Monday, August 6, 2012

ထိပ်တန်းမြန်မာသံတမန်တစ်ဦး၏ ၁၉၉၉ ခုနှစ်နောက်ပိုင်း ပထမဆုံးတောင်ကိုရီးယားခရီးစဉ်အဖြစ် နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီး ကိုရီးယားသို့လေးရက်ကြာသွားရောက်


ထိပ်တန်းမြန်မာသံတမန်တစ်ဦး၏ ၁၉၉၉ ခုနှစ်နောက်ပိုင်း ပထမဆုံးတောင်ကိုရီးယားခရီးစဉ်အဖြစ် နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီး ကိုရီးယားသို့လေးရက်ကြာသွားရောက် 

သြဂုတ် ၅

ထိပ်တန်းမြန်မာသံတမန်တစ် ဦး၏ ၁၉၉၉ ခုနှစ်နောက်ပိုင်း ပထမ ဆုံးတောင်ကိုရီးယားခရီးစဉ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် ဇူလိုင် ၄ ရက်မှ ၅ ရက်ထိ ကိုရီးယားသမ္မတနိုင်ငံသို့ လေးရက် ကြာသွားရောက်ခဲ့ကြောင်းသိရသည်။
နိုင်ငံခြားရေးပြည်ထောင်စု ၀န်ကြီးသည် သြဂုတ် ၃ ရက်တွင် တောင်ကိုရီးယားနိုင်ငံခြားရေးဝန် ကြီး ကင်ဆောင်ဟွမ်နှင့်တွေ့ဆုံဆွေး နွေးခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံရာတွင် ကိုရီးယားကျွန်းဆွယ်အရေးနှင့် မြန် မာနိုင်ငံ၏လက်ရှိအခြေအနေများ အပေါ် လေ့လာသုံးသပ်မှုများပြု လုပ်ခဲ့ပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံ မှု၊ ဖွံ့ဖြိုးမှု၊ အရင်းအမြစ်၊ အခြေခံ အဆောက်အအုံနှင့် နှစ်နိုင်ငံအချင်း ချင်းဖလှယ်ဆောင်ရွက်နိုင်သည့် ကိစ္စရပ်များစွာကို ပူးပေါင်းဆောင် ရွက်ရန်ဆွေးနွေးခဲ့ကြောင်း၊ စွမ်းအင်၊ ယဉ်ကျေးမှုနှင့် တရားရေးစသည့် ကဏ္ဍများ၌လည်း အစိုးရချင်းပူး ပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ ကြောင်း၊ ကိုရီးယားကျွန်းဆွယ်နှင့် အရှေ့မြောက်အာရှကိုခြိမ်းခြောက် လာသည့် မြောက်ကိုရီးယား၏ နျူ ကလီးယားအရေးကိစ္စများလည်း မြန်မာအစိုးရက ပူးပေါင်းဆောင် ရွက်ပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ဌာန၏ တရားဝင်သတင်းထုတ်ပြန် ချက်အရ သိရသည်။
“ကျွန်တော်တို့ရဲ့သမ္မတလီ မြောင်ဘတ် မြန်မာနိုင်ငံသို့လာ ရောက်ပြီးနောက် နှစ်နိုင်ငံဆက်ဆံ ရေး
ကဏ္ဍစုံပိုမိုခိုင်မာလာတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ နောက်ထပ် တိုးတက်မှုတွေကို မြင်တွေ့နိုင်ဖို့အ လားအလာကောင်းပါတယ်”ဟု  တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ကပြောကြားသည်။
မြန်မာ-တောင်ကိုရီးယား နှစ် နိုင်ငံသည် ၁၉၇၅ ခုနှစ်တွင် သံတမန်ဆက်ဆံရေး တရားဝင်စတင်ထူ ထောင်ခဲ့ကြောင်းသိရသည်။
ခိုင်လင်းကျော်

