Monday, September 17, 2012

ရခိုင်ပြည်နယ် ပြိုကွဲခဲ့လျှင် . . .

ရခိုင်ပြည်နယ် ပြိုကွဲခဲ့လျှင် . . . 

by Mar Ga Luelin on Sunday, September 16, 2012 at 6:48pm ·
ရခိုင်ပြည်နယ် ပြိုကွဲခဲ့လျှင် . . .
ရန်ကုန်မှာရခိုင်တွေအများကြီးဖြစ်လာပြီ။ရခိုင်တွေအများကြီးဖြစ်လာတော့ရခိုင်တစ်ယောက်ဖြစ်တဲ့ကျနော် လည်း ရခိုင်အသိုင်းအ၀ိုင်းနဲ့ မတွေ့မဖြစ်တွေ့လာရတယ် ။ ဟိုအရင်တုန်းကကျနော်တို့တလမ်းပေါင်း မှ ရခိုင်အိမ်၂အိမ်ပဲရှိတယ်။အခုဆို တလမ်းလုံးပေါင်းရင် ရခိုင်အိမ် ၆ အိမ်အထက်မှာဖြစ်လာပြီ ။ ကျနော်တွေး မိတယ် ။ ရခိုင်ပြည်ကြီးဟာ နိုင်ငံခြားသို့လူဦးရေယိုစီးရုံသာမက ပြည်မကြီး နဲ့အခြားပြည် နယ်တွေကိုပါ တစိမ့်စိမ့် လူဦးရေယိုစီးခြင်းခံနေရတယ်
နှစ်စဉ်နှစ်တိုင်းပဲ အခြားပြည်နယ်နဲ့ ပြည်မကြီးက လူငယ်တွေ လိုပဲ ရခိုင်လူငယ်တွေ မလေးရှား ၊ ထိုင်း နဲ့ စင်ကာ ပူအစရှိတဲ့ နိုင်ငံတွေကို အလုပ်အကိုင်နဲ့ငွေကြေး အတွက်ထွက်ခွာနေကြတယ်။ မောင်တော နဲ့ဘူး သီးတောင်လိုလုံခြုံစိတ်ချမှု့မရှိတဲ့ဒေသက ရခိုင်တွေ က လည်း ပြည်မကြီးကို အလုံး အရင်းနဲ့ပြောင်းရွှေ့ လာကြတယ် ။ အခုဆိုရင် ရန်ကုန်တိုင်းမှာဆို ရခိုင်တိုင်း ရင်း သားရေးရာ ၀န်ကြီးထားရတဲ့အထိ များပြားနေပြီ ။ ရန်ကုန် မှာ များပြားနေတာဟာ ရခိုင်မှာ ရခိုင်လူမျိုးတွေ တဖြည်းဖြည်းအင်အားလျှော့နေတာကို ညွန်းတယ် ။

ဒီပုံစံအတိုင်းဆက်သွားမယ်ဆိုရင် ဘင်္ဂလီတွေကို ဘယ် နည်း နဲ့မှ တွန်းလှန်နိုင်စရာလမ်းမမြင်ဘူး ။တစတ စ လျှော့နည်းလာတဲ့လူဦးရေဟာ နိုင်ငံတော်အစိုးရအဖို့ အဲ့ဒီဒေသမှာ စီးပွားရေးလုပ်ငန်းတွေ ထူထောင်ပေးဖို့ ၊ လုံခြုံမှု့ရှိအောင်လုပ်ပေးဖို့ မီးမောင်းထိုးပြနေပေမယ့် တာဝန်ရှိသူတွေကတော့ မြင်ပုံမရဘူး။တာဝန်ရှိသူတွေမြင်တာက ဘင်္ဂလီနဲ့ပါတ်သက်ပြီးနိုင်ငံခြားရဲ့ အငြို အငြင်မခံရဖို့ပဲ ၊ ၀န်ကြီးဦးခင်ရီ ကတောင်ပြောလိုက်ပါပြီ ။ ရခိုင်ပြည်မှာ ခိုးဝင်တဲ့ ဘင်္ဂလီမရှိတဲ့ ။ မအံ့သြော မိတော့ပါဘူး ။ ခံခဲ့ပေါင်း လည်းများခဲ့ပြီလေ ။

