Saturday, March 30, 2013

"လက်နက်စွန့်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး"




"လက်နက်စွန့်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး"

Saturday, March 30, 2013 
 ဗိုလ်ချုပ်ဆေထင်သည် ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုဖြစ်သည့် SSPA/SSA ၏ အထင်ကရခေါင်းဆောင် ဖြစ်သည်။

မကြာသေးမီက လားရှိုးမြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲသို့ တက်ရောက်လာ သည့်  ဗိုလ်ချုပ်ဆေထင်ကို အလွတ်သတင်းထောက် ဂျွန်ချစ်ငြိမ်း(တောင်ကြီး)က တွေ့ဆုံပြီး ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ၊ မူးယစ်ဆေးဝါး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး အကြောင်းအရာတို့ကို မေးမြန်းထားသည်။
 
မေး ။ ။  ဗိုလ်ချုပ်ဆေထင် ဒီဆွေးနွေးပွဲတက်ရောက်ရခြင်း အကြောင်းရင်းကို ပြောပြပေးပါ။

ဖြေ။    ။ လာတက်ရတာကတော့ ရှင်းနေတာပဲလေ၊ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်တာပေါ့၊ ဒီပွဲကနေတဆင့် မြန်မာတပြည်လုံး ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ သွားကြနိုင်မယ်လို့ ယုံကြည်လို့ လာတက်တာပါ။

မေး။  ။  ဒီပွဲ မတိုင်မီ ရှေ့တရက်ကလည်း ၀န်ကြီးဦးအောင်မင်းတို့အဖွဲ့ နဲ့ တွေ့ဆုံရာမှာ ဘာတွေဆွေးနွေးဖြစ်ခဲ့သလဲ။

ဖြေ။     ။  ကြိုကြား အပစ်အခတ်ဖြစ်နေတာတွေပေါ့၊ ဒါနဲ့ ပတ်သက်ပြီး နှစ်ဘက်တပ်တွေအရေး  ပြောခဲ့တယ်၊ ပြေလည်ပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။