လက်ရှိဥပဒေအရ နိုင်ငံရပ်ခြားတွင် အိမ်ခြံမြေ၀ယ်ယူခြင်းများ တရားမ၀င်




လက်ရှိဥပဒေအရ နိုင်ငံရပ်ခြားတွင် အိမ်ခြံမြေ၀ယ်ယူခြင်းများ တရားမ၀င် 

သြဂုတ် ၅


ကမ္ဘာ့ရွာအဖြစ် ကူးပြောင်း လာသော ခေတ်ကာလနှင့်အညီ နိုင်ငံရပ်ခြားတွင် ပညာသင်ယူခြင်း၊ အလုပ်လုပ်ကိုင်ခြင်း စသည့်ကိစ္စရပ် အမျိုးမျိုးဖြင့် သွားရောက်နေထိုင်သူ များမှာ အဆိုပါနိုင်ငံတွင် အိမ်ခြံမြေ  ပိုင်ဆိုင်မှုကို စိတ်ဝင်စားလာကြပြီး စင်ကာပူနိုင်ငံမှ အေဂျင်စီကဲ့သို့အ ဖွဲ့အစည်းများလာရောက်၍ ကြော် ငြာရောင်းချမှုများပြားလာသော် လည်း လက်ရှိဥပဒေအရ နိုင်ငံရပ် ခြားတွင် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများဝယ်ယူခြင်းမှာ တရားမ ၀င်ကြောင်း ဥပဒေနှင့်ငြိစွန်းကြောင်း ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် ရေးကော်တီဝင် ဦးသန်းမောင်(စစ်တွေ)ကပြောကြားသည်။
“မြန်မာနိုင်ငံကိုလာပြီး စင်ကာ ပူမှာ အိမ်ဝယ်လို့ရတယ်လို့လာပြီး ဆွယ်ကြတယ်။ဥပဒေတွေရှိပါတယ်။  မရွှေ့ပြောင်းနိုင်သော ပစ္စည်းလွှဲ ပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ ၁၉၈၇ Transfer of Immoveable Property (Restriction) Law အရဆို အားလုံးဟာ ငြိစွန်းပါ တယ်။ ပြည်ပမှာ အိမ်မြေပိုင်ဝယ်ခွင့် မရှိဘူး””ဟု ယင်းက သြဂုတ် ၄ ရက် တွင် ရန်ကုန်မြို့ UMFCCI ၌ပြော ကြားသည်။
သို့သော် အဆိုပါဝယ်ယူမှုနှင့် ပတ်သက်၍ ယခုလတ်တလော လွှတ်တော်အတွင်း၌လည်း ၀ယ်နိုင် သောကြောင့် စင်ကာပူအိမ်ခြံမြေ များ ၀ယ်ယူခြင်းမှာ ထိခိုက်မှုမရှိနိုင်  ဟု အယူအဆ၊ သဘောထားများ ပြောင်းလဲလာကြောင်း၊ နားလည်မှု ဖြင့် လုပ်ကိုင်ခွင့်ပြုသည်များလည်း ရှိကြောင်း၊ ဥပဒေအမြင်ဖြင့်ပြောပါ။ ဆန့်ကျင်နေကြောင်း၊ ထိုကဲ့သို့ အ ခြေအနေကြောင့် ဥပဒေကိုပြင်ဆင် ခြင်း သို့မဟုတ် လုပ်ပိုင်ခွင့်ဘယ်လို ပေးမလဲ စဉ်းစားသင့်ကြောင်း ဦး သန်းမောင်(စစ်တွေ)ကပြောကြား သည်။
“ကျွန်တော်တို့နိုင်ငံမှာက ဘာ မှမဖြစ်ရင် ဘာမှမဖြစ်ဘူး။ ဖြစ်ပြီ ဟေ့ဆိုရင် ဘယ်သူမှမကယ်နိုင်ဘူး။ ၀ယ်ခွင့်ပေးမှာဖြစ်မယ်ဆိုရင် ဥပဒေ ကိုပြောင်းပါ။ ယနေ့ သြဂုတ် ၅ ရက် အထိတော့ ဥပဒေအရတရားမ၀င် ပါဘူး။ ကြော်ငြာခွင့်လည်းမရှိဘူး။ ရောင်းချခွင့်လည်းမရှိဘူး”ဟု ယင်း ကအတိအလင်းဆိုသည်။
ထို့ပြင် အဆိုပါပုဂ္ဂိုလ်က လက် ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ပြင် ဆင်ရေးဆွဲရမည့်ဥပဒေများစွာရှိ ကြောင်း၊ အချို့ဥပဒေများမှာ လွတ်လပ်ရေးမရခင်ကတည်းက ရေးဆွဲ ထားပြီး ယခုအထိအသုံးပြုနေရဆဲ ဖြစ်ကြောင်း၊ ၂၀၁၂ ဧပြီအထိ လက်ကျန်ရေးဆွဲရန် ဥပဒေ ၈၃၄ ခုအထိရှိကြောင်း၊ ခေတ်စနစ်နှင့်အ ညီ ဖြည်းဖြည်းချင်းပြင်ဆင်ရေးဆွဲ ခြင်းမရှိသောကြောင့် ယခုဒီမိုကရေ စီခေတ်တွင် ပြင်ဆင်ရန် အများအ ပြားရှိနေခြင်းဖြစ်ကြောင်း၊ ဥပဒေ အားလုံးမှာ ဆက်စပ်နေ၍ ပင်မဥပ ဒေတစ်ခုပြဋ္ဌာန်းရုံနှင့်မလုံလောက်ပဲ အားလုံးပြဋ္ဌာန်းပြီးမှသာ အဆင်ပြေ နိုင်ကြောင်းပြောကြားသည်။
ပြည်တွင်း၌လာရောက်ရင်းနှီး မြှုပ်နှံမှုနှင့်ပတ်သက်၍ သုံးမျိုးရှိ ကြောင်း စက်မှုထုတ်ကုန်လုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်းနှင့် ကူးသန်း ရောင်းဝယ်မှုလုပ်ငန်းများဖြစ်ပြီး ကူး သန်းရောင်းဝယ်မှုလုပ်ငန်းမှာ နိုင်ငံ ခြားကုမ္ပဏီများကို လုံးဝလုပ်ကိုင်ခွင့် မပေးကြောင်း အချို့ကုမ္ပဏီများမှ မြန် မာတိုင်းရင်းသားနာမည်ခံ၍ နောက် ကွယ်ကလုပ်နေသည်များရှိနေပြီး၊ သိရှိပါက တိုင်းရင်းသားရော နိုင်ငံ ခြားသားပါ နာမည်ပျက်စာရင်းသွင်း ၍ ကုမ္ပဏီကိုသိမ်းကြောင်း၊ စက်မှု  ထုတ်ကုန်လုပ်ငန်းများ နိုင်ငံခြားလုပ် ကိုင်မည်ဆိုပါက MIC ၏ခွင့်ပြုချက် ရယူရမည်ဖြစ်ပြီး လုပ်ငန်းသေးသေး၊ ကြီးကြီး ရှောင်လွှဲ၍မရကြောင်း ၀န် ဆောင်မှုလုပ်ငန်းမှာ သက်ဆိုင်ရာဥ ပဒေအရ ကန့်သတ်ထားပါက ဥပ ဒေအတိုင်း ခွင့်ပြုချက်ရယူရမည် ဖြစ်ကြောင်း ဦးသန်းမောင်(စစ်တွေ) ကပြောကြားသည်။
ကိုဖြိုး

၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရာ၌ ဂျပန်နိုင်ငံကအပြည့်အ၀ကူညီမည်


၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရာ၌ ဂျပန်နိုင်ငံကအပြည့်အ၀ကူညီမည် 

