Saturday, October 13, 2012

မြိတ်မြို့တွင် အုပ်စုဖွဲ့ပြီး ကားများ၊နေအိမ်များနှင့် ရုံးအဆောက်အအုံများ၏ မှန်တံခါးများကို ဖျက်ဆီးခဲ့သောလူငယ်များအား ဖမ်းဆီးရမိ


မြိတ်မြို့တွင် အုပ်စုဖွဲ့ပြီး ကားများ၊နေအိမ်များနှင့် ရုံးအဆောက်အအုံများ၏ မှန်တံခါးများကို ဖျက်ဆီးခဲ့သောလူငယ်များအား ဖမ်းဆီးရမိ  PDF Print
Saturday, 13 October 2012 13:39
AddThis Social Bookmark Button
မြိတ်မြို့တွင် အောက်တိုဘာလ၁၀ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့သောကားများ၊နေအိမ်များနှင့် ရုံးအဆောက်အအုံများ၏ မှန်တံခါးများကို ဖျက်ဆီးခဲ့ရာတွင်ပါဝင်ခဲ့သော လူငယ်များအားရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားပြီး နှစ်ရက်မြောက်နေ့ အောက်တိုဘာလ၁၂ရက်နေ့ ညပိုင်းတွင်ဖမ်းဆီးရမိခဲ့ကြောင်း ပြစ်မှုကျူးလွန်သူများကို လိုက်လံစစ်ဆေးဖမ်းဆီးရာမှ အောက်တိုဘာလ၁၂ရက်နေ့ ည၁၁ နာရီတွင် အားလုံးဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။အဆိုပါအဖွဲ့မှာ လူငယ်လေးဦးဖြစ်ပြီး အားလုံးအသက် ၂၀ ပင်မပြည့်ကြောင်းသိရကာ အရက်နှင့်ဆေးရောပြီးသုံးစွဲရာမှ ကြောင်သွားကာ မြို့ပေါ်တွင်ရပ်နားထားသောကားများနှင့် နေအိမ်အဆောက်အအုံများကို လိုက်လံဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
'' သတင်းတွေထွက်ပေါ်နေသလို (Danger)အဖွဲ့ဆိုတာမဟုတ်ပါဘူး။ ဒီအဖွဲ့က အရင်ကျူးလွန်ခဲ့ဖူးတဲ့ပြစ်မှုတွေအရ ဖမ်းဆီးခံရထားပြီးပါပြီ။ အားလုံးခုနစ်ယောက်ကို ကျွန်တော်တို့ရဲတပ်ဖွဲ့တွေ ဖော်ထုတ် ဖမ်းဆီးမိထားပြီးပါပြီ။အခုဖြစ်တာက လူငယ်တွေအရက်နှင့် ဆေးလုံးရောပြီးသုံးစွဲရာမှ စိတ်ကြွပြီးလိုက်လုပ်ခဲ့တာပါ။သူတို့မှာ အဖွဲ့ဆိုတာ သီးသန့်မရှိပါဘူး။ အဲဒီ လူငယ်အုပ်စုထဲမှာပါတဲ့လူငယ်တစ်ဦးကို သံသယရှိတော့ မေးမြန်းကြည့်ရာမှ သတင်းရရှိပြီး အဲဒီညမှာပဲ ကျွန်တော်တို့မြို့အနှံ့လိုက်လံရှာဖွေပြီး ဖမ်းဆီးရမိခဲ့တာပါ''ဟု မြိတ်မြို့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါလူငယ်များမှာ ဟိုက်ကော်မရှင် အရက်တစ်ပုလင်း၊ ဂရင်းရွိုင်ရယ်( အဖုံးမည်း)တစ်ပုလင်းနှင့် ချောင်းဆိုးပျောက်ဆေး (ကျောက်စိမ်း)များကို အခင်းဖြစ်ပွားသည့် အောက်တိုဘာလ၁၀ရက်နေ့ ညနေပိုင်းမှစတင်ပြီး သုံးစွဲခဲ့ကြောင်း ညနက်ပိုင်းသို့ ရောက်လာသောအခါ ဆိုင်ကယ်နှစ်စီးဖြင့် စတင်မောင်းထွက်လာကာ ကန်ဖျားရပ်ကွက်မှ စတင်ပြီး တွေ့သမျှ ကားများ၏ မှန်များကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။အဆိုပါလူငယ်များတွင် လက်နက်များယူဆောင်လာခြင်းမရှိဘဲ အနီးတွင်တွေ့သည့် အုတ်ခဲ၊ကျောက်ခဲများကိုကောက်ယူကာ နေအိမ်များ၊ကားများ နှင့် ရုံးအဆောက်အအုံတစ်ခု၏ မှန်ပြတင်းများကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။လူငယ်များ၏ထွက်ဆိုချက်အရ သူတို့အရက်နှင့်ဆေး သုံးစွဲပြီးနောက် စိတ်ကူးတည့်ရာလုပ်ချင်စိတ်များဖြစ်လာပြီး ကားများအိမ်များကိုလုပ်မိကြောင်း သိရသည်။
'' အခင်းဖြစ်ပြီးနောက် ကျွန်တော်တို့ ဒီအမှုကိုဖော်ထုတ်နိုင်ဖို့ အချိန်နှင့်အမျှစုံစမ်းနေရတာပါ။ မြိတ်ခရိုင်ရဲမှူး ဒုရဲမှူးကြီး ဦးရွှေညာမောင်ရဲ့ ညွန်ကြားမှုအတိုင်းလုပ်ဆောင်နေရင်းနှင့် တပ်ပြင်ရပ်က ဖြိုးဇော်ဦးကိုမသင်္ကာလို့ မေးမြန်းကြည့်ရာမှ သတင်းရပြီး အဲဒီလူငယ်တွေကိုလိုက်ဖမ်းခဲ့ရတာပါ လူပုံစံတွေကိုပြောပြချက်အရ လမ်းတွေမှာလိုက်ရှာပြီး ဖမ်းခဲ့ရတာပါ။ညဦးပိုင်းလောက်ကနေ လိုက်လံဖမ်းဆီးခဲ့ရပြီး ည ၁၁ နာရီမှာ အားလုံးမိခဲ့ပါတယ်''ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါလူငယ်များကို ပုဒ်မ ၅၄၃/၂၀၁၂ အ.ပ.က ၆(၁) ဖြင့် မြိတ်မြို့ရဲစခန်းတွင် အရေးယူဆောင်ရွက်ထားပြီး ဖျက်ဆီးခံရသည့် ကားပိုင်ရှင်များနှင့် နေအိမ်၊ရုံးများကိုလည်း အကြောင်းကြားထားပြီးဖြစ်ကာ ဖျက်ဆီးခံခဲ့ရသည့်ပိုင်ရှင်များမှ ပုဒ်မ ၄၂၇ နှင့်အမှုဖွင့်ကာ တရားရုံးသို့ ဦးတိုက်လျှောက်ထားနိုင်ပြီး ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် လူငယ်များမှာ အာကာ(ခ)အာကာနီဝင်း-၁၉နှစ် (ဘ) ဦးနီဝင်း-စခန်းသစ် ကျေးရွာ -ကျွန်းစုမြို့နယ်၊ ကလုံး (ခ) မျိုးသူရ -၁၉ နှစ်(ဘ)ဦးသိန်းဇံ-ဈေးတန်းရပ် -မြိတ်မြို့၊ ဖြိုးဇော်ဦး-၁၉ နှစ် (ဘ)ဦးညွန့်လွင်-တပ်ပြင်ရပ်-မြိတ်မြို့၊ ကဖြိုး (ခ)ညီနိုင်ဖြိုး-၁၈နှစ် (ဘ)ဦးမြင့်မောင်-ကော့သောင်းမြို့တို့ဖြစ်ကြောင်း သိရသည်။
 