ပြသနာတစ်ကြိမ်ဖြစ်ပြီးတိုင်း ရခိုင်လူမျိုးတွေ ကိုယ့်မြေကို ကိုယ်စွန့်ခွာနေကြ ရင် နောင်မဝေးလှ တဲ့   နှစ်တွေများမှာ ရခိုင်ပြည်ရဲ့အနာဂါတ်ဟာမတွေးရဲစရာပဲ ။ မြန်မာနိုင်ငံမှာ ပထမဦးဆုံးသောပြည် နယ် ကိုစွန့်ခွာသွားခဲ့ကြတဲ့ တိုင်းရင်းသားလူမျိုးအဖြစ်ကိုပါရောက်သွားနိုင်ချေရှိတယ်။အစိုးရအနေနဲ့ နှစ်ပေါင်း ငါးဆယ်လောက်အတွင်း မြန်မာနိုင်ငံတခုလုံးကို ပြန့်နှံ့သွားတဲ့ ရခိုင်လူဦးရေကို အခုထဲက စာရင်းကြိုကောက်ကြည့်သင့်တယ်။ဘယ်လူမျိုးကမှကိုယ့်ဒေသ လုံခြုံရင် ၊ ကိုယ့်ဒေသ စီးပွားရေးကောင်း ရင် ၊ ကိုယ့်ဒေသကိုစွန့်ခွာမှာမဟုတ်ဘူး ။
ရခိုင်ကမ်းလွန်ဒေသမှာ သဘာဝဓါတ်ငွေ့ထွက်တယ် ၊ ရေနံထွက်တယ် ။ နည်းနည်းမဟုတ်ဘူး အကြီးအ ကျယ်ကိုထွက်တာ ။ ရခိုင်ကမ်းမြောင်ဒေသဟာ ရေနက်ဆိပ်ကမ်းဆောက်ရတဲ့အထိအချက်အခြာကျတယ် ။ ဒါပေမယ့် အဲ့ဒီ အခွင့်အရေးတွေ ၊ အကျိုးကျေးဇူးတွေအကုန်လုံးကို နိုင်ငံတော်အစိုးရကပဲ ရယူသွား တယ် ။ သဘာဝဓါတ်ငွေ့အလျှံပါယ်ထွက်တဲ့ ရခိုင်ဒေသမှာမြို့နယ်အချို့ကလွဲပြီးရွာတွေမီးမရဘူး ၊ မီးရ တဲ့ မြို့နယ်တွေကလည်း ညနေ ၆နာရီကနေ ၁၀နာရီလောက်ပဲရတယ် ။ မီတာခကလည်း ခေါင်ခိုက်နေရဲ့ ။
ပုဂ္ဂလိကမီးတွေဆို ကိုယ်တိုင်မီးကြိုးသွယ် ၊ တိုင်ထောင် ၊ မီတာခကို နင့်နေအောင်ပေးပြီး ယူရတယ် ။ ရခိုင်မြေက သယံဇာတတွေကို ရခိုင်ပြည်နယ်သားတွေ ၁၀ရာခိုင်နုန်းတောင်ခံစားခွင့်မရှိဘူး ။ စီးပွားရေး အခွင့်လမ်းလည်းတခုမှလုပ်မပေးနိုင်ဘူး။ အများစုဟာ လယ်သမားနဲ့ တံငါသည်တွေဖြစ်နေ တယ် ။ လယ် သ မားတွေဟာလည်း စစ်တပ်ရဲ့ အသိမ်းကိုခဏခဏခံနေရတယ် ။ တံငါသည်တွေဆီက နေဗီ ( တပ် မတော်ရေ တပ် ) က ဓါတ်မီးတလက်လက်နဲ့ကမ်းကပ်ခိုင်းပြီး စက်လှေဆို ဆီတောင်းတယ် ၊ လှေဆို ငါးတောင်း တယ် ။
ဘင်္ဂလီတွေဟာ အပေါင်းအသင်းဆံ့တယ် ၊ ရခိုင်တွေက ကန့်လန့်ပြောတယ် ၊ ဘင်္ဂလီတွေက ဖားယားတတ်တယ် ၊ ရခိုင်တွေက ဂွပြောတယ် ၊ ဘင်္ဂလီတွေက ဆရာအခေါ်ကောင်းတယ် ၊ရခိုင်တွေက ဒုတ်ထိုးအိုးပေါက် ။ ရခိုင်ပြည်နယ်မှာ တာဝန်ကျတဲ့ အစိုးရအရာထမ်းအများစုက ဘင်္ဂလီတွေ နဲ့တည့် တယ် ။ ရခိုင်တွေကို ရွံတယ် ။ ဒဲ့ပြောလွန်းတော့ ၊ အပြောအဆိုမတတ်တော့ ရိုင်းတယ်ဖြစ်တယ် ။ ဘင်္ဂ လီတွေက အဲ့နေရာတော်တယ် ၊ သနားအောင်နေတယ် ၊ ခြေသလုံးဖက်မတတ်ဖားတယ် ။ ရခိုင်ပြည် မှာ ရခိုင် အများစုဟာ လူရာမ၀င်တော့ဘူး
ကားလမ်းတွေဟာ အင်္ဂါဂြိုလ်ရဲ့မျက်နှာပြင်ကို မှန်းဆမိစေတယ် ။ ဆေးရုံတွေဟာလည်း မြို့နယ်တွေမှာပဲ ရှိတယ်။ တချို့ကျေးရွာဘက်ကလူနာတွေဟာ ကားလမ်းမရှိတော့ ( မကောင်းတော့ ) လမ်းမှာပဲ အသက် ဆုံး သွားရရှာတယ် ။ တောင်ကုတ်မြို့ကနေ ကျောက်ဖြူ ၊ အမ်း ၊ စစ်တွေ   ဘက်ကို သွား ရင် နွေရာသီဆို မျောက်ဖြူဖြစ်တယ်( ဖုန်တက်လို့ )၊မိုးရာသီဆို ကားကို လူတွေက ကြိုးနဲ့ဆွဲ တင်ရ တယ် ( ရွှံ့ နဲ့ချောလို့ ၊ နွံနှစ်လို့ ) ။ ဘ၀တစ်သက်စာမှာ နေရာစုံသွားခဲ့ဖူးတယ် ။ အဆိုးဆုံးကတော့ ရခိုင်ပြည် က ကားလမ်းပဲ ။