သြဂုတ် ၅

၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရာ၌ မြန် မာအစိုးရကို ဂျပန်နိုင်ငံကအပြည့်အ ၀ကူညီမည်ဖြစ်ကြောင်း မြန်မာတိုင်း ရင်းသားလူမျိုးများဆိုင်ရာ စေတနာ ရှင်ဂျပန်သံအမတ်ကြီး cc က မြန်မာပို့စ် ဂျာနယ်နှင့်သီးသန့်တွေ့ဆုံစဉ်ပြော ကြားသည်။
“မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်နိုင်ငံသို့ လာရောက်စဉ်က ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌနေရာ အတွက် မြန်မာနိုင်ငံကို ကူညီ ထောက်ပံ့ပေးဖို့နဲ့ ပတ်သက်ပြီး ညှိ နှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင် ရာညီလာခံတွေမှာ မြန်မာနိုင်ငံကို capacity building မြှင့်တင်ပေးနိုင် ဖို့ အဓိကဆွေးနွေးမှာဖြစ်ပါတယ်။ သင်တန်းတွေပို့ချဖို့လည်း စီစဉ်ထား ပါတယ်။ မြန်မာနိုင်ငံအတွင်း ၀င် ရောက်လုပ်ကိုင်မယ့် ပြည်ပမီဒီယာ တွေကိုလည်း အားပေးကူညီမှာဖြစ် ပြီး ရုပ်သံထုတ်လွှင့်ခြင်းနဲ့ သက်ဆိုင် တဲ့ ပညာရပ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ကိုလည်း ကူညီမှာပါ။ နေပြည်တော် ရှိ အစိုးရတာဝန်ရှိသူတွေကလည်း ဆက်သွယ်မှုမြှင့်တင်လိုကြောင်း အ ခိုင်အမာပြောကြားခဲ့တာကြောင့် ဂျ ပန်အစိုးရလည်း optical fibre ပမာဏအများကြီးကို ရန်ကုန်နဲ့ နေ ပြည်တော်မှာ ၂၀၁၄ မတိုင်မီ ပံ့ပိုး ပေးမှာဖြစ်ပါတယ်။ ပြီးတော့ အစိုးရ ၀န်ထမ်းတွေထဲကအချို့ကိုလည်း ဂျ ကာတာမြို့သို့စေလွှတ်ပြီး အာဆီ ယံဥက္ကဋ္ဌနေရာအတွက် လေ့လာစေ မှာဖြစ်ပါတယ်။ ပြီးတော့ ကမ္ဘောဒီး ယားလို အာဆီယံဥက္ကဋ္ဌတာဝန်ထမ်း ဆောင်ဖူးတဲ့ နိုင်ငံများသို့စေလွှတ် ပြီး စွမ်းဆောင်ရည်တည်ဆောက်မှု အတွက် ကူညီမှာဖြစ်ပါတယ်”ဟု  စေတနာရှင်ဂျပန်သံအမတ်ကြီးက မြန်မာပို့စ်သို့ပြောကြားသည်။
ံ H.E. Mr. Yohei Sasakawa ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေ သည့် နီပွန်ဖောင်ဒေးရှင်းသည် ၁၉၇၆ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံ တွင် အကူအညီပေးရေးလုပ်ငန်းများ စတင်လုပ်ကိုင်လျှက်ရှိပြီး လက်ရှိအ ချိန်တွင် ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေး ကဏ္ဍသုံးခု၌ အဓိကပံ့  ပိုးဆောင်ရွက်လျှက်ရှိကြောင်း၊ ၁၉၇၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံ၌စီမံကိန်း ၃၇ ခုဆောင် ရွက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၉,၈၁၂,၈၇၀ ဖိုးကူညီခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်အတွင်း စီမံကိန်း ၂၀ ကို စတင်ဆောင်ရွက်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈,၅၅၅,၃၀၀ ဖိုးကူညီမည်ဖြစ်ကြောင်း၊ မြန်မာအ ပါအ၀င် နိုင်ငံများစွာ၌ အမေရိကန် ဒေါ်လာ ၈၁,၇၇၁,၆၀၀ တန်ဖိုးရှိ စီ မံကိန်း  ၁၁ ခုကို ထပ်မံဆောင် ရွက်မည်ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် အတွင်း မြန်မာနိုင်ငံ၌ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များတွင်  ရှမ်းပြည်နယ်၌ စာသင်ကျောင်း ဆောက်လုပ်ခြင်း၊ ကျေးရွာများသို့ တိုင်းရင်းဆေးသတ္တာများဖြန့်ဝေခြင်း၊  ဆေးဖက်ဝင်အပင်များစိုက်ပျိုးခြင်း၊ ရွေ့လျားဆေးခန်းများတည်ထောင်  ခြင်း၊ ခြေတုလက်တုနှင့်အရိုးတုများ ကုသတပ်ဆင်ခြင်းဆိုင်ရာ သင်တန်း ကျောင်းများတည်ထောင်ခြင်း၊ က ရင်ပြည်နယ်တွင် စံပြခြံစိုက်ပျိုးခြင်း နှင့်သင်ကြားပို့ချခြင်း၊ ရခိုင်ပြည်နယ် တွင် စာသင်ကျောင်းများဆောက် လုပ်ခြင်း၊ လူနာတင်ယာဉ်နှင့် လူမှု ရေးလုပ်ငန်းသုံးယာဉ်များ လှူဒါန်း ခြင်းစသည်တို့ပါဝင်ကြောင်း၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီတွင် မြန်မာနိုင်ငံ၌ စာ သင်ကျောင်း ၂၀၀ ဆောက်လုပ်ပြီး စီးရန်မျှော်မှန်းထားပြီး၊ ၂၀၁၇ ခုနှစ် တွင် စာသင်ကျောင်း ၃၀၀ ထူ ထောင်ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
ခိုင်လင်းကျော်

အစိုးရကရဲဝံ့ပြတ်သားစွာကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိပါကရခိုင်ပြည်နယ်အခြေအနေကိုပိုမိုဆိုးရွား သွားစေနိုင်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူသုံးသပ်


အစိုးရကရဲဝံ့ပြတ်သားစွာကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိပါကရခိုင်ပြည်နယ်အခြေအနေကိုပိုမိုဆိုးရွား သွားစေနိုင်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူသုံးသပ် 