Comments 

+2 #3 ဥုံဖွ 2012-10-13 15:12
"လူငယ်များ၏ထွက်ဆိုချက်အရ သူတို့အရက်နှင့်ဆေး သုံးစွဲပြီးနောက်စိတ်ကူးတည့်ရာလုပ်ချင်စိတ်များဖြစ်လာ
ပြီး ကားများအိမ်များကိုလုပ်မိကြောင်း သိရသည်။"
အဖြေက
ဲမြိတ်မြို.ကအာဏာပိုင်တွေရဲ.ပညာသားပါမှုလား
ဒီဘရုတ်ကျတဲ့လူငယ်တွေရဲ.ပညာသားပါမှုလား
စဉ်းစားစရာပဲ.......
(EMG ကို လဲ
သည်လိုသတင်းမြန်တာလေးတွေကြိုက်တာ ဒီထက်ပိုပြီး ပြည်သူ.အကျိုးပြုမီဒီယာအနေနဲ.ထာဝစဉ်ရပ်တည်နိုင်ပါစေ)
 
+13 #2 minmin7 2012-10-13 14:16
လူငယ်များ၏ထွက်ဆိုချက်အရ သူတို့အရက်နှင့်ဆေး သုံးစွဲပြီးနောက် စိတ်ကူးတည့်ရာလုပ်ချင်စိတ်များဖြစ်လာပြီး ကားများအိမ်များကိုလုပ်မိကြောင်း သိရသည်။
တော်သေးတာပေါ့.. စိတ်ကူးတည့်ရာလုပ်မိတာတွေက .. လူသတ်မှုတွေ...မုဒိန်းမှုတွေမဖြစ်တာဘဲ။လူငယ်များ၏ထွက်ဆိုချက်အရ သူတို့အရက်နှင့်ဆေး သုံးစွဲပြီးနောက် စိတ်ကူးတည့်ရာလုပ်ချင်စိတ်များဖြစ်လာပြီး နောက်ဖေးလမ်းကြားများမှ ဝင်ကာ ချီးများ လိုက်လုယူစားကြတယ်ဆိုတာမရှိဘူး။ စစ်ရင်တော့...မသိလိုက်လို့ပါပေါ့...ဆေးကြောင်နေလို့ပေါ့..ဆိုင်ကယ်တောင် မလဲအောင်စီးနိင်သေးတာ...ကားမှန်တောင် သူ့မဟုတ်မှန်း၊ ခွဲရင်ကွဲမှန်း သိနေကြာတာဘဲ။
 
+2 #1 Sat Nwe Kyaw 2012-10-13 14:14
တပ်ပြင်ရပ်က ဖြိုးဇော်ဦးကိုမသင်္ကာလို့ မေးမြန်းကြည့်ရာမှ သတင်းရပြီး အဲဒီလူငယ်တွေကိုလိုက်ဖမ်းခဲ့ရတာပါ

အောက်တိုဘာလ၅ရက်နေ့က တော်ဝင်မိသားစုကုမ္ပဏီရုံးချုပ်ရှေ့တွင် အလုပ်သမားအခွင့်အရေး တောင်းဆိုရန်စောင့်ဆိုင်းနေသူများကို အမှုဖွင့်ထားပြီး ဦးဆောင်ပါဝင်လှုပ်ရှားသူခုနှစ်ဦးကို စမ်းချောင်းရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ကြောင်းသိရ


အောက်တိုဘာလ၅ရက်နေ့က တော်ဝင်မိသားစုကုမ္ပဏီရုံးချုပ်ရှေ့တွင် အလုပ်သမားအခွင့်အရေး တောင်းဆိုရန်စောင့်ဆိုင်းနေသူများကို အမှုဖွင့်ထားပြီး ဦးဆောင်ပါဝင်လှုပ်ရှားသူခုနှစ်ဦးကို စမ်းချောင်းရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ကြောင်းသိရ   PDF Print
Thursday, 11 October 2012 19:03
AddThis Social Bookmark Button
img1611
အောက်တိုဘာလ ၁၁ ရက်နေ့က စမ်းချောင်မြို့နယ်ရဲ့စခန်းမှ စစ်ဆေးမှုပြုလုပ်ပြီး ပြန်ထွက်လာသည့် အလုပ်သမားများကို တွေ့ရစဉ်

အောက်တိုဘာလ ၅ ရက်နေ့တွင် တော်ဝင်မိသားစုကုမ္ပဏီ ရုံးချုပ်ရှေ့၌ အလုပ်သမား အခွင့်အရေးများ တောင်းဆိုရန် စောင့်ဆိုင်းနေခဲ့သော အလုပ်သမားများကို စမ်းချောင်းမြို့နယ် ရဲစခန်းမှ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နှင့် စုဝေးခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ပြီး ခေါ်ယူစစ်ဆေးခဲ့ကြောင်း အဆိုပါအလုပ်သမားများထံမှ သတင်းရရှိသည်။
ရွှေပြည်သာမြို့နယ်ရှိ တော်ဝင်မိသားစုကုမ္ပဏီ သစ်အချောထည်နှင့် ပရိဘောဂကုမ္ပဏီမှ ၀န်ထမ်းဦးရေ ၃၀၀ ၀န်းကျင်ခန့်က အောက်တိုဘာလ ၅ ရက်နေ့တွင် တော်ဝင်မိသားစု ကုမ္ပဏီရှေ့၌ အချက်ကိုးချက်ပါဝင်သော တောင်းဆိုမှုအား ကုမ္ပဏီမှခွင့်ပြုပေးရန် စောင့်ဆိုင်းခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပါဝင်လှုပ်ရှားခဲ့သည့် ကိုဇင်မျိုးကိုကိုမှ "ကျွန်တော်တို့ကို စမ်းချောင်းရဲစခန်းက တရားမ၀င်ဆန္ဒပြတယ်ဆိုပြီးတော့ အမှုဖွင့်ထားတယ်။ ပြီးတော့ အောက်တိုဘာလ ၁၁ ရက်နေ့မှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အလုပ်သမား ခုနှစ်ဦးကို ခေါ်ပြီးစစ်ခဲ့ပါတယ်။ ကျွန်တော်တို့အလုပ်သမားတွေအနေနဲ့ ဆန္ဒဖော်ထုတ်တာမဟုတ်ပါဘူး။ ဖြစ်နေတဲ့အခက်အခဲတွေကိုပြေလည်ဖို့အတွက် လိုအပ်တဲ့အချက်တွေကို သဘောတူပေးဖို့ သွားပြီးတောင်းဆိုတာပါ။ ကုမ္ပဏီက တာဝန်ရှိသူတွေက တွေ့ခွင့်မပေးတဲ့အတွက် ကုမ္ပဏီအရှေ့မှာထိုင်ပြီး စောင့်နေတာပါ။ ဒါကိုသက်ဆိုင်ရာက တရားမ၀င်ဆန္ဒပြတယ်ဆိုပြီးတော့ အရေးယူထားတယ်ဆိုတာ လုံးဝမဖြစ်သင့်ပါဘူး"ဟု ပြောကြားခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီမှ ဥက္ကဌဖြစ်သူ ဦးကိုကိုထွေးက "အခုတောင်းဆိုခဲ့တဲ့ အလုပ်သမားတွေနဲ့ သဘောတူညီမှု ရရှိထားပါတယ်။ ဥပဒေနဲ့အညီ တောင်းဆိုမယ်ဆိုရင် ကျွန်တော့်အနေနဲ့ လိုက်လျောပေးသွားမှာပါ။ သူတို့ကို ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ အရေးယူဖို့ဆောင်ရွက်ထားခြင်း မရှိပါဘူး"ဟု ပြောကြားခဲ့သည်။
စမ်းချောင်းမြို့နယ်ရဲစခန်းက ဦးဆောင်ပါဝင်ခဲ့သူ အလုပ်သမားခုနှစ်ဦးကို ဆန္ဒပြခဲ့သည်ဟု ခေါ်ယူစစ်ဆေးခဲ့သည့်အပြင် အဆိုပါအမှုနှင့်ပတ်သက်၍ ခေါ်ယူစစ်ဆေးမည့် အကြိမ်တိုင်းတွင် မပျက်မကွက်လာရောက်ရမည်ဟု ခံဝန်ချက်လက်မှတ်ရေးထိုးခဲ့ရကြောင်း ကိုယ်တိုင်အစစ်ဆေးခံခဲ့ရသူ အလုပ်သမားတစ်ဦးမှ ပြောကြားခဲ့သည်။
ရွှေပြည်သာမြို့နယ်ရှိ တော်ဝင်မိသားစုကုမ္ပဏီ သစ်အချောထည်နှင့် ပရိဘောဂကုမ္ပဏီမှ ၀န်ထမ်းများက တောင်းဆိုခဲ့သည့် အချက်အချို့မှာ စက်ရုံအတွင်း အလုပ်သမားများအား ခွဲခြားဆက်ဆံနေကြသဖြင့် အလုပ်သမားအားလုံး၏ ဆန္ဒအရ တန်းတူအခွင့်အရေးပေးရန်နှင့် တန်းတူညီတူ ဆက်ဆံကြရန်၊ ယခုလက်ရှိ လုပ်ကိုင်နေသော ၀ါးတစ်ရာတော်ဝင်စက်ရုံမှ အလုပ်သမားအားလုံးအား စက်ရုံအလုပ်သမားများအဖြစ် သတ်မှတ်ပေးရန်၊ အလုပ်သမားများအား ဖယ်ရီကားများ စီစဉ်ပေးရန်၊ သို့မဟုတ် ခရီးစရိတ်ပေးရန်၊ စက်ရုံမှ ၀န်ထမ်းများ၏စက်ဘီးများ ပျောက်ပါက တာဝန်မယူနိုင်လျှင် စက်ဘီးထားရန် နေရာဆောက်ပေးရန် စသည့်အချက်အလက်များ ဖြစ်ကြောင်း သိရသည်။

