Friday, September 7, 2012

ရီးပဲ ကိုအောင်ဝေးရေ..




ရီးပဲ ကိုအောင်ဝေးရေ.. 


ရီးပဲ ကိုအောင်ဝေးရေ..
၂၀၀၇ အရေးအခင်းပြီးမှာ
အဖမ်းခံရမှာ ကြောက်တဲ့
သူရဲဘောကြောင်
ကဗျာဆရာတစ်ယောက်

ကြောက်ကြောက်နဲ့ ပြေးတာ
အမေရိကားကို တန်းနေတာပဲ။

ခင်ဗျာထက် ပိုပြီးသတ္တိရှိတဲ့
ပန်းချီမောင်မောင် ခေါ်
မင်းသားကျော်သူ
ဒါရိုက်တာ မောင်သူရခေါ်
လူရွှင်တော် ဇာဂနာ
သူတို့ မပြေးဘူး
ရင်ဆိုင်ရဲလိုက်တာ
ကိုကျော်သူ လို့ခေါ်သူခေါ်
ဦးကျော်သူလို့ တမြတ်တနိုး
မရိုးရအောင် မောင်မောင်လည်းပါလေရဲ့
ကိုသူရ ထောင်ထွဲက ထွက်လာတော့
ပြည်သူတွေ ၀မ်းမြောက်ဝမ်းသာ ကြိုလိုက်တာ
ဘယ်သူမှ ရီးပဲ လို့ မပြောဘူး၊

သေချာတာကတော့
ခင်ဗျာ ကြောက်ချေးပါတာပါ၊
အမေရိကားမှာ ဘာလုပ်လဲ
နှစ်ပတ်လည် အခမ်းအနားတွေမှာ
ခင်ဗျာ ကဗျာတွေ ရွတ်တယ်
ကဗျာတွေ ရေးတယ်
အဲဒီအထိ အိုကေပါတယ်

အခုကျတော့
ဘာမဟုတ်တဲ့
ခြင်္သေပျက်
မိုးသီးနဲ့ ကျမှ
ခင်ဗျာ ကျူပ်တို့ပြည်သူတွေကို
ရီးပဲတဲ့

အေးပါ ခင်ဗျာ မပြန်လာပါနဲ့
ခင်ဗျာပြန်လာရင်လည်း
သေချာပါတယ်
ကျုပ်တို့ကလဲ
ရီးပဲပါပဲ

နယူတန်လောလို့ပေါ့
ခင်ဗျားက ချစ်ရင်
ပြည်သူကလည်းချစ်မယ်
ခင်ဗျာက ရီးပဲ ဆိုရင်
ကျုပ်တို့ကလဲ ရီးပဲပေါ့ဗျာ....

(မိုးကြိုး)
source: FACEBOOK မဟာကြောင်

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် အသစ်ခန့်အပ်လိုက်သော ပြည်ထောင်စု ၀န်ကြီးများကို နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်




ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် အသစ်ခန့်အပ်လိုက်သော ပြည်ထောင်စု ၀န်ကြီးများကို နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန် 
Friday, 07 September 2012 15:13
ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် အသစ်ခန့်အပ်လိုက်သော ပြည်ထောင်စု ၀န်ကြီးများ စာရင်းကို ယနေ့ (စက်တင်ဘာလ ၇ရက်) မွန်းလွဲပိုင်းအချိန်က နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။ 
အဆိုပါထုတ်ပြန်ကြေညာချက်အရ ပြောင်းလဲတာဝန် ပေးအပ်လိုက်သော ပြည်ထောင်စု ၀န်ကြီးများ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 
၁ - ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး - ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်
၂ - ပြည်ထောင်စု စာရင်း စစ်ချုပ် - ဦးသိန်းထိုက် 
၃ - ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး - ဦးအေးမြင့်ကြူ 
၎ - ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး - ဗိုလ်ချုပ်ဇေယျာအောင် 
၅ - သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး -  ဒေါက်တာမြင့်အောင်
၆ - ဆောက်လုပ်ရေးဝန်ကြီးဌာန - ဦးကျော်လွင် 
၇ - ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန -  ဦးဝင်းရှိန် 
၈ - အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန - ဒေါက်တာကံဇော် 
၉ - အလုပ်သမားဝန်ကြီးဌာန - ဦးမောင်မြင့် 
၁၀ - လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး - ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် 
၁၁ - သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး - ဒေါက်တာကိုကိုဦး
၁၂ - ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး - ဦးဌေးအောင် 
၁၃ - နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး - ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး
၁၄ - လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး - ဦးခင်မောင်စိုး
အထက်ပါ ပြည်ထောင်စုဝန်ကြီးများအပြင် သမ္မတရုံး ၀န်ကြီးဌာန၌လည်း ဦးသိန်းညွန့်အား သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊  ဦးစိုးမောင်အား သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးစိုးသိန်းအား  သမ္မတရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ဦးအောင်မင်းအား သမ္မတရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးတင်နိုင်သိန်းအား သမ္မတရုံးဝန်ကြီးဌာန (၅) ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊  ဦးလှထွန်းအား သမ္မတရုံးဝန်ကြီးဌာန (၆) ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း အသီးသီး တာဝန်ပေးအပ်လိုက် ကြောင်း သိရပါသည်။

