Saturday, March 16, 2013

မိဘတွေပါ ရင်ခုန်ကြတဲ့ ဆယ်တန်းစာမေးပွဲ


မိဘတွေပါ ရင်ခုန်ကြတဲ့ ဆယ်တန်းစာမေးပွဲ 



မြန်မာပြည်တ၀န်း ဆယ်တန်းစာမေးပွဲ ဖြေဆိုနေကြတာ (၃) ရက်ရှိပါပြီ၊
စာမေးပွဲဖြေဆိုဖို့ သတ်မှတ်ထားတဲ့ ကျောင်းတွေရှေ့မှာ ကိုယ့်သားသမီး၊ ဆွေမျိုးတွေ၊ တပည့်တွေကို စောင့်ကြိုနေကြသူတွေနဲ့ ပြည့်နေပါတယ်။

ဖြေဆိုချိန်ပြီးတာနဲ့ ကျောင်းရှေ့မှာ လူတွေ စုရုံး ရောက်ရှိနေပါတယ်။
ကိုယ်ပိုင်ကားတွေနဲ့ လာရောက် စောင့်ဆိုင်းတာကြောင့်  ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်နေတာမျိုးလည်း တွေ့ရမှာပါ။
    မြန်မာပြည်ရဲ့ပညာရေးစနစ်မှာ ဆယ်တန်းစာမေးပွဲဟာ အင်မတန် အရေးကြီးပါတယ်။ လူငယ်တစ်ယောက်ရဲ့ အနာဂတ်ကို အရေးပါတဲ့ စာမေးပွဲ ဖြစ်တာကြောင့် မိဘအုပ်ထိန်းသူတွေကပါ ရင်ခုန်ကြရပါတယ်။

ဂျော်ဒန်မှ မြန်မာ လုပ်သားများ မိခင်နိုင်ငံ ပြန်နိုင်ရေး မသေချာမရေရာ


ဂျော်ဒန်မှ မြန်မာ လုပ်သားများ မိခင်နိုင်ငံ ပြန်နိုင်ရေး မသေချာမရေရာ

ဂျာ်ဒန်နိုင်ငံရှိ အထည်ချုပ် စက်ရုံတွင် အလုပ်သမား ရပိုင်ခွင့်များ အတွက် ဆန္ဒပြနေကြသော မြန်မာ အလုပ် သမားများ (ဓာတ်ပုံ – ကျော်ဇင်ဦး)
ဂျော်ဒန်နိုင်ငံ CMJ အထည်ချုပ်စက်ရုံတွင် အဆင်မပြေမှုများ ကြုံတွေ့ရသဖြင့် ဆန္ဒပြခဲ့ကြသော မြန်မာအလုပ်သမား ၁၀၀၀ ကျော် ကို မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရေးမှာ အလုပ်ရှင်နှင့်အလုပ်သမားချုပ်ဆိုထားသော စာချုပ်ပေါ် မူတည် သည့်အတွက် ပြန်လည်ခေါ်ယူနိုင်ရေး မသေချာသေးကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။
အစိုးရအနေဖြင့် ဂျော်ဒန်ရောက် မြန်မာအလုပ်သမားအရေး တတ်စွမ်းသမျှဖြေရှင်းပေးနေပြီး မြန်မာ အစိုးရ အရာရှိ ၂ ဦး ကို ဂျော်ဒန်နိုင်ငံစေလွှတ်မည်ဖြစ်ကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံတွင် ဂျော်ဒန်သံရုံးမရှိသည့်အတွက် ဗီဇာကို အိန္ဒိယနိုင်ငံရှိ ဂျော်ဒန်သံရုံးတွင် ဗီဇာလျှောက်ထားဆဲ ဖြစ်ကြောင်း၊ဂျော်ဒန်နိုင်ငံသို့ မြန်မာအလုပ်သမား ၁၀၀၀ ကျော် တရားမ၀င် စေလွှတ်ခဲ့သော New Shan ကုမ္ပဏီသည် အစိုးရထံတွင် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိဘဲ ထို ကုမ္ပဏီ ကို စိစစ်ရန်မှာ ဂျော်ဒန်နိုင်ငံသို့ မြန်မာအရာရှိကိုယ်စားလှယ်များ ရောက်ရှိမှသာ စစ်ဆေးနိုင်မည် ဖြစ်ကြောင်း ဦးမျိုးအောင်က ဆိုသည်။

