လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ရွှေ့ပြောင်းရမည့် ဒေသခံများအတွက် မြေလျော်ကြေးငွေအပြင် နေထိုင်မှုအတွက် တန်ဖိုးနည်းအိမ်ရာများကို မုံရွာမြို့အနီးတစ်ဝိုက် နေရာများတွင် စီစဉ်ပေးမည်ဟု မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူများ ပြောကြား
- Created on Sunday, 17 March 2013 09:39
ဒေါ်အောင်ဆန်းစုကြည်အား ဆည်တည်းရွာ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း၌ ဒေသခံများနှင့်အတူ မတ် ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဟိန်းမင်းထက်(မုံရွာ))
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ရွှေ့ပြောင်းရမည့် ဒေသခံများအတွက် မြေလျော်ကြေးငွေအပြင် နေထိုင်မှုအတွက် တန်ဖိုးနည်းအိမ်ရာများကို မုံရွာမြို့အနီးတစ်ဝိုက် နေရာများတွင် စီစဉ်ပေးမည်ဟု မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာဝမ်ပေါင်မိုင်းနင်းကော့ပါး ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက မတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း ဧရိယာသည် ၇၈၆၇ဒ သ မ ၇၈ ဧကရှိပြီး အဆိုပါ စီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာလေးရွာဖြစ်သော ၀က်မှေး၊ ကံတော၊ ဆည်တည်းနှင့် ဇီးတောကျေးရွာများမှ အိမ်ခြေ ၄၀၀ ကျော် ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
စီမံကိန်းနယ်မြေတွင် သိမ်းဆည်းမြေဧရိယာ စုစုပေါင်း ၇၈၆၇ ဒသမ ၇၈ ဧကအနက် လယ်ယာစိုက်ပျိုးမြေ ၅၀၅၇ ဧက ရှိကြောင်း၊ ဦးပိုင်မပေါက်သော်လည်း မြေလျော်ကြေးပေးပြီးသော ဧရိယာမှာ စိုက်ပျိုးမြေ ၁၇၂၇ ဧက အပါအ၀င် ၆၇၈၄ ဧက ရှိကြောင်း သိရှိရသည်။
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တာဝန်ခံ ဦးမြင့်အောင်က "လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြအကြံပြုထားတဲ့ မြေယာလျော်ကြေး ကိစ္စတွေ၊ စိုက်ပျိုးမြေ ပြန်လည်ဖော်ထုတ်ရေး ကိစ္စတွေ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ ၀မ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားတဲ့ စာချုပ်အား ပြန်လည်ပြင်ဆင် ချုပ်ဆိုရေး ကိစ္စတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေ၊ ဒေသခံ လူထုအတွက် အကျိုးကျေးဇူး ရရှိစေရေးအပြင် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရေး ကိစ္စတွေ စတဲ့ အကြံပြုချက်တွေကို ၀န်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်သွားဖို့ ရှိပါတယ်။
