Monday, August 6, 2012
ကျောက်ဖြူတွင် မီးရှို့ရန် ကြံစည်မူ စွဲချက်ဖြင့် လူတစ်ဦး ဖမ်းဆီးခံရ
ကျောက်ဖြူတွင် မီးရှို့ရန် ကြံစည်မူ စွဲချက်ဖြင့် လူတစ်ဦး ဖမ်းဆီးခံရ 
ကျောက်ဖြူမြို့တွင်  မီးရှို့ရန် ကြံစည်မူ စွဲချက်ဖြင့် လူတစ်ဦးကို  သြဂတ်စ်လ ၄ ရက်နေ့က ရဲက ဖမ်းဆီး လိုက်ကြောင်း သတင်း ရရှိသည်။
ဖမ်းဆီးခံရသူမှာ ကျောက်ဖြူမြို့ မြို့ပေါ်ရပ်ကွက် တစ်ခုဖြစ်သည့် အရာရှိရပ်ကွက် အမှတ် ၄ လမ်းတွင် နေထိုင်သူ  ဗလီ ဥက္ကဌ – အဘ ဦးသန်းအောင်၏ သား ဦးသန်းဌေး (ခ) အင်္ဂလိပ်၊ အသက် (၃၈)နှစ် ဆိုသူဖြစ်သည်။
ယခု ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တဦး လည်းဖြစ်၊ တရားရုံးချုပ် ရှေ့နေ အငြိမ်းစား တစ်ဦး လည်းဖြစ်သူ ဦးဘရှင်ကို မေးမြန်းရာ သူက  ယခုကဲ့သို့ အတည်ပြုပြောကြားသည်။
“ ဗလီ တာဝန်ခံ တစ်ယောက်ကို ဖမ်းထားပြီး တရားစွဲဖို့ စီစဉ်နေတယ် ဆိုတာကို ကြားသိရပါတယ်။ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆၊ ၅၁၁ နဲ့ အမှုဖွင့်ထားတယ်လို့ သတင်းရရှိပါ တယ်။ ပြစ်မှုဆိုင်ရာ တရား ဥပဒေ ပုဒ်မ ၄၃၆၊ ၅၁၁ တို့က  မီးရှို့ဖို့ ကြိုတင် စီစဉ်တဲ့ အစီအစဉ်နဲ့ တရားစွဲဆိုတာ ဖြစ်ပါတယ်။
 ဥပဒေ ပေတံနဲ့ တိုင်းမယ် ဆိုလို့ ရှိရင် အဲဒီလိုဘဲ တရားစွဲရမှာ ဖြစ်တယ်” ဟု ပြောသည်။
ဦးသန်းဌေး (ခ) အင်္ဂလိပ်ကို အရှည် တစ်တောင်ခန့်ရှိသော ထင်းချောင်းများ ပေါ်တွင် ဆီစိမ် အ၀တ် ၄ လက်မခန့် ပတ်ထားသော မီးရှို့ရန် စီစဉ်ထားသည့် ထင်းချောင်း ၁၃ ချောင်း နှင့် အတူ ဖမ်းဆီး ရမိခဲ့သည်ဟု အရာရှိ ရပ်ကွက်မှ လူငယ် တစ်ဦးက ပြောသည်။
“သမ္ဗာန်ချောင်းရပ်ကွက်နဲ့ ကျွန်တော်တို့ အရာရှိ ရပ်ကွက်ကို ဒီလ ၄ ရက်နေ့ နံနက် အစောကြီး  ၃ နာရီ လောက်မှာ ဧည့်စာ ရင်းလာစစ်ပါတယ်။ ဧည့်စာရင်း စစ်တဲ့ အခါမှာ သူ့ကို မီးရှို့ဖို့ စီစဉ်ထားတဲ့ မီးချောင်း တွေနဲ့ အတူ ဖမ်းမိတာဖြစ်ပါတယ်။
ကျွန်တော်တို့ကတော့ ၄ ရက်နေ့ နေ့လည်မှ စလို့ သိရပါ တယ်။ ကျောက်ဖြူ အရာရှိ ရပ်ကွက်က ဗလီဥက္ကဌပါ။ အခု သူ့ကို အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်ပြီး တရားစွဲဖို့ လုပ်နေပါတယ်” ဟု ဆိုသည်။