တိုင်းရင်းသားများကို ဂျပန်က ဒေါ်လာ သန်း ၃၀၀ ကူညီမည်


တိုင်းရင်းသားများကို ဂျပန်က ဒေါ်လာ သန်း ၃၀၀ ကူညီမည် 

ပြီးခဲ့သည့် ဖေဖော်ဝါရီ လအတွင်းက နီပွန်ဖောင်ဒေးရှင်းက ကရင်ပြည်နယ် အတွင်းရှိ ဒုက္ခသည်များကို ဆန်လှူရာသို့ ရောက်ရှိလာသော ကရင်တိုင်းရင်းသူကြီးများ (ဓာတ်ပုံ – ဧရာဝတီ)
ဂျပန်နိုင်ငံ အခြေစိုက် နီပွန်ဖောင်ဒေးရှင်း က မြန်မာနိုင်ငံမှ တိုင်းရင်းသား ဒေသရှိ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်(IDP)များကို အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကူညီ ထောက်ပံ့ပေးရန် စီစဉ်ထားကြောင်း သိရသည်။
မြန်မာအစိုးရနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ(UNFC) ပူးပေါင်း၍ တောင်းဆိုမှုကြောင့် အဓိက ဆန်နှင့် ဆေးဝါးတို့ကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း နီပွန်ဖောင်ဒေးရှင်းက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

လက်ပံတောင်းမှာ နောက်ထပ် သွေးမစွန်းပါစေနှင့်


လက်ပံတောင်းမှာ နောက်ထပ် သွေးမစွန်းပါစေနှင့် 

မတ်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့တွင် အများစိတ်လှုပ်ရှားခဲ့ရသော လက်ပံတောင်း ကြေးနီစီမံကိန်းတဝှိုက် ကျေးရွာများသို့ စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်နှင့် အဖွဲ့ သွားရောက်၍ မတ်လ ၁၂ ရက်တွင် လူထုထံ ထုတ်ပြန်ခဲ့သော အပြီးသတ်အစီရင်ခံ စာ အား ရှင်းလင်းတင်ပြရာတွင် ဆန္ဒပြကန့်ကွက်မှုများ ကြုံတွေ့ခဲ့ရခြင်းမှာ မြန်မာ့နိုင်ငံရေး အကူး အပြောင်းတွင် စိန်ခေါ်မှု ကြီးမားစွာရှိနေကြောင်း ထပ်မံ သက်သေပြခြင်းပင်။
တိကျ ရှည်လျားပြီး ပညာရှင်ဆန်လွန်းလှသည့် အစီရင်ခံစာတွင် စီမံကိန်းသည် ပွင့်လင်းမြင်သာမှု ကင်းမဲ့ကြောင်း ပြောဆိုပြီး တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် စစ်တပ်ဦးပိုင် ကုမ္ပဏီများက လုပ်ဆောင်ရ မည့် နိုင်ငံတကာ စံချိန်စံညွှန်းမီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံများ၊ ဒေသခံတို့၏ လူမှုဘ၀ ကောင်းကျိုးအတွက် ရေရှည်အစီအမံများ ထည့်သွင်းရန် အကြံပြု သုံးသပ်ထားသည်ကို သက်ဆိုင်ရာတို့က သဘောတူပြီး လက်ခံဆောင်ရွက်မည်ဟု ဆိုသော်လည်း ယင်းသို့ ကတိပြုဆောင် ရွက်မှု များ မည်သို့အကောင်အထည်ဖော်ပြီး မည်မျှရေရှည်ခံအောင် လုပ်ဆောင်မည်ကိုမူ မရှင်းလင်း လှပေ။
သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပေးသော စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော် မည့် ကော်မတီအဖွဲ့မှာလည်း အုပ်ချုပ်ရေးဝန်ထမ်းများနှင့် ကုမ္ပဏီများ၏ ကိုယ်စားလှယ်များသာ ပါဝင်ပြီး လွတ်လပ်သော အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ မပါဝင်သောကြောင့် မည်မျှ ပွင့်လင်းမြင်သာမှု ရှိပြီး မည်သို့ထိရောက်စွာ အကောင်အထည်ဖော် မည်ကိုလည်း မရေရာလှသေးပေ။

