Tuesday, September 25, 2012

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တာမွေမြို့နယ် တရားရုံးသို့ သွားရောက် စစ်ဆေး


တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တာမွေမြို့နယ် တရားရုံးသို့ သွားရောက် စစ်ဆေး  PDF Print
Tuesday, 25 September 2012 10:48
AddThis Social Bookmark Button
thn_b_02ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် တာမွေမြို့နယ် တရားရုံးသို့ သွာရောက် စစ်ဆေးမေးမြန်းမှုများ စတင် ပြုလုပ်နေကြောင်း သိရပါသည်။
အဆိုပါ သွားရောက်လေ့လာ မေးမြန်းမှုတွင် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ အတွင်းရေးမှူး ဦးဝင်းမြင့်၊ ဦးသိန်းညွန့်၊ ဦးမင်းဆွေ၊ ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ ပါဝင်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး တရားသူကြီးချုပ် ဦးဝင်းဆွေ၊ ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင် တရားသူကြီး ဒေါ်ချိုမာလာ၊ တာမွေမြို့နယ် တရားသူကြီး ဦးမြင့်ဝင်းနှင့်အတူ တာမွေမြို့နယ် တရားရုံးမှ တရားသူကြီး ငါးဦးကို တွေ့ဆုံ စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရပါသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို သြဂုတ်လ ၇ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး ကော်မတီကို (၁) ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ- ကော့မှူးမဲဆန္ဒနယ်၊ (၂) ဦးမန်းမောင်မောင်ဥာဏ် ပန်းတနော် မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၃) ဦးမင်းဆွေ၊ ဒိုက်ဦးမဲဆန္ဒနယ်၊ အဖွဲ့ဝင် (၄) ဒေါ်ဒွဲဘူ၊ အင်န်ဂျန်းယန် မဲဆန္ဒနယ်၊ အဖွဲ့ဝင်(၅) ဦးစိုင်းထွန်းစိန် မိုင်းပြင်း မဲဆန္ဒနယ်၊အဖွဲ့ဝင် (၆) ဒေါက်တာရိုအုပ် မတူပီ၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၇) ဦးခင်မောင်မြင့် ဇီးကုန်းမဲဆန္ဒနယ်၊ အဖွဲ့ဝင် (၈) ဒေါ်မိယဉ်ချမ်း၊ ကျိုက်မရော မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၉) ဒေါ်လဲ့လဲ့ဝင်းဆွေ၊ တာမွေ၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၀) ဦးစိုးရယ်၊ ဒီမောဆို၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၁) ဒေါ်ခင်စောဝေ၊ ရသေ့တောင် မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၂) ဦးနယ်လ်ဆင် (ခ) ဦးဆောင်ဆီ ၊ ကျောက်မဲ မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၃) ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၄) ဒေါက်တာဇော်မြင့်မောင်၊ ကျောက်ပန်းတောင်းမဲဆန္ဒနယ် အဖွဲ့ဝင် (၁၅) ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်၊ အတွင်းရေးမှူး တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကော်မတီ၏ အဓိကတာဝန်မှာ လွှတ်တော် ကိုယ်စားလှယ်များ၊ တရားရေးအဖွဲ့အစည်းများ၊ အစိုးရ၀န်ထမ်းများ၊ မီဒီယာများကြား တရားဥပဒေနှင့်အညီ ကျင့်သုံးနေထိုင်မှု ရှိစေရန် ကြပ်မတ် ထိန်းကျောင်းရမည်ဖြစ်ပြီး တိုင်းပြည်တည်ငြိမ် အေးချမ်းမှု ရရှိစေရန် ဆောင်ရွက်ရန်ဖြစ်ကြောင်းနှင့် ကော်မတီသည် ပြည်ထောင်စု အဆင့်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက သြဂုတ်လ ၇ ရက်နေ့တွင် ပြောကြားထားပါသည်။


ကော်မတီအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်တရားရုံးများသို့ သွားရောက်လေ့လာရန် စီစဉ်ထားပြီး ပထမဦးဆုံးအနေဖြင့် တာမွေမြို့နယ် တရားရုံးသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
Comments 
+1 #2 Ta Pyay Thu Ma Shwe Hta 2012-09-26 08:47
This kind of high-profile visit will yield no good information about anything. Like in the past when green pants wre seen touring and giving B.S instructions, this first visit gives the feel of "For Show Only". Look at the body languages and positions in the photo. Evaluation mission/visits should be discreet and keep confidentiality to ensure the good and usable information and protect who speak out about what is wrong or their difficulities. Now every one will anwser "fine" if asked openly and publicly.
Daw Suu is presiding over a group of non-experts committees.
 
+83 #1 NyanHtet 2012-09-25 14:58
ဦးမင်းဆွေ၊ ဒိုက်ဦးမဲဆန္ဒနယ်၊ တဲ့........
ဗိုလ်မှူးကြီး မင်းဆွေ....ရထားပို့ဆောင်ရေးက ဦးဆောင်ညွှန်ကြားရေး
မှူးဟောင်း။ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဘူတာကြီးကနေ မန္တလေးသွားဘို့ စီစဉ်တုန်းက ရထားတွဲကို ဖြုတ်ချတဲ့ ညွှန်ချုပ်ကြီး....
လက်ရှိ ဒုဝန်ကြီး သူရသောင်းလွင်က ရထားတွဲကို ဖြုတ်ဘို့ အမိန့်ပေး
တယ်။ဒေါ်အောင်ဆန်းစုကြည်က ဘူတာထဲက ပြန်မထွက်တော့
ဘူတာကြီးကို ရေဆေး သန့်ရှင်းရေး လုပ်မယ်လို့ စီစဉ်တဲ့သူ........
နောက်တော့ ထောက်လှမ်းရေးနဲ့ ဆေး တပ်ဖွဲ့ဝင်တွေက ရုန်းရင်း
ဆန်ခတ် ဖြစ်အောင် လုပ်...ဒေါ်အောင်ဆန်းစုကြည်ကို မေ့ဆေး
နဲ့ အုပ် ကားပေါ်တင်။ (မေ့မရတဲ့ မျက်မြင် အဖြစ်အပျက်ပါ)
အော် .....ဒီလူတွေ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကော်မတီထဲမှာ
ပါနေတာတော့။ ရင်လေး စရာပါဘဲ

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။