Monday, March 18, 2013

လက်ပံတောင်းတောင် အစီရင်ခံစာသည် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခေါင်းဆောင်မှုကို စမ်းသပ်ခြင်းဟု လေ့လာသူများဆို


လက်ပံတောင်းတောင် အစီရင်ခံစာသည် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခေါင်းဆောင်မှုကို စမ်းသပ်ခြင်းဟု လေ့လာသူများဆို 

ဝင်းကိုကိုလတ်   |   Thursday, 14 March 2013
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာနှင့်ပတ်သက်ပြီး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၃ ရက်နေ့တွင် ဒေသခံများအား ရှင်းလင်းပြောကြားနေစဉ်။ ကောင်းထက်/မြန်မာတိုင်း(မ်)လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာနှင့်ပတ်သက်ပြီး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၃ ရက်နေ့တွင် ဒေသခံများအား ရှင်းလင်းပြောကြားနေစဉ်။ ကောင်းထက်/မြန်မာတိုင်း(မ်)
ယခုလ ၁၁ ရက်က သမ္မတ ဦးသိန်းစိန် ထံ တင်သွင်းခဲ့ပြီး ၁၃ ရက်က ထုတ်ပြန်ခဲ့သည့်
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာသည် အတိုက်အခံနိုင်ငံရေး
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခေါင်းဆောင်မှုကို စမ်းသပ်ခြင်း တစ်မျိုးဟု
လွှတ်တော်ကိုယ်စားလှယ် တချို့က သုံးသပ်သည်။

"ကျွန်တော်မြင်တာပေါ့။ ဒါက သူ့ (ဒေါ်အောင်ဆန်းစုကြည်) အရည်အချင်းကို စစ်တာလို့မြင်ပါ
တယ်"ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာအေးမောင်က ပြောသည်။

"ဟုတ်ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသက်လုံ (Political Stamina) ကို စမ်း
သပ်ခံနိုင်တဲ့ အနေအထားလို့မြင်ပါတယ်" ဟု သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးရဲထွန်းက ပြောသည်။
လက်ပံတောင်းတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အကယ်စင်စစ် နိုင်ငံရေးသတ်
ကွင်း၊ နိုင်ငံရေး ထောင်ချောက်ဖြစ်သည်။

အဆိုပါ သတ်ကွင်း၊ ထောင်ချောက်ကို တိုင်းပြည်နှင့် ပြည်သူအကျိုးအတွက် ဖြတ်လျှောက်ဝံ့သူမှာ
ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းသာရှိသည်ဟု မြန်မာနိုင်ငံရေး လေ့လာသူ ဒေါက်တာ
ရန်မျိုးသိမ်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

"ဒေါ်စု ကော်မရှင်တွင် ပါဝင်လာသဖြင့် ၀မ်ပေါင်ရော၊ ဦးပိုင်ပါ အလျှော့ပေးမှုတွေပြုလုပ်လာရသည်
မှာ မငြင်းနိုင်သောအချက်ဖြစ်သည်"ဟု ၎င်းက ဆက်လက်ရေးသားထားသည်။

"သူ (ဒေါ်အောင်ဆန်းစုကြည်)က ပျော့ပျော့ပျောင်းပျောင်းနဲ့ အခြေအနေ တစ်ခုကို ဆွဲခေါ်နေတာ။
ဒါကို ပြည်သူက သဘောပေါက်ဖို့လိုတယ်။ ကျွန်တော်တို့က ဒါကို သဘောပေါက်တယ်" ဟု
ဒေါက်တာအေးမောင်က ပြောသည်။

အစီရင်ခံစာအပေါ်တွင် တရာမျှတသည်၊ မမျှတသည်ဝေဖန်မှုအမျိုးမျိုး ရှိသော်လည်း အင်အားကြီး
အဖွဲ့အစည်းတစ်ခုကို ဆွဲဆောင်နေရခြင်း ဖြစ်သည်ကို နားလည်ရန် လိုအပ်သည်ဟု ဒေါက်တာ
အေးမောင်က ပြောသည်။

"လက်ပံတောင်းအရေးက ကြားညှပ်ခံရတာဗျ။ နာတာတွေ ရှိကောင်းရှိမယ်။ ပြည်သူတွေ တွေး
တွေးဆဆနဲ့ သည်းခံကြဖို့လိုပါတယ်။ ပွင့်လင်းမှု မရှိတာကို ပွင့်လင်းမှု ရှိအောင် လုပ်ပေးတာဗျ"ဟု
၎င်းက ပြောသည်။

"အစိုးရဘာလုပ်လုပ် ဆန္ဒပြမယ်။ အကျပ်ရိုက်အောင်လုပ်မယ်ဆိုတာက ဟိုတုန်းက ဗကပတွေ
လုပ်ခဲ့တဲ့ နည်းပါ။ အဲဒီလိုနည်းတွေကို လက်ရှိ တက်ကြွ လှုပ်ရှားသူတချို့က သုံးနေကြပါတယ်"
ဟု ဗမာပြည်ကွန်မြူနစ်ပါတီ၏ အဖွဲ့ဝင် ဟောင်းတစ်ဦးဖြစ်ခဲ့သူ ဦးရဲထွန်း က ပြောသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရသော ဒေါ်အောင်ဆန်းစုကြည်သည်
ယခင်က အတိုက်အခံ ခေါင်းဆောင်တစ်ဦးအနေဖြင့် နိုင်ငံ ရေးအရ လွတ်လွတ်လပ်လပ် ပြောဆို
နိုင်သော်လည်း ယခုကော်မရှင် ဥက္ကဋ္ဌ တစ်ဦးအနေဖြင့် နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ သဘာဝ
ပတ်ဝန်းကျင်၊ လူထု၏ဆန္ဒ၊ နိုင်ငံတကာ ဆက်ဆံရေး စသည့် ဘက်ပေါင်းစုံမှ ခြုံငုံသုံးသပ်၍
အကောင်းဆုံး ဆောင်ရွက်ခဲ့သည်ဟု ယုံကြည်ကြောင်းလည်း ဦးရဲထွန်းက ပြောသည်။

"တစ်ဖက်က လူထုဆန္ဒပြောပြီး အနည်းစုက ကျယ်ကျယ်လောင်လောင် အော်နေတဲ့သူတွေက
ကျေနပ်မှာ မဟုတ်ပါဘူး"ဟု ဦးရဲထွန်းက ပြောသည်။

ပြည်ပမှရင်းနှီးမြှုပ်နှံလိုသူများသည်လည်း အစိုးရ၏ နိုင်ငံကိုတာဝန်သိသိ စီမံခန့်ခွဲခြင်း၊ တရား
ဥပဒေ စိုးမိုးခြင်း၊ အုပ်ချုပ်သူများသာမက ပြည်သူများပါ တရားဥပဒေကို လိုက်နာခြင်း၊ နိုင်ငံတကာ
နှင့် ချုပ်ဆိုထားသည့်စာချုပ်များ အပေါ်တွင် လိုက်နာမှုရှိခြင်း စသည်တို့ပေါ်တွင်မူတည်၍ ရင်းနှီး
မြှုပ်နှံလေ့ရှိသည်ဟုလည်း ၎င်းက ပြောသည်။

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းကို တပ်မတော်ကလည်း စစ်မှာပဲ။ အဖွဲ့အစည်းဆိုတာ
အမျိုးမျိုးပဲ။ လက်ရှိ အစိုးရအဖွဲ့ကလည်း ကြည့်မှာပဲ။ တခြားသူတွေကလည်း ကြည့်မှာပဲ"ဟု
ဒေါက်တာအေးမောင်က ပြောသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။