ယခု အမှုနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့တွင် ပါဝင် ပတ်သက်နိုင်သူများဟု  သံသယ ရှိသူ ၁၀ ယောက်ထက် မနည်းကိုလည်း ရဲက ဖမ်းဆီးထားသည် သိရသည်။ သို့သော် အတည် မပြုနိုင်ခြင်း မရှိသေးပါ။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သေချာစွာ သိရှိနိုင်အောင် နိရဉ္စရာက ကျောက်ဖြူရဲစခန်းကို မေးမြန်းရာ ဖုံးကိုင်သူ ရဲအရာရှိက ခဏကိုင်ထားပါဆိုပြီး နောက်ပိုင်းတွင် ကျွန်တော် အခုမှ ဂျူတီ ချိန်းလာတာပါ၊ အဲဒီကိစ္စ မသိရသေးပါဟု ပြောဆိုကာ ဖုံးချသွားခဲ့ပါသည်။
 ဖုံးကိုင်ထားစဉ် အတွင်း “ ဟိုကိစ္စမေးနေပါတယ်၊ ဘယ်လို ဖြေကြားလိုက်ရမလဲ” ဟု အထက် တာဝန်ရှိသူကို မေးမြန်းသံများကိုလည်း ဖုံးထဲမှ နိရဉ္စရာမှ ကြားသိ ခဲ့ရပါသည်။
မီးရှို့ရန် ကြံစည်မှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာက တရားဝင်ထုတ်ပြန်ပေးခြင်း မရှိသဖြင့် ကျောက် ဖြူ ဒေသခံ အကြားတွင် အဆိုပါ ဖမ်းဆီးမူနှင့် ပတ်သက်ပြီး အမျိုးမျိုး သတင်းများ ဖြစ်ပေါ်နေကာ ကောလဟလ သတင်း များကြောင့် မလိုလားအပ်သော အကျိုးဆက်များ   ဖြစ်ပေါ် လာမည်ကိုလည်း အများက စိုးရိမ်နေကြောင်း သိရသည်။
နိရဉ္စရာ
သရက်ချောင်းရေတံခွန်
သရက်ချောင်းရေတံခွန်
(Kyawthusoe)
နိုင်ငံတော်သမ္မတအား ပုတ်ခတ်ပြောဆိုသူကို အရေးယူပေးရန် သမ္မတရုံးသို့စာတင်
နိုင်ငံတော်သမ္မတအား ပုတ်ခတ်ပြောဆိုသူကို အရေးယူပေးရန် သမ္မတရုံးသို့စာတင်
သြဂုတ် ၎
နိုင်ငံတော်သမ္မတကြီးအားပုတ် ခတ်ပြောဆိုမှုကိုအရေးယူပေးရန် ပြည်သူတစ်ဦးကနိုင်ငံတော်သမ္မတ ထံသို့စာတင်မှုရွှေပြည်သာမြို့နယ်၌ ဖြစ်ပွားခဲ့သည်။
နိုင်ငံတော်သမ္မတကြီးမှ ဒီမို ကရေစီဖြစ်ထွန်းရေးကြိုးပမ်းအား ထုတ်မှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် သန်္နိဋ္ဌာန်ချမှတ်ဆောင်ရွက် နေမှုများနှင့် ပြည်သူလူထုအကျိုး စီးပွားအတွက်မှန်ကန်စွာထားရှိသော  စေတနာများကြောင့် ပြည်သူများက လေးစားနေသည့်အချိန်ကာလတွင် ရွှေပြည်သာမြို့နယ်၌ နေထိုင်သူပါ တီကြီးတစ်ခုမှ အဖွဲ့ဝင်တစ်ဦးက ပြည်သူလူထုအကြည်ညိုပျက်စေ ရန်နှင့် အထင်လွဲမှားစေရန် ပြောဆို မှုများပြုလုပ်ခဲ့သဖြင့် ယင်းကဲ့သို့တင် ပြခြင်းဖြစ်ကြောင်းသိရှိရသည်။
