Tuesday, October 9, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဆိုးလ်မြို့ရှိ Saemaul Undong Central Training Institute သို့ သွားရောက် ကြည့်ရှုလေ့လာ


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဆိုးလ်မြို့ရှိ Saemaul Undong Central Training Institute သို့ သွားရောက် ကြည့်ရှုလေ့လာ 
Tue, 10/09/2012 - 10:33
Printer-friendly versionSend by email




နေပြည်တော် အောက်တိုဘာ ၈
ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဆိုးလ်မြို့ရှိ Saemaul Undong Central Training Institute ကို သွားရောက်ကြည့်ရှုလေ့လာသည်။
ထိုသို့လေ့လာရာတွင် နိုင်ငံတော်သမ္မတအား Saemaul Undong Central Training Institute ဥက္ကဋ္ဌဌ Mr. Lee Jai Chang က နှုတ်ခွန်းဆက်စကားပြောကြားပြီး ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဆောင်ရွက်ခဲ့မှုနှင့် မြန်မာနိုင်ငံ အပါအဝင် အာရှနှင့် အာဖရိကနိုင်ငံ အချို့မှ သင်တန်းသားများအား လေ့ကျင့်သင်တန်းများ ဖွင့်လှစ်ပေးနေမှုကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြသသည်။
ထို့နောက် နိုင်ငံတော်သမ္မတအား ဥက္ကဋ္ဌဌ Mr. Lee Jai Chang က သင်တန်းကျောင်း ဝတ်စုံကို ဂါရဝပြုပေးအပ်ရာ နိုင်ငံတော်သမ္မတကလည်း အမှတ်တရ လက်ဆောင် ပြန်လည် ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် သင်တန်းကျောင်းရှိ ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးပြီး ဥက္ကဋ္ဌဌ Mr. Lee Jai Chang နှင့် အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ဆက်လက်၍ သင်တန်းကျောင်းသို့ လေ့လာရေး ခရီးလာရောက်ခြင်း အထိမ်းအမှတ်အဖြစ် ထင်းရှူးပင်ကို စိုက်ပျိုးပေးပြီး Saemaul Museum အတွင်း လှည့်လည်ကြည့်ရှု လေ့လာသည်။
အဆိုပါ Saemaul Undong Central Training Institute သည် ဆိုးလ်မြို့မှ ၂၉ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ Saemaul Undong ဆိုသည်မှာ ကျေးရွာသစ် လှုပ်ရှားမှု (New Village Movement) ဟု အဓိပ္ပာယ်ရပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် ၁၉၆ဝ ပြည့်လွန် ကာလတွင် သမ္မတ ပတ်ချုံဟီးက စတင် အကောင်အထည်ဖော်ခဲ့သည့် လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်။ အဆိုပါ စီမံကိန်းကြောင့် ဆင်းရဲမှုလျော့နည်း ကျဆင်းလာပြီး ကျေးလက်ဒေသ၏ လူနေမှု အဆင့်အတန်း၊ ပြည်သူများ၏ ဝင်ငွေ၊ အခြေခံအဆောက်အအုံ၊ ပြည်သူများ၏ စိတ်နေ သဘောထား၊ ခံယူချက်များနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု မြင့်တက်လာ၍ ဆင်းရဲချမ်းသာ ကွာဟမှုမှာလည်း ကျဉ်းမြောင်းလာခဲ့သည်။ ကိုရီးယားသမ္မတနိုင်ငံ၏ လက်ရှိဖွံ့ဖြိုး တိုးတက်မှု အခြေအနေသို့ ရောက်ရှိရေးအတွက် Saemaul Undong သည် အရေးပါသည့် အခြေခံအုတ်မြစ်များကို ချမှတ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ညနေ ၄ နာရီခွဲတွင် ကိုရီးယားသမ္မတနိုင်ငံ Doosuan ကုမ္ပဏီ ဥက္ကဋ္ဌဌ Mr. Y.M. Park  အား ခေတ္တတည်းခိုသည့် Lotte ဟိုတယ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ မြန်မာပညာသင်များနှင့်တွေ့ဆုံ



နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ မြန်မာပညာသင်များနှင့်တွေ့ဆုံ  Tue, 10/09/2012 - 15:11
Printer-friendly versionSend by email




နေပြည်တော် အောက်တိုဘာ  ၉
ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ(၈) ရက် ညနေ (၆) နာရီ(၁ဝ) မိနစ်တွင် ဆိုးလ်မြို့ရှိ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၌ သံအမတ်ကြီး ဦးညွန့်လှိုင်၊ စစ်သံမှူး ဗိုလ်မှူးချုပ် မြင့်ဟိန်း၊ သံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုများနှင့် ကိုရီးယားသမ္မတနိုင်ငံတွင် ပညာသင်ကြားနေကြသည့် မြန်မာပညာသင်များနှင့် တွေ့ဆုံ၍ သြဝါဒစကား ပြောကြားသည်။
နိုင်ငံတော်သမ္မတက သြဝါဒစကား ပြောကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရန် အခြေခံကောင်းများရှိသော်လည်း နှစ်ပေါင်း(၂ဝ)ကျော် စီးပွားရေး ပိတ်ဆို့မှုခံရသဖြင့် ဖွံ့ဖြိုးမှုနောက်ကျကျန်လျက် ရှိကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍဍကိုသာ ဆောင်ရွက်နေရုံဖြင့် မရရှိနိုင်ဘဲ စက်မှုနိုင်ငံ ထူထောင်နိုင်မှသာ တိုးတက်နိုင်မည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝ သယံဇာတ ပေါကြွယ်ဝပြီး သင့်တင့်မျှတသော ရေမြေရာသီဥတု ရှိသော်လည်း စက်မှုနိုင်ငံ ထူထောင်နိုင်ရန် အတွက် အရင်းအနှီး၊ အတတ်ပညာနှင့် လူ့စွမ်းအား အရင်းအမြစ်များ ပြည့်စုံမှု မရှိသေးကြောင်း၊ ထို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် နေခြင်းဖြစ်ကြောင်း၊ ယခင်က စီးပွားရေးနှင့် ငွေကြေးစီးဆင်းမှုတို့ကို ပိတ်ဆို့ထားမှုကြောင့်  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မလာရောက်နိုင် ဖြစ်ခဲ့ရကြောင်း။
မိမိတို့နိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး မူဝါဒသစ်အရ  ကမ္ဘာ့နိုင်ငံများနှင့် အရှေ့အနောက် မခွဲခြားဘဲ သင့်တင့်အောင် ဆက်ဆံလျက်ရှိကြောင်း၊ ယင်းသို့ ဆက်ဆံသည့်အတွက် စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျှော့ပေးလာခဲ့ပြီး ယခုအခါ မိမိတို့နိုင်ငံမှ ပို့ကုန်များအား အမေရိကန်နိုင်ငံသို့ ပြန်လည်တင်သွင်းခွင့်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ပို့ကုန်များတင်ပို့ရာတွင် GSP ခံစားခွင့်များ ရရှိလာတော့မည်ဖြစ်ကြောင်း၊ ထို့အတူ စီးပွားရေးပိတ်ဆို့မှုများဖြေလျှော့ပေးခဲ့သည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း ဝင်ရောက်လာလျက်ရှိကြောင်း၊ ယင်းသို့ ဝင်ရောက်လာပါက ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးလာမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့ရခြင်း အကြောင်းရင်းတစ်ခုမှာ လွတ်လပ်ရေးရပြီး ကတည်းက ပေါ်ပေါက်လာခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဖြစ်ကြောင်း၊ အချင်းချင်းစည်းလုံး ညီညွတ်မှု အားနည်းခဲ့၍ တိုးတက်မှု နှေးကွေးခဲ့ရကြောင်း၊ ယခုအခါ မိမိတို့ အစိုးရအနေဖြင့် နိုင်ငံရေး တည်ငြိမ်အေးချမ်းရေးနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးတို့အတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း။
နိုင်ငံတည်ငြိမ်အေးချမ်းပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမှုကြောင့် စက်ရုံ၊ အလုပ်ရုံများ ပေါ်ထွန်းလာပါက ゞင်းတို့ထံမှ နည်းပညာများလည်း ရယူကြရမည် ဖြစ်ကြောင်း၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသိဉာဏ်ပညာနှင့် ဝီရိယထား ကြိုးစား လုပ်ကိုင်ကြရမည် ဖြစ်ကြောင်း၊ အခြားနိုင်ငံတစ်ခုတွင် ရောက်ရှိနေထိုင်စဉ် ယင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာနေကြရန် လိုအပ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက သံအမတ်ကြီး၊ စစ်သံမှူးနှင့် ဝန်ထမ်းများ၊ မိသားစုဝင် များနှင့် မြန်မာပညာသင်များအား လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဆိုးလ်မြို့ကို ဖြတ်သန်း စီးဆင်းနေသော ဟန်မြစ်အတွင်း သီးသန့်သင်္ဘ࿿ောဖြင့် လှည့်လည်ကြည့်ရှုကြသည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား သံအမတ်ကြီး ဦးညွန့်လှိုင်က သီးသန့် သင်္ဘ࿿ောပေါ်တွင် ညစာဖြင့် တည်ခင်းဧည့်ခံသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ကျင်းပသည့် Myanmar Investment Forum သို့ တက်ရောက်မိန့်ခွန်းပြောကြား




နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ကျင်းပသည့် Myanmar Investment Forum သို့ တက်ရောက်မိန့်ခွန်းပြောကြား 
Tue, 10/09/2012 - 15:16
Printer-friendly versionSend by email





နေပြည်တော် အောက်တိုဘာ ၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒေသစံတော်ချိန် ယနေ့နံနက် (၉) နာရီခွဲတွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ Korea Trade - Investment  Promotion Agency(KOTRA)  ဌာနချုပ်ရုံး၌ ကျင်းပသည့် Myanmar Investment Forum သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌဌဒေါက်တာမြဟန်နှင့် ဗဟိုအလုပ် အမှုဆောင်များ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေး အသိဉာဏ် ပညာဆိုင်ရာဝန်ကြီး Mr. Hong Sukwoo ၊ KOTRA ဥက္ကဋ္ဌဌ Mr. Oh Young Ho နှင့်အမှုဆောင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် KOTRA ဥက္ကဋ္ဌဌနှင့် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေး အသိဉာဏ်ပညာ ဆိုင်ရာဝန်ကြီးတို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာတွင် မိမိအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသည့် ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံတကာ ကုန်သွယ်မှုများကို အဓိက ဖော်ဆောင်ပေးခဲ့သည့် KOTRA တွင် လာရောက်ပြောကြားခွင့် ရသည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံတကာ စီးပွားရေး အသိုင်းအဝိုင်းနှင့် ချိတ်ဆက်ပြီး ဈေးကွက်စီးပွားရေးစနစ် ပုံပေါ်အောင် ကြိုးပမ်းနေချိန် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးကြီးသည့် Inclusive Economic Institutions ပေါ်ပေါက်လာပြီး မိမိတို့ရရှိထားသည့် နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှုများကို ပံ့ပိုးကူညီ နိုင်မည့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာ အကူအညီများ လိုအပ်နေချိန်လည်း ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် တည်နေရာသည်လည်း ကမ္ဘာ့စီးပွားရေး အင်ဂျင်ကြီး နှစ်ခု၏ ထိတွေ့ဆက်စပ်သည့် နေရာတွင် တည်ရှိနေပြီး အခြား တိုးတက်ဖွံ့ဖြိုးလာသည့် အာဆီယံ နိုင်ငံများနှင့် ယင်းစီးပွားရေး အင်ဂျင်ကြီးများ အကြား ကုန်စည် ဆက်သွယ်တင်ပို့မှုအတွက် အရေးပါ အချက်အခြာကျသည့် နေရာတွင်လည်း တည်ရှိနေပါကြောင်း၊ အာရှဒေသအတွင်း ကုန်စည် ဆက်သွယ် တင်ပို့မှုပုံစံကို တိုးမြှင့်စေနိုင်မည့် အဝေးပြေး လမ်းမကြီးများ၏ အချက်အခြာနေရာတွင် ရှိနေသည့် မြန်မာနိုင်ငံသည် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု ပြုသူများ၏ အထူးအလေးထား စောင့်ကြည့်ခြင်း ခံနေရသည့် အချိန်ပင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရှိသည့် နုပျိုသည့် လူဦးရေပုံစံ (Youthful Population) သည်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးအတွက် အရေးကြီးသည့် လူသားအရင်းအမြစ် တစ်ခုလည်း ဖြစ်ပါကြောင်း၊ ထို့အတူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးတကြီး လိုအပ်သည့် သဘာဝ သယံဇာတများ ပိုင်ဆိုင်ထားသည့် နိုင်ငံလည်း ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ကောင်းသော်လည်း ရင်းနှီးမြှုပ်နှံမှု အားနည်းနေသေးသည့် စီးပွားရေး ကဏ္ဍဍများ ရှိနေသေးခြင်းသည်လည်း မြန်မာနိုင်ငံ၏ စီးပွားရေး အနာဂတ်အတွက် အားသာချက်များပင် ဖြစ်သည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပြန်လည် ဝင်ဆံ့နိုင်ရေးအတွက် လိုအပ်သည့် စီးပွားရေး ဝန်းကျင်ကောင်း တစ်ခုကိုလည်း ဖန်တီး ဖော်ဆောင်နေပါကြောင်း။
စီးပွားရေး ဝန်းကျင်ကောင်းတစ်ခု ရှင်သန်နိုင်စေရန်အတွက် တရားဥပဒေ စိုးမိုးရေးဟု ခေါ်ဆိုသည့် Rule of Law သည် အခြေခံအကျဆုံး ဖြစ်သည် ဆိုသည်ကို မိမိတို့ အစိုးရအဖွဲ့အနေဖြင့် နားလည်သဘောပေါက် ထားပါကြောင်း၊ တရားဥပဒေ စိုးမိုးမှု ရှိစေရန် တရားရေးမဏ္ဍဍိုင် ပြုပြင်ပြောင်းလဲရေးကို အချိန်နှင့်တစ်ပြေးညီ ဖော်ဆောင် သွားမည် ဖြစ်ပါကြောင်း။
အခြေခံ လူတန်းစား အလုပ်သမား အများစုအတွက် လိုအပ်သော အလုပ်အကိုင် အခွင့် အလမ်းများ လျင်လျင်မြန်မြန် ဖန်တီးပေးနိုင်မည့် လုပ်သားအင်အား အထူးပြု အခြေခံ ကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့် စိုက်ပျိုးရေးကဏ္ဍဍများ အတွက် ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံ၏အခြေခံ အဆောက်အအုံများအတွက် ရင်းနှီးမြှုပ်နှံမှုများ အဓိက လိုအပ် နေပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဍ ရင်းနှီးမြှုပ်နှံမှုများနှင့် အစိုးရ မူဝါဒ အပြောင်းအလဲများသည် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်သွားနိုင်အောင် ကြိုးပမ်းနေခြင်းလည်း ဖြစ်ပါကြောင်း။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် သက်သက်သာ မဟုတ်ဘဲ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး  ဖော်ဆောင်မှုအတွက် အထောက်အကူပြုသွားမည် ဖြစ်ပါကြောင်း။
မိမိတို့ မြန်မာနိုင်ငံအနေဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် နှစ်နိုင်ငံ ပြည်သူလူထု အကျိုးရှိမည့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်မည့် ကိုရီးယားသမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု များကိုလည်း နွေးထွေးစွာ ကြိုဆိုပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး KOTRA  ၏ လှုပ်ရှားဆောင်ရွက်မှု ဆိုင်ရာ ပြခန်းကို လှည့်လည် ကြည့်ရှုအားပေးသည်။     

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။