Saturday, March 16, 2013

ဒေါ်စု ကို ၀ိုင်း ရန်တွေ့ကြတဲ့ ကိစ္စ စိတ်ဆင်းရဲ စရာကောင်းတယ်လို့ သီတဂူဆရာတော် မိန့် ကြား




ဒေါ်စု ကို ၀ိုင်း ရန်တွေ့ကြတဲ့ ကိစ္စ စိတ်ဆင်းရဲ စရာကောင်းတယ်လို့ သီတဂူဆရာတော် မိန့် ကြား

တိုင်းပြည်အတွက် ဒီလောက် စွန့်လွှတ်တဲ့ လူတယောက်ကို ၀ိုင်း ရန်တွေ့ကြတဲ့ ကိစ္စဟာ အင်မတန် စိတ် ဆင်းရဲစရာ ကောင်းတယ်။ လက်ပံတောင်း ဒေသခံတွေ အပါအ၀င် တတိုင်းပြည်လုံးက တိုင်းရင်း သား ပြည်သူတွေ အားလုံးဟာ တယောက်နဲ့ တယောက် ခွင့်လွှတ်ရမယ်၊ သီးခံရမယ်၊ ပြီးတော့ အနဲငယ်မျှသော အကျိုး အမြတ်ကို စွန့်လွှတ်မှ ကြီးကျယ်တဲ့ အကျိုးအမြတ်ကို ရရှိနိုင်မှာ ဖြစ်တယ်လို့ သီတဂူဆရာတော် အရှင်ဥာဏိသရက မိန့်ကြားပါတယ်။

မတ်လ ၁၆ရက်က ဒီဗွီဘီက တယ်လီဖုန်းနဲ့ မေးမြန်းလျှောက်ထားရာမှာ ဆရာတော်က အခုလို မိန့်ကြား လိုက်တာ ဖြစ်ပါတယ်။

http://feeds.feedburner.com/thithtoolwin/yIWV

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။