အဆိုပါ ပြောဆိုမှုများကိုလက်  ဖက်ရည်ဆိုင်များတွင်ပြောဆိုခဲ့ ကြောင်း၊ နိုင်ငံတော်သမ္မတထံသို့ တိုင်ကြားသူဦးတင်ဝေကဆိုသည်။ ယင်းကဲ့သို့လူအများရှေ့တွင် ရုန်း ရင်းကြမ်းတမ်းသောစကားများဖြင့် ပြောဆိုမှုများကိုမခံရပ်နိုင်၍ ရွှေ ပြည်သာမြို့နယ်၊ ၁၀ ရပ်ကွက်တွင် နေထိုင်သူဦးတင်ဝေက နိုင်ငံတော် သမ္မတရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ (ရုံးချုပ်) နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ထံသို့ ဇူလိုင်ဒုတိယပတ်ကတိုင်ကြား ခဲ့ကြောင်းသိရသည်။
“ကျွန်တော့်သားအရွယ်လောက် ပဲရှိတာ၊ သမ္မတကိုအခုလိုရိုင်းရိုင်း စိုင်းစိုင်းပြောတာ၊ တစ်နေရာတည်း မှာပြောတာမဟုတ်ဘူး။ လူအများ ထိုင်တဲ့ လက်ဖက်ရည်ဆိုင်တွေရှေ့ မှာပြောဆိုတာ။ ပြောဆိုတဲ့သူက လည်း ကြိုက်တဲ့နေရာသွားတိုင် ဂ ရုမစိုက်ဘူး””လို့ပြန်လည်ပြောဆိုခဲ့ ကြောင်း တိုင်ကြားသူဦးတင်ဝေက ဆိုသည်။
မော်ကျွန်းသူ
ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်ကို လေးခွနှင့်ပစ်၍ထောင်ကျသည့်ကိစ္စနောက်ကွယ်တွင် ရွာသားများ မကျေမနပ်ဖြစ်နေကြ
ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်ကို လေးခွနှင့်ပစ်၍ထောင်ကျသည့်ကိစ္စနောက်ကွယ်တွင် ရွာသားများ မကျေမနပ်ဖြစ်နေကြ
သြဂုတ် ၅
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျောက္ကလပ်ကျေးရွာအုပ်စု ပြည်ခိုင် ဖြိုးပါတီဆိုင်းဘုတ်ကို မူးယစ် သောက်စား လေးခွနှင့်ပစ်၍ ထောင်ခုရက်ကျခံရသူမှာ ရပ်ရွာမှ ကြင်နာသနားခံရသူ အိမ်ယာမဲ့တစ် ဦးဖြစ်ရာ အမှုကိစ္စအတွက် ၀ိုင်းဝန်း ထောက်ပံ့ငွေလည်းကုန် ထောင် ဒဏ်လည်းကျခံရသဖြင့် မကျေမနပ် ဖြစ်နေကြကြောင်းသိရသည်။
ပေရှစ်ဆယ်ကျေးရွာနေ ခင် မောင်ဦး (၄၂ နှစ်) သည် ဇူလိုင် ၁၉ ရက် ညနေက မူးယစ်သောက် စားပြီး ကျောက္ကလပ်ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဗီနိုင်းဆိုင်းဘုတ်ကို လေးခွနှင့်ပစ်သဖြင့် ပြည်ခိုင်ဖြိုးပါတီ  ကျေးရွာအုပ်စု စည်းရုံးရေးမှူး၏ သ တင်းပေးပို့ချက်အရ သိမ်ဇရပ်ရဲစ ခန်းက ရဲအက်ဥပဒေပုဒ်မ ၄၇ နှင့် အရေးယူပြီး ကျိုက်ထိုမြို့နယ်တရား ရုံးတွင် တရားစွဲဆိုခဲ့ရာ ထောင်ဒဏ်  ခုနစ်ရက်ပြစ်ဒဏ်ကျခံခဲ့ရသည်။ (မြန်မာပို့စ်ဂျာနယ် အတွဲ-၄၊ အမှတ် ၄၇ တွင် သတင်းဖော်ပြပြီး) ခင် မောင်ဦးသည် အိမ်ယာမဲ့တစ်ဦးဖြစ်  ကာ ကိုယ်ရေးကိုယ်တာနာကျည်းခံ စားချက်များကြောင့် အရက်ကျေး  ကျွန်ဖြစ်ပြီး စိတ်နေစိတ်ထားပုံမှန်မ ရှိသော်လည်း ရမ်းကားတတ်သူတစ် ဦးမဟုတ်သည့်အပြင် ရပ်ရွာတွင်လူ မှုရေးကိစ်္စများ၌ အားတက်သရော ပါဝင်ကူညီတတ်သူဖြစ်သဖြင့် တစ် ရွာလုံးက သနားကြင်နာခြင်းခံရသူ  ဖြစ်သည်။ ခင်မောင်ဦးသည် အိမ် ယာမဲ့ဖြစ်သည့်အလျောက် နေ့ဘက် တွင် ကြုံရာကျပန်းအလုပ်လုပ်ပြီး ည ဘက်တွင် ပြည်ခိုင်ဖြိုးပါတီရုံးရှေ့ လိပ်သည်းကျောက်ကွင်းမှ တဲတစ် လုံးတွင် ဖြစ်သလိုအိပ်ရသူဖြစ် ကြောင်း ရွာသားများကပြောသည်။
ထောင်မှလွတ်လာသော ခင် မောင်ဦးက “အဲဒီနေ့က အလှူမှာ သွားဝိုင်းလုပ်လို့ပြီးသွားတော့ အ ရက်သောက်တယ်။လေးခွတစ်လက် တွေ့လို့ယူခဲ့တယ်။ တဲရှေ့မှာထိုင်ပြီး တွေ့ကရာကိုစမ်းပစ်ကြည့်တာပါ။ အဲဒါဆိုင်းဘုတ်ကိုထိတယ်ဆိုပြီးဖမ်း တယ်။ တရားသူကြီးမေးတော့လည်း လေးခွပစ်တယ်ပြောလိုက်တယ်။ သ ထုံထောင်ကိုပို့ကြတယ်။ လေးငါး ရက်နေရတယ်။ပြန်လွှတ်လိုက်တော့ ပိုက်ဆံလည်းတစ်ပြားမှမရှိတော့ လမ်းဘေးကွမ်းယာဆိုင်မှာ ညအိပ်ပြီးနောက်နေ့လမ်းလျှောက်ပြန်ခဲ့ တယ်။ ကားတစ်စီးတားပြီး အကျိုး အကြောင်းပြောပြတော့ ဒီအ ရောက်တင်ခေါ်ခဲ့လို့ ပြန်ရောက်လာ တယ်” ဟု မြန်မာပို့စ်သို့ပြောသည်။ သထုံနှင့်ပေရှစ်ဆယ်ရွာမှာ မိုင် ၆၀ ခန့်ဝေးသည်။ ခင်မောင်ဦး၏အမှု လိုက်ပါဆောင်ရွက်ပေးသူရွာသား တစ်ဦးက
“ခင်မောင်ဦးအဖမ်းခံရတယ်ဆို တော့ တစ်ရွာလုံးက စိတ်မကောင်း ကြဘူး။ ဆိုင်းဘုတ်ကို တမင်ပစ်တာ တော့ဟုတ်ဟန်မတူပါဘူး။ သူက အချိန်ပြည့်အရက်မူးပြီး ဦးနှောက်မ မှန်တာကလွဲလို့ ရမ်းကားသူမဟုတ် ဘူး။ လူမှုရေးကိစ်္စတွေဆိုလည်း အ မြဲပါတယ်။ ရွာလယ်ကလမ်းကို သူ့ တစ်ယောက်တည်းလုပ်အားနဲ့ပြင် တယ်။ အချိန်မရွေးမေးကြည့်လို့ရပါ တယ်။ ခင်မောင်ဦးဒီလိုဖြစ်တော့ တစ်ရွာလုံးကသနားပြီး လွတ်ရာ လွတ်ကြောင်းအတွက် ၀ိုင်းဝန်း ထောက်ပံ့ကြတာ ငွေငါးသောင်း ကျော်ရတယ်။ သိမ်ဇရပ်မှာ အမှုပြီး အောင်လုပ်လို့မရဘူး။ ကျိုက်ထို ရောက်မှ ဆရာသမားကိုသုံးသောင်း ခွဲပေးလိုက်ရတယ်။ (၀န်ထမ်းမဟုတ် သော ထိုဆရာသမား၏အမည်ကို မြန်မာပို့စ်သို့ပြောပြ) ဒီလိုပေးလိုက်ရ ပြီး ထောင်ခုနစ်ရက်ကျသွားတော့ ကျွန်တော်တို့တင်မဟုတ်ဘူး။ တစ် ရွာလုံးကစိတ်မကောင်းဘူး။ မကျေ နပ်ဘူး။ ဒီကိစ္စတာဝန်ရှိတဲ့သူတွေ မေးရင် ရဲရဲဝံ့ဝံ့ထွက်ဆိုဖို့အဆင်သင့် ပါပဲ။ ကျွန်တော်တို့မှာကျန်တဲ့ငွေနဲ့ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်ပြန်ပြင် ပေးဖို့ရှိပါတယ်။တစ်သောင်းလောက် ကျမယ်လို့ပြောပါတယ်” ဟုပြော သည်။
ခင်မောင်ဦးအမှုအား ရဲအက်ဥ ပဒေဖြင့်စွဲဆိုခဲ့သည့်အပြင် အကျိုး ဖျက်ဆီးမှုအတွက် ဦးတိုက်စွဲဆိုခဲ့ပြီး မှ စည်းရုံးရေးမှူးက ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။ (မြန်မာပို့စ်၌ဖော်ပြပြီး)
သိမ်ဇရပ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက “ခင်မောင်ဦးပုံစံကိုကြည့် ပြီးကျွန်တော်တို့လည်းမလုပ်ချင်ဘူး။  ဒါပေမဲ့လည်း ဖုန်းဆက်တိုင်ထား တာဆိုတော့ မလုပ်လို့လည်းမဖြစ် ပြန်ဘူး။ ဒီအမှုမှာ ရဲကတရားလိုဆို ပေမယ့် ဖုန်းဆက်တိုင်တာက ပါတီ စည်းရုံးရေးမှူးဆိုတော့ ကိုယ့်ဘက် က လုပ်ငန်းကုန်အောင်လုပ်လိုက်ရ တာပါပဲ။ တရားရုံးနောက်မှရှင်းပေါ့”” ဟုပြောသည်။
ပါတီနိုင်ငံရေးစိတ်ဝင်စားသူတစ် ဦးက “ကျူးလွန်ခဲ့တဲ့သူရဲ့အခြေအ နေလည်းသိတယ်။ နောက်ကွယ်က ကြိုးကိုင်စေခိုင်းတဲ့ လူပုဂ်္ဂိုလ်အဖွဲ့အ စည်းမရှိဘူးဆိုရင် ချင့်ချင့်ချိန်ချိန် လုပ်သင့်တယ်။ အခုရွာကလူတွေမ  ကျေနပ်ကြတာက ငွေသုံးသောင်းခွဲ အကုန်ခံပြီး ခင်မောင်ဦးကိုထောင် ချသလိုဖြစ်နေတယ်။ တစ်ယောက် ကိုပေးလိုက်တော့ သုံးသောင်းခွဲ၊ နောက်တစ်ယောက်လက်ထဲရောက် တော့ နှစ်သောင်းလို့သိရတယ်။ အဲ ဒီနှစ်သောင်းကလည်း ခေါ်သွားတဲ့ သက်သေတွေအတွက် စားစရိတ်၊ လမ်းစရိတ်ပေးရလိုက်တယ်ပြော တယ်။ အခု ခင်မောင်ဦးကိုချတဲ့ပြစ် ဒဏ်က ရဲပုဒ်မ ၄၇ အတွင်အမြင့် ဆုံးပဲ။ ဒါဆိုတစ်ပြားမှအကုန်မခံရင် ကောဘာဖြစ်မလဲ မေးစရာရှိလာ တယ်။ နားလည်ထားသလောက် တော့ ရွာကခင်မောင်ဦးအတွက် ထည့်ဝင်ငွေဟာ သက်သာရာ သက် သာကြောင်းအတွက်လို့ပဲထင်တယ်။ အောက်ခြေအဆင့်တွေမှာ ဒီလိုမ ဖြစ်သင့်တာတွေဖြစ်ပြီး ပါတီစည်းရုံး ရေးထိခိုက်တာမျိုးကျတော့မဖြစ်သင့် ဘူး””ဟုပြောသည်။        ဗညားသွေး