Comments 

+8 #1 Mandalaythar 2012-09-07 15:25
ကဲဝန်ကြီးတွေတော့ပြောင်းပြီးပြီ။
စိတ်ဓာတ်တွေကောပြောင်းပြီးကြပြီလား။
မိုးရွာတုန်းရေခံ၊လသာတုန်းဘိုင်းငင်ဆိုပြီး၊ ရခဲလှစွာသောဝန်ကြီးရာထူးရပြီဆိုပြီးဝါးဖို့အားမခဲကြပါနဲ့ဦး။ နိုင်ငံတကယ်တိုးတက်ဖို့ကိုကြိုးစား
လုပ်ကိုင်ကြပါဦးလို့ သန်6း0ကိုယ်စား တင်ပြပါရစေ

ပဋိပက္ခ ပေါ်ပေါက်လာအောင် ဘင်္ဂလီများက ဖန်တီးနေ


ပဋိပက္ခ ပေါ်ပေါက်လာအောင် ဘင်္ဂလီများက ဖန်တီးနေ

From : arakan times DSC02322 copyရသေ့တောင်မြို့နယ်တွင် အိမ်ခြေ (၅) ဆောင်ခန့်ရှိသော ဆိတ်ကြီးနားကျေးရွာအား ဘင်္ဂလီများက စက်တင်ဘာ (၅) ရက် ညနေ (၈) နာရီခန့်တွင် မီးလာတိုက်သွားကြောင်း သတင်းရရှိသည်။
" ဆိပ်ကြီးရွာကို မီးလာတိုက်တော့ ကျနော်တို့ ဦးဂါရွာက ရွာသားတွေ လိုက်သွားတယ်။ မီးတိုက်တဲ့ လူတွေကိုတော့ ဘယ်သူလဲဆိုတာ မသိလိုက်ဘူး။ ထွက်ပြေးသွားတယ်။ ကိုဌေးဖြူ အိမ်တစ်ဆောင်တော့ မီးလောင်သွားတယ်။ " ဟု ဦးဂါ ရွာမှ ရွားတစ်ဦးက ပြောသည်။
ဆိပ်ကြီးကျေးရွာမှာ ဦးဂါကျေးရွာနှင့် ဂူတောင်ကျေးရွာကြားတွင် တည်ရှိပြီး အနောက်ပြင် ကုလားရွာနဲ့လည်း နီးစပ်ကြောင်း သိရသည်။
ဇွန်လ အရေးအခင်းအဖြစ် မီကာလာက ဆိပ်ကြီးနားကျေးရွာသားများမှာ မိမိတို့ကျေးရွာတွင် နေထိုင်ကြသော် ဂူတောင်ကျေးရွာသားများ အသတ်ခံရပြီးနောက်ပိုင်း ရွာသားများမှာ နေ့ဘက်တွင် နေထိုင်ကာ မိမိတို့ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ပြီး ညဘက်တွင် မအိပ်ဝံ့ သဖြင့် နီးစပ်ရာကျေးရွာများတွင် သွားအိပ်နေကြကြောင်း သိရသည်။
ဇူလိုင်လ (၁၉) ရက်နေ့ကလည်း အနောက်ပြင်မှ ဘင်္ဂလီများသည် ဂူတောင်ကျေးရွာ အောက်ရွာတွင်ရှိသော အိမ်ခြေ (၆) ဆောင်ခန့်အား မီးလာတိုက်ရာ ဂူတောင်ရွာသားများက အနောက်ပြင်ရွာသို့ လိုက်သွားရာ ရခိုင်တိုင်းရင်းသား (၁၀)ဦး အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
Myanmar Express