သြဂုတ် ၅
ရခိုင်ပြည်နယ်အခြေအနေနှင့် ပတ်သက်၍ မြန်မာအစိုးရက ရဲဝံ့ ပြတ်သားစွာကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိပါက အခြေအနေပိုမိုဆိုးရွား သွားစေနိုင်ကြောင်း မြန်မာအစိုးရ၏ ဖိတ်ကြား ချက်အရ မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာ လာရောက်လေ့ လာခဲ့သည့်  မြန်မာနိုင်ငံလူ့အခွင့် အရေးအခြေအနေဆိုင်ရာ ကုလသ မဂ္ဂအ ထူးအစီရင်ခံစာတင်သွင်းသူ သောမတ်စ်အိုဂျေးကွင်တားနားက သြဂုတ် ၄ ရက် ည ၆ နာရီ ၄၅ မိ နစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်၌ကျင်းပသည့် သတင်း စာ ရှင်းလင်းပွဲတွင်ပြောကြားသည်။
“ရခိုင်ပြည်နယ်အတွင်းရှိ လူမှု အဖွဲ့အစည်းနှစ်ခုကြားမှာ နက်ရှိုင်း စွာအမြစ်တွယ်နေတဲ့ မယုံကြည်မှု တွေရှိနေတာကို ကျွန်တော်အလွန် စိုးရိမ်ပူပန်မိပါတယ်။ အစိုးရက ရဲဝံ့ တဲ့ခြေလှမ်းတွေ ချမှတ်ဆောင်ရွက် နိုင်ခြင်းမရှိရင် အခြေအနေကို ပို မိုဆိုးရွားသွားစေနိုင်ပါတယ်”ဟု မစ္စတာကွင်တားနားကသုံးသပ်သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲ တွင် မစ္စတာကွင်တားနားသည် ရခိုင်ပြည်နယ်ခရီးစဉ်၊ တရားဥပဒေ စိုးမိုးရေး၊ ရိုဟင်ဂျာအရေး၊ အကျဉ်း သားကိစ္စ၊ ကချင်ပြည်နယ် ပဋိပက္ခများနှင့်ပတ်သက်၍ ဝေဖန်သုံးသပ် မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။ရခိုင်ပြည်နယ်ခရီးစဉ်နှင့်စပ်လျဉ်း၍ “ကျွန်တော်ဟာ မြန်မာအစိုးရရဲ့ အစီအစဉ်နဲ့ ကုလသမဂ္ဂ Country Team  နဲ့အတူ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပါတယ်။ မောင်တော မြို့မှာ ရခိုင်ပြည်နယ်အစိုးရနဲ့ ဒေသ ခံအာဏာပိုင်တွေနဲ့  တွေ့ဆုံခဲ့ပြီး အစ္စလာမ်အသိုက်အ၀န်းမှ ပုဂိ္ဂုလ် တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မီး လောင်ပျက်စီးခဲ့တဲ့ ရခိုင်ကျေးရွာ တွေကို သွားရောက်ပြီး အိမ်ရာအ သစ်တွေတည်ဆောက်ပေးမှုကို လည်း လေ့လာခဲ့ပါတယ်။ ဒါ့အပြင် စစ်တွေနဲ့ မောင်တောမြို့များရှိ ရ ခိုင်နဲ့အစ်္စလာမ်အသိုက်အ၀န်း နှစ် ခုစလုံးရှိ နေအိမ်ရွှေ့ပြောင်းနေထိုင် ရသူများကိုထားရှိတဲ့ ကယ်ဆယ် ရေးစခန်းတွေကိုလည်း သွားရောက် ခဲ့ပါတယ်”ဟု ရခိုင်ပြည်နယ်ခရီးစဉ် နှင့်ပတ်သက်၍ မစ္စတာကွင် တား နားက အကျဉ်းချုံးပြောကြားသည်။
မြန်မာနိုင်ငံ၏ လတ်တလော တိုးတက်မှုများကို ကြိုဆိုကြောင်း၊ ၂၀၁၅ ခုနှစ်မတိုင်မီ အဓမ္မစေခိုင်းမှု လုံးဝပပျောက်ရေးအတွက် အပြည် ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အ စည်း(ILO)နှင့် ပူးပေါင်းဆောင်ရွက် မည့် မဟာဗျူဟာစီမံကိန်းနှင့် က လေးစစ်သားအသုံးပြုမှုပပျောက် ရေးအတွက် ကုလသမဂ္ဂနှင့်ပူးပေါင်း ဆောင်ရွက်ရန် သဘောတူလက် မှတ်ရေးထိုးခဲ့ခြင်းတို့ကိုလည်း ကြို ဆိုကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် လူမှုအဖွဲ့အစည်း၊ နိုင်ငံရေးပါတီများနှင့် အခြား stake holder များ ပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာသည်ကို မြင်တွေ့ရ သည့်အတွက် အားတက်မိကြောင်း၊ မြန်မာနိုင်ငံခရီးစဉ်အတွင်း လူ့အခွင့် အရေးကိစ္စရပ်များ ဆွေးနွေးမှုတွင်  ပိုမိုပွင့်လင်းမြင်သာမှုရှိလာပြီး စိန် ခေါ်မှုနှင့် စွန့်စားမှုများနှင့်ပတ်သက် ၍ ယထာဘူတကျကျ ဝေဖန်မှု ပိုမို များပြားသည့် ငြင်းခုံမှုနှင့် အကဲဖြတ် ဆန်းစစ်မှုများလည်း ပိုမိုပေါ်ထွန်း လာကြောင်း၊ လူ့အခွင့်အရေးကို လေးစား၍ ဒီမိုကရေစီအသွင်ကူး ပြောင်းရေးကိုဆက်လက်ဆောင်ရွက် ရာတွင် လွှတ်တော်နှင့် အမျိုးသား လူ့အခွင့်အရေးကော်မရှင်စသည်တို့ ဆက်လက်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အနေဖြင့် ကချင်ပြည်နယ်အပါအ ၀င် နိုင်ငံတစ်ဝန်းရှိ လူ့အခွင့်အရေး ချိုး ဖောက်မှုများကို စုံစမ်းစစ်ဆေး ခြင်းစသည့် အရေးပါသော ကိစ္စရပ် များကို ဆက်လက်ဆောင် ရွက်နေ ပြီဖြစ်ကြောင်း၊ အဆိုပါကော်မရှင် သည် လူ့အခွင့်အရေးကို ပိုမိုကာ ကွယ်စောင့်ရှောက်ရမည်ဖြစ်ပြီး အ ကျိုးသက်ရောက်မှုမြှင့်တင်နိုင်ရေး အတွက်အားနည်းချက်များကို ကု စားရန်ကြိုးပမ်းလျက်ရှိကြောင်း မစ္စတာကွင်တားနားက သုံးသပ် သည်။
မစ္စတာကွင်တားနားသည် တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ လေ့လာသုံးသပ်မှုများ ပြုလုပ်ခဲ့ သည်။ “တရားဥပဒေစိုးမိုးရေးကို အ ခြေခံတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ဖို့ ကြိုးပမ်းအားထုတ် မှုတွေကိုလည်း ကျွန်တော်အသိအ မှတ်ပြုပါတယ်။  ဥပဒေရေးရာ ပြန် လည်သုံးသပ်မှုတွေနဲ့ ပြုပြင်ပြောင်း လဲမှုတွေ ဆက်လက်ဆောင်ရွက် ရမှာဖြစ်ပြီး ဥပဒေသစ်တွေ ထပ်မံ ထွက်ပေါ်လာဖို့က ဒီနေရာမှာ အဓိ ကကျပါတယ်။ ကျွန်တော့်အနေနဲ့ လူမှုအဖွဲ့အစည်းနဲ့ အပြည်ပြည်ဆိုင် ရာ အဖွဲ့အစည်းတွေအပါအ၀င် သက်ဆိုင်တဲ့ stake holder အား လုံး ဥပဒေသစ်တွေ မူကြမ်းရေးဆွဲ ရာမှာ ၀ိုင်းဝန်းတိုင်ပင်နေတယ်ဆို တာ သိရတဲ့အတွက် အားတက်နေ ပါတယ်။ ဥပဒေကြမ်းတွေကို သင့် လျော်စွာ စဉ်းစားသုံးသပ်ဖို့နဲ့ ပိုမို ကျယ်ပြန့်တဲ့ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ အချိန်ပိုပေးသင့်ပါ တယ်”ဟု မစ္စတာကွင်တားနားက သုံးသပ်သည်။
ရခိုင်ပြည်နယ် လူ့အခွင့်အရေး အခြေအနေနှင့်ပတ်သက်၍ “အပြု သဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲ မှုတွေရှိနေပေမယ့် မြန်မာနိုင်ငံမှာ ကြီးမားတဲ့ လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုတွေ ဆက်လက်ဖြစ်ပေါ် နေတာကို ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်တွေက သက် သေပြနေပါတယ်။ ဒီမိုကရေစီအ သွင်ကူးပြောင်းရေးနဲ့ အမျိုးသားပြန် လည်သင့်မြတ်ရေးတို့ကို ဟန်ချက် ညီစွာဆောင်ရွက်နိုင်ဖို့ လိုအပ်ပါ တယ်”ဟု သုံးသပ်ခဲ့သည်။
