၂၀၁၅ ခုနှစ် အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမည့် ဆုံးဖြတ်ချက်အား တိုင်းပြည်၏ အခြေအနေ၊ ပြည်သူများ၏ ဆန္ဒပေါ် မူတည်ပြီး အနာဂတ်ကို ဆုံးဖြတ်သွားမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား |
|
|
Saturday, 29 September 2012 16:58 | |
Asia Society ၌ သမ္မတဦးသိန်းစိန်က မေးမြန်းသည်များကို ပြန်လည်ဖြေကြားနေစဉ် Photo:asia society
အဆိုပါတွေ့ဆုံမှုတွင် သမ္မတသက်တမ်း တစ်ကြိမ်သာ ထမ်းဆောင်မည်ဆိုသည့် ဆုံးဖြတ်ချက် ပြင်ဆင်သွားရန် ရှိ၊ မရှိ မေးမြန်းမှုနှင့် စပ်လျဉ်း၍ သမ္မတဦးသိန်းစိန်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ''သက်တမ်းအားဖြင့်တော့ ကျွန်တော်ရဲ့ ပင်ကိုယ်ဆန္ဒအရ စောစောကပြောသလို one term ပဲ လုပ်မယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်။ သို့သော်လည်း တိုင်းပြည်ရဲ့အခြေအနေ၊ ပြည်သူတွေရဲ့ဆန္ဒ ဒီအပေါ်မှာ မူတည်ပြီးတော့ပဲ အနာဂတ်ကို ဆုံးဖြတ်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ သို့သော်လည်း ကျွန်တော့်ရဲ့ မျှော်မှန်းချက်ကတော့ one term ပဲလုပ်မယ်လို့ ဒီကနေ့အထိ ကျွန်တော် စိတ်ကူးထားပါတယ်''ဟု သမ္မတ ဦးသိန်းစိန်က ဖြေကြားခဲ့သည်။
Channel News Asia ရုပ်သံက "နိုင်ငံတော်သမ္မတကြီးက သမ္မတသက်တမ်းတစ်ကြိမ်ပဲ တာဝန်ထမ်းဆောင်မယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်သမ္မတကြီးကို ဘယ်လိုမျိုးအနေနဲ့ လူတွေအမြင်မှာ အမှတ်တရ ရှိနေစေချင်ပါသလဲ။ ဘယ်လိုမျိုး မှတ်မှတ်သားသား ရှိနေစေချင်ပါသလဲ"ဟု မေးမြန်းခဲ့ရာတွင် ''တာဝန်ထမ်းဆောင်တယ်ဆိုတာ ကျွန်တော့်ရဲ့ အသက်အရွယ်အရ၊ ကျွန်တော့်ရဲ့ ကျန်းမာရေးအရ ဒီလို စဉ်းစားလာတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို နိုင်ငံရေးအရ တည်တည်ငြိမ်ငြိမ်ဖြစ်အောင်လုပ်နိုင်မယ့် လူမျိုးတွေ၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ့် မျိုးဆက်မျိုးတွေ၊ ဒီလိုမျိုးဆက်မျိုးက ဆက်ပြီးတော့ တာဝန်ယူသွားစေချင်ပါတယ်''ဟု သမ္မတ ဦးသိန်းစိန်က ပြန်လည်ဖြေကြားခဲ့သည်။ |
စေချင်ပါတယ်
ရှားရှားပါးပါး ပြောင်းလဲလာတဲ့ 'great reformer'တယောက်အဖြစ် သမ္မတကြီးကို လူထုက သဘောကျချင်ပေမဲ့ သမ္မတကြီးရဲ့ ပါတီကိုတော့...
နိုင်ငံရေးဇတ်ခုံမှာ တထောင့်တနေရာကနေ ဆက်ပါဖို့တော့ ရိုးရိုးသားသား မျော်လင့်မိပါတယ်..
အားနာပါးနာ ဘာညာပေါ့။
Pacemaker လေးကိုလည်း ဂရုစိုက်ပါ။
ပရိသတ်ကလည်း သူ့ထွင်လုံးကိုသိသိကြီးနဲ့ မသိချင်ယောင်ဆောင် သဘောကျနေပေးလိုက်တာပဲ
နည်းနည်းလေးတော့ရှက်သလိုလိုဖြစ်ရပေမဲ့ သူ့အတွက်ကတော့ နောက်ဆုံးနှစ် နောက်ဆုံးနှစ်ဆိုပြီး ပရိယာယ်သုံးလိုက်တာ နောက်ဆုံးဇာတ်ကားပေါင်းများစွာနဲ့ တော်တော်အထုတ်ပိုက်မိသွားတယ်
ဘာပဲဖြစ်ဖြစ်ပါ ပရိသတ်ကလည်း နောက်ဆုံးဇာတ်ကားတွေ များများကြည့်လိုက်ရတာပေါ့
မင်းသားကြီး ဦးကျော်ဟိန်း တကယ်လုပ်သွားတာပါ
ကျွန်တော်က သူ့အကြောင်းပြောတာပဲဟာကို
ဘာလို့ စိတ်ဆိုးကြတာလဲဟင်............
သမ္မတကြီး ကျန်းမာပါစေ ။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ ။