ရန်ကုန်တက္ကသိုလ် ပြင်ဆင်နိုင် ရန်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက် မည်ဟု ဒေါ်အောင်ဆန်းစု ကြည်ပြောကြား
ယနေ့နံနက်၉နာရီ၃ဝခန့် အချိန်တွင်ရန်ကုန်တက္ကသိုလ် သို့ရောက်ရှိခဲ့ပြီး
နောက် တက္ကသိုလ်မှ အဆင့် မြင့် ပုဂ္ဂိုလ်များနှင့်တွေဆုံခဲ့ပြီးနောက်
ဘွဲ့နှင်းသဘင် အဆောက်အအုံ၊ ပင်းယဆောင်နှင့် စစ်ကိုင်းဆောင်တို့
ကိုသွားရောက်ကြည့်ရူ့ ခဲ့ကြောင်းသိရ သည်။ရန်ကုန်ဝိဇ္ဇာသိပံ္ပတက္ကသိုလ် အား
ကမ္ဘာ့အဆင့်မီ တက္ကသိုလ် အဖြစ်ရပ်တည်နိုင်ရန် အဆိုတင်သွင်းခဲ့ ပြီးလွတ်တော်
မှ အတည်ပြုခဲ့ကြောင်း ယင်းအဆိုနှင့်ဆက်စပ်၍ ပြည့်သူလွတ်တော် ကိုယ်စားလှယ်
တစ်ယာက် အနေဖြင့် သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ်မှ
အဆင့်မြင့် ပုဂ္ဂိုလ်များနှင့် ဝိဇ္ဇာခန်းမ တွင် တွေဆုံခဲ့ပြီး လက်ရှိ
တက္ကသိုလ်၏ပကတိအခြေအနေကို လက်ခံရန်ပြောကြား ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ
အဖွဲ့ ချုပ်ပြန်ကြားရေးတာဝန်ခံဦးအုန်းကြိုင်
ကပြောသည်။ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တက္ကသိုလ်အား ယခင်ကကဲ့သို့
ကံ့ကော်ပန်းရနံများမွှေးပျံနေစေရန်နှင့် ခုံတန်းလျားများ ရှိနေစေရန်နှင့်
ရန်ကုန်တက္ကသိုလ်နယ်မြေတစ်ခု လုံးအား ပြင်ဆင်ရန် အတွက် ပြည်တွင်းပြည်ပ
ပညာရှင်များ ပါဝင်သော ကော်မတီတစ်ရပ်ဖွဲ့ စည်းကာ ဆောင်ရွက်သွား ရန်နှင့်
ပြည်ပအကူ အညီတောင်းခံကာ လိုအပ်သလိုပြင်ဆင်သွားမည် ဖြစ်ကြောင်း
ပြောကြားခဲ့သည်ဟု DVB သတင်းဌာနတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကပြည် သူ့လွတ်တော်ပဉ္စမအကြိမ်အစည်းအဝေးတွင်
ရန်ကုန်ဝိဇ္ဇာ သိပံ္ပတက္ကသိုလ် အားပြုပြင် မွမ်းမံပြီး သင်ထောက်ကူပစ္စည်း
များနှင့် ဘာသာရပ်ဆိုင်ရာ ပညာများ၌ အဆင့်မီ တက္ကသိုလ်ဖြစ်မြောက်ရေး အတွက်
ပညာရေး ဝန်ကြီးဌာနမှတာ ဝန်ရှိသူများ၊ လွတ်တော်ရေးရာကော် မတီကော်မရှင်များ၊
ဘာသာ ရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် အသိပညာရှင်အတတ်ပညာရှင်များ ပါဝင်သည့်
ကြီးကြပ်ရေး အဖွဲ့ဖွဲ့စည်းပေးပါရန် တိုက်တွန်း ကြောင်းအဆိုကို
မဲခွဲဆုံးဖြတ်ခဲ့ပြီး နောက် မဲပေးခွင့်ရှိ သူကိုယ်စားလှယ် ၃၇၆ဦး အနက်
ထောက်ခံမဲ၂၄၈ မဲ ၊ကန့်ကွက်မဲ၆၈ မဲ၊ကြားနေ၉မဲဖြင့် အနိုင်ရရှိခဲ့သည်။
No comments:
Post a Comment