Comments 

 
+20 #1 Phoe Khant 2012-10-12 07:56
ပုဒ်မ ၁၈ အလိုမရှိ။

စကားပြန်နှင့်၎င်း၏မိတ်ဆွေဖြစ်သူက တရုတ်နိုင်ငံသားကိုသတ်ပြီး ဘဏ်စာအုပ်ကိုခိုးယူ


စကားပြန်နှင့်၎င်း၏မိတ်ဆွေဖြစ်သူက တရုတ်နိုင်ငံသားကိုသတ်ပြီး ဘဏ်စာအုပ်ကိုခိုးယူ   PDF Print
Friday, 12 October 2012 19:22
AddThis Social Bookmark Button
mt2
ပြစ်မှုကျူးလွန်သူနှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူတွေ့ရစဉ်
စကားပြန်နှင့်၎င်း၏မိတ်ဆွေဖြစ်သူက တရုတ်နိုင်ငံသား မစ္စတာလောင်ရှဲမေစိမ်း အသက်၅၀နှစ် နေထိုင်သည့်အခန်းအတွင်းဝင်ရောက်ပြီးသတ်ကာ ဘဏ်စာအုပ်ခိုးယူခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ 
ဖြစ်စဉ်ကိုအောက်တိုဘာလ ၁၀ရက်နေ့နံနက် ၁ နာရီအချိန်တွင် တရုတ်နိုင်ငံသားနေထိုင်သည့် န၀ဒေးဥယျာဉ်အိမ်ရာ လှိုင်သာယာမြို့နယ်တွင်ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခဲ့သူနှစ်ဦးကို အောက်တိုဘာလ ၁၁ ရက်နေ့ညပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း  သိရှိရသည်။
ယင်းကဲ့သို့ကျူးလွန်မှုတွင်ပါဝင်သည့် တရုတ်စကားပြန် မယဉ်ယဉ်မေမှာ သေဆုံးသွားသူ တရုတ်နိုင်ငံသား၏ စကားပြန်အဖြစ်လုပ်ခဲ့သူဖြစ်ပြီးလွန်ခဲ့သောနှစ်လခန့်မှ အလုပ် ထုတ်ခံရသူဖြစ်ကြောင်း သိရှိရသည်။
သေဆုံးသွားခဲ့သည့် တရုတ်နိုင်ငံသားက စကားပြန်ဖြစ်သူမယဉ်ယဉ်မေနှင့် မန်နေဂျာဖြစ်သူနှစ်ဦးတို့ကို လုပ်ငန်းလျင်မြန်စွာလုပ် ကိုင်စေရန်အတွက် ၄င်းတို့၏နာမည် များဖြင့် ဘဏ်စာအုပ်များလုပ်ပေးထားကြောင်း သိရသည်။     
လွန်ခဲ့သောနှစ်လခန့်က စကားပြန်ဖြစ်သူမှာရည်းစားထားသည့်ကိစ္စနှင့်စပ်လျဉ်းပြီး သေဆုံးသွားခဲ့သည့်တရုတ်နိုင်ငံသားနှင့် စကားများခဲ့သဖြင့် အလုပ်မှထုတ်ပယ်ခံခဲ့ရကြောင်း၊ စကားပြန်ဖြစ်သူကအလုပ်မရှိတော့သဖြင့် ၄င်း၏အမျိုးသားသူငယ်ချင်းနှင့်အတူ တရုတ်အမျိုးသားနေထိုင်သည့်နေအိမ်အတွင်းသို့ဝင်ရောက်ပြီး ဘဏ်စာအုပ်ရှာဖွေခဲ့ရာ မတွေ့ရှိခဲ့သဖြင့် အိပ်နေသည့်တရုတ်နိုင်ငံသားအခန်းတံခါးဖွင့်ပြီးရှာဖွေခဲ့ရာ တရုတ်နိုင်ငံသားနိုးသွားခဲ့ကြောင်း သိရသည်။   
ယင်းအချိန်တွင် တရုတ်နိုင်ငံသားနိုးသွားခဲ့သည့်အတွက် စကားပြန်နှင့်အတူပါရှိသူအမျိုးသားက တရုတ်နိုင်ငံသားကိုအသင့်ပါလာသော သစ်သားတုတ်ဖြင့်ရိုက်နှက်ပြီး ပါးစပ်အားစောင်ဖြင့်စို့ကာ ခေါင်းအုံဖြင့်ဖိသတ်ခဲ့ကြောင်း သိရှိရသည်။
ထိုနောက်စကားပြန်ဖြစ်သူကအဆိုပါအခန်းအတွင်းမှ ဘဏ်စာအုပ်ကိုယူကာက ကမ္ဘောဇဘဏ်(ဘုရင့်နော်ဘဏ်ခွဲ) မှ ငွေကျပ်သိန်း၁၀၀ ထုတ်ယူခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ပြစ်မှုကျူးလွန်သူဝင်းကိုအား လှိုင်သာယာမြို့်နယ်နှင့်စကားပြန်ဖြစ်သူ မယဉ်ယဉ်မေကို ၄င်း၏ညီမဖြစ်သူနေထိုင်သည့် မရမ်းကုန်မြို့နယ်တွင် အောက်တိုဘာလ ၁၁ ရက်နေ့ည ၁၁နာရီဝန်းကျင်တွင်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။   
သေဆုံးသွားသည့်တရုတ်နိုင်ငံသား မစ္စတာလောင်ရှဲမေစိမ်းက အခင်းဖြစ်သည့်တိုက်ခန်းတွင် Kan Star ကုမ္ပဏီဖွင့်လှစ်ကာ ရေမြှပ်နှင့် ရေလှိုင်းဆေးထိုင်ခင်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။     
အဆိုပါဖြစ်စဉ်ကို လှိုင်သာယာရဲစခန်း (ပ)၁၀၆၃/၂၀၁၂၊ပုဒ် မ ၃၀၂ ဖြင့်အမှုဖွင့်ပြီး အမှုစစ်မှ စစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။

