Friday, September 28, 2012

ခရီးသွားဧည့်သည် လက်ခံနိုင်မှု မြှင့်တင်နိုင်ရန်အတွက် မြေဧက ၅၅၀၀ ပေါ်တွင် တံတားဦး ဟိုတယ်ဇုန်စီမံကိန်းကို ဆောင်ရွက်သွားမည်


ခရီးသွားဧည့်သည် လက်ခံနိုင်မှု မြှင့်တင်နိုင်ရန်အတွက် မြေဧက ၅၅၀၀ ပေါ်တွင် တံတားဦး ဟိုတယ်ဇုန်စီမံကိန်းကို ဆောင်ရွက်သွားမည်  PDF  | Print |
AddThis Social Bookmark Button
မန္တလေးတိုင်းဒေသကြီးအတွင်း၌ ခရီးသွားဝင်ရောက်မှု နှစ်စဉ် တိုးတက်လာသဖြင့် ခရီးသွားဧည့်သည် လက်ခံနိုင်မှု မြှင့်တင်နိုင်ရန်အတွက် တံတားဦးဟိုတယ်ဇုန် စီမံကိန်းကို မြေဧက၅၅၀၀ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
တံတားဦးဟိုတယ်ဇုန် ဆောက်လုပ်မည့်နေရာသည် တံတားဦး-မြို့သာ ကားလမ်းပေါ်တွင် တည်ရှိပြီး မန္တလေးမြို့နှင့် ၁၄ဒသမ ၂၇ မိုင်၊ စစ်ကိုင်းမြို့နှင့် ၅ ဒသမ ၄၆ မိုင်အကွာတွင်တည်ရှိပြီး တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ၈ဒဿမ ၆၂မိုင်ကွာ ဝေးသောနေရာတွင် တည်ရှိကြောင်း သိရသည်
တံတားဦး ဟိုတယ်ဇုန်စီမံကိန်းတွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှပ်နှံမှု ဟိုတယ်များ၊ အဆင့်မြင့်ရုံးခန်းများ၊ အဆင့်မြင့်ကုန်တိုက်များ၊ စားသောက်ဆိုင်များ၊ Service Apartment များ၊ ရိုးရာယဉ်ကျေးမှု အနုပညာပစ္စည်းများအား လေ့လာဝယ်ယူနိုင်မည့် အမှတ်တရပစ္စည်း ထုတ်လုပ်သည့်ရွာ၊ ဂေါက်ကွင်းအိမ်ရာနှင့် အပန်းဖြေစခန်း၊ ၀န်ထမ်းအိမ်ရာ၊ ရုပ်ရှင်ရုံ၊ ဖျော်ဖြေပွဲများ ကျင်းပနိုင်မည့် ဖျော်ဖြေရေးဝန်ဆောင်မှုဇုန်၊ နိုင်ငံတကာအဆင့်မီ ဆေးရုံ၊ အပျော်စီးသင်္ဘောများ ဆိုက်ကပ်နိုင်သည့် ဆိပ် ခံတံတား၊ ဈေးနှုန်းသက်သာသည့် တန်းခိုခန်းများနှင့် အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ခြင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်
'' မန္တလေးဇုန်အတွင်းမှာ နှစ်စဉ်တိုးတက်လာတဲ့ ခရီးသွားတွေအတွက် ဟိုတယ်အခန်း မလုံလောက်တဲ့ ပြဿနာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ဒီလိုတိုးတက်လာတဲ့ ခရီးသွားတွေကို အဆင်ပြေပြေ လက်ခံနိုင်ရေးအတွက်  ဒီတံတားဦး ဟိုတယ်ဇုန်ကို အကောင်အထည်ဖော်ရတာပါ။ စီမံကိန်းကို ၂၀၁၂ခုနှစ် အောက်တိုဘာလ ဒါမှမဟုတ် တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုတဲ့ အချိန်ကစပြီး အဆင့်(၃) ဆင့်နဲ့ အကောင်အထည်ဖော်သွားမှာပါ'' ဟု ဟိုတယ်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) ဥက္ကဌဖြစ်သူ ဦးမြင့်အောင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ASEAN Free Trade Agreement အရ ၂၀၁၅ ခုနှစ်တွင် အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးဇုန်အတွင်း ပါဝင်တော့မည်ဖြစ်ခြင်း၊ ၂၀၁၃ခုနှစ်တွင် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းရန် အစီအစဉ်ရှိခြင်းနှင့် ASEAN Ten Country One  destination အစီအစဉ်တို့ကြောင့် ပြည်ပခရီးသွား ပိုမိုများပြားစွာ ၀င်ရောက်လာနိုင်သဖြစ်သဖြင့် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ မော်လမြိုင်၊ ထားဝယ်(မောင်းမကန်ကမ်းခြေ) တို့တွင် ဟိုတယ်ဇုန်စီမံကိန်းများကို ဖော် ထုတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။