ရိုဟင်ဂျာအရေး ကုလသမဂ္ဂကိုတင်ပြဖို့ OIC ဆုံးဖြတ်
2012-08-16
ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ကျင်းပနေတဲ့ အစ္စလာမ် ဘာသာဝင် နိုင်ငံများအဖွဲ့ OIC ညီလာခံက မြန်မာနိုင်ငံက ရိုဟင်ဂျာ အရေးကိစ္စကို ကုလသမဂ္ဂ တင်ပြသွားမယ်လို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
Organization of Islamic Cooperation (OIC) အဖွဲ့အကြီးအကဲ မစ္စတာ အစ်ကမက်လဒင်း အီစားနို
အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်တဲ့ အစ္စလာမ် ဘာသာဝင်နိုင်ငံများအဖွဲ့ OIC က
“ မြန်မာအာဏာပိုင်တွေအနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ
နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်နေမှုနဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်
တိုက်ခိုက်မှုတွေ ဆက်လက် ရှိနေတာတွေကို ရှုတ်ချကြောင်း” ပြောဆိုလိုက်ပါတယ်။
ဒါကြောင့် အိုအိုင်စီညီလာခံကနေ ရိုဟင်ဂျာအရေးကိစ္စကို လာမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြသွားမယ်လို့ ဆုံးဖြတ်ကြောင်း အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် အိုအိုင်စီညီလာခံကနေ ရိုဟင်ဂျာအရေးကိစ္စကို လာမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြသွားမယ်လို့ ဆုံးဖြတ်ကြောင်း အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
No comments:
Post a Comment