Wednesday, August 8, 2012

KIA/KIO အဖွဲ့မှ နိုင်ငံတော်သမ္မတ ပြောကြားချက်များနှင့်ပက်သက်၍ သဘောတူညီမှုများ မရရှိသေး

KIA/KIO အဖွဲ့မှ နိုင်ငံတော်သမ္မတ ပြောကြားချက်များနှင့်ပက်သက်၍ သဘောတူညီမှုများ မရရှိသေး

12:14 PM  ကချင်နေ့စဉ်သတင်း  
သြဂုတ် (၉)
KIA ဗဟိုဌာနချုပ် (လိုင်ဇာ)မှာရှိတဲ့ လိုင်ဇာဟိုတယ် စတုတ္တထပ်မှာ ပြီးခဲ့တဲ့ သြဂုတ် (၇) ရက်နေ့က KIO ဥက္ကဌ ဦးဇောင်းဟားရား ဦးစီးပြီး အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။
နေ့လည်(၁)နာရီမှာ ပြုလုပ်ခဲ့တဲ့ ဒီအစည်းအဝေးကို ကေအိုင်အေ ဗဟိုကော်မတီဝင်တွေနဲ့ တစ် ဘက် တရုတ်နိုင်ငံသား ကချင်လူမျိုးစုခေါင်းဆောင်တွေနဲ့ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက် ခဲ့တယ် လို့သိရှိရ ပါတယ်။
အစည်းအဝေးမှာ ကေအိုင်အေ/ကေအိုင်အိုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂထံသို့ နိုင်ငံတော် သမ္မတ ၏ ပြောကြားချက်တွေကို အယုံအကြည်မရှိကြောင်း ဦးဒွဲပီချာ က အောက်ပါအတိုင်း ဖတ်ကြားရှင်းလင်း အဆိုပြုခဲ့ပါတယ်။
“ ၂၀၁၂ ဇူလိုင်လ ၂၅ ရက် ကနေ သြဂုတ်လ (၅) ရက်နေ့အတွင်းမှာ မြန်မာနိုင်ငံကို ပြည်ပနဲ့ ကုလသမဂ္ဂမှ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားအရေးဆိုင်ရာ အဖွဲ့အစည်း ကိုယ်စား လှယ် တွေရောက်ရှိခဲ့ကြောင်း ၊ နိုင်ငံတော် သမ္မတနဲ့ တာဝန်ရှိသူတွေဟာ တိုင်းရင်းသားရေးရာနဲ့ ပတ်သက်တဲ့ ကိစ္စတွေဆွေးနွေးခဲ့တာကိုလည်း တွေ့ရှိရ ကြောင်း၊ အဆိုပါ တွေ့ဆုံမှုတွေမှာ နိုင်ငံတော် သမ္မတက မိမိတို့ ကေအိုင်အို/ ကေအိုင်အေ နဲ့ပတ်သက်ပြီး ပြောကြား ချက်တွေ အများအပြားရှိကြောင်း ၊
နိုင်ငံတော် သမ္မတ ပြောကြားချက်တွေထဲက ‘ နိုင်ငံတော် အစိုးရဟာ တိုင်းရင်းသား အားလုံးပါဝင်တဲ့ ပင်လုံညီလာခံတစ်ရပ်ကို အမြန်ဆုံးပြုလုပ်နိုင်ရေး ကြိုးပမ်းနေကြောင်း၊ အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များကိုလည်း အသိပေးအကြောင်းကြားချက်တွေ ပြုလုပ်ပြီး ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခြင်း၊ နိုင်ငံတော်မှ သဘောထား ကြီးစွာနဲ့လိုက်လျောမှုပြုလုပ်ခဲ့ခြင်းတွေကြောင့် သဘောတူညီမှုများရရှိခဲ့ပြီး ဖြစ်သော်လည်း ကေအိုင်အေ / ကေအိုင်အို အဖွဲ့တွေဟာ နိုင်ငံတော်ရဲ့ လက်တွဲခေါ်ဆိုမှုတွေကို အကြိမ်ကြိမ် ငြင်းဆန်မှုတွေ ပြုလုပ်နေတဲ့ အတွက် ရရှိသင့် သည့်သဘောတူညီမှုများ မရရှိသေးကြောင်း ၊နိုင်ငံတော်အနေနဲ့ ကေအိုင်အို/ကေအိုင် အေ နဲ့ ငြိမ်းချမ်းရေး ရရှိသည်အထိ ကြိုးစားသွားမယ်ဆိုတဲ့ အကြောင်းအရာတွေ  အဆိုပြုခဲ့ပါတယ်။
