ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
Tuesday, October 9, 2012
နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ကျင်းပသည့် Myanmar Investment Forum သို့ တက်ရောက်မိန့်ခွန်းပြောကြား
နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ကျင်းပသည့် Myanmar Investment Forum သို့ တက်ရောက်မိန့်ခွန်းပြောကြား
Tue, 10/09/2012 - 15:16
Printer-friendly versionSend by email
နေပြည်တော် အောက်တိုဘာ ၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒေသစံတော်ချိန် ယနေ့နံနက် (၉) နာရီခွဲတွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ Korea Trade - Investment Promotion Agency(KOTRA) ဌာနချုပ်ရုံး၌ ကျင်းပသည့် Myanmar Investment Forum သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌဌဒေါက်တာမြဟန်နှင့် ဗဟိုအလုပ် အမှုဆောင်များ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေး အသိဉာဏ် ပညာဆိုင်ရာဝန်ကြီး Mr. Hong Sukwoo ၊ KOTRA ဥက္ကဋ္ဌဌ Mr. Oh Young Ho နှင့်အမှုဆောင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် KOTRA ဥက္ကဋ္ဌဌနှင့် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေး အသိဉာဏ်ပညာ ဆိုင်ရာဝန်ကြီးတို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာတွင် မိမိအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသည့် ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံတကာ ကုန်သွယ်မှုများကို အဓိက ဖော်ဆောင်ပေးခဲ့သည့် KOTRA တွင် လာရောက်ပြောကြားခွင့် ရသည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံတကာ စီးပွားရေး အသိုင်းအဝိုင်းနှင့် ချိတ်ဆက်ပြီး ဈေးကွက်စီးပွားရေးစနစ် ပုံပေါ်အောင် ကြိုးပမ်းနေချိန် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးကြီးသည့် Inclusive Economic Institutions ပေါ်ပေါက်လာပြီး မိမိတို့ရရှိထားသည့် နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှုများကို ပံ့ပိုးကူညီ နိုင်မည့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာ အကူအညီများ လိုအပ်နေချိန်လည်း ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် တည်နေရာသည်လည်း ကမ္ဘာ့စီးပွားရေး အင်ဂျင်ကြီး နှစ်ခု၏ ထိတွေ့ဆက်စပ်သည့် နေရာတွင် တည်ရှိနေပြီး အခြား တိုးတက်ဖွံ့ဖြိုးလာသည့် အာဆီယံ နိုင်ငံများနှင့် ယင်းစီးပွားရေး အင်ဂျင်ကြီးများ အကြား ကုန်စည် ဆက်သွယ်တင်ပို့မှုအတွက် အရေးပါ အချက်အခြာကျသည့် နေရာတွင်လည်း တည်ရှိနေပါကြောင်း၊ အာရှဒေသအတွင်း ကုန်စည် ဆက်သွယ် တင်ပို့မှုပုံစံကို တိုးမြှင့်စေနိုင်မည့် အဝေးပြေး လမ်းမကြီးများ၏ အချက်အခြာနေရာတွင် ရှိနေသည့် မြန်မာနိုင်ငံသည် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု ပြုသူများ၏ အထူးအလေးထား စောင့်ကြည့်ခြင်း ခံနေရသည့် အချိန်ပင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရှိသည့် နုပျိုသည့် လူဦးရေပုံစံ (Youthful Population) သည်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးအတွက် အရေးကြီးသည့် လူသားအရင်းအမြစ် တစ်ခုလည်း ဖြစ်ပါကြောင်း၊ ထို့အတူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးတကြီး လိုအပ်သည့် သဘာဝ သယံဇာတများ ပိုင်ဆိုင်ထားသည့် နိုင်ငံလည်း ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ကောင်းသော်လည်း ရင်းနှီးမြှုပ်နှံမှု အားနည်းနေသေးသည့် စီးပွားရေး ကဏ္ဍဍများ ရှိနေသေးခြင်းသည်လည်း မြန်မာနိုင်ငံ၏ စီးပွားရေး အနာဂတ်အတွက် အားသာချက်များပင် ဖြစ်သည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပြန်လည် ဝင်ဆံ့နိုင်ရေးအတွက် လိုအပ်သည့် စီးပွားရေး ဝန်းကျင်ကောင်း တစ်ခုကိုလည်း ဖန်တီး ဖော်ဆောင်နေပါကြောင်း။
စီးပွားရေး ဝန်းကျင်ကောင်းတစ်ခု ရှင်သန်နိုင်စေရန်အတွက် တရားဥပဒေ စိုးမိုးရေးဟု ခေါ်ဆိုသည့် Rule of Law သည် အခြေခံအကျဆုံး ဖြစ်သည် ဆိုသည်ကို မိမိတို့ အစိုးရအဖွဲ့အနေဖြင့် နားလည်သဘောပေါက် ထားပါကြောင်း၊ တရားဥပဒေ စိုးမိုးမှု ရှိစေရန် တရားရေးမဏ္ဍဍိုင် ပြုပြင်ပြောင်းလဲရေးကို အချိန်နှင့်တစ်ပြေးညီ ဖော်ဆောင် သွားမည် ဖြစ်ပါကြောင်း။
အခြေခံ လူတန်းစား အလုပ်သမား အများစုအတွက် လိုအပ်သော အလုပ်အကိုင် အခွင့် အလမ်းများ လျင်လျင်မြန်မြန် ဖန်တီးပေးနိုင်မည့် လုပ်သားအင်အား အထူးပြု အခြေခံ ကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့် စိုက်ပျိုးရေးကဏ္ဍဍများ အတွက် ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံ၏အခြေခံ အဆောက်အအုံများအတွက် ရင်းနှီးမြှုပ်နှံမှုများ အဓိက လိုအပ် နေပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဍ ရင်းနှီးမြှုပ်နှံမှုများနှင့် အစိုးရ မူဝါဒ အပြောင်းအလဲများသည် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်သွားနိုင်အောင် ကြိုးပမ်းနေခြင်းလည်း ဖြစ်ပါကြောင်း။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် သက်သက်သာ မဟုတ်ဘဲ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် အထောက်အကူပြုသွားမည် ဖြစ်ပါကြောင်း။
မိမိတို့ မြန်မာနိုင်ငံအနေဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် နှစ်နိုင်ငံ ပြည်သူလူထု အကျိုးရှိမည့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်မည့် ကိုရီးယားသမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု များကိုလည်း နွေးထွေးစွာ ကြိုဆိုပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး KOTRA ၏ လှုပ်ရှားဆောင်ရွက်မှု ဆိုင်ရာ ပြခန်းကို လှည့်လည် ကြည့်ရှုအားပေးသည်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။
Powered By Blogger Widgets
No comments:
Post a Comment