“ရခိုင်ပြည်နယ်အတွက် လူ့အ ခွင့်အရေးအခြေအနေဟာ ဆိုးရွား ပါတယ်။ အကြမ်းဖက်မှုတွေကြောင့် နေအိမ်နဲ့ မိသားစုဘ၀တွေ ပျက်စီး ဆုံးရှုံးမှုကို လူပေါင်းများစွာ ခံစားခဲ့ ရတာကို ကျွန်တော်မျက်မြင်တွေ့ရှိ ခဲ့ပါတယ်။ အသိုက်အ၀န်းနှစ်ခုစလုံး မှ ဘေးဒုက္ခရောက်ခဲ့ရသူတွေအ တွက် ကိုယ်ချင်းစာမိပါတယ်။ မြန် မာအစိုးရအနေနဲ့ တရားဥပဒေစိုးမိုး ရေးကို ပြန်လည်ထိန်းသိမ်းပြီး အဆို ပါဒေသမှာ နောက်ထပ်လုံခြုံရေး အင်အား တိုးမြှင့်ချထားမှု၊ အကြမ်း ဖက်လုပ်ရပ်တွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးခဲ့မှု စတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာ ကို ကျွန်တော်သတိထားမိပါတယ်။ ဒါပေမဲ့ တရားဥပဒေ ပြန်လည်စိုးမိုး ရေးရဲ့ တစ်စိတ်တစ်ဒေသဖြစ်တဲ့ လူ့ အခွင့်အရေးကိစ်္စရပ်တွေမှာ ကြီးမား တဲ့ ချိုးဖောက်မှုတွေရှိနေတာကို ကျွန်တော်သိရှိခဲ့ပါတယ်”ဟု ဆက် လက်ပြောကြားသည်။
သို့ရာတွင် မစ္စတာကွင်တားနား သည် ရခိုင်ပြည်နယ်ရှိ နေအိမ်ရွှေ့ ပြောင်းခဲ့ရသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပြီး လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့မှုမျာ ပြုလုပ်ခဲ့သည့် မြန်မာအစိုးရနှင့် အပြည်ပြည်ဆိုင် ရာအဖွဲ့အစည်းများ၏ လုပ်ဆောင် မှုများကို ကြိုဆိုခဲ့သည်။
“ဒါပေမဲ့ လက်ရှိအခြေအနေ မှာ ကယ်ဆယ်စောင့်ရှောက်ရေး စခန်းများ၌ အစားအသောက်၊ ရေ နှင့်သန့်ရှင်းမှု၊ ကျန်းမာရေးစောင့် ရှောက် မှုစသည်တို့လိုအပ်နေဆဲဖြစ် ပါတယ်။ ဘာ့ကြောင့် မြန်မာအာ ဏာပိုင်တွေရဲ့ လူသားချင်းဆိုင်ရာ အကူအညီ တိုးမြှင့်ပေးအပ်ဖို့က တောင်းဆိုမှုအပေါ် အပြည်ပြည် ဆိုင်ရာကတုံ့ ပြန်ဖို့ ကျွန်တော်တိုက် တွန်းပါတယ်” ဟု ယင်းက ဆက် လက်ပြောကြားသည်။
မစ္စတာကွင်တားနားသည် အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ရိုဟင်ဂျာများနှင့်ပတ်သက်၍လည်း ထည့်သွင်းပြောကြားခဲ့သည်။ ရိုဟင် ဂျာများသည် မြန်မာနိုင်ငံသားဟုတ် မဟုတ်ကို အလေးမထားဘဲ အ ပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံ သတ်မှတ်ချက်များနှင့်အညီ မကူ ညီပေးရန်လိုအပ်ကြောင်း၊ မြန်မာ နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများကို မစ္စတာကွင်း တားနားက တိုက်တွန်းခဲ့သည်။
မစ္စတာကွင်တားနားသည် ယင်း၏ ခြောက်ကြိမ်မြောက် မြန်မာ နိုင်ငံခရီးစဉ်တွင် ရခိုင်ပြည်နယ်အ တွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ဖြစ်စဉ်များနှင့်ဆက်နွှယ်မှုရှိသည် ဟုဆိုကာ ထိန်းသိမ်းခဲ့ရသည့် ကုလ သမဂ္ဂ၀န်ထမ်းခြောက်ဦးအား အင်း စိန်နှင့်ဘူးသီးတောင်ဒေသများတွင် တွေ့ဆုံနေထိုင်ခဲ့သည်။
““အစိုးရမဟုတ်တဲ့ အပြည်ပြည် ဆိုင်ရာ(NGO) အဖွဲ့အစည်းများမှ ၀န်ထမ်းများစွာလည်း အလားတူ ထိန်းသိမ်းခံနေရတယ်လို့ ကျွန်တော် သတင်းရရှိထားပါတယ်””ဟု ယင်းက  ပြောကြားသည်။ မစ္စတာကွင်တား နားသည် ယုံကြည်ချက်အကျဉ်းသား များအနေနဲ့လခည်း တွေ့ဆုံဆွေး နွေးခဲ့ပြီး နောက်ဆုံးလာရောက် သည့် ခရီးစဉ်နှစ်ခုတွင် တွေ့ဆုံခဲ့ သည့် ကိုဖြိုးဝေအောင်လင်းနှင့် လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
“ကိုဖြိုးဝေအောင်ကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးပြီး ထောင်မှလွှတ် လိုက်ပြီလို့ ကျွန်တော်က မနေ့ကမှ အကြောင်းကြားရပါတယ်။ ဒီသ တင်းကို ကျွန်တော် ကြိုဆိုပါ တယ်။ ဒီလိုအပြုသဘောဆောင်တဲ့ခြေ လှမ်းကို လုပ်ဆောင်တဲ့အတွက် သမ္မတနဲ့အစိုးရကိုချီးကျူးပါတယ်” ဟု မစ္စတာကွင်တားနားက ဆိုသည်။
ကချင်ပြည်နယ်အရေးနှင့်ပတ် သက်၍ စိုးရိမ်ပူပန်မှုများကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။“တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ခု နဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူ ညီချက်ရလာဖို့ကို ကျွန်တော်ကြိုဆို ပါတယ်။ ဒါပေမဲ့ အထူးသဖြင့် က ချင်ပြည်နယ်မှာ ပဋိပက္ခတွေ ဆက် လက်ဖြစ်ပွားနေတာကြောင့် လူ့အ ခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲ ချက်တွေကို ကျွန်တော်ဆက်လက် ကြားသိနေပါတယ်”ဟု ကွင် တား နားကဆိုသည်။
မိမိကိုဖိတ်ကြားခြင်းနှင့် ပူး ပေါင်းဆောင်ရွက်မှုများအတွက် မြန် မာအစိုးရကို ကျေးဇူးတင်ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ကုလသမဂ္ဂလူ့အ ခွင့်အရေးကောင်စီသို့ နောက်ထပ် အစီရင်ခံစာမတင်သွင်းမီ မြန်မာ နိုင်ငံသို့ ထပ်မံလာရောက်ရန်မျှော် လင့်ကြောင်း မြန်မာပြည်သူများ၏ လူ့အခွင့်အရေးအခြေအနေမြှင့်တင် ရေးအတွက် အစိုးရနှင့် အပြုသ ဘောပူးပေါင်းဆောင်ရွက်ရန်လိုအပ် ကြောင်း မစ္စတာကွင်တားနားက ပြောကြားသည်။
ရခိုင်ပြည်နယ် စစ်တွေ၊ မောင် တောနှင့် ဘူးသီးတောင်မြို့များတွင်  ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ ကြောင့် နှစ်ဖက်စလုံးမှ ၇၇ ဦးသေ ဆုံးပြီး ၁၀၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊  စုစုပေါင်းလူနေအိမ် ၄၈၂၂ လုံး၊ ဗ လီ ၁၇ လုံး၊ ဗုဒ်္ဓဘာသာဘုန်းတော် ကြီးကျောင်း ၁၅ လုံးနှင့် စားသင် ကျောင်း ၃ ကျောင်းမီးလောင်ပျက် စီးခဲ့ကြောင်းတရားဝင်သတင်းထုတ် ပြန်ထားသည်။
မစ္စတာကွင်တားနား၏ခြောက် ကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ် သည် ဇူလိုင် ၃၀ ရက်တွင် စတင်ခဲ့ ပြီး သြဂုတ် ၄ ရက် ညနေတွင် ပြီး ဆုံးခဲ့ကြောင်း၊ အဆိုပါခရီးစဉ်တွင်  မစ္စတာကွင်တားနားသည် နေပြည် တော်တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနနှင့် အလုပ်သ မားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည် သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီး၊ ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ ရှေ့နေ ချူပ်  Chief Justic of the supreme Court ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ရေးရာ ကော်မတီများမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရန်ကုန်မြို့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာနှင့် စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၊ အမျိုးသားလူ့အ ခွင့်အရေးအဖွဲ့ဝင်များ၊ ၈၈ မျိုး ဆက်ကျောင်းသားများနှင့် လူမှုအ ဖွဲ့အစည်းအသီးသီးတို့မှ ကိုယ်စား လှယ်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း သူမ၏နေအိမ်တွင်သီးခြား တွေ့ဆုံခဲ့ကြောင်းသိရသည်။
ခိုင်လင်းကျော်၊ ထွန်းလင်း