ရွှေ့ပြောင်းရမယ့် ကျေးရွာတွေအတွက်လည်း နေရာတွေ စီစဉ်ပေးဖို့အတွက် ရွာတွေဆောက်ထားပြီးသား ရှိပါတယ်။ ရွာနှစ်နေရာ ဆောက်ထားပါတယ်။ စီမံကိန်းဘတ်ဂျက်နဲ့ ဆောက်တာပါ။ ရေ၊ မီး အပြည့်အစုံ ပါပါတယ်။ အဲဒီနေရာတွေကို တချို့ပြောင်းကုန်ကြပြီ။ နေရာက စီမံကိန်းဧရိယာ အပြင်ဘက် သွားလာဆက်သွယ်ရေးကောင်းတဲ့ နေရာတွေမှာ ဖြစ်ပါတယ်" ဟု မတ် ၁၆ ရက်က ပြောကြားသည်။
မြန်မာဝမ်ပေါင် မိုင်းနင်းကော့ပါး ကုမ္ပဏီလီမိတက်မှ Admin Manager Mr.Dong Yun Fei က "ဒေသခံ ပြည်သူလူထုများရဲ့ စီမံကိန်းနဲ့ ပတ်သက်တဲ့ လိုလားသည်များကို အချိန်မရွေး ဂရုတစိုက် နားထောင်ပေးမှာ ဖြစ်ပြီး ဒေသခံများနဲ့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုတွေလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ သတ္တုတွင်းစီမံကိန်း ပတ်ဝန်းကျင်ရှိ မိသားစုတွေရဲ့ လူမှုဘ၀ ပိုမိုကောင်းမွန်အောင် ကြိုးစားဖြည့်ဆည်းသွားဖို့ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ရွှေ့ပြောင်းရမယ့် ဒေသခံတွေအတွက် မုံရွာမြို့နဲ့ ငါးမိုင်လောက်ပဲ ကွာတဲ့ နေရာမှာ ရွာတွေ ဆောက်ထားတယ်။ အဲဒီရွာတွေကို သီးသန့်မြေကွက်ဖော်ပြီး လုပ်ထားတာ ဖြစ်ပါတယ်။ ရွာထဲက အိမ်တွေကို A,B,C,D ဆိုပြီး အဆင့်တွေ ခွဲထားပါတယ်။ အရင် သူတို့နေခဲ့တဲ့ အိမ်တွေက အရမ်းကောင်းခဲ့ရင် A အဆင့်အိမ်တွေကို ပေးပါတယ်။ နည်းနည်းညံ့ရင် B အဆင့်၊ ညံ့ရင် C အဆင့်၊ အရမ်းညံ့ပြီး တဲသာသာဖြစ်ရင် D အဆင့်ဆိုပြီး ပြန်ခွဲထားပါတယ်။ ရေမီးအပြည့်အစုံနဲ့ အိမ်ကောင်းတွေ ပြန်ဆောက်ပေးထားတာပါ။ အဲဒီနေရာတွေကို တချို့လည်း ပြောင်းကုန်ပါပြီ။ ကျန်သေးတာတွေလည်း ရှိပါတယ်။ လိုအပ်ရင်လည်း အိမ်တွေထပ်ဆောက်ပြီး နေရာချထားပေးဖို့ ရှိပါတယ်" ဟု ပြောကြားသည်။
