ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
Sunday, August 26, 2012
တရုတ်ကုမ္ပဏီတစ်ခုမှ ဆောင်ရွက်လျက်ရှိသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် သိမ်းခံခဲ့ရသည့် လယ်ယာဧကပေါင်း ၇၈၀၀ကျော်အတွက် ဒေသခံများ၏ ဆန္ဒဖော်ထုတ်မှုများ သြဂုတ်လ တတိယပတ်မှစပြီး နေ့စဉ်နီးပါးဖြစ်ပေါ်နေ
| တရုတ်ကုမ္ပဏီတစ်ခုမှ ဆောင်ရွက်လျက်ရှိသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် သိမ်းခံခဲ့ရသည့် လယ်ယာဧကပေါင်း ၇၈၀၀ကျော်အတွက် ဒေသခံများ၏ ဆန္ဒဖော်ထုတ်မှုများ သြဂုတ်လ တတိယပတ်မှစပြီး နေ့စဉ်နီးပါးဖြစ်ပေါ်နေ |
| Saturday, 25 August 2012 12:55 |
|
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းလုပ်ဆောင်ရန်အတွက် ကျေးရွာပေါင်း ၂၂ ရွာမှ လယ်ယာမြေများ သိမ်းခံရပြီး ရွာလေးရွာမှာရွာလုံးကျွတ် ပြောင်းရွှေ့ပေးခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။ ၂၀၁၀ပြည့်နှစ်က စီမံကိန်းပြုလုပ်ရန် အတွက် ဒေသခံများကို သုံးနှစ်စာ သီးနှံလျော်ကြေးကျပ် ၅၂၀၀၀၀ သာ ပေးအပ်ခဲ့ပြီး ယခုလယ်ယာမြေများ ကို အပြီးအပိုင် သိမ်းဆည်းခြင်းကြောင့် ဆန္ဒပြမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည် ဟု သိရသည်။ သြဂုတ်လ ၂၄ ရက်နေ့ကလည်း ဒေသခံအများအပြားသည် စီမံကိန်း ဧရိယာအတွင်းသွားရောက်၍ ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့သည့်အပြင် အသိမ်းခံခဲ့ရသည့် လယ်ယာမြေများ အပေါ်၌ “ကျေးရွာပိုင် လယ်ယာမြေများ မည်သူမှလုံးဝမကျူးကျော်ရ” စသည့် စာတမ်းများ ရေးသားထားသော ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်း သိရှိရသည်။ ဆားလင်းကြီးမြို့နယ် ဆည်တည်း ကျေးရွာမှဦးမြင့်သိန်းက “အစတုန်း က ကားကြီးတွေ ဖြတ်မောင်းသွားမှာ ဖြစ်တဲ့အတွက် ဆုံးရှုံးရမယ့်သီးနှံတွေ အတွက်သုံး နှစ်စာလျော်ကြေးအနေ နဲ့ ပေးခဲ့လို့ယူခဲ့ပါတယ်။ အဲဒီလျော်ကြေးတောင် တခြားပြဿနာတွေ ဆက်အဖြစ်မခံချင်တော့လို့ ယူခဲ့တာပါ။ အခုတော့ လျော်ကြေးပေးပြီး ဖြစ်တဲ့အတွက် လယ်ယာမြေတွေကို သိမ်းတယ်လို့ ပြောလာတာလုံးဝ လက်မခံဘူး။ ကျွန်တော့်အနေနဲ့ ယာမြေ ၁၄ ဧကကျော် ဆုံးရှုံးခဲ့ပါတယ်။ မျိုးရိုးစဉ်ဆက်လုပ်လာခဲ့တဲ့ ယာမြေပေါ်မှာ ပြန်လည်လုပ်ကိုင်ခွင့် ရဖို့ အခုလို လာရောက်ဆန္ဒဖော်ထုတ်တာ ဖြစ်ပါတယ်” ဟု ပြောပြခဲ့သည်။ ၀က်မှေးကျေးရွာမှ ဒေသခံ တစ်ဦးကလည်း “အခုကျွန်တော်တို့ ဖြစ်နေတဲ့အခြေအနေက ကိုယ်ပိုင်တဲ့ လယ်ယာမြေတွေကို အင်အားသုံးပြီး လုခံရတာပဲ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေက ကိုယ့်လူမျိုးကို အကာ အကွယ်မပေးဘဲ စီမံကိန်းကိုလုပ်နေ တဲ့ တရုတ်လူမျိုးတွေကိုပဲ အကာအကွယ်ပေးနေတယ်လို့ ပြောရမယ်။ ဒေသခံတွေနဲ့ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေ လုံးဝမလုပ်ဘူး။ ဒါကြောင့် ဒီစီမံကိန်းကြီး လုံးဝရပ်ဆိုင်းသွားဖို့ အသက်ပေးတဲ့အထိ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဆက်လက်ပြုလုပ်သွားပါ မယ်” ဟု ပြောကြားခဲ့သည်။ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ၂၀၁၀ ပြည့်နှစ်အတွင်း က သတ္တုတွင်းဝန်ကြီးဌာနမှ မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်သို့လုပ်ပိုင်ခွင့်လွှဲပြောင်းခဲ့ကြောင်း သိရသည်။ ယင်းစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံ မှ မြန်မာဝမ်ဘိုကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး မြေသယ်ယူသည့် လုပ်ငန်းနှင့်အခြားလုပ်ငန်းအချို့ ကို ထူးကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သြဂုတ်လ ၂၅ ရက်နေ့ကလည်း ဒေသခံ ၁၅၀၀ ခန့်သည် “ကျေးရွာပိုင်လယ်မြေများ မည်သူမျှ မကျူးကျော်ရ” ဆိုင်းဘုတ်များနှင့် မောင်းများတီးခတ်ပြီး ဆန္ဒဖော်ထုတ် ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့ နယ်အုပ်ချုပ်ရေးမှတာဝန်ရှိသူများနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့သည်ဟုသိရသည်။ ယင်းဖြစ်စဉ်များနဲ့ပတ်သက်ပြီး မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် အား Eleven Media Group မှ မေးမြန်းခဲ့ရာ “တောင်သူတွေ ကျေနပ်အောင် ဖြေရှင်းရမယ့် အပိုင်းကို ကျွန်တော့်ထက်တာဝန်ရှိသူတွေက ပိုပြီး ဖြေနိုင်ပါလိမ့်မယ်။ ကျွန်တော်ပြော နိုင်တာက မကျေနပ်လို့ဆန္ဒဖော်ထုတ် မယ်ဆိုရင် ဥပဒေနဲ့အညီတင်ပြဖို့ လိုတယ်ဆိုတာပါပဲ။ ကျေးရွာတစ်ရွာ ကို ၁၀ဦးနှုန်းနဲ့တွေ့ဆုံပြီးတော့ ဆွေးနွေးချင်ပါတယ်”ဟုပြောကြားခဲ့သည်။ ကုန်းတောကျေးရွာမှ ဦးမြင့်ဌေး က “မတရားမြေအသိမ်းခံရတဲ့အပေါ် မကျေနပ်လို့ ဥပဒေနဲ့အညီ ဆန္ဒဖော် ထုတ်ခွင့်တောင်းခဲ့တာ ခုနစ်ကြိမ်ရှိ သွားပါပြီ။ တစ်ခါမှခွင့်ပြုချက်မရလို့ အခုလို လုပ်ရတာပါ”ဟု ပြောကြား ပါသည်။ ယခုဆောင်ရွက်လျက်ရှိသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း မှ တစ်နှစ်လျှင်ကြေးနီတန်ချိန် တစ်သိန်းမှ တစ်သိန်းခွဲအတွင်း ထုတ်လုပ် သွားမည်ဖြစ်ပြီး ကြေးနီတန်တစ် ရာထွက်ရှိပါက ၅၁ တန်ကို တရုတ် ကုမ္ပဏီမှခံစားခွင့်ရရှိမည်ဖြစ်ပြီး ကျန် ၄၉ တန်ကို မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်က ရရှိမည်ဖြစ်သည်။ ဆောက်လုပ်မှုနှင့် ထုတ်လုပ်မှုကုန် ကျစရိတ်အားလုံးကို တရုတ်ကုမ္ပဏီ မှ တာဝန်ယူရမည်ဖြစ်ကြောင်း သိရှိ ရသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၌ ယခုလက်ရှိအချိန် တွင်တရုတ်၏၀န်ထမ်းဦးရေ ၁၅၀ ၀န်းကျင်ဝင်ရောက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှာ နှစ် ၆၀ ဂရန်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး၏ ပြောကြားချက် အရ သိရသည်။ |
သမ္မတ၏ သ၀ဏ်လွှာနှင့် ပူးတွဲပါ သုံးသပ်ချက် ဘာကြောင့် ပွဲဆူအောင် ပြုလုပ်ရသနည်း
သမ္မတ၏ သ၀ဏ်လွှာနှင့် ပူးတွဲပါ သုံးသပ်ချက် ဘာကြောင့် ပွဲဆူအောင် ပြုလုပ်ရသနည်း
by than htut
သမ္မတဦးသိန်းစိန်၏ သ၀ဏ်လွှာကို ပြည်သူ့ လွှတ်တော်သို့  ပေးပို့ သည်ဆိုသောအခါ ပြည်သူ့လွှတ်ကိုယ်စားလှယ်များကပင် ချီးကြူးထောပနာလက်ခံကြရသည် ။
မြန်မာနိုင်ငံ၏အဆင့်မြင့်ဆုံးအာဏာပိုင်အကြီးအကဲ၏သ၀ဏ်လွှာဆိုသည်မှာနိုင်ငံတော်ကိုမည်သို့ 
မည်ပုံ ပေါ်လီစီများဖြင့် ချမှတ်အကောင်အထည် ဖေါ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖေါ်ကြေညာခြင်းဖြစ်သည် ။
တနည်းအားဖြင့်သမ္မတ၏စကားသည်အမိန့် ဥပဒေဖြစ်သည်။၎င်းစကားကိုစာစီပြီးထုတ်ပြန်ခြင်း၊
သ၀ဏ်လွှာများ ရေးသားခြင်းဆိုသည်မှာလက်ရှိအစိုးရ၏တည်ဆဲဥပဒေများနှင့်ပါတ်သက်၍
မည်သို့ မည်ပုံအကောင်အထည် ဖေါ်ဆောင်မည်ဆိုသည်ကို ပြည်သူတရပ်လုံးနှင့် နိုင်ငံတကာအစိုးရများအား ချပြခြင်းဖြစ်သည်။
အမေရိကပြည်ထောင်စုတွင် အပါတ်စဉ်တိုင်း သမ္မတ အိုဘားမားကပြည်သူတရပ်လုံးကို ရေဒီိယိုရုပ်မြင် သံကြားမှ မိန့် ခွန်းပြောနေသည် ။
မီဒီယာများကလည်းသမ္မတကိုပါအင်တာဗျူးများ ပြုလုပ်နေသည်ကိုရေဒီယိုရုပ်မြင်သံကြားမှတိုက်ရိုက်
ထုတ်လွှင့်နေသသည် ။ အတိုက်အခံပါတီမှလူထုလူတန်းစားများနှင့် စာရေးဆရာများ ၊ ပါမောက္ခများ ၊ အသိပညာရှင်များ ၊လမ်းဘေးဈေးသည်များကအစ တက္ကစီသမားများအထိ သမ္မတ၏မိန့် ခွန်းနှင့် ပတ်သက်၍ဝေဖန်ဆွေးနွေးကြသည်ကို တလေးတစား ထုတ်လွှင့်ပြသနေပါသည် ။
ကျွန်တော်ပြောချင်သည်မှာ နိုင်ငံတော်သမ္မတကြီး၏ သူပြောဆိုလိုသောနုတ်ထွက်စကားကိုသော်၎င်း ၊ သူ၏သ၀ဏ်လွှာများကို၎င်း တာဝန်ခံမှုရှိစေခြင်းကို ဆိုလိုရင်းဖြစ်သည် ။
ယခုအချိန်တွင် မြန်မာနိုင်ငံ၏သမ္မတဦးသိန်းစိန်၏ သ၀ဏ်လွှာမှာ မြန်မာနိုင်ငံသူနိုင်ငံသားများအတွက်အထူးကောင်းမွန် ကြက်သရေရှိလှသော သ၀ဏ်လွှာဖြစ်သည် ။
သို့ သော် သမ္မတကြီး၏သ၀ဏ်လွှာနှင့်အတူ ပူးတွဲပါသုံးသပ်ချက်ဆိုသည်ကို ထုတ်ပြန်ခြင်းဆိုသည်မှာ သမ္မတကြီး၏ သ၀ဏ်လွှာကို မျက်နာအိုးမဲ သုတ်လိုက်စေခြင်းဖြစ်သွားရပြီ ။အဘယ့်ကြောင့်ဆိုသော် ၄င်းသ၀ဏ်လွှာနှင့် ပူးတွဲပါသုံးသပ်ချက်စာတမ်းကိုပြည်သူ့ လွှတ်တော်တွင် မဖတ်ကြားစေရလောက်အောင် တားမြစ်ခံရခြင်း ၊မှတ်တမ်းမတင်စေရခြင်းမှာ လွန်စွာရုပ်ဆိုးစေပါသည် ။
သို့ သော် မည်သူမျှမတတ်နိုင်ကြတော့ပါ ။ မိရိုးဖလာရိုးရာ စကားအတိုင်း သုံးရမည့် ဝေါဟာရဖြင့်ဆိုရလျှင် မည်သူမပြုမိမိမှု ဖြစ်သွားရခြင်းပင် မဟုတ်ပါလား ။
ရခိုင်လူမျိုးများ၏အခြေအနေဆိုသောသုံးသပ်ချက်တခုမှာ ပြည်တွင်းပြည်ပကရခိုင်လူမျိုးများ၏
သွေးထိုးလှုံ့ ဆော်မှုများကြောင့် ယခုပြသနာများဖြစ်ပွါးရခြင်းဟု သုံးသပ်ထားသည်ကို တွေ့ ရသည် ။
ဤအချက်နှင့် ပါတ်သက်၍ကျွန်တော်မပြောလိုသော အချက်အလက်တခုကို ပြောပြချင်သည် ။ အကြောင်းမှာ ဇာတ်လမ်းများ ကို ရှည်မိမှာ စိုးရိမ်ပြီးထုတ်ဖေါ်မပြောလိုခြင်းကြောင့်ဖြစ်သည် ။
ရန်းဗြဲမြို့ နယ်မှသပြေချောင်ကျေးရွာသူမိန်းခလေးအားမုဒိမ်းကျင့်သတ်ဖြတ်မှုကိုပြည်ပကရခိုင်လူမျိုးများ
သိရှိကြသည်မှာ ပြည်တွင်းမှသတင်းဓါတ်ပုံများအင်တာနတ်ပေါ်သို့ရောက်လာခြင်းကြောင့် ဖြစ်သည် ။
၎င်းဓါတ်ပုံသတင်းကိုကျွန်တော်တို့  ရခိုင်ဝပ်ဆိုက်ဖြစ်သောလေးဝတီမှဆက်လက်တင်ပေးခြင်းသာဖြစ်သည် ။ ရမ်းဗြဲမြို့ နယ်တွင်ဖြစ်ပျက်သွားစေခြင်းကို ပိုမိုကြီးထွါးစေရန် သွေးထိုးလှုံ့ဆော်ခြင်းမရှိစေဘဲ ပြည်တွင်းမှ လာသော သတင်းဖြစ်ရပ်မှန်ကို အရှိကိုအရှိအတိုင်း တင်ပြပေးခြင်းဖြစ်သည် ။
