သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)မှ သတင်းလွတ်လပ်ခွင့်အတွက် လှုပ်ရှားမှုများပြုလုပ် |
|
|
Sunday, 05 August 2012 00:20 |
Envoy ဂျာနယ်ရုံးခန်းတွင် မီဒီယာများနှင့် ဆွေးနွေးမှုများပြုလုပ်နေသော ကိုမင်းကိုနိုင်နှင့် စင်ရော်မောင်မောင်တို့အား တွေ့ရစဉ်
လှုပ်ရှားမှုမှာ ''မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်၊ Stop Killing Press ''စာတန်းပါ တီရှပ်အနက်ရောင်များကိုဝတ်ဆင်ပြီး မီဒီယာအသီးသီးမှ သတင်းသမားများစုပေါင်း၍ နေရာခြောက်နေရာသို့ သတင်းသွားရောက်ရယူခြင်းဖြစ်ကြောင်း သိရှိရသည်။
Envoy ဂျာနယ်သို့ သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)နှင့် သွားရောက်နေသော ကိုမင်းကိုနိုင်အား တွေ့ရစဉ်
အဆိုပါလှုပ်ရှားမှုများကို ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များမှ မီဒီယာသမားများနှင့်အတူ ပူးပေါင်း၍ မီဒီယာသမားများ၏ လှုပ်ရှားမှုများကို ထောက်ခံရပ်တည်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က '' စီစစ်ရေးကို ဖြုတ်ပေးမယ်။ ဒီလကုန်ရင် မရှိတော့ဘူးလို့ ပြောခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်အရှိဆုံးသူတွေကို မေးခွန်းထုတ်ချင်ပါတယ်။ ရှေ့လျှောက် အလုပ်လုပ်မယ်ဆိုရင် ဒီလိုမျိုး လူကြီးလူကောင်းမဆန်တဲ့သူတွေနဲ့ လုပ်လို့ မရပါဘူး။ ဒီမိုကရေစီမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လွတ်လပ်စွာ ရေးသားခွင့်တွေဟာ အခြေခံ အခွင့်အရေးတွေပါ။ တရားစွဲဆိုခြင်း ပြုထားတာတွေနဲ့ အခုလို နုတ်မိန့်နဲ့ သတင်းမီဒီ တွေကို ဖိနှိပ်တာမျိုး မလုပ်သင့်ပါဘူး။ မီဒီယာသေရင် ဒီမိုကရေစီသေမှာပါ။ ဒါကြောင့် စာနယ်ဇင်းတွေဘက်က ရပ်တည်တာပါ''ဟု ပြောကြားခဲ့ပါသည်။
The Voice ဂျာနယ်ရုံးခန်းတွင် သတင်းလွတ်လပ်ခွင့်နှင့် ပတ်သတ်၍ ဦးကျော်မင်းဆွေမှ ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်
Envoy ဂျာနယ်ထုတ်လုပ်သူ ဒါရိုက်တာဇင်ယော်မောင်မောင်ကလည်း ''အခုလိုဂျာနယ်တွေ ကိုပိတ်ပင်တားဆီးခံရတာ စိတ်မကောင်းပါဘူး။ အမြန်ဆုံး ပြန်လည်ထုတ်ဝေခွင့်ပြုဖို့ တောင်းဆိုပါတယ်။ အခုလို ဂျာနယ် ထုတ်ဝေခွင့် ပိတ်ထားမယ်ဆိုရင် သတင်းထောတွေရဲ့ ဘ၀ရပ်တည်ရေးအတွက် ရေရှည်လုပ်ဆောင်ပေးဖို့ ကျွန်တော်တို့လည်း