ဝက်မှေးကျေးရွာမှ မသွဲ့သွဲ့ဝင်းက "ကျွန်မအနေနဲ့ကတော့ နှစ်ကာလပေါင်းများစွာ နေလာပြီး သစ်ကြီးဝါးကြီးတွေရှိတဲ့ မူလဒေသမှာပဲ နေလိုပါတယ်။ နောက်တစ်ချက်က လက်ရှိနေတဲ့ရွာမှာ လယ်ယာမြေတွေ ရှိတယ်။ ဟိုမှာက မရှိနိုင်ဘူး။ အခုပြောင်းရမယ့် ရွာတွေက ကျွန်မတို့ လက်ရှိနေတဲ့ရွာနဲ့ နှစ်မိုင်၊ သုံးမိုင်လောက် ဝေးတယ်။ အဲဒီရွာသစ်တွေမှာ လုပ်ကိုင်စားသောက်ဖို့ လယ်ယာမြေတွေမရှိရင် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ နေ့တိုင်း လယ်မြေတွေရှိတဲ့ မူလနေထိုင်တဲ့ ရွာတွေကိုပြန်လာပြီး ထွန်ယက်စိုက်ပျိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အများကြီး လိုအပ်ချက်တွေ ရှိပါတယ်" ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ လက်ပံတောင်း ကြေးနီစီမံကိန်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သတ္တုတွင်းနယ်မြေတွင် ဖြစ်ပွားခဲ့သော လူမှုဝန်းကျင် ပြဿနာများသည် မြေယာသိမ်းဆည်းမှုနှင့် ပြောင်းရွှေ့နေရာချထားမှု အပေါ်တွင် အဓိကအားဖြင့် အခြေပြုခဲ့သည်ဟု သုံးသပ်ရကြောင်း၊ သတ္တုတူးဖော် ထုတ်လုပ်ရန်အတွက် မြေလိုအပ်ချက်အား စနစ်တကျ သိရှိနားလည်စေမှုနှင့် အဆိုပါ လုပ်ငန်းများကြောင့် နိုင်ငံတော်နှင့် သက်ဆိုင်ရာ အရပ်ဒေသအတွက် အကျိုးကျေးဇူး ရှိနိုင်ပုံများအား သိသာသော အထောက်အထား၊ အချက်အလက်များ ပြသမှု၊ ထိုက်တန်သော ပေးလျော်မှု၊ အစားထိုး တည်ဆောက်ပေးမှု လိုအပ်သည်ဟု အကြံပြုကြောင်း ဖော်ပြထားသည်။
Comments
+25
#
2013-03-17 23:12
ကျနော်တို့ပြည်သူတွေပညာမတတ်တာ
အဓိကအချက်လို့မြင်ပါတယ် ပညာမတတ်တဲ့အခါ
သူများရဲ့စေတနာမေတ္တာတွေကိုလည်းနားမလည်တော့ပါဘူး
ချမ်းသာသောနိုင်ငံအများစုမှာ
တောင်ယာစိုက်ပျိုးရေးနဲ့ပဲချမ်းသာသောနိုင်ငံမကြားဘူးပါ
လူ့စွမ်းအားရင်းမြစ်သည်စိုက်ပျိုးရေးတစ်ခုတည်းလုပ်ရန်အတွက်မဟုတ်ပါ
တောင်ယာစိုက်ပျိုးရေးကလွဲပြီး ကျန်သောအလုပ်များကိုမလုပ်တတ်ပါဆိုသော
ဆင်ခြင်သည် မည်မျှပညာဥာဏ်နည်းပါးသည်ကို ဖော်ပြနေပါသည်
မြန်မာပြည်သူပြည်သားတိုင်း ပညာပြည့်စုံ၍
သူများအသုံးချခံဘဝမှလွတ်မြောက်ကြပါစေ (ပညာရေးကိုအစွမ်းကုန်မြှင့်တင်ပေးပါ)
+37
#
2013-03-17 21:26