Posted in: သတင်း

“၈၈၈၈ အပေါ် သစ္စာရှိမရှိဆိုတာ အရေးကြီးတဲ့ စံတခုဖြစ်တယ်”



“၈၈၈၈ အပေါ် သစ္စာရှိမရှိဆိုတာ အရေးကြီးတဲ့ စံတခုဖြစ်တယ်”

ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၈ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၀၈ မိနစ်

ptks
ရဲဘော်ဖိုးသံချောင်း
(ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ)
နယူးဒေလီ (မဇ္ဈိမ) ။       ။ ၈၈၈၈ ခေါ် ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံ ပေါ်ပေါက်လာချိန်သည် ဗိုလ်ချုပ်ကြီး
နေဝင်း ဦးဆောင်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)၏ တပါတီ အာဏာရှင်စနစ်ဖြင့် တိုင်းပြည်အား အုပ်ချုပ်နေချိန် ဖြစ်သည်။
တနိုင်ငံလုံး ဒီမိုကရေစီတောင်းဆို အုံကြွကြသည့် ယင်းကာလ မတိုင်မီ နိုင်ငံရေးပါတီဟူ၍ မြို့ပေါ်တွင် မဆလ၊
တောထဲတွင် ဗကပ ဟူ၍သာ ရှိခဲ့သည်။
ပြည်သူလူထုကြီး၏ ထိုအရေးတော်ပုံအား စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး အာဏာသိမ်းလိုက်သည်။ အာဏာသိမ်း နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) စစ်ခေါင်းဆောင်များဖြစ်ကြသည့် ဗိုလ်ချုပ်မှူးကြီး စောမောင်
နှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့က ၎င်းတို့၏ အကြိမ်ပေါင်း ရာနှင့်ချီ ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲများတွင် ထို ၈၈၈၈ အရေးတော်ပုံကြီးအား ဗကပ များ သွေးထိုးမြှောက်ပင့်၍ ဖြစ်လာရပြီး ဗကပ များ၏ နိုင်ငံတော်အာဏာ သိမ်းပိုက်ရေး အကြံအစည်အဖြစ် ပုံဖော်ကာ စာအုပ်စာတမ်းများ ရောင်စုံထုတ်ဝေ ဖြန့်ချိခဲ့ကြသည်။
ထို့ကြောင့် ထို ၈၈၈၈ အရေးတော်ပုံကာလ ဗကပ ၏ အခန်းကဏ္ဍ၊ ၂၄ နှစ်ကြာ ဒီမိုကရေစီတိုက်ပွဲအပေါ် သုံးသပ်ချက်၊ ၁၃ဝဝ ပြည့် အရေးတော်ပုံနှင့် နှိုင်းယှဉ်ချက်တို့ကို သိရှိနိုင်ရန်အတွက် ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ပြောရေးဆိုခွင့် ရှိသူ ရဲဘော်ဖိုးသံချောင်း အား မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသည်။