သို့ သော် တောင်ကုတ်မြို့ တွင်ဖြစ်ပွါးသွားသော အချိန်တွင်မူ ၀ံသာနုရက္ခိတအဖွဲ့ မှ ၄င်းဓါတ်ပုံများကို
တောင်ကုတ်မြို့ ၌ ဖြန့် ဝေခဲ့ ကြရာ ဤပဋိပက္ခမှာ လေးဝတီသတင်းဋ္ဌာန၏သတင်းကြောင့်ဖြစ်သည်ဟု တရားရုံးတွင် ရဲမှ အမှုဖွင့်တိုင်ကြားသည်ဟုသိရှိရသည် ။
ယင်းသို့  စွပ်စွဲခြင်းမှာ ၄င်းအမျိုးသမီးငယ်၏ဓါတ်ပုံသတင်းတွင် လေးဝတီဆိုသော နာမည်စာတမ်းကို
ဖေါ်ပြထားသောကြောင့်ဖြစ်သည်ဟု ဆိုသည် ။၎င်းစွပ်စွဲချက်မှာ မည်သို့ မျှ ယုတ္တိ ယုတ္တာမကျချေ ။ပြည်တွင်းမှာ ဖြန့် ဝေနေသော သတင်းဓါတ်ပုံမှာပလူပျံ သြတိုက်ရှိနေပြီးမှပြည်ပသို့  ထွက်ကျလာခြင်းဖြစ်သည်ကို လူတိုင်း နားလည်သည် ။
ပြီးနောက်ပြည်တွင်းမှဖြစ်ပျက်နေသော အမှုအခင်းကို ပြည်ပက သတင်းဋ္ဌါနတို့ က သိသမျှတင်ပေးခြင်းသာဖြစ်သည် ။ အင်တာနတ်ဖြင့် ၀ပ်ဆိုက်တင်ပေးသော်လည်းလူတိုင်းသည် ယင်းသတင်းများကို မကြည့်ရှုနိုင်ကြ ။အရေးကြီးဆုံးပြသနာတခုမှာ ၄င်းဓါတ်ပုံသတင်းနှင့် ဖြစ်စဉ်တခုလုံးကိုမည်သူကဖြန့် ဝေလေသနည်းဆိုသည်က ကွင်းဆက်စဉ်းစားစရာများ ဖြစ်ပါသည် ။
လေးဝတီသတင်းဋ္ဌါနက ၄င်းသတင်းကိုတင်ပေးသလို အခြားသော သတင်းဋ္ဌါနများကလည်းတင်ပေးနေကြသေးသည် ။ သို့ သော်၎င်းသတင်းဋ္ဌါန၀ပ်ဆိုက်များကိုမည်သို့ မျှထုတ်ဖေါ်မပြောဆိုဘဲရခိုင်လေသံနှင့်ရခိုင်စာပေဖြင့်
ရေးသားနေသောလေးဝတီသတင်းဋ္ဌါနကိုမှ စွပ်စွဲတင်ပြသည်မှာ များစွာ စဉ်းစားစရာဖြစ်သည် ။
တခုတော့ရှိသည်။ လေးဝတီသတင်းဋ္ဌါနဖြစ်ဖြစ်အခြားမည်သည့်သတင်းဋ္ဌါနဖြစ်ဖြစ်ယခုရခိုင်ပြည်နယ်တွင်
ဖြစ်ပျက်နေသော သတင်းများကို တင်ပေးလွှင့်ထုတ်ပေးကြသောအခါ ခုတ်ကြ ၊ သတ်ကြ ၊ ဖြတ်ကြ ၊ သေအောင်ရိုက်ကြ ၊နေအိမ်များကို မီးရို့ ကြ ၊ မုဒိမ်းကျင့်ကြ ၊ လုယက်ကြ ဆိုပြီး မည်သူမျှတိုက်တွန်းသွေးထိုးလှုံ့ ဆော်ခဲ့ ခြင်းမရှိသည်ကို လူတိုင်းသိရှိကြပါသည် ။
ထို့ ကြောင့်သမ္မတဦးသိန်းစိန်၏သ၀ဏ်လွှာနှင့်ပါတ်သက်၍ပူးတွဲပါရခိုင်ပြည်နယ်နှင့်ပါတ်သက်ပြီးသုံးသပ်
ချက်ပါ ပြည်ပမှရခိုင်လူမျိုးများ၏ သွေးထိုးလှုံ့ ဆော်မှုရှိသည်ဆိုသောအချက်အလက်ကိုမဟုတ်မမှန်၍
ကန့် ကွက်ပါကြောင်း
ပြောဆိုလိုသည် ။
ထို့ ကြောင့် ပဋိပက္ခဖြစ်ပွါးသော ပြည်သူများ၏ အခြေအနေများနှင့်ပတ်သက်၍သုံးသပ်ချက်ပါ
( က ) နိုင်ငံရေးပါတီများ ၊ သံဃာအချို့ နှင့်လူပုဂိုလ်အချို့ တို့  ခေါင်းဆောင်၍ လူမျိုးရေးမုန်းတီးမှု
စိတ်ဓါတ်ကိုအလွန်အမင်းမြင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်ခြင်မဲ့ စွာတိုက်ခိုက်လိုစိတ်ဖြင့်
လှုံ ဆော်ဆောင်ရွက်လျှက်ရှိရာနိုင်ငံတော်အတွင်းနှင့် နိုင်ငံတကာရှိ ရခိုင်အသိုင်းအ၀န်းသို ပါချဉ်းကပ်စည်းရုံးဆောင်ရွက်လျှက် ရှိခြင်းဆိုသော အချက်ကို လုံးဝဆန်ကျင်ကြောင်းနှင့် လုံးဝမှားယွင်းသောအမြင်ဖြစ်ပြီး ပဋိပက္ခများကိုသာဆက်လက်ဖြစ်စေသွားအောင် ဖန်တီးထား
သည့် သုံးသပ်ချက်များသာဖြစ်နေသည် ဟုဆိုချင်သည် ။
( ခ ) အချက်အလက်၌ နိုင်ငံအနှံ့အပြားတွင် နေထိုင်သူဘင်္ဂလီမူဆလင်များအပေါ် အကြမ်းဖက်ရန်
ကိုလည်း အမြဲမပြတ် လုပ်ဆောင်လျှက်ရှိသည်ဟု သုံးသပ်ရေးထားသည်မှာ အလွန်တရာ အောက်
တန်းကျပြီး နိုင်ငံတော်သမ္မတကြီး၏ သ၀ဏ်လွှာနှင့် ပူးတွဲထည့်ပြီး တင်ပြစေသည်မှာ လွန်စွာ သိက္ခာမဲလွန်းနေသည် ။
ရခိုင်လူမျိုးတို့ မှာ ဗုဒ္ဒဘာသာဝင်လူမျိုးများဖြစ်၍ရန်လိုစိတ်များ ၊ မနာလိုစိတ်များ ၊ ငြူစူမှုများသာ ရှိနေခဲ့ လျှင် ယခုအထိဘင်္ဂလီမူဆလင် လူမျိုးများ လူဦးရေများပြားလာခြင်းကို လက်မခံဘဲ ကန်ကွက်တားမြစ် ပြောဆိုနေမည်သာဖြစ်သည် ။
ရခိုင်လူမျိုးတို့ က သူတို့နယ်မြေတွင် ဖြစ်ချင်သလို ဖြစ်နေကြသော ၄င်းလူမျိုးများ၏လူဦးရေပေါက်
ဖွါးခြင်းနှင့် နယ်မြေများ ချဲ့ ထွင်နေခြင်းမှာ အစိုးရ၏တာဝန်သာဖြစ်သည်ဟု ဆိုပြီး မသိမသာ နေပေးနေကြခြင်းဖြစ်သည်။
ယခုအရေးအခင်းမှာ ရန်းဗြဲမြို့ နယ် နှင့် တောင်ကုတ်မြို့ မှ စတင်ခဲ့ ပြီးမောင်တောမြို့ မှ ဘင်္ဂလီမူဆလင် လူမျိုးတို့ ၏ ရမ်းကားခြင်းမှရခိုင်ပြည်နယ် တခုလုံးကို ပြန့်နှံ့ သွားခြင်းဖြစ်သည် ။ ဤပြသနာ၏ အဓိကမှာ
ရခိုင်လူမျိုးများကစတင် ဖန်တီးသော အခြေအနေမဟုတ်ကြောင်း ကမ္ဘာကြီးကပါသိရှိထားပြီးဖြစ်သည် ။
ထို့ ကြောင့် ဤအချက်ပါ စွပ်စွဲချက်မှာ တဖက်သတ်စွပ်စွဲခြင်းသာဖြစ်၍ နောင်ဖြစ်ပွါးစေမည့် ပဋိပက္ခ
အတွက်မီးဇါတပ်ဆင်ထားခြင်းမျိုးသာ ဖြစ်ပါကြောင်း တင်ပြလိုသည် ။
( ဂ ) ဤအချက်ပါသုံးသပ်ချက်မှာ မြန်မာနိုင်ငံ ခေတ်အဆက်ဆက်ရခိုင်ပြည်နယ်၏အကျိုးစီးပွါးကို
ဖေါ်ဆောင်ခြင်းမပြူ ၊ ကာကွယ်စောင့်ရှောက်ခြင်းကို မပြု ၊သယံဇါတများကို အစိုးရမှ ယူငင်သုံးစွဲခြင်းသာ ရှိသည်ဟု စွပ်စွဲခြင်း ၊၄င်းမှာ တိုင်းရင်းသားလူမျိုးများ ချစ်ကြည်သွေးစည်းရေးကိုပျက်စီးစေခြင်းဖြစ်သည်ဟု ဆိုကာ ရခိုင်လူမျိုးများအား တုန်ပြန်တိုက်ခိုက် သုံးသပ်ထားသည်ကို တွေ့ ရသည် ။
ဤအချက်အလက်မှာ ခေတ်အဆက်ဆက်ရခိုင်ပြည်နယ်ကို ရစရာမရှိအောင်အုပ်စိုးခဲ့  သောတန်းတူအခွင့်အရေးမရှိခြင်း ၊ သယံဇါတ မြေပေါ်မြေအောက် ရေပေါ်ရေအောက်များမှထွက်ရှိသော သဘာဝဂါတ်စ်များ၏ အကျိုးကျေးဇူးများကို မခံစားရခြင်းကိုလူလိုသူလို လူတန်းစေ့ နေနိုင်အောင် ဆောင်ရွက်ပေးရန် ငြိမ်းချမ်းစွာတောင်းဆိုနေကြခြင်းဖြစ်သည် ။
၎င်းကဲ့ သို့ တောင်းဆိုချက်မှာတိုင်းရင်းသားချစ်ကြည်သွေးစည်းရေးကို ပျက်ပြားစေသည်ဟု သုံးသပ်သူမှာသူခိုးက လူဟု ပြန်လည်ဟစ်သော သူများလို ဖြစ်နေသည် ။
ဘင်္ဂလားပင်လယ်အော်မှမုန်တိုင်းဒဏ်ကို ရခိုင်လူမျိုးတို့  ခံစားပြီး ဘင်္ဂလားပင်လယ်အော်မှ
ရရှိသော အမေရိကန် ဒေါ်လာငွေများကိုမူ အုပ်ချုပ်သူ အစိုးရ - ( သမ္မတအပါအ၀င် ဗိုလ်ချုပ်ကြီး )
-ကသာ ခံစားစေသည်ဟု ဆိုတော့ကာယကံရှင်များဖြစ်သော သူတို့ တွေ၏ တောင်းဆိုချက်မှာ မှားယွင်းမှုမရှိ၍ ယခုစွပ်စွဲ သုံးသပ်ပြောဆိုချက်ကို ရှုတ်ချပါကြောင်း ထပ်လောင်းပြောချင်သည် ။
( ဃ ) အချက်လက်ပါအရ နယ်စပ်ဖြတ်ကျော်ပြီး လူများခိုးဝင်မှုကိုတရားဝင်ဖြစ်စေရန် လူဝင်မှုကြီးကြပ်ရေးဋ္ဌါနမှ လာဘ်စားမှုကြောင့် ဖြစ်သည်ဟုစွပ်စွဲမှုအချို့ ရှိသည်ဟုသုံးသပ်ထားခြင်းမှာ ခေတ်အဆက်ဆက်
အစိုးရအဆက်ဆက်များ၏ လာဘ်စားမှုကြောင့်သာ ဖြစ်သောကြောင့် ဤရွေ့ဤမျှလူဦးရေ များပြားနေခြင်းဖြစ်သည် ။
ခိုးဝင်သောသူများများမှာ ဒေသခံဋ္ဌါနေတိုင်းရင်းသားများထက် လူဦးရေ များပြားလာရာ၎င်းအချက်ကို စွပ်စွဲမှုတချို့ ရှိသည်ဟုသုံးသပ်ထားခြင်းမှာရခိုင်နိုင်ငံရေးပါတီများ၊ရခိုင်လူမျိုးများကိုဘင်္ဂလီမူဆလင်
လူမျိုးနှင့်တဖက်လှည့်၍ပဋိပက္ခကိုကြီးထွားစေအောင်ပြုလုပ်ထားခြင်း ဖြစ်သည် ။
စင်စစ်အားဖြင့် ခေတ်အဆက်ဆက်မှာဤပြသနာကိုအစိုးရဋ္ဌါနများကသာလာဘ်စားပြီးမီးမွှေးထားခြင်း
သာဖြစ်ကြောင်းနိုင်ငံရေးသိပ္ပံပညာကို လေ့လာလိုက်စားသူတိုင်း
သိရှိနားလည်ကြသည် ။
( င ) အချက်အလက်တွင် ကြံ့ ဖွံ့ပါတီမှ မဲအနိုင်ရရှိရေးကိုမျှော်ကိုးပြီး ဥပဒေကို မျက်ကွယ်ပြုကာ ဘင်္ဂလီမူဆလင်လူမျိုးမျာအားမသင့်လျှော်စွာ ဆောင်ရွက်ပေးခြင်းရှိသည်ဟု သုံးသပ်ပြထားရာ ဤအချက်မှာ
သူတို့ အစိုးရ၏ ကြံရာပါ ဖွါးဖက်တော် ကြံ့ဖွံ့ ပါတီ၏ဆောင်ရွက်ချက်များသာဖြစ်သည် ။
ဤအချက်ကို သံသယအငြင်း ထုတ်စရာမလို ။လွှတ်တော်အထဲတွင် မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုး မဟုတ်သောဘင်္ဂလီမူဆလင် ( ဦးရွှေမောင် ၊ ဦးအောင်ဇေါ်ဝင်း အပါအ၀င် အခြား ) လွှတ်တော်
ကိုယ်စားလှယ် နှစ်ဦးတို့ ကို ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းဖယ်ရှားပေးရန် တင်ပြထားသည် ။
အတိအကျမှန်ကန်နေသော အကြောင်းအရာများကို လက်ပူးလက်ကြပ်မိထားပါလျှင်နှင့်လွှတ်တော် ညီလာခံ တွင် ၄င်းကိစ္စကို ထိရောက်စွာ မကိုင်တွယ်ဘဲဘင်္ဂလီမူဆလင်လူမျိုးများနှင့် ရခိုင်လူမျိုးများအား ပဋိပက္ခများကို
ဆက်လက်ဖြစ်ပွါးအောင် သုံးသပ်ခြင်းသာ ဖြစ်သည်ဟု ဤအချက်ကို ထောက်ပြချင်သည်။
( စ ) အချက်အလက်တွင် -၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရဘင်္ဂလီမူဆလင်များအား ဖြစ်လာနိုင်သည့်အခြေအနေကို နားလည်လက်ခံခြင်းမရှိကြောင်း တွေ့ ရသည်ဟု သုံးသပ်ထားရာ ဤသုံးသပ်ချက်ကို ပြုစုရေးသားသူမှာကုလားရခိုင် အဓိကရုဏ်းကို ဆက်လက်ဖြစ်ပွါးစေလိုသည့် ရည်ရွယ်ချက်ဖြင့်သုံးသပ်ထားခြင်းဖြစ်သည်ဟု ပြောချင်သည် ။
အကြောင်းမှာ နယ်စပ်ဖြတ်ကျော်ခိုးဝင်လာသော ဘင်္ဂလီမူဆလင်လူမျိုးများကို နယ်စပ်ဖြတ်ကျော် ခိုးဝင်၍ဖြစ်စေ၊ လာဘ်ငွေများဖြင့် နိုင်ငံသားဖြစ်စေ ဘယ်လိုပင် အသိအမှတ်ပြုဆောင်ရွက်စေကာမူ ရခိုင်နိုင်ငံရေးပါတီများနှင့် ရခိုင်လူမျိုးများကလက်ပိုက်ကြည့်နေရုံမှအပဘာမျှ လုပ်ကိုင် ဆောင်ရွက်နိုင်သူမဟုတ် ။အာဏာရှိသူမဟုတ် ။
လက်ခံခြင်း မခံခြင်း ဆိုသည်မှာ ဥပဒေကို လိုသည့်အခါမျိုး ၊ မလိုသည့်အခါ တမျိုး ပြုလုပ်နေသော
အစိုးရ၏ လက်ထဲမှာသာ ရှိသည် ။ထို့ ကြောင့် ရခိုင်လူမျိုးများအား ဘင်္ဂလီမူဆလင်လူမျိုးတို့  နှင့်ကမ္ဘာမကြေသရွေ့  မပြီးပြတ်သော ရေရှည် မုန်းတီးမှုမျိုးကို ဖြစ်ပွါးစေသည့်ဤအချက်
အလက်ကို လုံးဝဆန့် ကျင်ကန့်  ကွက်ကြောင်း တင်ပြလိုသည် ။
( ဆ ) အချက်အလက်တွင် ဘင်္ဂလီမူဆလင်လူမျိုးတို့ ကိုသာ တဖက်သတ်အကူအညီများပေးနေသည်ဟု ရှုမြင်ခြင်းဖြင့် ကုလသမ္မဂအဖွဲ့ အစည်းနှင့်နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့ အစည်းအများအား အငြိုးထားကာ ယင်းအဖွဲအစည်းများအား၎င်းဒေသတွင်မနေရဲအောင်လုပ်ကိုင်ဆောင်ရွက်ထားသည်ဆိုခြင်းမှာ