လက်ပန်းတောင်းတောင်ဆိုတာလက်ပန်းတောင်းတောင်နားမှာနေတဲ့လူတွေတင်မကမြန်မာပြည်သူအားလုံးနဲ့ဆိုင်တဲ့နေရာတခုပါ။ဒေါ်အာင်ဆန်းစုကြည်ကပြည်သူအားလုံးအကျိုးကိုကြည့်ပြီးဆုံးဖြတ်တယ်လို့ယုံကြည်ပါတယ်။ဒီလိုဆုံးဖြတ်ရာမှာလဲလက်ပန်းတောင်းတောင်နားမှာနေတဲ့ပြည်သူတွေကိုပိုမိုတိုက်ရိုက်အကျိုးဖြစ်စေအောင်စဉ်းစားပြီးမှဒီအစီရင်ခံစာကိုရေးမှာဆိုတာသံသယဖြစ်စရာမလိုပါဘူး။။ဒေါ်အာင်ဆန်းစုကြည်ကပြည်သူအားလုံးအတွက်သူမဘဝကိုစတေးထားပြီးသားပါ။သူမရဲ့ညဏ်အမြော်အမြင်ကြီးလို့မြန်မာပြည်သူတွေဒီမိုကရေစီအခွင့်အရေးတွေကိုခံစားလာရတာပါ။ဒီလိုလူကိုကျေးဇူးကန်းတာဟာအပြစ်ကြီးလွန်းပါတယ်။သူဟာနိုင်ငံရေးအရအမြတ်ထွက်အောင်ဒီလက်ပန်းတောင်းတောင်အရေးကိုအသုံးချလို့ရပါတယ်။ဒီလက်ပန်းတောင်းတောင်အရေးကိုအရင်အစိုးရကိုအပြစ်တင်အခုအစိုးရပုံချပြီးထောက်ခံမှုရအောင်လုပ်လို့ရတယ်ဆိုတာစဉ်းစားနိုင်တဲ့လူတိုင်းသိနိုင်ပါတယ်။နောက်ပြီးဒ်ါအာင်ဆန်းစုကြည်လိုလူမျိုးမြန်မာပြည်မှာရှိနေတာဟာအဲဒီကြေးနီတောင်ကြီးတစ်ရာထက်တန်ဖိုးကြီးပါတယ်။သူသာမရှိခဲ့ရင်အဲဒီကြေးနီတောင်ကြီးတစ်ရာလောက်ရှိလဲသိလိုက်ရမှာမဟုတ်ဘူး။ဒီအမှန်တရားတွေကိုမျက်လုံးစုံမှိတ်ပြီးကို့လိုဘတခုထဲကြည့်ပြီးအော်နေတာကိုလုံးဝကန့်ကွက်ပါတယ်။
+34
#
2013-03-17 18:08
လက်လက်ပတောင်းရဲ. အဓိကတရားခံ ကတော. ဦးပိုင် ဘဲဖြစ်ပါလိမ်.မယ်…
အိုင်ဗင်ဟိုး တုန်းက ဘာမှကြီးကြီးကျယ်ကျယ်ပြသနာမကြားခဲ.ရဘဲ.. ဦးပိုင် ၀မ်ပေါင်ကျမှဘဲ စဖြစ်ကြတာပါ
.. ဦးပိုင်ဆိုတာလဲ အများသိကြတဲ.အတိုင်ဘဲ..စစ်တပ်ကုပဏီ..အဲဒီတုန်းကအစိုးရကလဲ စစ်အစိုးရ…
ဘယ်သူမှလူမထင်..ဘယ်သူမှလဲ မပြောရဲတဲ.ခေတ် ဆိုတော….ပုံမှန်ပေးသင်.တဲ.လျော်ကြေးလေးတောင်မပေးချင်တော. …မတရားသိမ်းခဲ. ဗုံးခဲ .လုပ်ချင်ရာလုပ်ခဲ..ကြမယ်ဆိုတာ…..
အသိသာကြီးပါ….
အခုမှသာပြောခွင်.ရှိလို. ပြောနိုင်ကြလို. သာအခုလိုအခြေအနေ ရောက်လာခဲ.တာ…အရှုံးထဲကအမြတ်ပါဘဲ…
မီးလောင်ဗုံးဘဲ ဖြစ်ဖြစ်..မီးခိုးဗုံး ဘဲဆိုဆို…အငြင်းပွားရန်မလိုပါ..သို့သော်…ဒီလောက်ရုပ်ပျက်ဆင်းပျက် ဒဏ်ရာ
ရစေတဲ.ကိစ အတွက်..ဘယ်သူ.မှာမှ တာဝန်မရှိတော.ဘူးလား …တာဝန်မသိ တာဝန်မယူ..အရေးမယူရတော.ဘူးလား…..ကော်မရှင်နှင်.မဆိုင်ပါ အစိုရတရပ်အနေ ဖြင်. တာဝန်ယူရပါမည်
ယုတ်စွအဆုံး..မိမိကိုယ်တိုင် က တာဝန်သိစိတ်ဖြင်. နုတ်ထွက်သင်.သူများနုတ်ထွက် ပေးရပါမည်
သမတကြီးခေါင်းမစားစေသင့်.ပါ…. အစိုရတရပ်အနေ ဖြင်...နှမျောမနေသင့်.ပါ…ခင်ဗျား