ထိုင်းနိုင်ငံရဲ့ အခမဲ့ Wi Fi စနစ်


ထိုင်းနိုင်ငံရဲ့ အခမဲ့ Wi Fi စနစ် 


ဓာတ်ပုံ- ယင်လတ်ရှင်နာဝတ်၏ ဖေ့စ်ဘုတ်စာမျက်နှာ
ဘန်ကောက်မြို့မှာတော့ ICT Expo 2012 ပြပွဲကို ထိုင်းဝန်ကြီးချုပ် ဒေါ်ယင်လတ်က အခမ်းအနားနဲ့ ဖွင့် လှစ်ပေးခဲ့ပြီး အဲဒီအထဲမှာ ဘန်ကောက်မြို့အနီးဝန်းကျင် Muang Thong Thani. အတွက် အခမဲ့ Wi Fi စနစ်ကို တိုးချဲ့မှု ပါဝင်ကြောင်း သိရပါတယ်။
အရင်ကတော့ အခမဲ့ Wi Fi စနစ် ကို ဇုံသတ်မှတ်ပြီး သုဝဏ္ဏဘုမ္မိ အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအ၀င် အဓိက နေရာ ၅ ခုမှာပဲ ရှိခဲ့တာပါ။
ထိုင်းအစိုးရက ယမန်နှစ်ကတည်းက အခမဲ့ Wi Fi စနစ် ကို access points ပေါင်း ၂၀၀, ၀၀၀ ကျော်ကို နိုင်ငံ တ၀ှမ်းလုံး ရာထားခဲ့ရာ အခုတော့ ၇၆၀၀၀ ၀န်းကျင် လောက်ကို တပ်ဆင်နေပြီလည်းဖြစ်တယ်လို့ ဆိုတာကို ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ သြဂုတ်လ ၄ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။
နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု အရှိန်ရစေဖို့က ဆက်သွယ်ရေးဟာ အဓိက ကျတဲ့ အခန်းကဏ္ဍက ပါဝင်နေ တာကို သိရှိတဲ့ ထိုင်းနိုင်ငံကတော့ အခုလို ဘန်ကောက်ကို အခမဲ့ Wi Fi စနစ် စီစဉ်နေတာဟာ ကြီးမားတဲ့ ဆွဲဆောင်မှုလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ အခုလို အင်တာနက် ဆက်သွယ်ရေး သာမက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ စိတ်ချလုံခြုံစွာ ၀င် ရောက် လာနိုင်ရေးအတွက် နည်းမျိုးစုံနဲ့ လုပ်ဆောင်ပေးနေတာပါ။ တယ်လီဖုန်းနဲ့ အင်တာနက်အစ၊ ဘဏ်စနစ်အလယ်၊ ၀န်ဆောင်မှု အဆုံး နိုင်ငံတကာကို ဆွဲဆောင်တဲ့နေရာမှာ မြန်မာနိုင်ငံထက် အဖက်ဖက်က သာလွန်နေတာကတော့ အမှန်ပါပဲ။
မြန်မာနိုင်ငံ ရန်ကုန်မြို့နဲ့ မြို့နယ်တွေကတော့ လျှပ်စစ်မီးက ပုံမှန်မလာ၊ အင်တာနက်ဆိုတာ တကယ့် အခက်အခဲကြီးတခု၊ ၀န်ဆောင်မှု ဆိုင်ရာတွေကလည်း အားနည်းချက်တွေတပုံတပင်နဲ့ အာရှ ဖွံ့ဖြိုးရေး ဘဏ်က ထောက်ပြသလို မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံရဲ့ လက်ရှိ အဆင့်အခြေအနေကို မှီဖို့ နောက်ထပ် နှစ် ၃၀ လောက် ကြိုးစားရမယ်ဆိုတာ ဖြစ်နိုင်ပါတယ်။
မကြာသေးမီက ရွှေတိဂုံစေတီပေါ်မှာ Wi Fi ရပြီဆိုတဲ့ သတင်းကတော့ အခုသတင်းနဲ့ ယှဉ်လိုက်ရင် မျက်နှာငယ်စရာဖြစ်မှာပါ။




ဘာသာရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေတာတွေကို သတိမူကြပါ




ဘာသာရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေတာတွေကို သတိမူကြပါ 

အရှင်ရာဟုလာ (မစိုးရိမ်)
“လူတစ်ယောက်အနေနှင့် မိမိတစ်စုတစ်ဖွဲ့၏ အတွေးအခေါ်အယူအဆကို လေးစားကြည်ညိုယုံမျှနှင့် မပြီး။ အခြားတစ်ပါးသောသူများ၏ အတွေးအခေါ်အယူဆများကိုလည်း ကျိုးကြောင်းခိုင်လုံမှု မရှိပဲ ဝေဖန်နှိပ်နှယ်ခြင်း မပြုသင့်” ။ (အသောကကျောက်စာ) ။
“မတူသော အယူအဆများ ညှိနိုင်းဆွေးနွေးကြရာတွင်၊အစဉ်အလာကြောင့် အယူများအပေါ်အားပြုသည်ထက်၊ ဆင်ခြင်တုံ တရားကို ရှေ့တန်းတင်သည်က လူမှုရေးသဟဇာတမျှမှုကို ပိုမိုဦးတည်စေနိုင်လိမ့်မယ်” ။ (အက္ကဗာနန်းရင်ပြင်တွင် ဘာသာပေါင်းစုံ နှီးနောဖလှယ်ပွဲကျင်းပပေးခဲ့သော အက္ကဗာမူဆလင် ဘုရင်ကြီး)။
အထက်ဖေါ်ပြပါ ကောက်နှုတ်ချက်စကားတွေကို ပြောကြားခဲ့တဲ့ ဒီဘုရင်နှစ်ပါးဟာ ကိုးကွယ်တဲ့ ဘာသာတရားတွေ မတူကြပါဘူး၊ တစ်ပါးက ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး၊ တစ်ပါးက မူဆလင်ဘာသာကို ကိုးကွယ်ကြတာပါ။ သို့သော်လည်း သူတို့ သဘောထားတွေကို ကြည့်ခြင်းအားဖြင့် အချင်းချင်း လေးလေး စားစား အတူယှဉ်တွဲနေနိုင်ရေးကို အထူးလိုလားကြတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။
ဦးဇင်းတို့ မြန်မာနိုင်ငံကတော့ ဘာသာတရားတွေ အချင်းချင်း မတဲ့အောင်၊ တစ်ဖွဲ့နဲ့  တစ်ဖွဲ့  မတည့်အောင် ပုံစံ အမျိုးမျိုးနဲ့ မီးမွေးနေကြတာပါ။ အာဏာရှင်တွေဟာ သူတို့ နိုင်ငံရေးအကြပ်တည်းဖြစ်တိုင်း မူဆလင် ဘာသာဝင်တွေ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို ရန်တိုက်ပေးတာပါ။ ဒါကို ထွက်ပေါက် အနေနဲ့ အာဏာရှင်တွေက လက်နှက်တစ်ခုသဖွယ် အသုံးပြုတတ်ပါတယ်။ အာဏာရှင်တွေက လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ပိုဖန်တီးလေ့ ရှိပါတယ်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို အထူးဝိသေသပြုထားတာတောင်မှ နိုင်ငံတော်သံဃာ့မဟာနာယကလို အဖွဲ့မျိုးတွေဖွဲ့ပြီး သံဃာတော်အချင်းချင်း ဖိနှိပ်ချုပ်ချယ်ခိုင်းထားတာပါ၊ ယနေ့ သံဃာတွေ တိုင်းတပါးမှာ ထွက်ပြေးနေရတာတွေ၊ ထောင်တွေမှာ အကျဉ်းကျနေတာတွေ၊ ရဲဘက် အလုပ်စခန်းတွေမှာ အနှိက်စက်ခံနေရတာတွေ၊ အလုပ်ကြမ်းတွေ လုပ်နေရတာတွေ၊ စစ်ကြောရေးတွေမှာ လူမဆန်စွာ စနစ်တကျ နှိပ်စက်ခံနေတာတွေကို နိုင်ငံတော်သံဃာ့မဟာနာယကတွေ မသိဘဲ မရှိပါဘူး။ သိသိကြီးနဲ့  နှုတ်ငုံပိတ်နေတဲ့အပြင် အာဏာရှင်အလိုကျအောင်တောင် သံဃာတွေကို ဖိနှိပ်ချူပ်ချယ်နေတဲ့ သံဃာ့အာဏာရှင်အသွင်တောင် ပိုဖြစ်ပြနေပါတယ်။
အာဏာရူးအုပ်ချုပ်သူတွေရဲ့ အာဏာတည်မြဲရေးအတွက် ဖွဲ့ခဲ့တဲ့ မဟာသံဃာ့ အဖွဲ့စည်းကြီးဆိုတာ ဒီနေ့ သာမန်လူတွေတောင် နားလည်လာပါပြီ။ သံဃာထုရဲ့ ဘ၀တွေကို ဘာလုံခြုံမှုမှ မပေးနိုင်တော့ဘူးဆိုတာ လည်း သိလာပါပြီ။ နယ်က တောက အဖိုးအဖွားတွေအတွက် မြို့ပေါ်တတ် စာသင်နေတဲ့ ကိုယ့်ရဲ့ မြေး ကိုရင်၊ ဦးဇင်းတွေ အန္ဒရာယ်ဖြစ်မှာ စိတ်မချရတဲ့ အနေအထားမှာ ရောက်နေပါပြီ။
အာဏာရူးတွေ မတရားအုပ်ချူပ်လာနေတဲ့ကာလတစ်လျှောက် မြန်မာနိုင်ငံသမိုင်းမှာ အာဏာရှင် မဆလ န၀တ နအဖတွ အကွက်ဆင် ဖန်တီးခဲ့လို့  တရုတ် - ဗမာ အဓိကရုဏ်းဖြစ်ကြလို့ ၊ ကုလား - ဗမာ အဓိကရုဏ်းဖြစ်ကြလို့  ပြည်သူတွေအချင်းချင်း သေကြေပျက်စီးခဲ့ရတာတွေ သာဓက ရှိပါတယ်။
အာဏာရူးတွေဟာ ဘာသာခြား လူမျိုးခြားအချင်းချင်း သွေးခွဲလှုံ့ ဆော် ပြဿနာဖြစ်အောင် လုပ်ရုံမက ဘာသာတူ လူမျိုးတူအချင်းချင်းလည်း တစ်ဦးနဲ့  တစ်ဦး ယုံကြည်မှုနည်းအောင် ပဋိပက္ခဖြစ်အောင် ယုတ်မာစွာ လုပ်ဆောင်တယ်ဆိုတာ ယနေ့  ပြည်သူတွေ သတိမူ ဂရုစိုက်ကြဖို့  လိုပါတယ်။ မူဆလင်နဲ့  ခရစ်ယာန်နဲ့  ဗုဒ္ဓဘာသာဝင်တွေ အချင်းချင်းကြားထဲ လုပ်ကြံသွေးထိုး ပြည်သူတွေအနေနဲ့  အာဏာရူးတွေ ဆင်တဲ့ ထောင်ချောက် အကွက်ထဲ မ၀င်သွားအောင် တစ်ဦးချင်းစီတိုင်းက သတိ အတော့်ကို ထားရမှာပါ။