နေ့ တဓူဝ တွေ့ မြင်ထိတွေ့ နေသော ရခိုင်ပြည်နယ်မှရခိုင်လူမျိုးများအပါအ၀င် ၄င်းဒေသရှိ အစိုးရဋ္ဌါနပေါင်းစုံမှ ၀န်ထမ်းတိုင်းလူတိုင်း သိရှိကြပြီးဖြစ်သည် ။
မနေရဲအောင် ပြုလုပ်သူများမှာအမှန်တကယ်အားဖြင့် မောင်တောမြို့ နယ်၌ ဒုက္ခကြီးစွာ ရောက်နေကြသော
ရခိုင်လူမျိုးများ မဟုတ်ဘဲ ဘင်္ဂလီမူဆလင်လူမျိုးများကသာ ဖန်တီးနေသည်ကိုနယ်စပ်ဒေသရေးရာဝန်ကြီး၏ တင်ပြထားသော စာတမ်းပါ ဗွီဒီိယိုဖိုင်ဓါတ်ပုံများကိုကြည့်ပါက သိသာနိုင်သည် ။ ရခိုင်ပြည်နယ်တ၀န်းတွင်
ခဲများဖြင့် ပစ်ပေါက်ခြင်း ၊ နေအိမ်များကို မီးရို့ ခြင်း ၊လူသတ်ဖြတ်ခြင်း ၊
လူစုလူဝေးများဖြင့် စစ်တပ်မှ ဗိုလ်မှူး တပ်သား အပါအ၀င်မည်သူမဆို လက်ညိုးထိုးပြီးလုံကျီကွင်းလုံးချွတ်ကာ ဆဲဆိုပြောနေသူများ ၊စစ်တပ်မှ တာဝန်ရှိသူ ရဲဖက်မှ တာဝန်ရှိသူများကို သေနတ်ဖြင့် ပစ်သတ်ခြင်း ၊ဒါးနှင့် ခုတ်ခြင်း တို့ ကို ဘင်္ဂလီမူုဆလင်
လူမျိုးများသာ ဖြစ်သည်ကိုဓါတ်ပုံများတွင် သေသေချာချာ မြင်တွေ့ နိုင်ကြသည် ။
ပြီးတော့- UNHCR –INGOs -တို့ ကို ယခုမှ ဤအဖွဲ့ အား ကန့် ကွက်ပြောဆိုခြင်းမှာ ယခုဖြစ်စဉ်၌
၎င်းအဖွဲ့ အစည်းအများထဲတွင် ပါဝင်ပတ်သူ ၀န်ထမ်းများက ရှိနေခဲ့ ကြ၍၄င်းဝန်ထမ်းများ၏ ကောက်ကျစ်သော အပြုအမူများကြောင့်၎င်း ၊ နောင်လည်းဖြစ်ပေါ်လာမည်ကို သိရှိကြ၍ ကန့်  ကွက်နေကြခြင်းဖြစ်သည် ။
အစိုးရကဦးဆောင်ပြီး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်ကို လက်မခံခြင်းဟုပြောဆိုထားခြင်းမရှိ ။
( ဇ ) အချက်အလက်တွင် စီးပွါးရေးလုပ်ငန်းရှင်များက ပဋိပက္ခကြောင့်ရပ်ဆိုင်းခံနေရသည့် ဘ၈င်္လီမူလင်စီးပွါးရေးလုပ်ငန်းမျာကို အချောင်ယူရန်ကြိုးပမ်းလာကြကြောင်းတွေ့ ရှိရသည်ဟု စွပ်စွဲထားခြင်းမှာ မည်သို့ မျှအဓိပ္ပယ်မရှိသော သုံးသပ်ချက်ဖြစ်သည် ။
ရခိုင်ပြည်နယ်တွင် အစိုးရနှင့်စစ်တပ်တို့ မှ အရာရာကို ချုပ်ကိုင်ထားရာ အုပ်ချုပ်ရေးယန္တယားတခုလုံး
၏အောက်မှာ လည်ပတ်နေသော မည်သည့်လုပ်ငန်းမျိုးမဆို အစိုးရ၏ သဘောဆန္ဒအတိုင်း
ဖြစ်စေရခြင်းသာဖြစ်သည် ။
မီးလောင်မြေ ကို သောက်ရေတွင်း ပြုလုပ်လျှင်လည်းသူတို့ သာ လုပ်နိုင်ပြီး သချိင်္ုင်းမြေကို ဟိုတယ်ဆောက်ရန်လည်း အာဏာကအစိုးရလက်ထဲမှာသာ ရှိနေရာ ယခုကဲ့ သို့ ရခိုင်လူမျိုးစီးပွါးရေးလုပ်ငန်းရှင်များအား စွပ်စွဲခြင်းမှာ လုံးဝအောက်တန်းကျနေခြင်းဖြစ်သည် ။
အဓိကအားဖြင့် ယခုသုံးသပ်ချက်မှာပဋိပက္ခများကို မည်သို့ မည်ပုံ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက်
ပဋိပက္ခဖြစ်စဉ်များကို တင်ပြပြီး နောင်မဖြစ်စေရန် သုံးသပ်ခြင်းမျိုးမဟုတ်ထို့ ကြောင့် ဤသုံးသပ်ချက်ပါစာတမ်းအား ပြည်သူ့ လွှတ်တော်ညီလာခံကျင်းပရာ၌မှတ်တမ်းမှတ်ရာအဖြစ် လက်မခံငြင်းပယ်ခံရသည်မှာ သဘာဝကျသည် ။
သမ္မတကြီး ဦးသိန်းစိန်အဖို့  ရခိုင်ပြည်နယ်အရေးနှင့် ပါတ်သက်၍စုံစမ်းစစ်ဆေးရေးကော်မီတီကို ( ၁၇-၈-၂၀၁၂ ) နေ့ တွင် ဖွဲ့စည်းပြီးပြီဖြစ်ရာ နောင်ကို လူမျိုးရေးပဋိပက္ခဖြစ်စေမည့်သုံးသပ်ချက်များကို မိမိ၏ သ၀ဏ်လွှာများ ၊ ကြေညာစာများနှင့် ပူးတွဲမဖေါ်ပြရန် အထူးသတိပြု ရှောင်ကြည်ရန်လိုပါသည် ။
ဤသုံးသပ်ချက်ကိုလက်မခံသလို အငြင်းပွါးစရာများလည်း ရှိနေသည်ကို သိထားပြီးမှ ပူးတွဲဖေါ်ပြသည်ဆိုရာမှာ လည်း လက်ခံနိုင်စရာအကြောင်းမရှိချေ ။
မည်သို့ ပင်ဆိုစေယခု သမ္မတကြီးဦးသိန်းစိန်၏ သ၀ဏ်လွှာနှင့် ပူးတွဲ ဖေါ်ပြထားသော စာတမ်းပါ
အချက်အလက်များတွင် ဘင်္ဂလီမူဆလင် လူမျိုးများ အဖြစ် သုံးစွဲထားသည့် အတွက်အစိုးရမှ သတ်မှတ်ကြေညာထားသည့်အတိုင်း မြန်မာနိုင်ငံ၏တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုး ရှိကြောင်းကို
သက်သေထူဖေါ်ပြလိုက်ခြင်းဖြစ်သည်ဟု ယုံကြည်သည် ။
တချိန်တည်းမှာပင်မီဒီယာများနှင့် နိုင်ငံတကာများကိုပါ နိုင်ငံခြားရေးဝန်ကြီးဋ္ဌါနမှ အမိန်စာဖြင့် လုပ်ကြံဖန်တီးရေးသား ပြောဆိုနေကြခြင်းကို တားမြစ်သည်ဟုကြေညာချက်ထုတ်ပြန်လိုက်သည်ကိုလည်း ကြိုဆိုပါသည် ။
သို့ သော် ယခုလက်ရှိမြန်မာဘာသာဖြင့် ထုတ်ဝေနေကြသော ဂျာနယ်များ ၊ မီဒီယာများတွင်သမ္မတကြီးနှင့်တကွ အစိုးရ၀န်ကြီးများ၏ မြန်မာနိုင်ငံမှာ ၄င်း လူမျိုးမရှိကြောင်းကို ကြေညာပြောဆိုနေသည့်တိုင် ရေဒီိယိုများ ၊ မီဒီယာများကသုံးစွဲရေးနေကြဆဲ ဖြစ်သည် ။
ယခုကဲ့ သို့  လုံးဝဖန်တီးလုပ်ကြံမပြုလုပ်ကြပါရန် ကြေညာချက်ထုတ်ပြန်ထားသည့် တိုင် ဆက်လက်
ပြောဆိုရေးသားနေသူများကို ထိရောက်စွာ ဥပဒေနှင့်အညီအရေးယူရန်လိုအပ်ပါကြောင်း ထောက်ပြ