+21
#
2013-03-17 14:47
စစ်အစိုးရအဆက်ဆက် လုပ်ဆောင်ခဲ့မှု့တွေ ကောင်းသလား မကောင်းသလား
ဦးပိုင်အဖွဲ့အစည်းနဲ့ လုပ်ငန်းများကို လူထုအများစုက လက်ခံသလား လက်မခံသလား
ယနေ့ တယုတ်ပြည်နဲ့ ဝမ်ပေါင် အဖွဲ့အစည်းဟာ စီးပွါးရေးကို တရားမျှတ လူ့ကျင့်ဝတ်နဲ့ညီစွာ လုပ်သလား မလုပ်သလား
စီမံကိန်းလုပ်ငန်း ပတ်ဝန်းကျင်မှာ တာဝန်မဲ့လုပ်ရပ်တွေကြောင့် လူ့ကျန်းမာရေး ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ ညစ်ငြမ်းမှု့တွေ ဖြစ်မဖြစ်
ဒေသခံတောင်သူတွေကို မလှိမ့်တစ်ပတ်နဲ့လိမ်ညာ မတရား အမြတ်ထုတ်ခဲ့ကြတယ်ဆိုတာ ဟုတ်မဟုတ်
ဘယ်သူတွေ အလေးထား ဂရုပြုခဲ့ကြသလဲ ဘယ်သူတွေ တာဝန်ယူမှု့ ပျက်ကွက်ခဲ့သလဲ
နှစ်ပေါင်းများစွာ လုပ်လာခဲ့တဲ့ နိုင်ငံတော်စီမံကိန်းများဟာ ပြည်သူလူထုအကျိုးကို လက်တွေမြှင့်တင်နိုင်ခဲ့သလား
တကယ်အကျိုးအမြတ် ရယူခဲ့သူတွေက ဘယ်သူတွေလဲ
လက်ပံတောင်းစီမံကိန်းတစ်ခု ဆက်လက်လုပ်ကိုင်ယုံနဲ့ မြန်မာပြည်ကြီး ဖွံ့ဖြိုးတိုးတက်သွားမယ် ထင်ကြသလား
ပြည်သူတစ်ရပ်လုံးဆီမှာ စစ်တမ်းကောက်ကြည့်လိုက်ရင် ရှင်းနေအောင် မြင်ပါလိမ့်မယ်
ရှေ့လူက လုပ်ချင်ရာလုပ်သွား နောက်လူတွေက သဘောထားကြီးနဲ့ ဖြစ်သမျှတာဝန်ယူ ခံရမယ်ဆိုတဲ့ အစဉ်အလာနဲ့ဆက်သွားရင်
နောက်နောင် ကိုယ့်ကျိုးရှာ ထင်ရာတက်လုပ်တဲ့ကောင်တွေ မြန်မာ့သမိုင်းစာမျက်နှာသစ်မှာ ထပ်ထပ်ပြီး ပေါ်လာပါလိမ့်အုံးမယ်ဆိုတာ ပြောလိုက်ပါ့မယ်
အဆိုးမြင်နဲ့ အပျက်သဘော လျှောက်ရေးနေတာမဟုတ်ပါ
ဒုက္ခဆင်းရဲတွေ လက်တွေ့ခံစားနေကြရတဲ့ ပညာချို့တဲ့ ငွေကြေးနွမ်းပါး ခေတ်အဆက်ဆက် အဖိနှိပ့်ခံ တောင်သူလယ်သမားများရဲ့ ဘဝကို အလေးထားပေးကြဖို့ ဒီထက် ခံစားနားလည်မှု့ပေးကြဖို့ ရည်ရွယ်တာဖြစ်တယ်
ဒေသခံရွာသူရွားသားများရဲ့ နောက်ကွယ်မှာ နိုင်ငံရေးအမြတ်ထုတ်သူရှိတယ်တို့ ဘာတို့ အခြေအမြစ်မရှိ ယောင်ဝါးဝါးနဲ့ သံယောင်မလိုက်ကြပါနဲ့ သတင်းမလွှင့်ကြပါနဲ့ မျက်နှာကြီးရာ ဟင်းဖက်မပါကြပါနဲ့
ကိုယ်ယုံကြည် မြတ်နိုးစိတ်နဲ့ မျက်စိမှိတ် ကိုးကွယ်မှု့တွေ မလုပ်ကြပါနဲ့
ထုထောင်းရိုက်နှက် မီးလောင်တိုက်အသွင်းခံပြီး ဆန္ဒထုတ်ဖေါ်ခဲ့ကြလို့ ခင်ဗျားတို့ အထက်ကဆိုသူတွေ အခြေအနေတွေ သိလာကြတာမို့လား