၈၈၈၈ အရေးအခင်းကို ဗကပ တွေ သွေးထိုးတာလို့ အာဏာသိမ်းအစိုးရက ပြောကြ၊ သတင်းစာရှင်းကြ၊ မှတ်တမ်းစာအုပ်တွေ ထုတ်ကြပါတယ်။ ဒီလိုစွပ်စွဲချက်နဲ့ပတ်သက်ပြီး ဗကပ အနေနဲ့ ဘယ်လို တုန့်ပြန်လိုပါသလဲ။
ဖြေ။   ။ ၈၈၈၈ အရေးတော်ပုံကြီးဟာ ပြည်သူတရပ်လုံးရဲ့
၁၃၀၀ ပြည့် အရေးတော်ပုံဟာ ဖြစ်ပေါ်ပြီး ကိုးနှစ် အကြာမှာ တိုက်ပွဲအသီးအပွင့်တွေ ခံစားရပါတယ်။ ဒါပေမယ့် ရှစ်လေးလုံး အရေးတော်ပုံကတော့ ၂၄ နှစ် ကျော်လွန်ခဲ့ တာတောင်မှ အသီးအပွင့်တွေကို မမြင်ရသေး ပါဘူး။
အရေးတော်ပုံကြီးပါ။ ပြည်သူလူထုကြီးရဲ့ လိုလားချက်တွေ ကို ပြည်သူလူထုကြီးက တောင်းဆို တိုက်ပွဲဝင်ကြတာပါ။ ဘယ်အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ် တဦးတယောက်ကမှ ဒါ
ငါတို့ လုပ်တာ၊ ငါတို့ လက်ရာလို့ အမှတ်မယူနိုင်ပါဘူး။
နောက်ပြီး ဒီအရေးတော်ပုံကြီးဟာ သူ့ရှေ့က ပေါ်ခဲ့တဲ့
၇ ရက် ဇူလိုင် အစချီတဲ့ တိုက်ပွဲတွေနဲ့လည်း ဆက်နေပါ
တယ်။ ခွဲလို့ မရပါဘူး။ ဒီအရေးတော်ပုံကြီးမှာ ဗကပ ဟာ သူတတ်နိုင် တဲ့ အခန်းက အစွမ်းကုန် ပါဝင်ခဲ့ပါတယ်။ ပေးဆပ်မှုတွေလည်း ပြုလုပ်ခဲ့ရပါတယ်။ ဗကပ သမိုင်းမှာ ဘယ်သူ့ကိုမှ သွေးမထိုးခဲ့ပါဘူး။ ကိုယ့်သဘောထားကို ရှင်းပြခဲ့တာပဲ ရှိပါတယ်။ သွေးထိုးတယ် ဆိုတာက ၈၈၈၈ အရေးတော်ပုံတုန်း က ဆန္ဒပြကြသူတွေအကြား ရှုပ်ထွေးအောင် ထောက်လှမ်းရေးကလုပ်တဲ့ မြှောက်ပေးနည်းမျိုး ကိုသာ ပြောနိုင်ပါတယ်။ ဒီပဲယင်း အရေးတော်ပုံ တုန်းကလည်း အရက် ကိုးမောင်းတိုက် သွေးထိုးခဲ့ပါတယ်။
၈၈၈၈ အရေးတော်ပုံကို ၁၃၅၀ ပြည့် အရေးတော်ပုံလို့လည်း ခေါ်ကြပါတယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ ဒီ ၁၃၅၀ ပြည့် အရေးတော်ပုံ နှစ်ခု တူညီချက်တွေနဲ့ ထူးခြားချက်တွေ နှိုင်းယှဉ်ပြပေးပါ။
ဖြေ။  ။ ဗကပ အနေနဲ့ ၁၉၈ဝ စုနှစ်များ အစပိုင်းကစပြီး ၁၃ဝဝ ပြည့်နှစ် စိတ်ဓာတ်ကို ပြန်ဖော်ထုတ်ဖို့ လှုံ့ဆော်ခဲ့ပါ တယ်။ မြေအောက်ပုံစံနဲ့ပါ။ ၁၃၀၀ ပြည့် အရေးတော်ပုံမှာ ပါဝင်ခဲ့ဖူးသူတွေနဲ့ နိုင်ငံရေးသမားဟောင်းကြီးတွေအပြင် စာပေအနု ပညာသည်တွေ၊ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေဆီကို လှမ်းဆက်သွယ်ပြီး ၁၃၀၀ ပြည့်နှစ် တုန်းကလိုပဲ တပြည်လုံး သွေးစည်းပြီး စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ကြဖို့ တင်ပြခဲ့ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံနဲ့ ၁၃ဝဝ ပြည့် အရေးတော်ပုံတို့ရဲ့တူညီချက်နဲ့ မတူညီတဲ့ အချက်တွေကို ပြောရရင် တချက်က ၁၃ဝဝ ပြည့် အရေးတော်ပုံဟာ ဖြစ်ပေါ်ပြီး ကိုးနှစ် အကြာမှာ တိုက်ပွဲအသီးအပွင့်တွေ ခံစားရပါတယ်။ ဒါပေမယ့် ရှစ်လေးလုံး အရေးတော်ပုံကတော့ ၂၄ နှစ် ကျော်လွန်ခဲ့တာတောင်မှ အသီးအပွင့်တွေကို မမြင်ရသေးပါဘူး။
ငွေရတု ပြည့်လုလု ၂၄ နှစ်အကြာမှာ ဒီ ၈၈၈၈ အရေးတော်ပုံအပေါ် ဘယ်လို သုံးသပ်မိပါသလဲ။ ရည်မှန်းချက်ကို ဘာ့ကြောင့် မရောက်နိုင်သေးရသလဲ။
ဖြေ။   ။၁၃ဝဝ ပြည့် အရေးတော်ပုံ ကာလတုန်းက နိုင်ငံကြီး
ဦးသိန်းစိန် အစိုးရဟာ ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားကို ငွေလှူတာလို အပေါ်ယံ ဟန်ဆောင်လုပ်ငန်းတွေ လုပ်ပြနေပါတယ်။ သူတို့ဟာ ဖြစ်နိုင်မယ်ဆိုရင် ရှစ်လေးလုံး အလံကိုတောင် အပိုင်စီးတာ လုပ်သွားနိုင်ပါ တယ်။ ဒီလိုနဲ့ ရှစ်လေးလုံး အရေးတော်ပုံရဲ့ အဓိက အကျဆုံး စိတ်ဓာတ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးဆိုတာ
မှေးမှိန်သွား၊ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေထဲက ဒီမိုကရေစီဆိုတာဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးက တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီပဲ ဖြစ်သယောင်ယောင် လုပ်လာနိုင်ပါတယ်။
တွေဟာဒုတိယကမ္ဘာစစ်နဲ့ အကုန် အလုပ်များနေကြ တာပါ။ သူများနိုင်ငံ အရေးကို ဝင်မရှုပ်နိုင်ကြပါဘူး။ ဒီတော့ ဗမာ
ပြည်သူတွေဟာ အင်္ဂလိပ်အခက်-ဗမာ့အချက် ဆိုတဲ့ ကြွေး
ကြော်သံကို တင်ပြီး ကိုယ့် လွတ်လပ်ရေးအတွက် ကိုယ်လုပ် ခဲ့နိုင်ကြပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံ ပြီးတဲ့အခါနဲ့ ဆိုဗီယက်အုပ် စုပြိုကွဲတာ၊ စစ်အေးစစ်ပွဲ ပြီးဆုံးတာနဲ့ သွားတိုက်ဆိုင်နေပါတယ်။ ဒီတော့ နိုင်ငံကြီးတွေ သြဇာခံ
နယ်ပယ် အလုအယက် စည်းရုံးတိုးချဲ့နေတာနဲ့ ကြုံရပါ
တယ်။ ဒီအထဲမှာ ဗမာပြည်ဟာလည်း သီးခြားကင်းလွတ်
နေတာ မဟုတ်ပါဘူး။
နောက်တချက် ပြောသင့်တာက ၁၃ဝဝ ပြည့် အရေးတော်ပုံ
တုန်းက တိုက်ပွဲဝင်သူတွေ အကြားမှာ တူညီတဲ့ ဘုံလမ်းစဉ် ရှိခဲ့ပါတယ်။ နောက်ပြီး အမျိုးသား ညီညွတ်ရေးလည်း ရှိခဲ့ပါတယ်။ အဲဒါနဲ့ ပြောင်းပြန် ရှစ်လေးလုံး နောက်ပိုင်းမှာ တိကျ တဲ့ ဘုံလုပ်ငန်းစဉ် မရှိဘဲ သူတလူ ငါတမျိုး ဖြစ်နေခဲ့ပါတယ်။ တဆက်ထဲ အမျိုးသားညီညွတ်ရေးလည်း လျော့ရဲခဲ့ပါ တယ်။