ဒေါ်စုကို ထောက်ခံသူများမှာ ဘာမှန်းမသိ ထောက်ခံနေကြသူများသာ ဖြစ်ကြောင်း လက်ပံတောင်းတောင် ပြဿနာကြောင့် သိသာထင်ရှားလာ

ဒေါ်စုကို ထောက်ခံသူများမှာ ဘာမှန်းမသိ ထောက်ခံနေကြသူများသာ ဖြစ်ကြောင်း လက်ပံတောင်းတောင် ပြဿနာကြောင့် သိသာထင်ရှားလာ 



လက်ပံတောင်းတောင်ကိစ္စကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးတဲ့အခါ သည်းသည်းလှုပ်ကြိုဆိုခဲ့တာ၊ ထောက်ခံခဲ့တာ၊ ယုံကြည်ခဲ့တာ ဘယ်သူတွေလဲ။ အခုကျတော့ ကိုယ်လိုချင်တဲ့ အဖြေမျိုးမရတော့မှ ဒေါ်အောင်ဆန်းစုကြည်ကို အလိုမရှိတို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော်မရှင်က ထုတ်ပြန်တဲ့ အစီရင်ခံစာကို လက်မခံတို့ လုပ်ကြတာ ဘာသဘောလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်မိလို့သာ တော်ပါသေးရဲ့။ အခြားလူကိုသာ ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးမိရင် အစိုးရနဲ့ပူးပေါင်းပြီး ဒီလိုအစီရင်ခံစာထွက်တယ်တို့၊ အာဏာရှင်တွေရဲ့ ကြိုးဆွဲရာကတယ်တို့ အပြောခံရမှာ အသေအချာပဲ။ သြော်... အခု ကန့်ကွက်နေကြသူတွေကို တစ်ခုလောက်တော့ မေးချင်မိတယ်။ ခင်ဗျားတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဦးသိန်းစိန်ရဲ့လူ၊ အစိုးရဘက်တော်သား၊ ပြည်ခိုင်ဖြိုးပါတီရဲ့ ရုပ်သေးရုပ်လို့တော့ မမြင်တန်ကောင်းဘူးနော်။ တော်တော်ကြာ ခင်ဗျားတို့က ရွှေဉာဏ်တော် စူးရောက်တယ်မဟုတ်လား။ အဲဒီလိုတွေ တွေးမိနေမှာစိုးလို့ သတိပေးတာ၊ သတိပေးတာ....။
လက်ပံတောင်းတောင် ပြဿနာကြောင့်၊ ကော်မရှင်ကြောင့်၊ အစီရင်ခံစာကြောင့် မြန်မာပြည်အတွက် အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေ ရလိုက်တယ်။ ယူတတ်သူတွေ ရစေ... မယူတတ်သူတွေ ရှိစေ။ မိုးကတော့ အတူတူရွာတာပဲ... ကျွန်တော်လည်း ကျွန်တော့်မှာရှိသမျှ ဦးဏှောက်ဉာဏ် ခွက်အစုတ်ကလေးနဲ့ မိုးရွာတုန်း ခံထားသမျှ ရေလေးတွေကို ဝေမျှပါရစေ။ အစိုးရ၊ တစ်နည်း အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ဒေါ်အောင်ဆန်းစုကြည် သိသွားပါလိမ့်မယ်။ သူတွင်တွင်အော်နေတဲ့ တရားဥပဒေစိုးမိုးရေးဆိုတဲ့ ကိစ္စရပ်ဟာ မြန်မာပြည်မှာ ဘယ်လောက်ခက်သလဲဆိုတာ၊ တရားဥပဒေကို နားမလည်တာ၊ မလိုက်နာတာ၊ ဂရုမစိုက်တာ ဘယ်သူလဲဆိုတာ သူရှင်းရှင်းကြီး သိခွင့်ရသွားမယ်။ ဒေါ်အောင်ဆန်းစုကြည် အခုကိုင်တွယ်ခဲ့ရတဲ့ အခုလက်ပံတောင်းတောင် ကိစ္စဆိုတာ လက်ရှိဦးသိန်းစိန်အစိုးရ ကိုင်တွယ်ဖြေရှင်း ရင်ဆိုင်နေရတဲ့ မြန်မာပြည်က ပြဿနာပေါင်း ကုဋေကုဋာထဲက တစ်ခုသာဖြစ်တယ်၊ အဲဒီတစ်ခုလေးမှာတောင် သူ့ကိုမျက်စိမှိတ်ပြီး ချစ်ကြပါတယ်ဆိုတဲ့၊ သူ့ကို ပက်ပက်စက်စက် ထောက်ခံပါတယ်ဆိုတဲ့၊ သူ့ကို နှစ်နှစ်ကာကာ ယုံကြည်ပါတယ်ဆိုတဲ့ နိုင်ငံသားတွေဆီက တုံ့ပြန်မှုဟာ ဘယ်လိုရှိသလဲဆိုတာ သူသိခွင့်ရသွားမယ်။ နိုင်ငံသားတွေဟာ အမှန်အတရားအတွက် တိုက်ပွဲဝင်နေသလား၊ တိုက်ပွဲဝင်ဖို့အတွက် အမှန်တရားလို့ ခေါင်းစဉ်တပ်နေကြတာလားဆိုတာ သူသေသေချာချာ သိသွားပါလိမ့်မယ်။ နောက်တစ်ချက်က တရုတ်အစိုးရ...။ ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်လိုလားသူဖြစ်တယ်၊ အနောက်နိုင်ငံတွေက ပံ့ပိုးထားသူဖြစ်တယ်၊ ကြိုးဆွဲထားသူဖြစ်တယ်လို့ သူတို့တွေက နားလည်ထားကြမှာ အသေအချာပဲ။ အခုလို ဖြစ်ရပ်မျိုးကြောင့် သူတို့စိတ်ထဲမှာ အနည်းနဲ့အများတော့ တွေးစရာတွေ ရသွားမှာ အသေအချာပဲ။ ကျွန်တော့်အတွက် ရလိုက်တဲ့အမြတ်က (မီဒီယာတွေက မသိချင်ယောင် ဆောင်နေမှာမို့ သူတို့ကို စကားထဲထည့်ပြီး မပြောတော့ဘူး) မြန်မာပြည်မှာရှိတဲ့ NLD ကို ထောက်ခံနေသူ အများစုဟာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုလူစားဆိုတာသိလို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းကိုသိလို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်ကိုသိလို့ မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ ပြီးခဲ့တဲ့ စစ်အစိုးရဆိုတာ တစ်စက်ကလေးမျှ မကောင်းဘူးဆိုတဲ့ အယူအဆကို သူတို့တွေခေါင်းထဲ ရိုက်သွင်းခံထားရတယ်။ အခု ဦးသိန်းစိန်အစိုးရဆိုတာလည်း စစ်အစိုးရကို ပုံပြောင်းထားတာလို့ ၀ါဒဖြန့်ခံထားရတယ်၊ အခုအစိုးရ လုပ်နေသမျှဟာ ဟန်ဆောင်ပန်ဆောင် လုပ်နေတာ၊ ဒီမိုကရေစီခရီးလမ်းကို ဟန်ပြလျှောက်လှမ်းနေတာလို့ သူတို့တွေ အသိစွဲနေအောင် မီဒီယာပေါင်းစုံက ဆေးရောင်လှလှ ခြယ်ကြတယ်။ အဲဒီလို အစိုးရကို ပုန်ကန်ရမယ်၊ ဆန့်ကျင်ရမယ်၊ တွန်းလှန်ရမယ်ဆိုတဲ့အသိ သူတို့ခေါင်းထဲမှာ ရောက်နေတယ်။ မှန်သလား၊ မှားသလား သူတို့မခွဲခြားတတ်ဘူး။ သူတို့လိုပဲ အစိုးရကို အတိုက်အခံလုပ်တာ ဘယ်သူရှိလဲ လိုက်ရှာတယ် (မြန်မာလူမျိုးတွေက သိပ်ပြီးတော့ သူရဲကောင်းဝါဒကို သဘောကျတယ်၊ အဲဒါကြောင့်လည်း စုစုနွေးလည်း သူရဲကောင်းဖြစ်၊ သွဲ့သွဲ့ဝင်းလည်း သူရဲကောင်းဖြစ်၊ ဇာဂနာလည်း သူရဲကောင်းဖြစ် ဖြစ်ခဲ့ကြတာပေါ့) နာမည်အကြီးဆုံးအတိုက်အခံ ဒေါ်စုကိုတွေ့တယ်။ နိုဘယ်လ်ဆုရှင်၊ ကမ္ဘာတစ်ဝန်းက လေးစားရတဲ့သူ၊ ဆုတွေအများကြီး ရထားတဲ့လူ၊ ဗိုလ်ချုပ်အောင်ဆန်းသမီး၊ စတဲ့စတဲ့ မက်လုံးတွေကြားမှာ သူတို့အားလုံးဟာ ဒေါ်စုမှဒေါ်စု ဖြစ်ကုန်ကြတယ်။ ဒေါ်စုလုပ်သမျှ ထောက်ခံတာမဟုတ်ဘူး၊ ဒေါ်စုအတိုက်အခံလုပ်သမျှ၊ အစိုးရကို ဆန့်ကျင်သမျှကို ထောက်ခံတာ။ အစိုးရဘာလုပ်လုပ် ဆန့်ကျင်ရမယ်၊ တိုက်ကွက်ဖော်ရမယ်လို့ ခံယူထားသူတွေက ဒေါ်အောင်ဆန်းစုကြည်က သူတို့အလိုကျ မလုပ်ပေးနိုင်တဲ့အခါ၊ သူတို့ဘက်မှာ မရှိတော့ဘူးလို့ ခံစားမိတဲ့အခါ ဒေါ်စုအလိုမရှိ ဖြစ်ကုန်တာ မဆန်းပါဘူး။ ဒေါ်စုကို အလိုမရှိရင် သူတို့က နောက်ထပ်အားကိုး ထပ်ရှာလိမ့်မယ်။ ဘာအရည်အချင်းမှမရှိဘဲ သောက်ပျင်းကြီးတဲ့ မုဆိုးမ အသက်ငယ်ငယ်က အားကိုးစရာ နောက်လင်ယူဖို့ပဲ စဉ်းစားသလိုပေါ့။ (ရိုင်းသွားရင် ခွင့်လွှတ်ပါ) အဲဒီတော့ နောက်ထပ် အားကိုးစရာ ဘယ်သူတွေကို တွေ့မယ်ထင်လဲ။ နောက်စာပိုဒ်ကို ဆက်ဖတ်ကြည့်ပါ။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။