မတက်နိုင်ပါဘူး''ဟု ပြောပြခဲ့ပါသည်။ ''မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်၊ Stop Killing Press'' စာတန်းပါ တီရှပ်အနက်ရောင်များကို ၀တ်ဆင်ပြီး မီဒီယာအသီးသီးမှ သတင်းသမားများ သတင်းမီဒီယာသမားများက စမ်းချောင်းမြို့နယ် မြေနီကုန်းပလာဇာရှိ Envoy ဂျာနယ်တိုက်သို့ ရောက်ချိန်၌ စမ်းချောင်းမြို့နယ်စခန်းမှူး ရဲအုပ်မြအောင်က''အခုလို ငြိမ်းချမ်းစွာ ဆန္ဒပြမယ်ဆိုရင် ခွင့်ပြုချက်တောင်းယူ၍ လုပ်ဆောင်ရန်'' သတင်းမီဒီယာသမားများကို ပြောကြားရာ သတင်းမီဒီယာ သမားများမှ စီတန်းလှည့်လည် ဆန္ဒပြခြင်း မဟုတ်ကြောင်း ထုတ်ဝေခွင့် ပိတ်ပင်ခံထားရသည့် ဂျာနယ်များ ဂျာနယ်ထွက်မည့်ရက်များတွင် ထုတ်ဝေနိုင်ခြင်းမရှိသည့်အတွက် လူမှုရေးအရ လာရောက် အားပေးခြင်း ဖြစ်ကြောင်းနှင့် မြို့ထဲမှ မြေနီကုန်းသို့ လိုင်းကားစီး၍လာရောက်ခဲ့ပြီး မြေနီကုန်းမှတ်တိုင်မှ Envoy ဂျာနယ်တိုက်သို့ လမ်းလျှောက်လာခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးအောင်က''အခုကိစ္စနဲ့ပတ်သတ်ပြီး ယာဉ်တွေ လူတွေ သွားလာမှု အနှောက်အယှက်မဖြစ်အောင်နဲ့ ဥပဒေနဲ့အညီဖြစ်အောင် ဆောင်ရွက်သင့်ပါတယ်''ဟု ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားများသို့ တက်ရောက်သတင်းရယူခဲ့သော သတင်းသမားများသည် နိုင်ငံတော်အစိုးရထံသို့ ပေးပို့မည်စာအတွက် လက်မှတ်များကို ရေးထိုးခဲ့ကြောင်း သိရှိရသည်။ |
Comments
များသောအားဖြင့် မြန်မာတွေ မကြာခဏအလိမ်ခံရ၊ အလိမ်ခံလေ့ ရှိပါတယ်...
အင်းး..အခုတစ်လောတော့ စာနယ်ဇင်းကလူတွေပေါ့...
လမ်းလျှောက်တာပဲ။ ခွင့်ပြုချက်တောင်းရာဦးမှာလား။ လမ်းဘေးမှာ လွတ်လပ်စွာ လမ်းလျှောက်ပိုင်ခွင့်တောင် မရှိတော့ဘူးလား။ ဘယ်မှာလဲ စစ်မှန်တဲ့ ဒီမိုကရေစီ ....
ဟုတ်ပါတယ်။ ဂျပုကျော်ဆန်းက ဘယ်တုန်းကမှ လူကြီးလူကောင်း မဆန်ခဲ.ပါဘူး။ အလုပ်အကိုင်က ပြန်ကြားရေးနဲ.ယဉ်ကျေးမှုဝန်ကြီး၊ လုပ်နေတာက သတင်းအမှောင်ချ၊ သတင်းမှားထုတ်လွင့်ရေးနဲ. အရေမရအဖတ်မရသတင်းတွေ ရေးသားရေးပါ။ ယဉ်ကျေးမှုဝန်ကြီးဌာနလည်း လုံးဝပျက်စီးသွားပါပြီ။ မဟုတ်မမှန် အယုတ်တမာ စကားလုံးတွေနဲ.သတင်းတွေရေးသားနေတဲ. www.myanmarexpress.net ဆိုတာလည်း ကျော်ဆန်းရဲ.တပည့် စစ်ဗိုလ်တွေ ထောင်ထားတဲ. website ပါ။ ဒီလိုလူမျိုးရှိနေသရွေ.တော. တိုင်းပြည်အတွက် ရင်လေးစရာပဲ။