မရင်းချောင်းရေလျှံမှုကြောင့် စိုက်ပျိုးပြီးလယ်ဧက ၂၀၀ ကျော်ရေနစ်မြုပ်ဆုံးရှုံး
မရင်းချောင်းရေလျှံမှုကြောင့် စိုက်ပျိုးပြီးလယ်ဧက ၂၀၀ ကျော်ရေနစ်မြုပ်ဆုံးရှုံး 
သြဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ လေး မျက်နှာမြို့နယ် အိုင်သပြုအုပ်စု မ ယင်းချောင်းရေလျှံမှုဖြစ်ပွားပြီး စိုက် ပျိုးလယ်ဧက ၂၀၀ ၀န်းကျင်ရေနစ် မြုပ်ဆုံးရှုံးခဲ့ရကြောင်းသိရသည်။
အဆိုပါချောင်းနှင့် ဆက်စပ် လျက်ရှိသော သိမ်ကုန်းအုပ်စု၊ ကြက် ကုန်းအုပ်စု၊ ညောင်ဝိုင်းအုပ်စု၊ အိုင် သပြုအုပ်စု၊ ၀န်းကျင်လယ်မြေများ မှ စိုက်ပျိုးလယ်ဧကများ ၂၀၀ ကျော် ရေနစ်မြုပ်ဆုံးရှုံးခဲ့ကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။
“လယ်တွေစိုက်ပြီးရုံရှိသေး တယ်၊ လယ်တွေရေမြုပ်သွားတော့ နောက်တစ်ကြိမ်ပြန်စိုက်ဖို့ အရင်း အနှီးထပ်ရှာရတာပေါ့ဗျာ။ ဒုက္ခတွေကတော့ အမျိုးမျိုးရှိနေတယ်။ မနှစ်ကဆို ဒီထက်ပိုဆိုးတယ်ဗျာ။ ပထမတစ်ကြိမ်စိုက်တယ်။ ရေမြုပ်တယ်၊ ဒုတိယအကြိမ်စိုက်တယ် ထပ်မြုပ်ပြန်တယ်ဗျာ အဲဒီတော့ ကျွန်တော်တို့ကို သက်ဆိုင်ရာတာ ၀န်ရှိသူတွေအနေနဲ့ မည်သို့ဆောင် ရွက်ပေးသင့်တယ်ဆိုတာစဉ်းစား ဆောင်ရွက်ပေးစေလိုပါတယ်”ဟု ဒေသခံတောင်သူတစ်ဦးဖြစ်သူ ကို ၀င်းခိုင်စိုးကပြောသည်။
သန့်ဇင်ထွဋ် (ဟင်္သာတ)
ကျေးရွာအုပ်ချုပ်ရေးမှူး၏ လူမဆန်သည့်လုပ်ရပ် အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့တိုင်ကြား
ကျေးရွာအုပ်ချုပ်ရေးမှူး၏ လူမဆန်သည့်လုပ်ရပ် အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့တိုင်ကြား
သြဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ သာ ပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာအုပ် စု ဘုရားနီကျေးရွာအုပ်ချုပ်ရေးမှူး ၏ မင်းမဲ့စရိုက်ဆန်စွာရိုက်နှက်မှု ကြောင့် ကျေးရွာတွင်နေထိုင်သူရွာ သားများက အမျိုးသားလူ့အခွင့်အ ရေးကော်မရှင်ထံသို့ တိုင်ကြားထား ကြောင်းသိရှိရသည်။
အဆိုပါအုပ်ချုပ်ရေးမှူး၏လက် ချက်ကြောင့် သွားရှစ်ချောင်းကျိုး ခဲ့ရသည့် ဘုရားနီကျေးရွာသားဦး လှမြိုင်၊ ကိုချမ်းမြေ့၊ ဦးကျင်လှိုင် တို့က စုပေါင်း၍ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
သွားရှစ်ချောင်းကျိုးခဲ့သူဦးလှ မြိုင်က “အစ်ကိုလင်မယားရန်ဖြစ်  တာကို ၀င်ရောက်ဖျန်ဖြေတာမှာ နောက်ကနေ၀င်ရောက်လာတဲ့ အုပ်ချုပ်ရေးမှူးက ကျွန်တော့်ကိုဆံ ပင်ဆွဲ၊ မျက်နှာကိုလက်သီးနဲ့ခြောက် ချက်လောက်ထိုးကြိတ်ကာ သွားရှစ် ချောင်းကျွတ်ထွက်ခဲ့တယ်။ အခုအဲ ဒီသွားတွေကို ကျွန်တော့်သမီးတွေ ကအမှတ်တရဆိုပြီးသိမ်းထားတယ်” ဟု ပြောသည်။
အလားတူရိုက်နှက်ခံရသည့်အြ့ပင် ဒဏ်ငွေကျပ်တစ်သောင်းပေး ဆောင်ခဲ့ရသူဦးကျင်လှိုင်ဆိုသူက “လင်မယားစကားများနေတာကို အုပ်ချုပ်ရေးမှူးရောက်လာပြီး ကျွန် တော့်ကိုလက်သီးနဲ့ငါးချက်လောက် ထိုးတယ်။ ကျွန်တော်ကနောက်မ ဖြစ်တော့ပါဘူးဆိုပြီး ခြေသလုံးဖက် ပြီးတောင်းပန်တယ်။အဲဒီမှားဒူးခေါင်း  နဲ့တိုက်ပြီး ကန်တယ်။ ကျွန်တော် နောက်ဘက်လန်ကျပြီးမေ့မြောသွား  တယ်။ ပြီးတော့ဒဏ်ငွေတစ်သောင်း  ပေးခဲ့ရတယ်” ဟုယင်းကပြောသည်။
အဆိုပါအုပ်ချုပ်ရေးမှူးသည် ယင်းကျေးရွာနေ မောင်ချမ်းမြေ့ ကိုလည်း ရိုက်နှက်ခဲ့သည်ဟုသိရ သည်။
“ကျွန်တော်တို့လင်မယားအ ချေအတင်စကားများနေချိန်မှာအုပ် ချုပ်ရေးမှူးရောက်လာပြီးနှစ်ယောက် စလုံးကိုသိုက်ဝါးနဲ့ရိုက်တယ်။ အခု ချိန်ထိ နာကျင်ကိုက်ခဲတဲ့ဝေဒနာ တွေကိုခံစားနေရတယ်” ဟုယင်းက ဆိုသည်။
ထို့ပြင် မောင်ချမ်းမြေ့၏ဇနီး ကလည်း “ကျွန်မတို့ကဆင်းရဲတယ်။ ဆေးခန်းလဲမပြနိုင်ဘူး။ ပြီးတော့ သူ့ ကိုလည်းကြောက်တယ်”ဟုဆိုသည်။
ယခုကဲ့သို့ဥပဒေမဲ့အနိုင်ကျင့် သောအုပ်ချုပ်ရေးမှူး၏စရိုက်ကြောင့် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေပါဝင်သူ ဦးသိန်းမြင့်နှင့် ဦးမြင့်ခိုင်တို့နှစ်ဦးမှာ ခွဲထွက်ကာသီးခြားရပ်တည်နေ ကြောင်း ယင်းတို့ကဆိုသည်။
“အားလုံးအပေါ်ဆရာလုပ် ချင်တယ်။ ရွာသားတွေကိုဆက်ဆံ တာကလူမထင်တဲ့ပုံစံမျိုး၊ ကျွန် တော်တို့နဲ့စရိုက်ချင်းမတူဘူး။ ဒါ ကြောင့် လမ်းခွဲတာ””ဟုဦးသိန်းမြင့် ကဆိုသည်။
