Tuesday, September 18, 2012

နိုင်ငံပိုင် ရေနံလုပ်ကွက်သစ် ၁၅ ကွက်ကို ပုဂ္ဂလိကလုပ်ငန်းများသို့ ယခုနှစ်ကုန်ပိုင်းတွင် လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးမည်ဟု သိရ


နိုင်ငံပိုင် ရေနံလုပ်ကွက်သစ် ၁၅ ကွက်ကို ပုဂ္ဂလိကလုပ်ငန်းများသို့ ယခုနှစ်ကုန်ပိုင်းတွင် လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးမည်ဟု သိရ
Wednesday, 19 September 2012 11:57
မြန်မာနိုင်ငံအလယ်ပိုင်းရှိ နိုင်ငံပိုင်ကုန်းတွင်း ရေနံလုပ်ကွက်သစ် ၁၅ ကွက်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ယခုနှစ်ပိုင်းတွင် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှရရှိသော သတင်းများအရ သိရှိရသည်။
''လက်ရှိကုန်းတွင်းကလုပ်ကွက်တွေထဲက လုပ်ကွက်သစ် ၁၅ ကွက်ကို ပုဂ္ဂလိကလုပ်ငန်းတွေကို လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနှစ်ကုန်ပိုင်းလောက်မှ လုပ်ကိုင်ခွင့် ချထားပေးဖို့ ရှိပါတယ်။ ကုန်းတွင်းလုပ်ကွက်တွေမှာ ပြည်တွင်းက ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြားကုမ္ပဏီတွေကို လုပ်ကိုင်ခွင့် ချထားပေးခဲ့ပေမယ့် အခုလုပ်ကွက်အသစ် ၁၅ ခုကတော့ ဘယ်လုပ်ငန်းရှင်၊ ဘယ်ကုမ္ပဏီကမှ လုပ်ကိုင်ခြင်းမရှိသေးတဲ့ ကုန်းတွင်းလုပ်ကွက်အသစ်တွေ ဖြစ်ပါတယ်''ဟုလည်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အလားတူ မြန်မာနိုင်ငံရှိ ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် နိုင်ငံခြားကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်များ ချထားပေးခဲ့ရာ ကမ်းလွန်လုပ်ကွက်များအတွက်  လုပ်ကိုင်ခွင့်များ ချထားပေးရန် ယခုနှစ်ကုန်ပိုင်းတွင် တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
လက်ရှိကာလ၌ ကမ်းလွန်ရေနံလုပ်ကွက် ၂၄ ကွက်တွင် နိုင်ငံခြား ကုမ္ပဏီ ၁၀ ခုမှ ရေနံရှာဖွေလျက်ရှိပြီး ကုန်းတွင်းလုပ်ကွက် ၂၀ ကွက်တွင် နိုင်ငံခြားရေနံကုမ္ပဏီပေါင်းရှစ်ခုနှင့် နိုင်ငံခြားနှင့် မြန်မာပူးပေါင်း ကုမ္ပဏီခုနစ်ခုမှ ရေနံရှာဖွေလျက်ရှိကြောင်း သိရှိရသည်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူး ဖော်ထုတ်လုပ်ရန်အတွက် ပြည်ပရင်း နှီးမြှုပ်နှံမှုများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် ကုန်းပိုင်းလုပ်ကွက်များကို လုပ်ကွက်အမျိုးအစားများ သတ်မှတ်၍ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ်၊ တိုးတက်ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်၊ လုပ်ငန်းဆောင်ရွက်မှုအပေါ် တန်ကြေးပေး ကတိစာချုပ်၊ ပြုပြင်ပြောင်းလဲထားသော လုပ်ငန်းဆောင်ရွက်မှုအပေါ် လျော်ကြေးပေး ကတိစာချုပ်များ ချုပ်ဆိုပြီး ရေနံ ရှာဖွေရေးလုပ်ငန်းနှင့် ရေနံအထွက်တိုးရေးလုပ်ငန်းများကို ဆောင်ရွက်ကြောင်း၊ ကမ်းလွန်လုပ်ကွက်များကို PSC  စာချုပ်တစ်မျိုးတည်းဖြင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိကြောင်းဖြင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားခဲ့သည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။