Comments 

+1 #2 ကျောင်းသားကြီး 2012-10-13 15:52
Quoting botaw:
(၁)စကားပြန်ကို ဘဏ်စာအုပ် လုပ်ပေးထားတယ်။

(၂)အဲဒီဘဏ်စာအုပ်ကလည်း ကျပ်သိန်း(၁၀၀)လောက် အနည်းဆုံးထည့်ထားပေးတဲ့ စာအုပ်ဖြစ်တယ်။

(၃)စကားပြန်က ရည်းစားထားလို့ တရုတ်နဲ့ စကားများပြီး အလုပ်ကထုတ်ခံရတယ်။

အဲဒီသုံးချက်နဲ့တင် ဒီစကားပြန်နဲ့ တရုတ်အလုပ်ရှင်ရဲ့ ဆက်ဆံရေးဟာ ဘာလဲလို့ ခန်းမှန်းနိုင်ပါတယ်။

အလဲဗင်းက ဒီသတင်းကို မြန်မာလူမျိုးစကားပြန် မိန်းကလေးကို ငဲ့ညှာပြီး ဖော့ရေးလိုက်ပုံရပါတယ်။
မီဒီယာမှာ အမှုဖြစ်စဉ်ပဲ ရေးရပါတယ်။ ဒါကျင့်ဝတ်ပါ။ ကျင့်ဝတ်စောင့်ထိန်းမှ မီဒီယာပီသပါတယ်။ သူတို့ ရဲ့ အတွင်းရေးက ဘာဖြစ်ဖြစ် အဲဒါကာယကံရှင်ကိုယ်ရေးကိုယ်တာ ဖြစ်လို့ အများနဲ့ သက်ဆိုင်တဲ့  ဥပမာ၊ လွှတ်တော်ကိုယ်စားလှယ်တို့  ရုပ်ရှင်မင်းသားမင်းသမီးတို့ လိုမျိုးတော့ အဲဒီကိုယ်ရေးကိုယ်တာကို ထုတ်ရေးချပိုင်ခွင့် (ကာယကံရှင်ခွင့်ပြုချက်မရပဲ) ရေးခွင့်မရှိပါ။ ဒါနိုင်ငံတိုင်းမှာ ရှိတဲ့ စောင့်ထိန်းရမဲ့ မီဒီယာကျင့်ဝတ်ပါ။ အများနဲ့ မဆိုင်တဲ့ Individual တစ်ဦးချင်းရဲ့ ကိုယ်ရေးကိုယ်တာကို ထုတ်ရေးခွင့် သိတာတောင် ရေးခွင့်မရှိပါ။
 
+31 #1 botaw 2012-10-13 11:20
(၁)စကားပြန်ကို ဘဏ်စာအုပ် လုပ်ပေးထားတယ်။

(၂)အဲဒီဘဏ်စာအုပ်ကလည်း ကျပ်သိန်း(၁၀၀)လောက် အနည်းဆုံးထည့်ထားပေးတဲ့ စာအုပ်ဖြစ်တယ်။

(၃)စကားပြန်က ရည်းစားထားလို့ တရုတ်နဲ့ စကားများပြီး အလုပ်ကထုတ်ခံရတယ်။

အဲဒီသုံးချက်နဲ့တင် ဒီစကားပြန်နဲ့ တရုတ်အလုပ်ရှင်ရဲ့ ဆက်ဆံရေးဟာ ဘာလဲလို့ ခန်းမှန်းနိုင်ပါတယ်။

အလဲဗင်းက ဒီသတင်းကို မြန်မာလူမျိုးစကားပြန် မိန်းကလေးကို ငဲ့ညှာပြီး ဖော့ရေးလိုက်ပုံရပါတယ်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မအောင်မြင်ရခြင်းမှာ နိုင်ငံရေးပြဿနာအား နိုင်ငံရေးအရမဖြေရှင်း၍ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌပြောကြား


မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မအောင်မြင်ရခြင်းမှာ နိုင်ငံရေးပြဿနာအား နိုင်ငံရေးအရမဖြေရှင်း၍ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌပြောကြား   PDF Print
Friday, 12 October 2012 21:59
AddThis Social Bookmark Button
mt3
ပါတီဗဟိုဥက္ကဋ္ဌဦးအေးသာအောင် နှုတ်ခွန်းဆက်စကားပြောကြားနေစဉ်
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မအောင်မြင်ရခြင်းမှာ နိုင်ငံရေး ပြဿနာအား နိုင်ငံရေးအရမဖြေရှင်း ၍ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားခဲ့သည်။
အောက်တိုဘာလ ၁၂ ရက်နေ့က ဗဟန်းမြို့နယ်ရှိ ဒို့ရိုးရာစားသောက်ဆိုင်တွင်ပြုလုပ်သော ပါတီ ၂၄ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနား၌ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲများဆွေးနွေးစဉ်အချိန်မှာပင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ကို ကြားသိရကြောင်း၊ အစိုးရအနေဖြင့် ပြည်တွင်းစစ်ရပ်စဲချင်သည် ငြိမ်းချမ်းရေးလိုလားသည်ဆိုရုံဖြင့် ပြုလုပ်၍မရဘဲ အကောင်အထည်ဖော်ရန် လုပ်နည်းလုပ်ဟန်မှန်ဖို့လိုကြောင်း၊ လတ်တလောတွင် ကရင်ပြည်နယ်၌ တပ်နှင့်ဗဟို တစ်ကွဲတစ်ပြားစီဆွေးနွေးမှုများသည် လုပ်နည်းလုပ်ဟန်မမှန်ဘူးဟု ပြောချင်ပါကြောင်း၊ စေတနာရှိရုံဖြင့်မရကြောင်း စသည်ဖြင့်ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုဥက္ကဋ္ဌ ဦးအေးသာ အောင်က ပြောကြားခဲ့သည်။
"ငြိမ်းချမ်းရေးရဖို့ဆွေးနွေးတဲ့အခါမှာ နှစ်ပေါင်း ၆၀ ကျော်အတွေ့အကြုံအရ ယခင်ကတည်းက ပြည်တွင်းအေးချမ်းဖို့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဆွေးနွေးခဲ့တာတွေလည်း ရှိပါတယ်။ မကြာသေးခင်ကလည်း န၀တ၊ နအဖခေတ်မှာလည်း ဆွေးနွေးခဲ့တာတွေရှိပါတယ်။ ဘာကြောင့်မအောင်မြင်တာလဲ။ ဘာကြောင့်ပြန်ပြီးတော့တိုက်ပွဲတွေဖြစ်လာရတာလဲ ဒါကိုမှန်မှန်ကန်ကန် သုံးသပ်ဖို့လိုတယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ခေတ်အဆက်အဆက်ဆွေးနွေးပွဲတွေ မအောင်မြင်ရတာဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရန် မကြိုးစားလို့ဖြစ်ပါတယ်" ဟု ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားခဲ့သည်။ 
ပါလီမန်ခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ လမ်းစဉ်ပါတီခေတ်၊ ခေတ်အဆက်ဆက် တိုင်းရင်းသားများတင်ပြခဲ့သည့် နိုင်ငံရေးအရဆွေးနွေးရန်တောင်းဆိုချက်မှာ ပင်လုံအခြေခံသဘောတူညီချက်ဖြင့် ဖြေရှင်းရန်တောင်းဆိုခဲ့ကြောင်း၊ ပင်လုံတွင်တိုင်းရင်းသားခေါင်းဆောင်များနှင့် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းတို့ တွေ့ဆုံဆွေးနွေးရာတွင် အဓိကသုံးချက်ရှိကြောင်း၊ ပထမအချက်မှာ တန်းတူညီတူပြည်ထောင်စုအနေဖြင့်ပေါင်းစည်းရေး၊ ဒုတိယအချက်မှာ ပြည်နယ်များတွင်ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေးနှင့် ကိုယ့်ကြမ္မာကိုဖန်တီးခွင့်ရရှိရေး၊ တတိယအချက်မှာ ခွဲထွက်ဖို့ကြောင်းဖြစ်ကြောင်း၊ ဥက္ကဋ္ဌဦးအေးသာအောင်က ယခင်ကတိုင်းရင်းသားများ၏တောင်းဆိုချက် များကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ဥက္ကဋ္ဌဦးအေးသာအောင်က "ဒီနေ့ဒီအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေနဲ့ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့လို တိုင်းရင်းသားပါတီများအနေနဲ့ပဲဖြစ်ဖြစ် ခွဲထွက်ဖို့ဘယ်အဖွဲ့အစည်း ဘယ်ပါတီမှ ဒီနေ့ ဒီအချိန်အခါ ဒီအခြေအနေအရ ဒါတွေကိုတောင်းဆိုတာ ပြောဆိုတာတွေမရှိတော့ပါဘူး။ အဲဒီတော့ တန်းတူညီတူပြည်ထောင်စုမူ၊ ပြည် နယ်တွေမှာကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အဓိကတင်ပြတောင်းဆိုနေတာဖြစ်ပါတယ်" ဟုပြောကြားခဲ့သည်။
ယခုအချိန်ကာလသည်  နိုင်ငံရေးပါတီများ၏ပြောခွင့်ဆိုခွင့်၊ စည်ရုံးခွင့်များ ယခင်ကထက်အတော်အသင့်ရရှိလာကြောင်း၊ စာနယ်ဇင်းရေးသားခွင့်၊  လွတ်လပ်ပြောဆိုခွင့်ရှိလာပြီဖြစ်ကြောင်း၊  မိမိတို့ရှေ့ဆက်သွားမည့်နေရာတွင် အခွင့်အရေးများ မျှော်လင့်ချက်များ အတော်အသင့်ရှိလာပြီဟုထင်ရကြောင်း၊ သို့သော် ပြည်သူအများမျှော်လင့်နေသည့် တိုင်းပြည်ကလိုလားနေသည့် ဒီမိုကရေစီနိုင်ငံဖြစ်ရေး၊ တိုင်းရင်းသားများအားလုံးစည်းလုံးညီညွတ်ပြီး ဖက်ဒရယ်ပြည်ထောင်စုကိုထည်ထောင်နိုင်ရေး၊ စစ်ပွဲများရပ်စဲရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေး အဓိကကဏ္ဍများတွင် ချောချောမောမောဖော်ဆောင်နိုင် မဖော်ဆောင်ဆိုသည်မှာ ယနေ့အချိန်အခါတွင် ပြောရန်အလွန်စောသေးကြောင်းကိုလည်း ဦးအေးသာအောင်က ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မအောင်မြင်ရခြင်းမှာ နိုင်ငံရေး ပြဿနာအား နိုင်ငံရေးအရမဖြေရှင်း ၍ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားခဲ့သည်။
အောက်တိုဘာလ ၁၂ ရက်နေ့က ဗဟန်းမြို့နယ်ရှိ ဒို့ရိုးရာစားသောက်ဆိုင်တွင်ပြုလုပ်သော ပါတီ ၂၄ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနား၌ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲများဆွေးနွေးစဉ်အချိန်မှာပင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ကို ကြားသိရကြောင်း၊ အစိုးရအနေဖြင့် ပြည်တွင်းစစ်ရပ်စဲချင်သည် ငြိမ်းချမ်းရေးလိုလားသည်ဆိုရုံဖြင့် ပြုလုပ်၍မရဘဲ အကောင်အထည်ဖော်ရန် လုပ်နည်းလုပ်ဟန်မှန်ဖို့လိုကြောင်း၊ လတ်တလောတွင် ကရင်ပြည်နယ်၌ တပ်နှင့်ဗဟို တစ်ကွဲတစ်ပြားစီဆွေးနွေးမှုများသည် လုပ်နည်းလုပ်ဟန်မမှန်ဘူးဟု ပြောချင်ပါကြောင်း၊ စေတနာရှိရုံဖြင့်မရကြောင်း စသည်ဖြင့်ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုဥက္ကဋ္ဌ ဦးအေးသာ အောင်က ပြောကြားခဲ့သည်။
"ငြိမ်းချမ်းရေးရဖို့ဆွေးနွေးတဲ့အခါမှာ နှစ်ပေါင်း ၆၀ ကျော်အတွေ့အကြုံအရ ယခင်ကတည်းက ပြည်တွင်းအေးချမ်းဖို့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဆွေးနွေးခဲ့တာတွေလည်း ရှိပါတယ်။ မကြာသေးခင်ကလည်း န၀တ၊ နအဖခေတ်မှာလည်း ဆွေးနွေးခဲ့တာတွေရှိပါတယ်။ ဘာကြောင့်မအောင်မြင်တာလဲ။ ဘာကြောင့်ပြန်ပြီးတော့တိုက်ပွဲတွေဖြစ်လာရတာလဲ ဒါကိုမှန်မှန်ကန်ကန် သုံးသပ်ဖို့လိုတယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ခေတ်အဆက်အဆက်ဆွေးနွေးပွဲတွေ မအောင်မြင်ရတာဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရန် မကြိုးစားလို့ဖြစ်ပါတယ်" ဟု ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားခဲ့သည်။
ပါလီမန်ခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ လမ်းစဉ်ပါတီခေတ်၊ ခေတ်အဆက်ဆက် တိုင်းရင်းသားများတင်ပြခဲ့သည့် နိုင်ငံရေးအရဆွေးနွေးရန်တောင်းဆိုချက်မှာ ပင်လုံအခြေခံသဘောတူညီချက်ဖြင့် ဖြေရှင်းရန်တောင်းဆိုခဲ့ကြောင်း၊ ပင်လုံတွင်တိုင်းရင်းသားခေါင်းဆောင်များနှင့် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းတို့ တွေ့ဆုံဆွေးနွေးရာတွင် အဓိကသုံးချက်ရှိကြောင်း၊ ပထမအချက်မှာ တန်းတူညီတူပြည်ထောင်စုအနေဖြင့်ပေါင်းစည်းရေး၊ ဒုတိယအချက်မှာ ပြည်နယ်များတွင်ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေးနှင့် ကိုယ့်ကြမ္မာကိုဖန်တီးခွင့်ရရှိရေး၊ တတိယအချက်မှာ ခွဲထွက်ဖို့ကြောင်းဖြစ်ကြောင်း၊ ဥက္ကဋ္ဌဦးအေးသာအောင်က ယခင်ကတိုင်းရင်းသားများ၏တောင်းဆိုချက် များကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ဥက္ကဋ္ဌဦးအေးသာအောင်က "ဒီနေ့ဒီအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေနဲ့ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့လို တိုင်းရင်းသားပါတီများအနေနဲ့ပဲဖြစ်ဖြစ် ခွဲထွက်ဖို့ဘယ်အဖွဲ့အစည်း ဘယ်ပါတီမှ ဒီနေ့ ဒီအချိန်အခါ ဒီအခြေအနေအရ ဒါတွေကိုတောင်းဆိုတာ ပြောဆိုတာတွေမရှိတော့ပါဘူး။ အဲဒီတော့ တန်းတူညီတူပြည်ထောင်စုမူ၊ ပြည် နယ်တွေမှာကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အဓိကတင်ပြတောင်းဆိုနေတာဖြစ်ပါတယ်" ဟုပြောကြားခဲ့သည်။
ယခုအချိန်ကာလသည်  နိုင်ငံရေးပါတီများ၏ပြောခွင့်ဆိုခွင့်၊ စည်ရုံးခွင့်များ ယခင်ကထက်အတော်အသင့်ရရှိလာကြောင်း၊ စာနယ်ဇင်းရေးသားခွင့်၊  လွတ်လပ်ပြောဆိုခွင့်ရှိလာပြီဖြစ်ကြောင်း၊  မိမိတို့ရှေ့ဆက်သွားမည့်နေရာတွင် အခွင့်အရေးများ မျှော်လင့်ချက်များ အတော်အသင့်ရှိလာပြီဟုထင်ရကြောင်း၊ သို့သော် ပြည်သူအများမျှော်လင့်နေသည့် တိုင်းပြည်ကလိုလားနေသည့် ဒီမိုကရေစီနိုင်ငံဖြစ်ရေး၊ တိုင်းရင်းသားများအားလုံးစည်းလုံးညီညွတ်ပြီး ဖက်ဒရယ်ပြည်ထောင်စုကိုထည်ထောင်နိုင်ရေး၊ စစ်ပွဲများရပ်စဲရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေး အဓိကကဏ္ဍများတွင် ချောချောမောမောဖော်ဆောင်နိုင် မဖော်ဆောင်ဆိုသည်မှာ ယနေ့အချိန်အခါတွင် ပြောရန်အလွန်စောသေးကြောင်းကိုလည်း ဦးအေးသာအောင်က ထည့်သွင်းပြောကြားခဲ့သည်။

