Friday, October 26, 2012

ရသေ့တောင် ညောင်ပင်ကြီးရွာပဋိပက္ခ (၂)ဦးသေဆုံး (၁၀)ဦးနှင့်အထက်ဒဏ်ရာရရှိ


ရသေ့တောင် ညောင်ပင်ကြီးရွာပဋိပက္ခ (၂)ဦးသေဆုံး (၁၀)ဦးနှင့်အထက်ဒဏ်ရာရရှိ 


Arakan Times, 25 October 2012  —-  အောက်တိုဘာလ(၂၅)ရက် ယနေ့ နံနက်(၉)နာရီခန့်က ရသေ့တောင်မြို့နယ် ညောင်ပင်ကြီးကျေးရွာပဋိပက္ခတွင် ရခိုင် (၂)ဦးသေဆုံးပြီး (၁၀)ကျော်ခန့် ဒဏ်ရာရှိခဲ့ကြောင်း သတင်းရရှိသည်။
ညောင်ပင်ကြီးကျေးရွာ၌ ဘင်္ဂလီအင်အား တစ်ထောင်ကျော်နှင့် ဒေသခံ ရခိုင်(၅၀၀)ကျော်ခန့်ဖြင့် ပဋိပက္ခဖြစ်ပေါ်နေချိန်တွင် စစ်တပ်အင်အား (၁၀)ဦးခန့်မှ သေနတ်ဖြင့် ပစ်ခတ်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။
သေဆုံးသူနှစ်ဦးသည် ညောင်ပင်ကြီးကျေးရွာတွင်ပင် သေဆုံးခဲ့ရပြီး၊ ဒဏ်ရာ ရရှိသူများအား စစ်တွေဆေးရုံသို့ ပို့ဆောင်သွားကြောင်း သိရှိရသည်။

“ အခုကျနော်တို့ စစ်တွေကိုရောက်နေပါပြီ၊ အခုစစ်တွေဆေးရုံမှာ အတွင်းလူနာ (၃)ဦးနဲ့ အပြင်လူနာ (၇)ဦးရှိပါပြီ ” ဟု ရသေ့တောင်မှ စစ်တွေသို့ လူနာပို့ဆောင်လာသူတစ်ဦးမှပြောသည်။
ဒဏ်ရာရရှိသူများမှာ ကိုသန်းထွန်း အသက်-၂၆၊ အဘ-ဦးကျော်သန်းစိန် ဖြူချောင်းကျေး ရွာ၊ ပေါင်ပေါ် သေနတ်ဒဏ်ရာရ၊ ဦးဘသန်း အသက်-၅၃၊ အဘ-ဦးအေးမောင် ကပ်ချောင်းကျေးရွာ၊ တင်သားတွင် သေနတ်ဒဏ်ရာရ၊ ဦးမောင်ကျော်ထွန်း အသက်-၅၅၊ အဘဦးမောင်ဖြူကြီး ကပ်ချောင်းကျေးရွာ၊ ပေါင်ပေါ်တွင် သေနတ်ဒဏ်ရာရ၊ ဦးအောင်ဇံဝေ အသက်-၄၈ ကပ်ချောင်းကျေးရွာ၊ ဦးသိန်းလှမောင် အသက်-၅၂၊ ဦးသိန်းကျော် အသက် – ၁၇၊ ဘ-ဦးလှထွန်းစိန် ဆားပြင်ကြီးကျေးရွာ လက်ဖံတွင် ယမ်းထောင်းသေနတ်ဒဏ်ရာရ၊ ဦးဖြူသိန်းမောင် အသက်-၃၅နှစ်၊ ဦးစန္ဒာအောင် လက်ခလယ်တွင် သေနတ်ဒဏ်ရာရ၊ ဆားပြင်ကြီးကျေးရွာတို့ ဖြစ်ကြပြီး ကျန်လူများကို ဆက်လက်စုံစမ်းလျှက်ရှိသည်။
Written by မင်းသွီး

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။