အဆိုပါ ဖြစ်စဉ်များသည် ၂၀၀၅ ခုနှစ်၊ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ် တို့တွင်ဖြစ်ပွားခဲ့သောဖြစ်စဉ် များဖြစ်ကြောင်း၊ ယခုအခါမှ တိုင် ကြားရာမှာလည်းနိုင်ငံသားတို့၏ အခွင့်အရေးဆုံးရှုံးမှုများအား ဖော် ထုတ်ကာကွယ်စောင့်ရှောက်ပေး နိုင်ရန် နိုင်ငံတော်အစိုးရက လူ့အ ခွင့်အရေးကော်မတီကို ဖွဲ့စည်းပေး ထားပြီး ဖြစ်ကြောင်းကြားသိရသ ဖြင့် ယုံကြည်အားကိုးစွာတိုင်ကြား ရခြင်းဖြစ်ကြောင်းသိရှိရသည်။
မော်ကျွန်းသူ
ဟင်္သာတ-အိုင်သပြုကားလမ်းမကြီး ရေကျော်မှုများ ကြောင့် ပို့ဆောင်ဆက်သွယ်မှုကားများ ရပ်ထားရ
ဟင်္သာတ-အိုင်သပြုကားလမ်းမကြီး ရေကျော်မှုများ ကြောင့် ပို့ဆောင်ဆက်သွယ်မှုကားများ ရပ်ထားရ 
သြဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ လေး မျက်နှာမြို့နယ်အတွင်းရှိ ဟင်္သာတ- အိုင်သုပြု ကားလမ်းမကြီး ရေကျော် ပြီး ရေနစ်မြုပ်မှုများကြောင့် သွား လာရခက်ခဲလျက်ရှိကြောင်း သိရ သည်။
အဆိုပါ လမ်းမကြီးများ အိုင် သပြုနှင့် ဟင်္သာတအဓိကဆက် သွယ်ရာလမ်းမကြီးဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများအတွက် အရေးပါအရာရောက်သောလမ်းမ ကြီးဖြစ်သည်။ ရေနစ်မြုပ်မှုလမ်း အရှည် ၃ ဖာလုံခန့်ရှိပြီး ရေအနက် ၄ ပေခန့်ရှိကြောင်း ဒေသခံပြည်သူ များထံမှသိရသည်။
“ဒီလမ်းမကြီးဟာဆိုရင် ကျွန် တော်တို့ရဲ့အသက်သွေးကြောဆို လည်း မမှားပါဘူး၊ ကျောင်းသား တွေလည်း လှေကူးရတယ်၊ ဆိုင် ကယ်စီးသူတွေလည်း ကားလမ်းမ ကို လှေကူးနေရတယ်ဗျာ အခုတော့ ဘယ်လိုဖြစ်နေလဲဆိုတော့ ကား လမ်းမကို လှေနဲ့သွားနေရတယ်။ လှေကူးခတွေလည်းပေးနေရတယ်။ စက်ဘီးတစ်စီးကိုအသွားအပြန် ၅၀၀ ဆိုင်ကယ်တစ်စီးကို ၁၀၀၀ ပေးနေရတဲ့အတွက် လက်လုပ်လက် စားသမားတွေအခက်အခဲတွေ့နေ ရပါတယ်။ ဒီလိုဒုက်္ခတွေကလွတ် မြောက်ဖို့ မည်သူကအကူအညီ တောင်းရမှန်းလည်းမသိပါဘူး။ ဒါ ကြောင့် တာဝန်ရှိသူများလာရောက် ကူညီဆောင်ရွက်ပေးမှုကို များစွာ မျှော်လင့်နေပါတယ်” ဟု အိုင်သပြု ရွာ ဒေသခံပြည်သူကိုဂုဏ်ရည်စိုး ကပြောသည်။
သန့်ဇင်ထွဋ် (ဟင်္သာတ) 
နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။