၈၈၈၈ နှစ်ပတ်လည်မှာ ဖြည့်စွက်ပြောလိုတာများရှိရင် ပြောပါ။
ဖြေ။   ။ အထက်မှာ ပြောခဲ့သလိုပဲ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ အောင်ပွဲ မရသေးပါဘူး။ ဒါပေမယ့် ဒီလိုပြောတဲ့ အတွက် ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ရှုံးနိမ့်သွားပြီလို့ မဆိုနိုင်ပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့
တောင်းဆိုချက်တွေဟာ ဒီနေ့အခါမှာလည်း တောင်းဆိုတိုက်ပွဲဝင်ရမယ့် တောင်းဆိုချက်တွေ ဖြစ်မြဲ ဖြစ်နေပါသေး တယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးအပေါ် သစ္စာရှိမရှိဆိုတာ ဒီနေ့ နိုင်ငံရေး လုပ်သူတွေကို တိုင်းတာမယ့် အရေးကြီးတဲ့ စံတခု ဖြစ်ပါတယ်။ ဒီနေ့အခါမှာ ဦးသိန်းစိန် အစိုးရဟာ ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားကို ငွေလှူတာ လို အပေါ်ယံ ဟန်ဆောင်လုပ်ငန်းတွေ လုပ်ပြနေပါတယ်။ သူတို့ဟာ ဖြစ်နိုင်မယ်ဆိုရင် ရှစ်လေးလုံး အလံကိုတောင် အပိုင်စီးတာ လုပ်သွားနိုင်ပါတယ်။ ဒီလိုနဲ့ ရှစ်လေးလုံး အရေးတော်ပုံရဲ့ အဓိက အကျဆုံး စိတ်ဓာတ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးဆိုတာ မှေးမှိန်သွား၊ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေထဲက ဒီမိုကရေစီဆိုတာဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးက တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီပဲ ဖြစ်သယောင်ယောင် လုပ်လာနိုင်ပါတယ်။
ဒါကြောင့် ဒီနေ့ခေတ် ကျောင်းသား လူငယ်တွေရော၊ ရှစ်လေးလုံးတုန်းက ပါဝင် တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဟန်းရှင်လူ အများရော အခုအခါမှာ ရှစ်လေးလုံး အလံကို မြင့်မြင့်မားမား လွှင့်ထူပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အရေးတော်ကို ဆက်လက် အကောင်အထည် ဖော်ရပါမယ်။ တဆက်ထဲမှာလည်း ရှစ်လေးလုံးအလံကို ဘယ်သူ တဦးတယောက်၊ တဖွဲ့တပါတီကမှ လက်ဝါးကြီးအုပ် အမြတ်မထုတ်နိုင်အောင်လည်း သတိပြုရပါမယ်။
ရှစ်လေးလုံး အရေးတော်ပုံ ကြီးမြတ်တာဟာ လူထုကြီး တခဲနက်ပါဝင်ခဲ့လို့ပါ။ ဒီနေ့ ဗမာပြည်မှာ လိုအပ်နေတာကလည်း ဒီလိုပဲ လူထုကြီး တခဲနက်ပါဝင်တဲ့ တိုက်ပွဲတွေ ဖော်ထုတ်ဖို့ပါ။   ။

စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ နှစ်သောင်းနီးပါး ဒဏ်ရိုက်ခံရ


စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ နှစ်သောင်းနီးပါး ဒဏ်ရိုက်ခံရ

ရန်ကုန် (မဇ္ဈိမ) ။      ။ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများအား ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု
ကော်မတီက ဇန်နဝါရီလမှ စတင် အရေးယူခဲ့ရာ ဇူလိုင်လ ကုန်အထိ ၁၉,၄၉၂ ဦးကို ဒဏ်ကြေးတပ် အရေးယူခဲ့သည်။
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် ဖြစ်သည့် ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ အလုံ တို့တွင် စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ အများဆုံး ဖမ်းဆီးရမိခဲ့ကာ ဒဏ်ကြေးငွေပေါင်းကျပ် ၄၂၉ သိန်းခန့် ရန်ကုန်တိုင်း အစိုးရက ရရှိခဲ့သည်။
“အခုလို စည်းကမ်းမဲ့ လမ်းဖြတ်ကူးတဲ့သူတွေကို ဖမ်းဆီးအရေးယူမှုက စီမံချက် ကာလအနေနဲ့ လုပ်တာ မဟုတ်ဘဲ ဆက်တိုက် အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု ယာဉ်စည်းကမ်း ကြီးကြပ်မှု ကော်မတီ၏ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။
ယာဉ်အသွားအလာများသော လမ်းဆုံများ၏ လူကူးရန် သတ်မှတ်ထားသော နေရာများမှ ဖြတ်မကူး၍ ဖမ်းဆီးခံရသော
သူများကို နီးစပ်ရာ ယာဉ်ထိန်းနယ်မြေ ရဲစခန်းသို့ ခေါ်ဆောင်ကာ တဦးလျှင် ကျပ် ၂,၂၀၀ နှုန်းဖြင့် ဒဏ်တပ်သည်။ ဖမ်းဆီးခေါ်ဆောင်သော ကားများ လူပြည့်မှ ထွက်လေ့ရှိသဖြင့် ဒဏ်ငွေဆောင်ရန် နာရီအတန်ကြာ စောင့်ဆိုင်းရလေ့ ရှိသည်။
ရန်ကုန်တိုင်း အစိုးရက စည်ပင်သာယာရေးကော်မတီသို့ တာဝန်ပေးချက်အရ စည်းကမ်းမဲ့ လမ်းကူသူများ ဖမ်းဆီးခြင်း ကို ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များအပြင် ပင်စင်စား စစ်မှုထမ်းဟောင်း၊ ရဲဝန်ထမ်းဟောင်း ၆ဝ ကလည်း ဖမ်းဆီး အရေးယူမှု များ ပြုလုပ်ပေးလျက် ရှိသည်။ စည်ပင်သာယာရေးကော်မတီအနေဖြင့် အဆိုပါ ပင်စင်စားများကိုလည်း နေ့စား လုပ်အားခ ကျပ် ၂,၁ဝဝ ပေးသည်။
“စည်ပင်ဝန်ကြီးက အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေရေးကဏ္ဍမှာ ဥက္ကဋ္ဌဖြစ်တာကြောင့် အငြိမ်းစား ဝန်ထမ်းတွေရဲ့ လုပ်အားကို ပြန်အသုံးချချင်တဲ့အတွက် စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို လိုက်လံဖမ်းဆီးမှုမှာ အငြိမ်းစားဝန်ထမ်း
တွေကို အခုလို ခန့်အပ်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။