည်း ခေတ်နဲ့မလျော်ညီတာတွေ ရှိတော့ ဒါတွေကိုလည်း

'ချက်ချင်းဝင် ချက်ချင်းထွက် ဖရိုဖရဲဖြစ်တာမျိုးကို ဂျပန်တွေက မကြိုက်ပါဘူး' Keizai Koho Center(KKC) ရဲ့ နိုင်ငံတကာရေးရာဌာနမှ Senior Analyst တစ်ဦးဖြစ်တဲ့ မစ္စတာ မာတိုဟာရုအိုချိုင်းနှင့် တွေ့ဆုံခြင်း


'ချက်ချင်းဝင် ချက်ချင်းထွက် ဖရိုဖရဲဖြစ်တာမျိုးကို ဂျပန်တွေက မကြိုက်ပါဘူး' Keizai Koho Center(KKC) ရဲ့ နိုင်ငံတကာရေးရာဌာနမှ Senior Analyst တစ်ဦးဖြစ်တဲ့ မစ္စတာ မာတိုဟာရုအိုချိုင်းနှင့် တွေ့ဆုံခြင်း   PDF Print
Written by နွဲ့ယဉ်အေး   
Sunday, 14 October 2012 11:12
AddThis Social Bookmark Button
thn-10-14-1
ဂျပန်နိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေးကိစ္စရပ်များဆိုင်ရာအဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ Keizai Koho 
 Center(KKC) ရဲ့ နိုင်ငံတကာရေးရာဌာနက enior Analyst တစ်ဦးဖြစ်တဲ့ မစ္စတာမာတိုဟာရုအိုချိုင်းနဲ့ မြန်မာနိုင်ငံအပေါ် ဂျပန်နိုင်ငံရဲ့ စိတ်ဝင်စားမှုနဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးအရွေ့က ဘယ်ကိုဦးတည်မယ်ဆိုတဲ့အကြောင်း မေးမြန်းခဲ့သမျှကို ဖော်ပြပေးလိုက်ပါတယ် . . .
မေး - KKC က မြန်မာနိုင်ငံကိုဘာကြောင့် လာရောက်ခဲ့တယ်ဆိုတာကို အရင်ဆုံးပြောပြပေးပါ။
ဖြေ - အရင်တစ်ခေါက်တုန်းက မြန်မာနိုင်ငံကမီဒီယာသမားတွေကို ဂျပန်နိုင်ငံခေါ်ဖို့ ရောက်လာတာပါ။ အခုတစ်ခေါက်ကတော့ဂျပန်နိုင်ငံ ကစိတ်ဝင်စားတဲ့ ဒီမှာလည်း နာမည်ကြီးတဲ့သူတွေကို ဖိတ်ခေါ်ဖို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
မေး - မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာကြာအောင် တရုတ်နိုင်ငံကိုမှီခိုနေရာကနေ ဂျပန်နိုင်ငံအပေါ် ပြောင်းလဲမှီခိုလာတယ်လို့ နိုင်ငံခြားသတင်းအချို့မှာ သုံးသပ်နေကြတာရှိပါတယ်။ 
အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ - တရုတ်နိုင်ငံအပေါ်မှီခိုရတာဟာ မြန်မာနိုင်ငံအနေနဲ့ စွန့်စားမှုများတယ်လို့ထင်ပါတယ်။
ဒီတော့ အခြားနိုင်ငံတွေနဲ့ လက်တွဲအလုပ်လုပ်တာ သဘာဝကျပါတယ်။ဂျပန်သာမက 
အခြားနိုင်ငံတွေနဲ့အတူ အလုပ်တွဲလုပ်ဖို့လည်း ထောက်ခံပါတယ်။ ဂျပန်တွေအနေနဲ့ကတော့ အခြားနိုင်ငံတွေအားလုံးနဲ့ မြန်မာတွဲလုပ်မယ်ဆိုရင် ၀မ်းသာပါတယ်။ လုပ်လည်း လုပ်သင့်ပါတယ်။
မေး - ဂျပန်တွေက မြန်မာနိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံဖို့ တကယ်ပဲ စိတ်ဝင်စားနေတာလား။ 
ဘယ်လိုနေရာမျိုးတွေမှာ ရင်းနှီးမြှုပ်နှံဖို့စိတ်ဝင်စားနေတာလဲ။
ဖြေ - ဂျပန်က မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံရုံတင်မကပါဘူး။ အခြားလုပ်ငန်းတွေမှာပါ စိတ်ဝင်စားပါတယ်။ ဂျပန်နိုင်ငံကကျဉ်းသလို လူဦးရေရော စီးပွားရေးပါအနည်းငယ်ကျ နေတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတင် 
မဟုတ်ဘဲ အခြားလုပ်ငန်းတွေလည်း လုပ်ရတော့မယ့် အခြေအနေပါ။ရင်းနှီးမြှုပ်နှံဖို့ကတော့ 

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။