သားကောင်သစ်မိတ္ထီလာ
Written by The Voice Weekly သတင်းအဖွဲ့“နာရီစင်ရပ်ကွက်မီးရှို့နေတာ ဗမာအိမ်ရော၊ မွတ်ဆလင်အိမ်ရော အကုန်လောင်တယ်" ဆိုသည်ကား မိတ္ထီလာ စည်ပင်သာယာဈေးအနီးတွင် နေထိုင်သူတစ်ဦး၏ အထိတ်တလန့် ပြောကြားမှုဖြစ်သည်။
"မွန်းလွဲ ၂နာရီလောက် ရွှေရောင်း ချတဲ့ဆိုင်ခန်း ရှစ်ခန်းလောက် ကိုဖျက်ဆီးလိုက်ပြီ"ဟုအခင်းဖြစ်ပွား ရာ အနီးရှိ အထည်ဆိုင်ဖွင့်ထားသူ အသက် ၄၀ အရွယ် အမျိုးသမီးက ဆိုသည်။
ယင်းပဋိပက္ခမှာ ရှုပ်ထွေးသည်ထက် ပိုမိုရှုပ်ထွေးလာနေပြီး မတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော်လည်း မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီအထိ ဆက်လက် ဖြစ်ပွားနေကာ ဒဏ်ရာရနှင့် သေဆုံးသူ ဦးရေလည်း ပိုများလာနေသည်။
"ရဲလုံခြုံရေးတွေ ရှေ့မှာကို တုတ်ဆွဲ၊ ဓားဆွဲနဲ့ မီးရှို့နေကြတယ်" ဟု မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။
ယင်းကြောင့် အခြေအနေများကို အချိန်တိုအတွင်း ထိန်းသိမ်းနိုင်ရေး မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခကို စုံစမ်းစစ်ဆေးဖော်ထုတ်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့က မတ်လ ၂၀ ရက်ရက်စွဲဖြင့်ထုတ် ပြန်လိုက်ပြီး ဖြစ်စဉ်အမှန် အသေးစိတ် ကို စုံစမ်းစစ်ဆေး၍ အစီရင်ခံစာကို ရက်သတ္တတစ်ပတ်အတွင်း တင်ပြရ မည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။