ရွာဘက်ကို သွားတဲ့လမ်းတွေဟာ ပိုဆိုးတယ် ။ ရွှံ့တွေဟာ ဒူးဆစ်ကျော်လောက်ရှိတယ် ( ရေမ ဟုတ်ဘူးနော် ရွှံ့တွေ ) ။ ရွာမူလတန်းကျောင်းမှာ တာဝန်ကျတဲ့ ဆရာမပေါက် စလေးတွေ ဟာ နေ့စ ဉ် ဒီလောက်ဆိုးဝါးတဲ့လမ်းကို မသွားကြနိုင်ချေဘူး ။ တော်တော်များများက ထွက်စာတင်ကြတယ် ။ ရွာမူ လ တန်းကျောင်းတွေဟာ ပိတ်ထားရတယ် ။ ရွာက ကလေးတွေကတော့ ရွှံ့ ဒူးဆစ်ကျော်ကို နေ့ စဉ် အသွားတစ်ခါ အပြန်တခါဖြတ်ပြီး မြို့ကျောင်းကို တနေ့ ပျဉ်းမျှ ၃နာရီခြေကျင်ခရီးနဲ့တက်ရရှာတယ် ။ အနာဂါတ်ရဲ့ သနားစရာသားလောင်းတွေ ။
ရခိုင်တွေဟာ ကိုယ်နေရတဲ့ ဘ၀ကို ကိုယ်ပြန်မုန်းလာတယ် ။ ဥပေက္ခာအပြုခံရမှု့ကိုနာကျဉ်းလာကြတယ် ။ အုပ်ချုပ်သူလူတန်းစားကိုလည်းစိတ်နာလာကြတယ် ။ ဘ၀ကို ဒီနေရာကထွက်မှ တက်လမ်း ရမယ်ဆို တဲ့အတွေးတွေပေါက်လာတယ် ။ မြို့မှာနေရင် ဆိုက်ကားသမား ၊ တောမှာနေရင် လယ်သမား ၊ ကမ်း မှာနေ ရင် တံငါသည် ( အများစုကိုပြောတာပါ ) ဖြစ်မဲ့အတူတူ လူငယ်တွေဟာ ရှိသမျှ ရင်းပြီး နိုင်ငံခြား ထွက်ကြ တယ် ၊ ရန်ကုန်ကို လာကြတယ် ၊ မြ၀တီကိုသွားကြတယ် ၊ တာချီလိတ်ကိုတက်ကြတယ် ။ အဓိကအင်အားယိုစီးမှု့ကြီး ။စီးပွားရေးကလည်းမကောင်း ၊ ကျန်းမာရေးအတွက်လည်းမသင့်တော် ၊ လုံခြုံမှု့လည်းစိတ်မချရ ၊ ဘယ်အချိန်လည်လှီးခံရမှာ မသိရတဲ့ နေရာက ( ဘူးသီးတောင် မောင်တော ရသေ့တောင် ) ရခိုင်လူမျိုးတွေဟာ မိသားစုလိုက် မူရင်းနေရာတွေကို စွန့်ခွာလာကြတယ် ။ တစတ စ လျှော့ နည်းလာတဲ့အခါ ကျန်ခဲ့တဲ့လူတွေဟာ ( ကြံ့ကြံ့ခံတဲ့လူတွေဟာ )အင်အားများတဲ့ ဘင်္ဂလီတွေရဲ့ ရက် ရက်စက်စက်အနိုင်ကျင့်မှု့ကြီးနဲ့ကြုံလာကြရတယ် ။ နိုင်ငံတော်အစိုးရ ကို အားကိုးပေမယ့်လည်း . ရာသီဥတုကအချိန်တော်တော်များများကိုယ့်ဘက်ကိုမပါ ။
ဟိုအရင်က ရခိုင်လူထုဟာ အစိုးရထက်စာရင် အန်အယ်ဒီကို ပိုပြီးအားကိုးခဲ့ကြပေမယ့် ပဋိပက္ခ အတွင်း မှာတော့ သမ္မတဦးသိန်းစိန်ဟာ ရခိုင်လူထုရဲ့ထောက်ခံမှု့ကို အပြည့်အ၀ရခဲ့တယ် ။ ဒါ ရခိုင်လူ ထုဟာ ခေါင်းဆောင်ရှာနေတယ် ( အားကိုးရမဲ့လူရှာနေတယ် ၊ အားကိုးရှားနေတယ် ၊ အားငယ်နေတယ် )ဆို တဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုနိုင်တယ် ။ ပဋိပက္ခအပြီးမှာတော့ သမ္မတအစိုးရ ရဲ့ ရပ်တည်ချက် အားနည်းမှု့နဲ့ ၀န်ကြီးဦးခင်ရီရဲ့ ခိုးဝင်လာသူမရှိဘူး ၊ ဘင်္ဂလီတွေကိုနိုင်ငံ သား ပေး မယ်ဆို တဲ့ ကောလဟာလတွေကြောင့် ရခိုင်လူထုအတွင်းက နာကျည်းမှု့တွေဟာ အပြင်ကို လျှံထွက် လာကြ တယ်။တချို့လူငယ်တွေဆို ဘယ်တုန်းကမှ စိတ်မ၀င်စားခဲ့ကြတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းထဲ ကိုရောက်သွားတယ်
 