ဘဏ်အကောင့် ရှိပြီး အင်တာနက်သုံးနိုင်သော မည်သည့်နေရာကမဆို Click ခလုပ်တစ်ချက်နှိပ်ရုံဖြင့် မီတာဆောင်နိုင်သောဝန်ဆောင်မှုစတင် တော့မည်


ဘဏ်အကောင့် ရှိပြီး အင်တာနက်သုံးနိုင်သော မည်သည့်နေရာကမဆို Click ခလုပ်တစ်ချက်နှိပ်ရုံဖြင့် မီတာဆောင်နိုင်သောဝန်ဆောင်မှုစတင် တော့မည် 

From : စွမ်းရဲထွဋ်
ဘဏ်အကောင့်ရှိပြီး အင်တာနက်အသုံးပြု၍ရသောမည်သည့်ဒေသမှဖြစ်စေ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ ပေးဆောင်ရမည့် မီတာခငွေများကို Online
Electricity Billing System ဖြင့်ယခုလကုန်ပိုင်းမှစတင်၍ ပေးဆောင်နိုင်
တော့မည်ဖြစ်ကြောင်းသတင်းရရှိသည်။
အဆိုပါ Online Electricity Billing Systemသည်လျှပ်စစ်စွမ်းအားဝန်ကြီး
ဌာန၊ရတနာပုံတယ်လီပို့၊မြန်မာ့စီးပွားေ၇းဘဏ်နှင့်ပြည်တွင်းပုဂ္ဂလိက
ဘဏ်များပူပေါင်းအကောင်အထည်ဖော်ထားသောစနစ်တစ်ခုဖြစ်သည်။
၎င်းစနစ်သည်လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်မီတာအသုံးပြုခငွေများ
ကိုလူကိုယ်တိုင်သွားေ၇ာက်စီတန်းပေးသွင်းရသည့်စနစ်ကို အဆင့်မြင့်တင်
လိုက်သည့် e-government ဆိုင်ရာအွန်လိုင်းဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ကွန်ပြူတာဖြင့်သာမကဘဲ အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်သည့် အိုင်တီပစ္စည်းအာလုံးကို သုံးစွဲပေးဆောင်နိုင်မည်ဖြစ်သည်။
“ယခု Online Electricity Billing Payment System ကိုအကောင်အထည်
ဖော်တည်ဆောက်ခဲ့လို့ပထမအဆင့်အဖြစ်နေပြည်တော်နှင့်မန္တလေးမှာ
စတင်သုံးစွဲနိုင်တော့မှာဖြစ်ပါတယ်လတ်တလောရ၇ှိမယ့်မြင်သာထင်သာ
ရှိတဲ့ အကျိုးကျေးဇူးတွေကတော့ ပြည်သူပြည်သားအားလုံးဘဏ်အကောင့်
တစ်ခုရှိရုံနဲ့ အင်တာနက်ရရှိတဲ့ ဘယ်နေရာကမဆို လျှပ်စစ်မီတာခကျသင့်
ငွေကိုပေးသွင်းနိုင်ပါမယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ငွေစာရင်းဌာနတွေအနေနဲ့လည်းများပြား
လှတဲ့ မီတာခငွေတွေကို လိုက်လံစုစည်းစရာမလိုဘဲ သက်ဆိုင်ရာဘဏ်
အနေ ငွေစာရင်းလွှဲပေးရုံနဲ့ရရှိနိုင်မှာဖြစ်ပါတယ်ဘဏ်လုပ်ငန်းတွေအနေနဲ့
လည်းပြည်သူတွေအတွက် ၀န်ဆောင်မှုအသစ်တစ်ခုဖန်တီးနိုင်ပါမယ်။
အထက်ကပြောခဲ့တဲ့အကျိုးကျေးဇူးတွေကိုနိုင်ငံတော်၊သက်ဆိုင်ရာအစိုးရ
ဌာနတွေ နဲ့ ပြည်သူတွေအကြားသုံးဦးသုံးဖလှယ်ရရှိနိုင်မှာဖြစ်ပါတယ်။”
ဟု ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမီတက်၏ဒုတိယအမှုဆောင်အရာရှိချုပ်
က စက်တင်ဘာလ(၆)ရက်နေ့တွင်ကျင်းပပြုလုပ်သော Online Electricity
Billing Payment System စတင်သုံးဆွဲခြင်းအခမ်းအနားတွင် ပြောကြားသည်။
အွန်လိုင်းမှ လျှပ်စစ်ဝန်ကြီးဌာနသို့ မီတာခငွေပေးဆောင်နိုင်ရန်အတွက် အွန်လိုင်းအကောင့်ဖွင့်လှစ်နိုင်သော ဘဏ်များမှာမြန်မာ့စီးပွားေ၇းဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးေ၇းဘဏ်၊သမ၀ါယမဘဏ်နှင့်မြန်မာအရှေတိုင်းဘဏ်
တို့ပင်ဖြစ်ပြီး နောင်တွင်း အခြားပုဂ္ဂလိက ဘဏ်များမှလည်းပေးဆောင်
နိုင်ရန် ရတနာပုံတယ်လီပို့ကုမ္ပဏီလီမီတက်မှဆောင်ရွက်လျှက်ရှိကြောင်း ၊
ယင်းသို့ပေးဆောင်ရာတွင် ၀န်ဆောင်ခအဖြစ် မီတာတစ်စောင်လျှင်ကျပ် ငါးရာသတ်မှတ်ထားကြောင်း၊လက်ရှိအကောင့်ဖွင့်နိုင်သောရတနာပုံတယ်
လီပို့ကုမ္ပဏီလီမီတက်နှင့်အွန်လိုင်းစနစ်ချိတ်ဆက်ထားသောဘဏ်များအ
တွင်းမှ မိမိနှင့်နီးစပ်ရာဘဏ်များတွင် ငွေစာရင်းဖွင့်လှစ်ပြီးကြိုတင်ငွေ
အနည်းဆုံး ကျပ်တစ်သောင်းစတင်စာရင်းဖွင့်ထားရမည်ဖြစ်ကြောင်း၊၎င်းဘဏ်မှ အကောင့်နံပတ်နှင့် PIN Coad တို့အားထုပ်ပေးမည်
ဖြစ်ကြောင်း၊ပြီးနောက် ရတနာပုံဝက်ဘ်ပေါ်မှတဆင့် (သို့မဟုတ်)http://ebilling.ypay.com.mm/
သို့ဝင်ရောက်၍ငွေပေးချေမှုကိုပြုလုပ်နိုင်ကြောင်းထပ်လောင်းသိရသည်။