လိုသည် ။
အကယ်၍ပွဲဆူအောင်သက်သက်သာသမ္မတကြီးဦးသိန်းစိန်၏သ၀ဏ်လွှာကိုအသုံးချပြီး
နောင်ပဋိပက္ခများအတွက်လောင်စာများ ထည့်ပေးနေကြမည်ဆိုပါက ဤပဋိပက္ခ၏ တစ် တရားခံမှာမည်သူဖြစ်မည်နည်းဆိုသည်ကို ခန့် မှန်းပြောလာကြလျှင် သမိုင်းက အဆုံးအဖြတ်ပေးကြမည်ဖြစ်ပါကြောင်း ။။။။။။။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၂ဦး လက်မှတ်ရေးထိုးကာ စွပ်စွဲပြစ်တင်မှု အဆိုတင်သွင်းခဲ့ပြီး ၎င်းအဆိုကိုဆွေးနွေးရန် အမျိုးသားလွှတ်တော်မှ သဘောတူ
| Friday, 24 August 2012 16:42 |
|
ယင်းစွပ်စွဲပြစ်တင်မှုအဆိုကို လက်မှတ်ရေးထိုးသူ ၁၆၂ ဦး ကိုယ်စား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက တင်သွင်းခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံအကျဆုံး၊ ဇစ်မြစ်အကျဆုံး ဥပဒေသကြီးကို ထိန်းသိမ်းရသော တာဝန်ကြီးကို ယုံကြည်စွာအပ်နှံ တာဝန်ပေးထားခြင်းအား ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၃၄(က) အပိုဒ်ခွဲ(၂) နှင့် အပိုဒ်ခွဲ (၅)ပါ ပြဋ္ဌာန်းချက်များနှင့် ညိစွန်းနေသဖြင့် စွပ်စွဲပြစ်တင်ရ ခြင်းဖြစ်ကြောင်း ဦးဇော်မြင့်ဖေက စွပ်စွဲပြစ်တင်ရခြင်း အကြောင်းရင်းကို ပြောကြားခဲ့သည်။ '' ဒီလို အခြေခံဥပဒေဆိုင်ရာ ခုံရုံးတစ်ဖွဲ့လုံးကို စွပ်စွဲပြစ်တင် ရခြင်းလုပ်ရတဲ့ အဖြစ်မျိုးမကြုံရအောင် ကန့်လန့်ကာနောက်ကွယ်မှာ နည်းအမျိုးမျိုးနဲ့ အကြိမ်ကြိမ် ကြိုးစားရှောင်ရှားခဲ့ပေမယ့် ယခု မလွှဲမရှောင်သာဘဲ ရင်ဆိုင်ရပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ဘောင်အတွင်းမှာပဲ ဖြေရှင်းခွင့်ရရှိတဲ့အတွက် ၀မ်းနည်းစရာ ကြုံပေမယ့် အခြေခံဥပဒေရဲ့ ပေးအပ်တဲ့အခွင့်အရေးကို အပြည့်အ၀ အသုံးချပြီး ဖြေရှင်းနိုင်တဲ့အတွက် ရင်မောသက်သာ ရပါတယ်'' ဟု ဦးဇော်မြင့်ဖေက အဆိုတွင် ထည့်သွင်းပြောကြားခဲ့သည်။ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိတိကျကျ အဓိပ္ပါယ်ရှင်းလင်းချက် ပေးမထားသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းကို အဓိပ္ပါယ်ဖွင့်ဆိုလိုက်ခြင်းကြောင့် အခြေခံဥပဒေ၏ အတွင်းစည်းဝိုင်းအတွင်းတွင် မလိုလားအပ်သော ၀ိရောဓိကို ကြိုးစား ဖြေရှင်းနေရကြောင်း၊ လွှတ်တော်အပိုင်းမှ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်မချမီတွင် ဥပဒေနှင့်အညီ ဖြစ်သင့် ဖြစ်ထိုက်သော ဆုံးဖြတ်ချက်မျိုးဖြစ်ရန် ကြိုးစားလျောက်လဲချက် ပေးခဲ့ပါကြောင်း၊ ဆုံးဖြတ်ချက် ချပြီးနောက်တွင်လည်း နိုင်ငံတော်သမ္မတကြီးနှင့် တွေ့ဆုံမှုမျိုးစုံလုပ်ကာ သဘောထားများတင်ပြ ညှိနှိုင်းခဲ့ပါကြောင်း၊ နောက်ဆုံးတွင် နိုင်ငံတော်သမ္မတ၏ တာဝန်ပေးချက်အရ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တင်သွင်းခဲ့သော တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းရန် ခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များမှ မှားယွင်းစွာ၊ တာဝန်မကျေစွာ ဆုံးဖြတ်ခဲ့ခြင်းအတွက် တာဝန်သိတတ်စွာ တာဝန်မှ နုတ်ထွက်ရန်အထိ ဖြစ်လာခဲ့သော်လည်း လက်တွေ့ကျကျ အဖြေမပေါ်ဘဲ ဇာတ်လမ်းမှာ မျောနေပြီဖြစ်ကြောင်း စသည်ဖြင့် စွပ်စွဲမှုအဆိုတွင် ထည့်သွင်းပြောကြားခဲ့သည်။ ''Check & Balance မူဟာ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတိုင်းရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတိုင်းမှာ ပြဋ္ဌာန်းထားပါတယ်။ သိပ်အရေးကြီးပါတယ်။ ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီအာဏာရှင် မဖြစ်ရအောင်၊ သမ္မတကလည်း အာဏာရှင် မဖြစ်ရအောင်၊ အာဏာအလွဲသုံးစား မလုပ်ရအောင် လွှတ်တော်ကလည်း အရာရာချုပ်ကိုင်လွှမ်းမိုးမှုမျိုး မဖြစ်ရအောင် Balance သီအိုရီအရ အပြန်အလှန် ထိန်းကျောင်းပေးရတာ ဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ လွှတ်တော်အပိုင်းက အဆင့်နိမ့်ကျခံရပြီး Check & Balance မလုပ်နိုင်ရင် ပြည်သူတွေ တိုက်ရိုက်ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်များပါဝင်သော လွှတ်တော်အခန်းကဏ္ဍဟာ ဘယ်ရောက်သွားပြီလဲ။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက တစ်ဦးချင်း ခံစားခွင့်၊ ပြည်ထောင်စုအဆင့် ခံစားခွင့်ကို တောင်းဆိုခြင်း မဟုတ်ပါ။ လမ်းဘေးရောက်နေတဲ့ လွှတ်တော်၊ အစိုးရအဖွဲ့က အသိအမှတ်မပြုတဲ့ လွှတ်တော်ဆိုရင် လွှတ်တော်ကို တန်ဖိုးချရုံသာ မဟုတ်၊ ပြည်သူတွေကိုပါ တန်ဖိုးချခြင်းလည်း ဖြစ်ပါတယ်'' ဟု ဦးဇော်မြင့်ဖေက ဆက်လက် ပြောကြားခဲ့သည်။ ထို့နောက် စွပ်စွဲမှုတွင် ကိုယ်စားလှယ် ၆၀၀ ခန့်အတွက် ပြည်ထောင်စုအဆင့် ခံစားမှုများ၊ အဆောင်အယောင်များကို မည်သူမျှ မတောင်းဆိုကြောင်း၊ ယခုကိစ္စတွင် ငွေရေးကြေးရေး ကုန်ကျစရိတ်ကို တွက်ချက်နိုင်အောင်ဆိုပြီး အကြောင်းပြနေခြင်းကို နားမလည်ကြောင်း၊ ၎င်းတို့အားလုံး နားလည်ထားသည်မှာ လွှတ်တော်နှင့် ထိုက်တန်သည့် ခန်းကဏ္ဍ၊ ဥပဒေအရ ပေးအပ်ထားသော တိုင်းပြု ပြည်ပြုအခန်းကဏ္ဍကို အမှန်အတိုင်း ဖြစ်သင့်ဖြစ်ထိုက်သည့် အတိုင်းအတာ ရပ်တည်နိုင်ရေးပင် ဖြစ်ကြောင်း၊ လွှတ်တော်သည် အချုပ်အခြာအာဏာ၏ မြစ်ဖျားဖြစ်သော်လည်း အုပ်ချုပ်မှုအာဏာ မရှိ၊ လုပ်ပိုင်ခွင့်အာဏာမရှိပါကြောင်း စသည်ဖြင့် ဆက်လက်ပြောကြားခဲ့သည်။ ယင်းအဆိုကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးနိုင်ရန်အတွက် မဲခွဲဆုံးဖြတ်ရာတွင် တက်ရောက်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၅၆ ဦးက ထောက်ခံခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်များအားလုံးကမူ ဆန္ဒပြုခဲ့ခြင်းမရှိကြောင်း သိရသည်။ အမျိုးသားလွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ ၂၂၃ ဦးရှိပြီး အဆိုတင်သည့်နေ့တွင် အစည်းအဝေးတက်ရောက်သူမှာ ၂၁၀ ဦးရှိကာ တပ်မတော်သား ကိုယ်စားလှယ် ၅၄ ဦးမှလွဲ၍ ကျန်ကိုယ်စားလှယ်အားလုံးက ထောက်ခံမဲပေးခဲ့ကြခြင်း ဖြစ်သည်။ အဆိုအား တက်ရောက်လာသည့် ကိုယ်စားလှယ် သုံးပုံတစ်ပုံကျော်က ထောက်ခံသည့်အတွက် ဆွေးနွေးရန် အတည်ပြုခဲ့ပြီး ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များသည် သြဂုတ်လ ၂၇ ရက်နေ့ နောက်ဆုံးထားကာ အ မည်စာရင်း တင်သွင်းရမည်ဖြစ်ကာ သြဂုတ်လ ၂၈ ရက်နေ့တွင် ကျင်းပမည့်လွှတ်တော်တွင် ဆွေးနွေးခြင်းနှင့် မဲခွဲခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။ |
+4
#11
Public Servant
2012-08-25 22:32
Quote:
အစည်းအဝေးတက်ရောက်သူမှာ ၂၁၀ ဦးရှိကာ တပ်မတော်သား ကိုယ်စားလှယ် ၅၄ ဦးမှလွဲ၍ ကျန်ကိုယ်စားလှယ်အားလုံးက ထောက်ခံမဲပေးခဲ့ကြခြင်း ဖြစ်သည်ပိုင်ဆိုင်မှုတွေ ပြည်သူကိုချပြဘို့ကိတ်စကျတော့ ကန့်ကွက်မဲ ပေးရဲခဲ့တယ်ထင်ပ...
+3
#10
myint thein
2012-08-25 18:04
ဒီကိစ္စက
အာဏာနှင့်လုပ်ပိုင်ခွင့်များဆိုင်ရာ ဥပဒေရေးရာများဖြစ်တာမို့ လွှတ်တော်မှာ
တင်ပြဆွေးနွေးတာ သင့်လျော်ပါသည်။သို့သော်
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လာလျှင် ဆွေးနွေးညှိနှိုင်းရာမှာ
အလွန်အချိန်ကုန်မည်ဖြစ်ပါသည်။ ထို့ကြောင့် ဒီအတောအတွင်းမှာ တခြား
ပိုအရေးကြီးတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ တက္ကသိုလ်များ
ပညာရေးဥပဒေ စတာတွေကိုလည်း အချိန်မလင့် မလစ်ဟင်းအောင်
ဆွေးနွေးဖေါ်ဆောင်ပြဋ္ဌာန်းသင့်ပါသည်။
+14
#9
အားမာန်
2012-08-25 14:50
တော်လိုက်တဲ့ တမတ်သားစစ်တပ်...
တကယ်ကိုအရေးကြီးတဲ့ အဆိုကို ထပြီးမထောက်ခံရဲမှတော့ ဘာလို့ သူတို့ကို လွှတ်တော်ထဲထားဦးမှာလဲ...
အလကား ငွေကုန်တယ်..
သူတို့က သူတို့အဘ ကမထနဲ့ ဆိုရင် သေပါစေထိုင်နေမဲ့လူမျိုးတွေပါ...
ဘယ်တော့မှ ပြည်သူ့အတွက်ကြည့်မဲ့ လူမျိုးတွေလဲမဟုတ်ပါဘူး..
ခွေးမသားတွေ......
တကယ်ကိုအရေးကြီးတဲ့ အဆိုကို ထပြီးမထောက်ခံရဲမှတော့ ဘာလို့ သူတို့ကို လွှတ်တော်ထဲထားဦးမှာလဲ...
အလကား ငွေကုန်တယ်..
သူတို့က သူတို့အဘ ကမထနဲ့ ဆိုရင် သေပါစေထိုင်နေမဲ့လူမျိုးတွေပါ...
ဘယ်တော့မှ ပြည်သူ့အတွက်ကြည့်မဲ့ လူမျိုးတွေလဲမဟုတ်ပါဘူး..
ခွေးမသားတွေ......
+18
#8
klvnaung
2012-08-25 08:36
တစ်မတ်သား တန်းလျားပြန်။
+11
#7
Hsinbyushin
2012-08-24 23:56
ကူးယူသိမ်းထားသင့်တဲ့စာအုပ်လေးပါ
www.scribd.com/doc/103583791/Islam-Virus
www.scribd.com/doc/103583791/Islam-Virus
+11
#6
bhone-nay
2012-08-24 23:13
တကယ် အလုပ်ရမဲ့ အချိန်တွေ ရောက်နေပြီ။
အခြေအနေ အချိန်အခါ နဲ့ နေရာဒေသကို လိုက်ပြီး
ပြောင်းလဲဖို့တော့ လိုနေပြီ။
ရခိုင်လူမျိုး တို့ညီအကို အတွက် အဖြေတစ်ခု ရဖိ့တော့လိုပြီနော်။
ုဘာပဲ ပြောပြော ရိုဟင်ဂျာတွေံနှင်ထုက်မဲ့ သမ္မတကြီး ရဲ့ သဘောထားကိုထောက်ခံပါတယ်။
အမျိုးကိုချစ်မယိဆိုရင်
အခြေအနေ အချိန်အခါ နဲ့ နေရာဒေသကို လိုက်ပြီး
ပြောင်းလဲဖို့တော့ လိုနေပြီ။
ရခိုင်လူမျိုး တို့ညီအကို အတွက် အဖြေတစ်ခု ရဖိ့တော့လိုပြီနော်။
ုဘာပဲ ပြောပြော ရိုဟင်ဂျာတွေံနှင်ထုက်မဲ့ သမ္မတကြီး ရဲ့ သဘောထားကိုထောက်ခံပါတယ်။
အမျိုးကိုချစ်မယိဆိုရင်
+17
#5
soranotomo
2012-08-24 22:00
Quoting U TUN:
အချိန်ကာလတခုကိုကျော်ဖြတ်ပြီးတဲ့နောက် ဘယ်သူတွေဘာလုပ်ခဲ့တယ်ဆိုတာ လက်ရှိဖြစ်ပေါ်နေတဲ့ ရလဒ်တွေက အထင်အရှားသက်သေတွေပါ...