 
((ဒီကောင်လေးနာမည်က ဦးလှစော တဲ့အသက်ကနှစ်ဆယ်ဝန်းကျင်ပါ ရခိုင်ပြည်နယ်ကဘင်္ဂါလီအမျိုးယုတ်တွေအကြောင်းကြားပြီး ရခိုင်တပ်မတော် သို့ဝင်သွားပါပြီ ရခိုင်တပ်မတော်သို့မဝင်မီမှာ ထိုင်းနိုင်ငံ ကော့စမွီကျွန်းမှာ အလုပ်လုပ်ပါတယ် သူပြောတာကတော့ ကျွန်တော်တို့ ရခိုင်သား၊ရခိုင်သူတွေအတွက် ရခိုင်ပြည်ကြီးအတွက် ကျွန်တော်ရခိုင်တပ်မတော်ကိုဝင်ကိုဝင်ရမယ် လို့ပြောပါတယ် လူငယ်ဖြစ်ပေမဲ့ လူမျိုးရေးအသိထူးကဲပါတယ် လူငယ်တွေအများစုက အပျော်အပါးမက်နေချိန်မှာ သူ့ရဲ့စိတ်ဓါတ်ကနိုင်ငံတော်အတွက်လို့ဆိုတာ အမျိုးမြတ်တဲ့စကားပါ..လေးစားထိုက်ပါတဲ့ညီငယ်လေး အောင်မြင်စွာနဲ့တိုက်ပွဲတိုင်းအောင်နိုင်ပါစေ..............)))
 ( ဖေ့ဘုတ်သတင်း နှင့် အင်တာနက်သတင်းမှ ကောက်နုတ်ချက် https://www.facebook.com/photo.php?fbid=185801408221335&set=a.179886775479465.42838.100003744323366&type=1&theater )