Comments 

 
+1 #5 akyabian 2012-10-13 15:37
ကျွန်တော် ထင်တာက ဘာဖြစ်လို့ တိုင်းရင်းသားတွေ ခွဲထွက်ခွင့် ကို လိုချင်နေတာလဲ၊တောင်းနေရတာလဲ ဆိုတာ ပထမ ဆုံးစဉ်းစားကြည့်ပါ။ ဘာကြောင့် ဒီလောက်ထိ ခွဲထွက်ချင်နေရတာ လဲ။ တိုင်းရင်သား ဒေသတွေကို ဦးနု လက်ထက်ကတည်းကစပြီး၊ လိုချင်တဲ့အခါ အသုံးသာချပြီး ဘာအခွင့်အရေးမှ မပေးခဲ့ပါ။ဘာဖွံ့ဖြိုးတိုးတက်မှု မှ မလုပ်ပေးခဲ့ပါ။ နောက်ပိုင်းလာတဲ့ နေဝင်းအစိုးရ၊ ပြီးတော စစ်အစိုးရ (၂) ဖွဲ့ ဘာမှ လုပ်မပေးပါ မယ်မယ်ရရ။ လက်ညှိုးထိုးပြစရာ ဘာမှ မရှိပါ။ ရုပ်ရှင်ကား တခုဥပမာ နဲ့ပြောရရင် supporting role ပဲနေခဲ့ရတာ၊ နေ နေရတဲ့ ဘဝပါ တိုင်းရင်းသားတွေဟာ။ ဥပမာ…..ရခိုင်ဟာ သူ့ရဲ့ သဘာဝ အနေအထားအရ ဆိုလိုရှိရင် စင်ကာပူ၊ ဟောင်ကောင်၊ မကာအို လိုဖြစ်မဲ့နေရာပဲ လူတိုင်းသိတယ်။ ဘာလုပ်ပေးခဲ့လဲ။ ရခိုင်ပြည်နယ် ဟာ ဖွတ်ကျားဖြစ်နေတယ်။ ဒီလို ရေခံမြေခံ ကောင်းတဲ့ ရခိုင်ဟာ ဗမာတနိုင်ငံလုံးမှာ ဒုတိယ အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှု ဆုံးဖြစ်နေတယ်။ ဘိတ်ဆုံးကတော့ ချင်းပြည်နယ်။ တိုင်းရင်းသားနယ် တွေဟာ သူ့ဟာနဲ့သူ comparative advantages တွေ အများကြီးရှိနေတာပဲ။ ချင်းပြည်နယ် ဟာဆိုလိုရှိ ရင်လည်း တောင်တန်းတွေကို၊ ကောင်းမွန်တဲ့ ရာသီဥတု ကို အသုံးချပြီး အများကြီး လုပ် လို့ ရတဲ့ဟာတွေ ရှိတယ်။summer resorts၊hiking, kayaking,fruits orchards and gardens တွေ အစရှိသဖြင့် ecotourism တွေ လုပ်လို့ရတယ် ကျန်တဲ့ တိုင်းရင်းသားနယ်တွေလည်း ဒီအတိုင်းပဲ။ ခွဲခြားအုပ်ချုပ်တတ်တဲ့ ဗမာအများစုကြီးစိုးတဲ့ အစိုးရအဆက်ဆက် လက်အောက်ရောက်သွားတော့ အခုရလဒ် (eventual outcome)က ဘာလဲ။ အခုမြင်နေရတဲ့ ဆင်းရဲမွေတေမှု၊ မဖွံ့ဖြိုးမှု၊ပညာရေး ကျဆင်းမှု etc တွေပဲလေ။ ဒီတော့ လူငယ်လေးတွေက ဒီအတိုင်းဆို မဖြစ်တော့ဘူး။ ဒီကောင်တွေ လက်အောက်မှာ နေရင် ကျောမွဲပြာစု၊ ကျွဲပခုံးထ ဘဝက လွတ်တော မှာ မဟုတ်ဘူး၊ ငါတို့နောက်က လာမဲ့ မျိုးဆက်တွေ ကိုဘာအမွေပေးခဲ့မလဲ ဆိုပြီး လက်နက်ကိုင် လမ်းစဉ်ကို သွားခဲ့ရတာ၊ ရွေးခဲ့ရတာ၊ရွေးနေရတာပဲလေ။ We have been traditionally forced to resort to arm struggle because we are being cornered where we have no choice/no one to turn to for help. At this dead-end, anyone will try his/her best to bite back and fight for his/her life. ဦးနု လက်ထက်ကတည်းက စလို့ နောက်ဆုံး နအဖ အထိ (အခုထိလည်းပဲလေ) ဗမာတခုပဲကြီးစိုးတဲ့အစိုးရ အဆက်ဆက်ဟာ တိုင်းရင်းသားနယ်တွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးလိုမရဘူး။ ပညာတတ်အောင်လုပ်ပေးလိုမရဘူး။ ဒါတွေရသွားရင် လက်နက်ဝယ်ဖို့ပိုက်ဆံရှိသွားမယ်၊ တော်လှန်ဖို့ အိုင်ဒီအိုလိုဂျီ တွေရသွားမယ် ဆိုပြီး (ရေးသားမထားသော ပေါ်လစီတွေပေါ့ဗျာ) တိုင်းရင်းသားတွေကို ဒီလို ဘဝ ကိုရောက်အောင် တမင် လုပ်ခဲ့ကြတာပါ။ ဒါတွေကို ဘယ်လူကြီးက မှ သေသာ သေသွားတယ် ဝန်မခံ ခဲ့ကြပါဘူး။ CIA မှာလုပ်ခဲ့တဲ့သူတွေ ဖွင့်ချ သလိုမျိုး ဗမာနိုင်ငံရေးမှာ ဘယ်သူ့မှ မလုပ်ကြသေးဘူး။ ဦးနု တာတေစနေသားမှာလည်း မပါဘူး။ တိုင်းရင်းသားတွေက လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲတော့ အပြစ်က လာပုံပြန်ရော..ခွဲထွက်ရေးသမားတွေဆိုပြီးတော့။ တွန်းအားပေးတဲ့အရာကို သွားမမြင်ကြဘူး။ ဘာဖြစ်လို့လက်နက်ကိုင်ရခြင်း အခြေခံအကြောင်းတရားကို မမြင်ကြတာလဲ။ မမြင်ချင်ယောင်ဆောင်နေတာလား။
 