နို့မိုလို့ကတော့ လူလို့တောင် မထင်ကြပဲ လုပ်ခဲ့တဲ့လုပ်ရပ်တွေ သမိုင်းသက်သေ အချက်အလက်တွေရှိပါတယ်
ကိုယ့်ဖို့သာကြည့်တဲ့ လုပ်ပိုင်ခွင့်ရသူတွေနဲ့ ဝိသမစီးပွါးရေးသမားတွေပေါင်း လုပ်ချင်သလိုလုပ်နေကြ သည်းခံနိုင်သလောက် သည်းခံနေခဲ့ကြရတာ နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ
သူတို့ဘဝကို နားလည်ပါတယ်လို့ အလွယ်မပြောကြပါနဲ့
သူတို့နေထိုင် စားသောက်နေရတဲ့ လက်တွေ့ဘဝထဲ ခဏလောက်သွားနေကြည့်ပါ သိပါလိမ့်မယ် အဲတော့မှ ကိုယ်ချင်းစာမိပါလိမ့်မယ်
ကျွန်တော်တို့မြန်မာလူမျိုးတွေဆိုတာ ကိုယ့်မြေကိုယ့်ရေကို စွဲလန်းမြတ်နိုးစိတ်ကြီးကြတယ်
ဆက်သုံးလို့မရတော့တဲ့ ကိုယ့်ပစ္စည်းလေး တစ်ခုကိုတောင် လွှင့်ပစ်ဖို့ တော်တော်စဉ်းစားကြတယ် ဘယ်လိုအခြေအနေတွေရောက်ရောက် နောက်ဆုံးကိုယ့်မွေးရပ်မှာပဲ ခေါင်းချချင်ကြတယ်
ရပ်တည်ရှင်သန်မှု့အတွက် ရုပ်ဝထ္ထုတွေလိုအပ်သလို စိတ်ခံစားမှုတွေကို လျှစ်လျှူရှု့လို့မရဘူး ငွေကြေးနဲ့တန်ဘိုးဖြတ်လို့ မရဘူးဆိုတာ သေချာအလေးအနက် စဉ်းစားကြပါ
စိတ်ကြောင့် ရုပ်ဝထ္ထုတွေတိုးတက်လာသလို အဲဒီ စိတ်ကြောင့် အရာရာ ပျက်ဆီးတက်ပါတယ်
ခင်မင်လွယ်ပြီး သဘောကောင်းတဲ့ ရိုးသားသူတွေ စိတ်ဒါဏ်ရာရ နာကြည်းမှု့ဖြစ်လာခဲ့ရင် သူများတွေထက်ဆိုးပါတယ်
ရုပ်ဝထ္ထုပြည့်စုံမှု့ကိုသာ ဦးစားပေးလုပ်ဆောင်မှု့များဟာ ရုပ်ဝါဒသမားတစ်ဦးပြောသလို
စေတီဘုရားများကရွှေတွေ အလကားထားမယ့်အစား စီးပွါးရင်းနှီးဖို့ကောင်းတယ်ဆိုတဲ့ အတွေးအခေါ်အယူအဆ မိစ္ဆာဝါဒများ ထွန်းကားလာပါလိမ့်မယ်
ကိုယ့်ထက် နိမ့်ကျအားနည်းနေသူများရဲ့ စိတ်ခံစားမှု့ကို အလေးထားပေးပါ
တဖက်ကဆန္ဒပြတောင်းဆိုလာမှ လာရောက်တိုင်တန်းမှ ဝရုန်းသုံးကားဖြစ်မှ
ဝတ်ကျေတန်းကျေ ထလုပ်ပေးတဲ့ စိတ်တွေကိုပြင်ကြပါ
တာဝန်ရှိဆိုသူတွေ ကိုယ်ယူတဲ့တာဝန်ကို စိတ်စေတနာလေး ထည့်ပြီးလုပ်ပေးကြပါ
အများအကျိုးအတွက် မလုပ်နိုင်သူတွေ တာဝန်ကနုတ်ထွက်ကြပါ
မမှန်ကန်မှု့ မတရားမှု့ အနိုင်ကျင့်မှု့ ဥပဒေလက်တစ်လုံးခြားလုပ်
လူပါးဝ ဂုတ်သွေးစုတ်မှု့တွေကို ဝိုင်းဝန်းဖေါ်ထုတ် အမြစ်ကနေ ဆွဲနုတ်ပစ်ကြပါ

+22
#
2013-03-17 12:24
Previously no Electricity at all these villages, right?
They will provide Free Shuttle Bus to go to farm.
