ယခု ထောင်ထဲ တွင် ဖမ်းဆီး ခံထား ရသည့် ၀က်မှေး ကျေးရွာ သူ မသွဲ့  သွဲ့  ၀င်း
စီမံ ကိန်း အဖိနှိပ် ခံ ပြည် သူများ ဘက်မှ ရပ် တည် ဆန္ဒ ပြ မှု ကို FNG မှ
တိုက် ရိုက် (LIVE) တင်ဆက် ပေး မည် ဖြစ်သည်။
ကြေးနီတောင် စီမံကိန်း ၀ှက်မှေး ကျေးရွာ မှ ၀တ်ပြု ဆုတောင်း သူ မအေးနက် ၊မသွဲ့သွဲ့ဝင်း ကို မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူး-ဦးကြူအင်းကမုံရွာအမှတ် (၁)ရဲစခန်သို့ ဖမ်းဆီး ခေါ် ဆောင် သွား ပြီနောက် ယနေ့  ည နေ တွင်
မုံရွာ ထောင် ရှိ အချုပ် ဆောင် သို့  ပို့ လိုက် ပြီ ဖြစ်သည်။
————— —————– —————-
7Day News Journal, 10September 2012 —- ဆားလင်းကြီးကျေးရွာလက်ပန်းတောင်
းတောင်အရေးလှုပ်ရှားသူဝက်မှေးကျေးရွာသူမသွဲ့သွဲ့ဝင်းနှင့်မအေးနက်အပါအ၀င်ကျေးရွာသူ(၁၂)ဦးကို
ဖမ်းဆီးထားရာမှ လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုသူ၅၀ ဦးခန့်မှာ မုံရွာမြို့
အမှတ်၁ ရဲစခန်း၏မျက်နှာချင်းဆိုင်ရှိ မြို့မဂတ်ကျောင်း
ဘုန်းကြီးကျောင်းတွင် ညအိပ်ကာ စောင့်ဆိုင်းနေကြကြောင်း မုံရွာသတင်းထောက်က ည
၁၁ နာရီ မိနစ်၃၀ တွင် သတင်းပေးပို့သည်။မုံရွာ အမှတ်(၁) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကို 7 Day News က ယနေ့ညပိုင်းတွင် ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးထားသူများထဲမှ မအေးနက်နှင့် မသွဲ့သွဲ့ဝင်းတို့ နှစ်ဦးအား တိုင်ကြား ထားသောပြစ် မှုရှိသဖြင့် ခေတ္တထိန်းသိမ်း စစ်ဆေးခြင်းဖြစ်ပြီး ကျန်၁၀ ဦးကို မကြာမီလွှတ်ပေးမည်ဟု ပြောသည်။
ဖမ်းဆီးထားသူများကို လွှတ်ပေးရန် တောင်းဆိုမှု ကိုအမှတ်(၁)ရဲ တပ်ဖွဲ့စခန်းရှေ့တွင်ညနေ(၅)နာရီခန့်၌ကျင်းပနေစဉ် မန္တလေးမြို့၊မစိုးရိမ်
ကျောင်းတိုက် ဆရာတော်အရှင်ဝီရသူကြွရောက်၍တောင်းဆိုသူများအား အားပေးစကားမိန့်ကြားခဲ့သည်။ညနေ(၆)နာရီအချိန်တွင်လက်ပန်း
တောင်းတောင်အရေးလှုပ်ရှားသူဝက်မှေးကျေးရွာသူ(၁၂)ဦးအားချွင်းချက်မရှိ လွတ်ပေးရေးအချိန်(၅)မိနစ်ကြာညိနှိုင်းတောင်းဆိုခဲ့ရာ
သက်ဆိုင်ရာကလိုက်လျောမှုမရှိသဖြင့်မုံရွာမြို့တွင်းလှည့်လည်တောင်းဆိုခဲ့သည်။အမှတ်(၁)ရဲစခန်းရှေ့မှ ဗိုလ်ချုပ်ကြေးရုပ်၊ နာရီစင်တို့အား တစ်ပတ်စီပတ်၍အမှတ်(၁)ရဲစခန်းရှေ့သို့ထပ်မံသွားရောက်တောင်းဆိုခဲ့သည်။
ဝက်မှေးကျေးရွာသူများလွတ်မြောက်ရေးအတွက်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ဦးဆောင်၍ ရာနှင့်ချီသော ဒေသခံများက မုံရွာမြို့တွင်းလှည့်လည်တောင်းဆိုခဲ့ကြသည်။
No comments:
Post a Comment