ရန်ကုန်နဲ့အခြားနေရာကိုရောက်နေတဲ့ ရခိုင်လူမျိုးတွေဟာ ရခိုင်ပြည်က သတင်းကို အလော တကြီးနားစွင့်နေကြရရှာတယ် ။ မိဘမောင်ဘွားတွေရော လွတ်ရဲ့လား ၊ ဆွေမျိုးတွေ များသေပြီ လား ၊ အသိတွေများအသတ်ခံရပြီလား ။ ကွန်မြူနတီတွေဖွဲ့ပြီး လုပ်ရှားလာကြတယ် ၊ အရင်ကထက် စာရင်ပိုပြီး အဖွဲ့အစည်းဆန်လာတဲ့သဘောတွေကိုတွေ့ရပေမယ့်ရခိုင်ပြည်ကတော့ သူတို့ရဲ့ အင်အားကို ကိုယ်ထိ လက်ရောက် လိုချင်နေခဲ့မှာပါ ။ ပြန်ချင်တိုင်း ပြန်လို့မရ ၊ ကူချင်တိုင်း ကိုယ်လို့မရတဲ့ အဖြစ်တွေ ။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ လေးစားရပါသော သမ္မတကြီး ၊ မြန် မာဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ကို အကြံပြုလိုပါတယ် ။ လူကြီးမင်း တို့မှာ အင်မတန်အလုပ် များကြောင်းသိပေမယ့် ၊ ပြည်နယ်တခုပြိုကွဲမဲ့ ၊ တိုင်းရင်းသားလူမျိုးတခုလုံး နေစရာပျောက် မဲ့ ၊ နိုင် ငံတော် ရဲ့ ရှက်ဖွယ်လိလိ ကိစ္စတွေ ဖြစ်မလာစေချင်ဘူး ဆိုရင်ကျနော်တို့ ရဲ့ ရခိုင်ပြည်နယ်ကိစ္စကို အပေါ်ယံ မဟုတ်ပဲ ၊ ငါးပွက်ရာငါးစာချ ခဏတာသာမဟုတ်ပဲ ၊ စီမံကိန်းတွေနဲ့ အသေအချာ ကျပ်ကျပ် မှတ်မှတ် ပြုပြင်အစီအစဉ်ချနိုင်မှသာ( အခုချက်ခြင်းအကောင်အထည်ဖော်နိုင်မှသာ ) ပြည်နယ်ပြိုကွဲမဲ့ အဖြစ် မှ အချိန်မှီနိုင်သေးပါကြောင်း

မာဃသစ္စာ
 http://www.facebook.com/photo.php?fbid=350245501730995&set=a.138688619553352.36830.100002366455632&type=1&theater

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။