>>>>>>"ကျွန်မအနေနဲ့ကတော့ နှစ်ကာလပေါင်းများစွာ နေလာပြီး သစ်ကြီးဝါးကြီးတွေရှိတဲ့ မူလဒေသမှာပဲ နေလိုပါတယ်။ နောက်တစ်ချက်က လက်ရှိနေတဲ့ရွာမှာ လယ်ယာမြေတွေ ရှိတယ်။ ဟိုမှာက မရှိနိုင်ဘူး။ အခုပြောင်းရမယ့် ရွာတွေက ကျွန်မတို့ လက်ရှိနေတဲ့ရွာနဲ့ နှစ်မိုင်၊ သုံးမိုင်လောက် ဝေးတယ်။ အဲဒီရွာသစ်တွေမှာ လုပ်ကိုင်စားသောက်ဖို့ လယ်ယာမြေတွေမရှိရင် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ နေ့တိုင်း လယ်မြေတွေရှိတဲ့ မူလနေထိုင်တဲ့ ရွာတွေကိုပြန်လာပြီး ထွန်ယက်စိုက်ပျိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အများကြီး လိုအပ်ချက်တွေ ရှိပါတယ်" ဟု ပြောကြားသည်။

+18
#
2013-03-17 12:17
Politics is very
complicated and tricky in Myanmar, like any other countries in the
world. This is clearly dirty political tricks.
Who is playing this game?
Who is the puppet ?
Who is the controlling and setting this up?
These villagers are clearly trained. They are well trained to talk like this and act like this. They look very violent, but not peaceful. Why did the man in Yangon come to the village, protest among villagers, try to attack and be against Daw Suu? Who is this guy? This guy talked like "Zat Min That". Look at all women. Only a few women in the front row are crying. They all fake. Good luck.
In fact, this is due to many people lack of education in Myanmar for many years.
Government asked Daw Su to help and solve this problem since they didn't know how to deal with public.
Daw Su has over confident. She thought she could solve this case.
Hardliner group inserts their people among these villagers. They trained their people (monks and villagers) how to talk, how to act and how to protest.
Then, this hardliner group will say one day "Suu Kyi is very unorganized and so as her political party. If Suu kyi cannot handle this little case, how can she handle the whole country ? They want to prove that Daw Su cannot handle this little case.
In my humble opinion, Daw Su needs to reform and reorganize her political party. She should start looking for very talented and educated people across the nation as soon as possible. Fire and hire people. It shouldn't be like "one-man show." If it is one-man show like this, her party will collapse again when she get arrested. Many people in Burma think Daw Su can change the country. This is a wrong idea. Many people in Burma need to change their moral and their idea. If people do not improve themselves, our country will never be improved.
Daw Suu Kyi didn't expect this situation and she thinks that her report is realistic. she got upset now. She must win this case. She must play well with both public and China. Otherwise, it is not good for 2015 election.
