Monday, September 3, 2012

ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့ဝင်များကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးမှ ကန့်ကွက်


ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့ဝင်များကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးမှ ကန့်ကွက်  
Tuesday, 04 September 2012 09:59
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို စစ်ဆေးရန်အတွက် ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်းခဲ့သော စုံစမ်းစစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့ဝင်များကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးမှ စက်တင်ဘာလ ၃ ရက်နေ့တွင် ကန့်ကွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပေါ် အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စုံစမ်း စစ်ဆေးရေး အဖွဲ့ကို သြဂုတ်လ ၂၉ ရက်နေ့က ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်း လိုက်ပြီး အဆိုပါအဖွဲ့တွင် ဦးနန္ဒကျော်စွာ (ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များအဖြစ် ဦးတီခွန်မြတ်၊ သူရဦးအောင်ကို၊ ဒေါက်တာစိုးရင်၊ ဦးသောင်း၊ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါ်ဒွဲဘူ၊ ဦးမောင်ဦး၊ ဒေါ်နန်းဝါနု၊ ဦးဘရှိန်၊ ဒေါ်မြင့်မြင့်သန်း၊ ဒေါ်နန်းစေအွာ၊ ဒေါ်တင်နွယ်ဦး၊ ဦးစိုးဝင်းတို့ ပါဝင်ကြသည်။
ထို့သို့ ဖွဲ့စည်းပြီးနောက် စက်တင်ဘာလ ၁ ရက်နေ့တွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ လက်မှတ်ရေးထိုးပြီး ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်းခဲ့သော စုံစမ်းစစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ကန့်ကွက်ခဲ့သည်။
ထို့နောက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌမှ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌ နေရာတွင် ဦးနန္ဒကျော်စွာအစား ဦးသိန်းဆွေကို စက်တင်ဘာလ ၃ ရက်နေ့က လွှဲပြောင်း ခန့်အပ်ခဲ့ပြီးနောက် အဆိုပါ နေ့ရက်စွဲဖြင့်ပင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးမှ ထပ်မံကန့်ကွက် လာခဲ့ခြင်း ဖြစ်ပါသည်။
ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပေါ် စွပ်စွဲပစ်တင်ရန် လက်မှတ်ရေးထိုး အဆိုပြုခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦးတို့သည် စုံစမ်း စစ်ဆေးမှု နည်းလမ်းများနှင့် ကျင့်စဉ်တို့အရ ပြည်သူ့လွှတ်တော် စုံစမ်း စစ်ဆေးရေးအဖွဲ့တွင် ပါဝင် ဆောင်ရွက်နိုင်သည့် ပုဂ္ဂိုလ်များ မဟုတ်သောကြောင့် ယခုဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ကန့်ကွက်ကြောင်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ ထုတ်ပြန်ထားပါသည်။
Comments 
 
+4 #2 ကိုစိုပြေဦး 2012-09-04 10:54
ဦးနန္ဒကျော်စွာ ကိုဘာလို့ ကန့် ကွက်တာလဲ ... ကန့် ကွက်ရင်တဖွဲ့ လုံးကိုပါကန့် ကွက်ဗျာ.. အစစ်အမှန်နိုင်ပြီးတတ်လာတဲ့ သူတွေလည်းမဟုတ်ဘူး.. ပြည်သူတွေရဲ့ မဲမလိုတဲ့ ဖြစ်လာတဲ့ ခါတော်မှီအမတ်တွေရောပဲ..
 
+29 #1 soranotomo 2012-09-04 10:37

“ နေရာလိုချင်တယ်ဆိုတာ ကိုယ့်တစ်ယောက်တည်း အတွက်ပါ။ နေရာပေးချင်တယ် ဆိုတာ အများအကျိုးအတွက်ပါ။ အဲဒီတော့ နေရာမလိုချင်ကြပါနဲ့။ နေရာပေးချင်ကြပါ။ အရည်အချင်း ရှိပြီး အကျင့်စရိတ္တ ကောင်းတဲ့သူတွေကို နေရာပေးကြပါ။ ”


“ဒေါ်အောင်ဆန်းစုကြည်”

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။