တပ်မတော်က သမိုင်းတရားခံ အဖြစ်မခံနိုင်လို့နဲ့တူတယ်သမိုင်းတရားခံဖြစ်တယ် မဖြစ်ဘူးဆိုတာ တဦးတယောက် အဖွဲ့အစည်းတခုခုကနေ လုပ်ချင်တိုင်းလုပ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး...
အချိန်ကာလတခုကိုကျော်ဖြတ်ပြီးတဲ့နောက် ဘယ်သူတွေဘာလုပ်ခဲ့တယ်ဆိုတာ လက်ရှိဖြစ်ပေါ်နေတဲ့ ရလဒ်တွေက အထင်အရှားသက်သေတွေပါ...
+8
#4
kinglakeshore
2012-08-24 20:19
Quote:
ဆုံးဖြတ်ချက် ချပြီးနောက်တွင်လည်း နိုင်ငံတော်သမ္မတကြီးနှင့် တွေ့ဆုံမှုမျိုးစုံလုပ်ကာတွေ့ဆုံမှုမျိုးစုံ ဆိုပါလားးးး... ဟေ ဟေ့...
-11
#3
demo11
2012-08-24 18:00
ငကြောင်တွေကလည်းတစ်မျိုး
တပ်မတော်က ထောက်ခံတယ်ဆို တစ်မျိုးအပြစ်ပြောဦးမယ်။ စစ်ဗိုလ်တွေထည့်ထားတာ
လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိစ္စတွေအတွက်လို့ ပြောထားတယ်လေ။
-8
#2
U TUN
2012-08-24 17:46
တပ်မတော်က သမိုင်းတရားခံ အဖြစ်မခံနိုင်လို့နဲ့တူတယ်
+84
#1
salamander
2012-08-24 16:52
Quote:
တပ်မတော်သား ကိုယ်စားလှယ်များအားလုံးကမူ ဆန္ဒပြုခဲ့ခြင်းမရှိကြောင်း သိရသည်။ဒီစစ်ဗိုလိတွေ လွှတ်တော်ထဲ ဘာလာလုပ်နေတာလဲ။ အားလုံးက အမြဲတမ်း တသွေးတသံတမိန်.ပဲ။ ဒီမိုကရေစီစနစ်နဲ. ဒါမျိုးတွေနဲ. ဘယ်လိုမှ မအပ်စပ်ပါဘူး။ တပ်မတော်သားကိုယ်စားလှယ်အားလုံးက အမြဲတမ်း အတူတူပဲဆိုရင်လည်း စစ်ဗိုလ်တစ်ယောက်လာထိုင်နေရင်ရပြီပဲ။ ဒီလောက်အများကြီး ဘာလုပ်မှာလဲ။ ပိုက်ဆံကုန် မျက်စိနောက်တာပဲ အဖတ်တင်တာပေါ.။
Subscribe to:
Posts (Atom)
ခင်ဗျားတို့ အနေနဲ့ တစ်ခုခုတော့ ဆောင်ရွက်ပေးသင့်တယ်။
ပြည်နယ်ဒေသအသီးသီးမှ ပြည်သူလူထုကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် အမတ်မင်းများ ဘာတွေလုပ်နေကြသနည်း
အခြေခံလူတန်းစား လူထုအကျိုးစီးပွါးကိုတောင်မှ မကာကွယ်မစောင့်ရှောက်နိုင်ပဲ မည်သည့်နိုင်ငံတော်တိုးတက်ရေးကို ဆောင်ရွက်နိုင်ပါမည်နည်း
What a shame??? Not a single cent for Myanmar or the people from that area. Chinese and Junta...
စွန့်ပစ်မြေတွေကလည်းတစ်ပုံကြီးဘဲ။တောင်တွေပြီးရင် မြေကြီးကိုပါ
တူးကြဦးမယ်။ရာသီဥတုကအလိုလိုမှပူရတဲ့အထဲ တောင်တွေမရှိ
တော့ပိုဆိုး။ပြီးတော့ အဲဒီဘက်ကရွာသားတွေမှာမိုင်းခွဲသံတွေခဏ
ခဏကြားကြရတော့ နားတွေလေးကုန်ကြပြီကြားတယ်။သူတို့မပြောနဲ့ အဲဒီနဲ့အတော်
လှမ်းတဲ့အရှေ့ဘက်ကမ်းက ကျွန်တော်တို့မုံရွာမှာတောင်
တစ်ခါတစ်လေ အိမ်တွေတုန်သွားတဲ့အထိဘဲ။အဲဒီသွားရင်တွေ့ပါ
လိမ့်မယ် ဘန်ဂလိုတွေနဲ့တရုတ်အိမ်တွေအများကြီး။နောက်ပြီး
တော့ စစ်တပ်နဲ့ရဲကအဲဒီမှာလုံခြုံရေးအမြဲချထားတယ်တဲ့။
တရုတ်ရဲ့ ကျူးကျော်စော်ကားမှုတွေကို ခေါင်းငုံ့မခံမှ ဖြစ်မယ့်အချိန်ပါ ။
ကိုယ့်လူမျိုးအချင်းချင်းကို ဒိုင်းတွေ၊သေနတ်တွေနဲ့။သတ္တိပြောင်ချက်ကတော့ကမ်းကုန်ပဲ။
ကုန်းပေါ်ကကောင်တွေကတော့.......မပြောချင်တော့ပါဘူးဗျာ။
အချုပ်တန်းဆရာဖေ ကဗျာပဲသတိရမိတော့တယ်။
" မှီးငြမ်းထောက် အသစ်မှီတယ်၊ ညစ်ပလီ လူမျိုး၊
မိပစ်လို့ ဖရှောင်သွေသည်၊ ခွကောင်တွေ ခွေးဖြစ်ပေါ့ ဗျိုး။
မြန်မာချင်း ကြွားကြချင်၊ ဓားပြသွင် သူခိုး "
ကိုယ့်လူမျိုးတွေဘိုးဘွားဘီဘင်လက်ထက်ကနေလာကြတဲ့နေရာကို...ကောက်ရိုါ်ပုံစောင့်တဲ့ေ-ွးလိုပဲကျင့်ကြံကြမယ်။
ပိုက်ဆံမျက်နှာနဲ့အဲဒီအသားဖြူဖြူ မျက်လုံးမှေးမှေးကောင်တွေကိုထိပ်ပေါ်တင်ဦးချနေကြမယ်ဆိုရင်တော့...
ပြည်သူ့ရဲ တို့....ပြည်သူ့တပ်မတော်တို့...အသံကောင်းဟစ်နေလဲအလကားပါပဲ....
မြန်မာပြည် တို.ဘို.ဘွားအမွေစစ်မို.
ချစ်မြတ်နိုးပေ။
ပြည်ထောင်စုကို အသက်ပေးလို.
တို.ကာကွယ်မလေ။
ဒါတို.ပြည် ဒါတို.မြေ တို.ပိုင်နက်မြေ
တို.ပြည် တို.မြေ အကျိုးကို ညီညာစွာ
တို.တစ်တွေ ထမ်းဆောင်ပါစို.လေ
တို.တာဝန်ပေ အဖိုးတန်မြေ။
တို.လူမျိုးတွေကို နိုင်ငံတကာက နှိမ့်ချကြတယ်။ယိုးဒယားမှာလည်း ယိုးဒယားမှာမလို. ဖမာ့ ဖမာ့နဲ. နှိမ်ချင်ကြတယ်။တရုတ်ပြည်မှာလည်း လောင်မြန်း လောင်မြန်း ဆိုပြီးနှိမ်းကြတယ်။ကဲ ကိုယ့်နိုင်ငံ အတွင်းမှာမှ ထပ်ပြီးအနှိမ်ခံရရင် ဘယ်သူ.အပြစ်လဲ??ကိုယ့်အမျိုးကို ကိုယ်ချစ်ကြပါ။ကိုယ့်နိုင်ငံကို ကာကွယ်ကြပါ။ေ-ာက် တယုတ်တွေ ကိုယ့်နိုင်ငံလာပြီးစောကားနေတာတွေကို အစိုးရအနေနဲ. ပြည်သူ.မျက်နာလေးကို ထောက်ထားပြီးကာကွယ် စောင့်ရှောက်ပေးပါလို. အသနားခံပါတယ်။
ဒို့ဖေကြီးကိုကာကွယ်မလေ....
ဒို့ဖေကြီးကိုကာကွယ်မလေ....