I hope Daw Suu can make the right decisions and I hope Burmese people can understand this very difficult situation

+6
#
2013-03-17 10:36
သာဓု-သာဓု ပါခင်ဗျား။
ဒီမိုကရေစီ အင်အားစု၏ လူထုအင်အားသည် ကြောက်ခမန်းလိလိ Momentum
ကြီးမားလှပါသည်။ ဒီမိုကရေစီ ဘက်တော်သားတို့သည် ဤအင်အားကို ယုံကြည်မှု
Absolute Faith and correct as -sessments အပြည့်အဝရှိ့ဖို့လိုပါသည်။
ကိုယ့်အင်အား အတိုင်းအတာကို သိလျက်နှင့် ဆန့်ကျင်ဘက် အင်အား ၏ ရုပ်သေး
အဖြစ် မခံဘို့ အရေးကြီးပါသည်။ သို့တည်း မဟုတ် မိမိအင်အားကို မိမိ မသိဘဲ
ကြောက်စိတ်တွေသာ လွှမ်းမိုးနေပြီး ပြိုင်ဘက်အင်အားကို မပြိုင်ရဲဘဲ အစစ အရာရာ
နာခံ လိုက်နာ ခေါင်းညိတ်တဲ့ ဘဝမျိုး မရောက်ဖို့ အရေးကြီးပါသည်။ ဒီမိုကရေစီ
အင်အားသည် စစ်တပ်ကြီး ဆယ်တပ်ထက်တောင် အင်အားကြီးမားတယ်ဆိုတာ
တူနီးရှားအရေး၊ အီရပ်အရေး၊ လစ်ဗျား အရေး၊ အီဂျစ်အရေး နှင့် ယ္ခု လက်ငင်း
ဆီးရီးယား အရေးတို့မှ သက်သေ ပြနေပါတယ်။ မိမိကိုယ်နှင့် တဖက်အင်အားကို
မှန်ကန်စွာ as-sessment လုပ်တတ်ဖို့ အလွန် အရေးကြီးပါသည်။ သို့မှသာလျှင်
ဆန့်ကျင်ဘက်လူများက မိမိအင်အားကို Hijack =လေယာဉ် ပြန်ပေးဆွဲ
လုပ်မသွားနိုင်မှာ ဖြစ်ပါသည်။
-34
#
2013-03-17 10:23
နှာနှပ် နည်းကောင်းကောင်း၊ ခြေမချိုးနည်းကောင်းကောင်း ၊ ငယ်ထိပ် မှုတ်နည်းကောင်းကောင်း များကို
သွန်ကြား ပြသနိုင်သော ဆရာကောင်း သမားကောင်း ဟူးရားအကြော်အမော် များ အလိုရှိသည်...
ဥာဏ်ပူဇော်ခကို ယွမ်ငွေ အရွက်ကြီးကြီးဖြင့် ပူဇော်မည်။

-31
#
2013-03-17 10:18
just get out of burma. Ivanho is smart.
not worth anymore. people will keep on coming back.
u pai should close the project. listen people voices.
too many other opportunities.

လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်း အရေးအခင်းနဲ့ ဆက်စပ်တဲ့ သမိုင်းဝင်မဲ့ ဓါတ်ပုံလေးလို့ ဆိုချင် သလို ဒီ ဓါတ်ပုံရိုက်ကူး ရယူသူကိုလည်း ဂုဏ်ပြု မှတ်တမ်းတင် ထိုက်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဓါတ်ပုံကို သေသေချာချာ ကြည့်ပါ.....
-- ရှေ့က လက်မောင်းပင့် ကြွေးကျော်နေတဲ့ ဒေသခံ ကျေးတောသူ ကြီးရဲ့ မျက်နှာမှာ ဒေသကို ခင်တွယ်တဲ့စိတ် ရိုးသားတဲ့ သူ့ အတွင်းသဘောတွေကို ထင်ထင်ရှားရှားမြင်နေရသလို
-- ကျွန်တော်တို့ ချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့မျက်နှာမှာလည်း နားလည်စာနာမှု သည်းခံမှု ဒေသခံတွေရဲ့ ဒေသချစ်စိတ်အပေါ် ကျေနပ်မှု ပီးတော့ "သြော်... သူတို့လေးတွေ ရင်ထဲရှိတာ ပြောကြစမ်းပါစေ... ခမျာ များ မပြောရဲမဆိုရဲ ပြောခွင့်မရှိ ဆိုခွင့်မရခဲ့ ရှာကြတာ ကြာလှပါပကော" ဆိုတဲ့ ဂရုဏာသက်ရောက်ခံစားမှုတွေက ဖုံးဖိထားလို့မရအောင် ပေါ်လွင်လှသလို
-- ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပါးတော်မြဲ ဆရာကြီးကတော့ ဒေသခံတွေနဲ့ ရောပီး မွန်းကြပ်နေပုံရ ပီး
-- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ မမ ကတော့ ခေတ်ပညာတတ် ဒေါက်ဖိနပ်စီး လေဒီများထက် အမျိုးချစ်စိတ် ဒေသချစ်စိတ် နိုင်ငံချစ်စိတ် ထက်သန်ပြင်းထန်တဲ့ အမျိုးကောင်းသမီး ကျေးတောသူကြီးကို အံ့အား အသင့်ကြီး သင့်နေတာ အထင်အရှား ပါဘဲ...