Friday, December 14, 2012

နိုင်ငံတော်က ဗန်ကောက်ဆေးရုံကြီးသို့ ဘတ်ငွေ တစ်သန်း ကြိုတင်ပေးပို့ထား


နိုင်ငံတော်က ဗန်ကောက်ဆေးရုံကြီးသို့ ဘတ်ငွေ တစ်သန်း ကြိုတင်ပေးပို့ထား 

သက်တော်(၆၆)နှစ်အရွယ် ဆရာတော် ဦးတ္ခိဥာဏ ကို ရန်ကုန်မြို့ ပြည်သူဆေးရုံ ကနေ ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူဖို့(၁၃-၁၂-၂ ၀၁၂) ညနေ (၄း၃၀) မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာသွားပါတယ်။photo - DVB
Yangon Media Group, 14 December 2012  —-  လက်ပံတောင်းတောင်ဖြစ်စဉ်တွင် မီးလောင်ဒဏ်ရာရရှိခဲ့သည့် ဦးတိက္ခဉာဏ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဆေးဝါးကုသမှု ခံယူရန် ထွက်ခွာ နိုင်ငံတော်က ဗန်ကောက်ဆေးရုံကြီးသို့ ဘတ်ငွေ တစ်သန်း ကြိုတင်ပေးပို့ထား

==========================================
လက်ပံတောင်းတောင်ဖြစ်စဉ်တွင် မီးလောင်ဒဏ်ရာရရှိခဲ့သည့် မုံရွာမြို့ မင်းတိုင်ပင်ရွာ ခေါ် သန္တီရွာ တောရကျောင်းမှ ဦးတိက္ခဉာဏ သက်တော် (၆၄)နှစ်သည် မန္တလေးပြည်သူ့ဆေးရုံကြီးမှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ဒီဇင်ဘာလ၁ဝ ရက်တွင် လွှဲပြောင်းရောက်ရှိခဲ့သည်။
၎င်း၏ ရောဂါအခြေအနေမှာ ဆိုးရွားခြင်းမရှိဘဲ ၄င်း၏ဆန္ဒအရ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဆေးဝါးကုသမှု ခံယူရန် အတွက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆင်းသွားခဲ့သော်လည်း ၄င်းတွင် ငွေကြေး အခက်အခဲရှိသည့်အတွက် နိုင်ငံတော်က ဗန်ကောက်ဆေးရုံကြီးသို့ ဘတ်ငွေတစ်သန်း ကြိုတင် ပေးပို့ထားကြောင်း သိရသည်။
၎င်းနှင့်အတူ ညီဝမ်းကွဲ တော်စပ်သူ မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးဝင်း လိုက်ပါ၍ ယနေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
SOURCE::http://www.ministryofinformation.gov.mm/index.php/news/local-news/1673-2012-12-14-00-22-49.html
ပြန်ကြားရေးဝန်ကြီးဌာန website မှ

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။