ဘယ်သူဘယ်ဝါ ဘယ်ကမှန်းမသိဘဲ မိမိဘာသာ မိမိလူမျိုးကို ဆန့် ကျင်စော်ကားတဲ့ အပြောတွေ စာတွေ ကြားရ မြင်ရ ဖတ်ရတာနဲ့  ချက်ချင်း ခံစားမှုတွေပေါ်လာပြီး အလျင်စလို တုန့် ပြန်မိတာတွေဟာ အာဏာရူးတွေ ဆင်ထားတဲ့ ထောင်ချောက်အကွက်ထဲ အလွယ်တကူ ၀င်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် သတိထားဖို့ ကတော့ ဒီလိုစော်ကားဆန့် ကျင်ပြောဆိုရေးသားသူတွေရဲ့  အပြောတွေ အရေးသားတွေကို ကြားရမြင်ရတဲ့အခါမှာ စိတ်ကို တည်ငြိမ်အောင်ထားပြီး ဒီလိုအပြောအဆိုအရေးအသားတွေ စတင်လာခဲ့တဲ့ မူလဇစ်မြစ်ကို စုံစမ်းရှာဖွေဖေါ်ထုတ်ရမှာ ဖြစ်ပါတယ်။ လူမှုရေးမှာ ဘာသာရေးမှာ ဦးဆောင်သူတွေအနေနဲ့ လည်း ဒီလိုကိစ္စမျိုးတွေမှာ မိမိတို့  လူမျိုး ဘာသာဝင်တွေကို စိတ်လိုက်မာန်ပါ မပြောဆိုကြဖို့  မလုပ်ကြဖို့  ထိန်းသိမ်းရင်း ပြဿနာရင်းမြစ်ကို ရှာဖွေပြီး လုပ်ကြံဖန်တီးမှုတွေကို ဖေါ်ထုတ်ကြရမှာပါ။
ဘာသာတရားတွေကို ဆန့် ကျင်စော်ကားတဲ့ ရေးသားမှုတွေ ရုတ်ချည်းပေါ်ထွက်လာတာဟာ မသင်္ကာဖွယ်ဆိုတာ သတိထားကြရပါမယ်။ ဘာသာရေး လူမျိုးရေးပဋိပက္ခ ဖြစ်အောင် ဖန်တီးတဲ့နေရာမှာ ဖန်တီးကြသူတွေဟာ သူတို့ အချင်းချင်း လက်ဝါးချင်းရိုက်ထားလေ့ ရှိပါတယ်။ ဒါဟာ သာမန်လိမ်လည်မှုတွေ မှာ တွေ့ ရတဲ့ပုံစံနဲ့ လည်း တူပါတယ်။ တစ်ဦးက ဆန့် ကျင်ဘက်စကားပြောမယ် နောက် သူတို့ လူ တစ်ဦးက ပြန်ပြီးတုန့် ပြန်ပြမယ်၊ ဒီလိုနဲ့  ကျန်တဲ့ သတိမထားမိသူတွေ ခံစားမှုပြင်းတဲ့သူတွေ ပါလာအောင် ဆွဲခေါ်ပါတော့တယ်။ ဒီအတွက် သာမန် ခံစားမှုနဲ့ ပြောသူတွေပါ တဖြည်းဖြည်းနဲ့  များလာပြီး ကြီးမားတဲ့ အခြေအတင်စကားများရာကနေ နောက်ဆုံး အုပ်စုလိုက် ကိုယ်ထိလက်ရောက် ရိုက်ကြပုတ်ကြ သတ်ကြဖြတ်ကြတဲ့ ဘာသာရေး လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်လာပါတော့တယ်။
ဘာသာရေးဆန့် ကျင်စော်ကားမှုတွေကို ရေးသားမှုဟာ ပြဿနာဖန်တီးလိုသူတွေအတွက် အလွယ်တကူနေရာဖြစ်နေလို့  ဖတ်တဲ့သူတွေက ပိုသတိထားရပါမယ်။ မူလရေးသားသူ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖေါ်သိရှိဖို့  ခက်ခဲသလိုဈ ဒီရေးသားမှုဟာ အလွယ်တကူ ပြန့် နှံ့ နိုင်ပါတယ်။ ဒီအတွက် ဖတ်မိသူတွေဟာ ကိုယ်ကိုတိုင်က ဒီလို ပြဿနာစာတွေ အရေးအသားတွေကို ထပ်မံဖြန့် ဖြူးပေးနေသလို ဖြစ်မှန်းမသိ ဖြစ်၊ ဆင်ထားတဲ့ပြဿနာထဲ ကိုယ်ကိုတိုင် ပါဝင်လို့  ပါဝင်မှန်း မသိနဲ့  ဖြစ်သွားနေတယ်ဆိုတာ သတိထားကြဖို့  သင့်ပါတယ်။
ထို့ အတူ အထက်မှာ ဖေါ်ပြရေးသားချက်ပါ သတိမူ ဂရုစိုက်ကြရမယ့် အာဏာရူးတွေရဲ့  ပြည်သူတွေ အပေါ် နိုင်ငံရေးအဖြစ်အပျက်တွေကနေ အာရုံလွှဲရအောင်၊ ပြည်သူအချင်းချင်း အဖွဲ့ အစုအချင်းချင်း လူမျိုးအချင်းချင်း ဘာသာတရားတွေ အချင်းချင်း သွေးထိုးဖန်တီး အကွက်ဆင်ထောက်ချောက်လုပ်တာတွေကို မည်သို့ သော ဆန့် ကျင်ပြောဆိုမှု ရေးသားမှုကိုမဆို မစုံစမ်း မလေ့လာ ရင်းမြစ်ကို မရှာ အခြအနေအချိန် ကာလကို မကြည့်ဘဲ မိမိတို့ ရဲ့  ပကတိရိုးသားသော ခံစားမှုများဖြင့် လျင်မြန်စွာ တုန့် ပြန်ကြမယ် ဒီလို ဘသာသာတရားစော်ကားမှု လူမျိုးရေးစော်ကားမှုတွကို အခြားသူ သိစေလိုတဲ့ စေတနာအရိုးခံ နဲ့  ဖြန့် ပေးကြမယ်ဆိုရင် အမှိုက် စ ပြသာဒ်မီးလောင်ဆိုတာလို လူမျိုးရေး အဓိကရုဏ်းကြီးတွေအထိ ဦးတည်သွားနိုင်မယ့် လမ်းကြောင်းထဲ မိမိကိုယ်တိုင် ပါမှန်းမသိ ပါသွားနိုင်တာကို၊ လုပ်ကြံဖန်တီးသူတွေ အကွက်ဆင်တဲ့ထဲ ၀င်သွားမှန်းမသိ ၀င်သွားနိုင်တာကို အထူးသတိထားကြပါလို့  ပြည်သူများအကျိုးကို ရှေ့ ထားပြီး မေတ္တာရပ်ခံလိုပါတယ်။
မြန်မာနိုင်ငံမှာ အာဏာရူးတွေ အုပ်ချူပ်နေစဉ်အတွင်းမှာ ပြည်သူတွေအနေနဲ့  ဘာသာမတူ လူမျိုးမတူပေမယ့် တစ်နိုင်ငံထဲနေ တစ်ရေထဲသောက်ပြီး မိမိတို့  ချစ်မြတ်နိုးတဲ့ မြန်မာနိုင်ကြီးအတွက် အချင်းချင်း ပဋိပက္ခမဖြစ်ရကြလေအောင် အစစအရာရာမှာ ဆင်ခြင်သတိနဲ့  ပိုမို လက်တွဲစည်းလုံးကြဖို့ ၊ ဘာသာရေးအဓိကရုဏ်ဖြစ်နိုင်မယ့် လူမျိုးရေးအဓိကရုဏ်းဖြစ်နိုင်မယ့် မင်္သကာဖွယ်ဖန်တီးမှုများကို ကာကွယ်တွန်းလှန်ကြဖို့  ဖန်တီးသူတွေကို ရှာဖွေဖေါ်ထုတ်ကြဖို့  အလွန်ပင်အရေးကြီးလှပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။
အရှင်ရာဟုလာ (မစိုးရိမ်) ။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။