+1 #4 akyabian 2012-10-13 15:36
ကျွန်တော်ပြောမယ်… တိုင်းရင်းသားဒေသတွေမှာ ထိုင်းနိုင်ငံလို အိမ်တအိမ်လူလေးယောက်ရှိရင် လေးယောက်လုံး အလုပ်ရှိအောင်ဖန်တီးနိုင်ရင်၊ထမင်းဝအောင်သူ့အလုပ်နဲ့သူ ထားပေးနိုင်ရင်၊အိမ်တိုင်း အခြေခံ modern amenities တွေဖြစ်တဲ့ ရေ၊မီး၊ဆိုင်ကယ်၊ကား၊တီဗွီ၊ရေခဲသေတ္တာ အစရှိသဖြင့် နေနိုင်အောင် အစိုးရက ဖန်တီးနိုင်ရင် ကျွန်တော်ထင်တယ် ဘယ်သူ့မှ ခွဲထွက်ရေးအော်မှာ မဟုတ်ဘူး။ အခုက ကြည့်လေ တိုင်းရင်းသားဒေသတွေ ဘယ်လို့ဖြစ်နေလဲ။ primitive society အဆင့်မှာပဲ ရှိနေတယ်။ တတိုင်းပြည်လုံးပဲလေ။ သူ့တို့ဆီက ရှိတာ အားလုံးယူ ပြီး ဘာမှ ပြန်လုပ်မပေးဘူး။ ကြားလိုက်သေးတယ် ပါလီမန်မှာ ရခိုင်အမတ်က မေးတယ် ရခိုင်ကထွက်တဲ့ ဓါတ်ငွေ့ ရခိုင်ပြည်အတွက် ပေးသုံးဖို့အစီစဉ် ရှိလားဆိုတော့ ဝန်ကြီးကဖြေတယ် မရှိပါဘူးတဲ့။ ဒါကို ဘယ်ရခိုင်က ဒေါသမထွက်ပဲနေမလဲ။ ဥပမာ တခုပြောပြတာပါ။ ဖေခုံက နေ ထွက်တဲ့ လောပိတ မီး ဖေခုံ မြို့ကို မပေးပဲ ထားခဲ့တယ်။ ဒါကို ဗမာတွေ မသိကြဘူး။ ဗမာတွေ ကပြောမယ် ကျွန်တော်တို့လည်း ဒီအတိုင်းပါပဲ။ သို့ပေမဲ့ ခင်ဗျားတို့ရဲ့အခြေအနေက ဟုတ်နေသေးတယ်။ ဒါက လူနေမှုအဆင့်မြှင့်တင်ရေးကို ပြောပြတာ။ နောက် equal political rights တွေရှိသေးတယ်။ ဒီတော့ ပြောချင်တာက ဘာကြောင့်လက်နက်ကိုင်ရတာလဲ ဆိုတဲ့အကြောင်းရင်းကို အရင်းရှင်းရမယ်။ ထိုင်းမှာလည်း လူမျိုးစုံ ရှိတယ်။ ဒါပေမဲ့အခု က သူ့တို့ One Thai ဖြစ်သွားပြီး။ Thainess ဖြစ်သွားပြီး။ တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့တိုင်းပြည်မှာ လူအများစုရဲ့ identity and destiny ကိုပဲ ရှေ့တန်းတင်နေမယ်ဆိုရင် ဘယ်တော့မှ ငြိမ်းချမ်းရေးက ဝေးနေအုံးမယ်၊ တိုင်းပြည်လည်း ဒုံးရင်းက သွားမှာ မဟုတ်ဘူး။ ဗမာပြည်ရဲ့ တိုင်းရင်းးသားနိုင်ငံရေး ပြသနာကို ရှင်းတဲ့အခါ သမားရိုးကျ ခေါက်ရိုးကျိုးနေတဲ့ အတွေးနဲ့၊ အမြင်နဲ့ ရှင်းလို့မရဘူး။ အရင်တုန်းက သုံးခဲ့တဲ့ အဘ တို့ရဲ့ အထာ တွေနဲ့မရတော့ဘူး။ If you are serious about lasting internal peace and if you are genuine about achieving it, you need FIRST to have a radical change of mindset by disavowing traditional way of conflict resolving and then adopt a holistic approach. Most importantly, you need to show a miracle in your displaying of your true hearts. ကျိန်စာသင့်နေတဲ့တိုင်းပြည်ကို ကယ်တင်နိုင်မဲ့စိတ်ဓါတ်မျိုးရှိသူ ဗမာပြည်မှာ အခုထိမပေါ်သေးဘူး။
 
+4 #3 myo kyaw 2012-10-13 13:47
Quoting Rain:
ကိုမျိုးကျော်..
ဦးအးသာအောင်က ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ကပါ....
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)ကမဟုတ်ပါဘူး..
ပြောချင်လောကြီးပြီးသတိမမူမိဘူးဖြစ်သွားတယ်ထင်တယ်..

Anyway...ကွန်မန့် ကောင်းလေးတခုပါ..Like လုပ်သွားပါတယ်..
ဆောရီး … စိတ်ထဲမှာ မခံနိုင်ဖြစ်ပြီး ပြောချင်ဇောကြီးသွားလို့။
Like အတွက် ကျေးဇူး
 
+11 #2 Rain 2012-10-13 11:47
ဒေါ်အောင်ဆန်းစုကြည်ကို အမေတစ်ယောက်လို လေးစားပါတယ် ၊ ဒါပေမယ့် ဦးအေးသာအောင်တို့လို နိုင်ငံရေး၊ နိုင်ငံရေးလို ပါးစပ်ကတတွတ်တွတ်ပြောပြီး ကိုယ်ဘာပြောလိုက်လို့ ပြောလိုက်မှန်းတောင်မသိ သူများယောင်လို့ လိုက်ယောင်တဲ့သူတွေကိုတော့ NLD လိုအဖွဲ့အစည်းမှာရှိနေတာ ရင်နာပါတယ်။

ကိုမျိုးကျော်..
ဦးအးသာအောင်က ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ကပါ....
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)ကမဟုတ်ပါဘူး..
ပြောချင်လောကြီးပြီးသတိမမူမိဘူးဖြစ်သွားတယ်ထင်တယ်..

Anyway...ကွန်မန့် ကောင်းလေးတခုပါ..Like လုပ်သွားပါတယ်..
 