Myanmar Express

ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပညာသင်ရန် မြန်မာအင်ဂျင်နီယာ ၅၈ ဦး တရုတ်သွားမည်




ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပညာသင်ရန် မြန်မာအင်ဂျင်နီယာ ၅၈ ဦး တရုတ်သွားမည်


From : .popular
ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပညာရပ်ဆိုင်ရာ ဘာ သာရပ်တို့ကို လေ့လာရန် တရုတ် နိုင်ငံသို့ မြန်မာအင်ဂျင်နီယာ လူ ငယ် အယောက် ၅၈ ဦး သွာ
း ရောက်ကြမည်ဟု သိရသည်။
ဦးရေအများဆုံးအဖြစ် ပထမ ဦးဆုံး စတင်သွားရောက်မည့် အဆိုပါ လူငယ်တို့မှာ စီချင်ပြည် နယ်၊ ချန်ဒူးမြို့ရှိ Southwest Petroleum University တွင် ၃ လ ကြာ သွားရောက်သင်ယူကြ မည်ဖြစ်ကာ စက်တင်ဘာ ၈ ရက်နေ့တွင် ရန်ကုန်လေဆိပ်မှ ထွက်ခွာကြမည် ဖြစ် သည်။၎င်းတို့သည် သင်ယူပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်လာပါ က ကျောက်ဖြူ-ကူမင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလုပ် ငန်းတွင် တာဝန်ထမ်းဆောင်ကြ မည် ဖြစ်ပြီး အပြည့်အဝ ပညာ သင်ဆု အပြင် လစဉ်လစာငွေ တို့ကိုပါခံစားကြရမည်ဟု သိရသည်။ကျောက်ဖြူ-ကူမင်း ရေနံ နှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံ ကိန်းကို မြန်မာတရုတ် CNPC ၊ အိန္ဒိယ၊ တောင်ကိုရီးယား ဒေဝူး ကုမ္ပဏီတို့ ရှယ်ယာတို့ စုပေါင်း ကာ လုပ်ကိုင်နေသည်။
Myanmar Express

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။