+18 #1 myo kyaw 2012-10-13 09:22
(ပထမအချက်မှာ တန်းတူညီတူပြည်ထောင်စုအနေဖြင့်ပေါင်းစည်းရေး၊ ဒုတိယအချက်မှာ ပြည်နယ်များတွင်ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေးနှင့် ကိုယ့်ကြမ္မာကိုဖန်တီးခွင့်ရရှိရေး၊ တတိယအချက်မှာ ခွဲထွက်ဖို့ကြောင်းဖြစ်ကြောင်း၊ ဥက္ကဋ္ဌဦးအေးသာအောင်က ယခင်ကတိုင်းရင်းသားများ၏တောင်းဆိုချက် များကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။)
ဦးအေးသာအောင်ရေ ပထမအချက်ကတော့ ချက်ချင်း အကောင်အထည်ဖော်လို့ရပါတယ်။ ဒုတိယအချက်ကတော့ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီအုပ်ချုပ်ရေးကို ကူးပြောင်းတဲ့အခါမှာ ချက်ချင်းအကောင်အထည်ဖော်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးခင်ဗျာ။ မျောက်သစ်ကိုင်းကူးသလို အမြန်ကူးလို့ မရပါဘူး။ သစ်ကိုင်းလွတ်သွားရင် နိုင်ငံရေးဟာ ကလေးကစားသလို ပေါ့ပေါ့ဆဆ လုပ်လို့မရပါဘူး။ နောက်သမ္မတသစ် သို့ သမ္မတ နှစ်ဆက်လောက်ဆက်သွားမှသာ အဆင်ပြေချောမွေ့သွားနိုင်ပါလိမ့်မယ်။ ဘယ်ဒီမိုကရေစီနိုင်ငံမဆို အစကတည်းက ချက်ချင်း ဒီမိုကရေစီအကောင်အထည်ဖေါ်တဲ့ နိုင်ငံဆိုတာ မရှိသေးပါဘူး။ တတိယအချက်ကတော့ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပါ။ အဲ့ဒီအချက်ကို ကချင်က လက်ကိုင်ထားပြီး တောင်းဆိုနေတာပါ။ တကယ်တော့ ကချင်မဟုတ်ပါဘူး ။ KIA ဆိုတဲ့ လူနည်းစု လူတစ်စုသာဖြစ်ပါတယ်။ သူတို့ရည်ရွယ်ချက်က KIA ဦးဆောင်ပြီး ၀မ်ပေါင် လို့ခေါ်တဲ့ နိုင်ငံတည်ထောင်ဖို့ပါ။ အဲ့ဒီနာမည်ကြားရင် သူတို့ကို ထောက်ပံ့တဲ့နိုင်ငံကိုလည်း စဉ်းစားလို့ ရနိုင်မယ်ထင်ပါတယ်။ ဘယ်ဒီမိုကရေစီနိုင်ငံမဆို အဲ့ဒီလိုအဖြစ်မျိုးဟာ မထူးဆန်းပါဘူး။ နိုင်ငံခွဲထွက်အောင် တခြားနိုင်ငံတွေက မြှောက်ထိုးပင်ကော်လုပ်တတ်တယ်ဆိုတာ သိထားဖို့ပါပဲ။ ရခိုင်မှာလည်း အာရကန် နိုင်ငံထူထောင်အောင် မြောက်ပေးတဲ့ ရေနံသူဌေးနိုင်ငံတွေလည်း သတိထားရမှာပါပဲ။ ဥပမာတွေကတော့ နီပေါနိုင်ငံဟာ အိန္ဒိယ နိုင်ငံက ခွဲထွက်သွားတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ထိုင်ဝမ်ဟာလည်း အဲ့ဒီလိုပါပဲ တရုတ်ကခွဲထွက်သွားတာပါ။ ဟိုတစ်နေ့ကလည်း EMG မှာကြည့်လိုက်ရတာက ဖိလစ်ပိုင်အစိုးရနှင့် နိုင်ငံတွင်းရှိ အင်အားအကြီးဆုံး မွတ်စလင်သူပုန်အဖွဲ့ Moro Islamic Liberation Front (MILF) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်ပြီး ဒေသသစ်ကို Bangsamoro အဖြစ်ခေါ်တွင်မည်ဟု သိရသည်။ အဲ့ဒီဥပမာတွေကိုကြည့်ပါ။
(ဆက်လက်၍ ဥက္ကဋ္ဌဦးအေးသာအောင်က "ဒီနေ့ဒီအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေနဲ့ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့လို တိုင်းရင်းသားပါတီများအနေနဲ့ပဲဖြစ်ဖြစ် ခွဲထွက်ဖို့ဘယ်အဖွဲ့အစည်း ဘယ်ပါတီမှ ဒီနေ့ ဒီအချိန်အခါ ဒီအခြေအနေအရ ဒါတွေကိုတောင်းဆိုတာ ပြောဆိုတာတွေမရှိတော့ပါဘူး)
ဒေါ်အောင်ဆန်းစုကြည်ကို အမေတစ်ယောက်လို လေးစားပါတယ် ၊ ဒါပေမယ့် ဦးအေးသာအောင်တို့လို နိုင်ငံရေး၊ နိုင်ငံရေးလို ပါးစပ်ကတတွတ်တွတ်ပြောပြီး ကိုယ်ဘာပြောလိုက်လို့ ပြောလိုက်မှန်းတောင်မသိ သူများယောင်လို့ လိုက်ယောင်တဲ့သူတွေကိုတော့ NLD လိုအဖွဲ့အစည်းမှာရှိနေတာ ရင်နာပါတယ်။ ဒီနေ့ဒီအချိန်မှာ ခွဲထွက်ဖို့မလုပ်တော့ဘူးလို့သာ ဦးအေးသာအောင်ကပြောပြောနေတာ ဇေယျထိုက်စံ အင်တိုင်းကြီးကျေးရွာအုပ်စု ဒေါင်းနေ ကျေးရွာမှာ NLD ပါတီဝင် ဦးစိုးနိုင်ဦးဆောင်ပြီး ကျေးရွာသူ၊ကျေးရွားသားများ အစုလိုက် ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်ကြတဲ့အကြောင်း၊ NLD ပြိုကွဲပြီး သွေးမစည်းတဲ့အကြောင်းတွေ အင်တာနက်စာမျက်နှာမှာ ဖတ်လိုက်ရပါတယ်ခင်ဗျာ။ ကိုယ့်အဖွဲ့အစည်းတောင် ခွဲထွက်ဖို့လုပ်နေတဲ့အချိန်မှာ သူတပါးအဖွဲ့အစည်းကို ခွဲမထွက်ပါဘူးကို ပြောရဲတဲ့ ဦးအေးသာအောင်ကို အံ့သြမိပါတယ်။ ကျွန်တော်လည်း မြန်မာတိုင်းရင်းသားညီအစ်ကိုတစ်ယောက်ပါပဲ။ မြန်မာနိုင်ငံငြိမ်းချမ်းရေးကို အလိုလားဆုံးပါ။ အဲ့ဒီလိုပဲ မြန်မာနိုင်ငံပြိုကွဲမှာလည်း အကြောက်ဆုံးပါ။ အဓိကကတော့ အရင်ဆုံး ပစ်မိန့်ကို အဖွဲ့အစည်းအားလုံး ရပ်ဆိုင်းဖို့ပါပဲ။ ကချင်ကလွတ်တော်ကိုယ်စားလှယ်တွေလည်း ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ရှိပါတယ်။ ပြစ်ပြစ်ခါခါ လုပ်စရာအကြေင်းမရှိပါဘူး ။ တဖြည်းဖြည်း အလိုရှိတဲ့ အချက်အလက်တွေကို ညှိနိုင်းရမှာပါပဲ။ လူ့အကြိုက် နတ်မလိုက်နိုင်ဆိုသလို အားလုံးတော့ မဖြစ်နိုင်ပေမယ့် အတတ်နိုင်ဆုံး ငြှိနိုင်းသင့်ပါတယ်။ ဦးပေါ်ဦးနဲ့ ဘုရင်ဥပမာလို ကလေးကစားတဲ့ အိုးပုတ်ခွက်ထဲ ဘုရင့်ဆင်ဖြူတော် ထည့်ပေး လို့မ၇သလိုပါပဲ။ ကျွန်တော့ရဲ့ ဖြုတ်ဦးနောက်နဲ့ စဉ်းစားမိတာလေး ကွန်မန့်ရေးမိတာပါ။ မှားတာရှိခွင့်လွတ်စေလိုပါသည်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး William Burns မြန်မာနိုင်ငံသို့ လာမည်


အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး William Burns မြန်မာနိုင်ငံသို့ လာမည်   PDF Print
Friday, 12 October 2012 11:33
AddThis Social Bookmark Button
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး William Burns သည် မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် လာရောက်မည်ဖြစ်ကြောင်း သိရသည်။
၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ အစိုးရအဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
၎င်း၏ မြန်မာနိုင်ငံခရီးစဉ်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်ပြီးနောက်ပိုင်း အဆင့်မြင့်ဆုံး အမေရိကန်အရာရှိတစ်ဦး၏ ခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။
အမေရိကန်သမ္မတ ဘာရက်အိုဘားမားအစိုးရသည် မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးများကို အသိအမှတ်ပြုသည့်အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသောအရေးယူပိတ်ဆို့မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျှော့လျက်ရှိနေသည်။
နောက်ဆုံး ဖြေလျှော့မှုအနေဖြင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေးဥပဒေကြမ်းကို အောက်တိုဘာလ ၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး ယင်းကဲ့သို့ လက်မှတ်ရေးထိုးလိုက်သည့်အတွက် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးအဖွဲ့အစည
်းများအနေဖြင့် မြန်မာနိုင်ငံကို အကူအညီပေးနိုင်တော့မည် ဖြစ်သည်။
အမေရိကန်လက်ထောက်နိုင်ငံခြားရေး
ဝန်ကြီး William Burns သည် မြန်မာနိုင်ငံသို့ မလာရောက်မီ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
  Comments 
 
+1 #1 ရန်ကုန်အောင် 2012-10-12 23:55
မြန်မာမြေအတွက် လာခြင်းကောင်းပါစေ။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။