Friday, March 15, 2013

မဂ္ဂ၀ပ် ၄၀၀၀ ထုတ်လုပ်နိုင်မည့် ရွာသစ်ရေကာတာ စီမံကိန်းနှင့် ပက်သက်ပြီး Social Impact အပေါ် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့များမှ ဆန်းစစ်သွားမည်၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပြီး ပိုလျှံပါက အိမ်နီးချင်း နိုင်ငံများသို့ ရောင်ချသွားရန်ရှိ


မဂ္ဂ၀ပ် ၄၀၀၀ ထုတ်လုပ်နိုင်မည့် ရွာသစ်ရေကာတာ စီမံကိန်းနှင့် ပက်သက်ပြီး Social Impact အပေါ် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့များမှ ဆန်းစစ်သွားမည်၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပြီး ပိုလျှံပါက အိမ်နီးချင်း နိုင်ငံများသို့ ရောင်ချသွားရန်ရှိ  

Created on Friday, 15 March 2013 23:00

AddThis Social Bookmark Button
3.15.2
ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး
ကယားပြည်နယ် ဘောလခဲ ခရိုင်အတွင်း သံလွင်မြစ်မအား ပိတ်ဆို့ပြီး မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မည့် ရွာသစ်ရေကာတာ စီမံကိန်းနှင့် ပက်သက်ပြီး Social Impact အတွက် နိုင်ငံတကာ လေ့ လာစောင့်ကြည့်ရေး အဖွဲ့များဖြင့် ဆန်းစစ်သွားမည်ဖြစ်ပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်၍ ပိုလျှံပါက အိမ်နီးချင်း နိုင်ငံများအား ရောင်းချသွားရန် ရှိကြောင်း မတ်လ ၁၅ ရက်တွင် ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦးက Eleven Media Group ၏ မေးမြန်းချက် အား ပြန်လည် ဖြေကြားခဲ့သည်။
တရုတ်ကုမ္ပဏီဖြစ်သည့် ဒါးတန်းမှ တာဝန်ယူ တည်ဆောက်မည့် ရွာသစ်ရေကာတာ စီမံကိန်းမှာ လက်ရှိတွင် မြေသားတိုင်းတာမှုများသာ ပြုလုပ်လျက် ရှိသေးကြောင်း နောင်နှစ်ခန့်တွင်သာ စတင်ဆောက် လုပ်နိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရန်အတွက် သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်နိုင်မည့် အပေါ် နော်ဝေ၊ ဆွီိဒင် နိုင်ငံများမှ အဖွဲ့အစည်းများနှင့် လေ့လာသုံးသပ်မှု များ ပြုလုပ်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ဆက်လက် ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် အတွက် လေ့လာသုံးသပ်ရေး ကော်မတီ/ကော်မရှင်များ ဖွဲ့စည်းရေးအဆို ကန့်ကွက်သူမရှိ ပြည်သူ့လွှတ်တော် အတည်ပြု


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် အတွက် လေ့လာသုံးသပ်ရေး ကော်မတီ/ကော်မရှင်များ ဖွဲ့စည်းရေးအဆို ကန့်ကွက်သူမရှိ ပြည်သူ့လွှတ်တော် အတည်ပြု  

AddThis Social Bookmark Button
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ကော်မတီ သို့မဟုတ် ကော်မရှင်များ ဖွဲ့စည်းရန် မတ်လ ၁၅ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော်တွင် ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့သည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် လေ့လာသုံးသပ်ရေး ကော်မတီ/ကော်မရှင်များ ဖွဲ့စည်းရေးအတွက် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုကို ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ၀က်လက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်က အရေးကြီး အဆိုအဖြစ် တင်သွင်းခဲ့ပြီး ပါတီတွဲဖက် အထွေထွေ အတွင်းရေးမှူး မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် က ထောက်ခံခဲ့ကာ လွှတ်တော်က ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
သူရဦးအေးမြင့်က ဥပဒေတစ်ရပ်သည် မည်သို့ပင် ပြည့်စုံသည် ဆိုစေကာမူ အချိန်ကာလ အပြောင်း အလဲကြောင့် ပြည်တွင်း၊ ပြည်ပနိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ခေတ်အခြေအနေ အမျိုးမျိုးကြောင့် အံဝင်ခွင်ကျ မဖြစ်မှုများ၊ ပြင်ဆင်၊ ဖြည့်စွက်ရန်အတွက် လိုအပ်မည်ဖြစ်ကြောင်း အဆိုတင်သွင်းစဉ် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ နိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာလည်း ရေးဆွဲခဲ့စဉ်ကာလက အနာဂတ် နိုင်ငံတော်အတွက် စေတနာအပြည့်နဲ့ အဖက်ဖက်က ပြည့်စုံအောင် ရေးဆွဲခဲ့တာ မှန်သော် လည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန် မြင့်မားမှုကြောင့် ခေတ်ကာလ အခြေအနေ အချိန်အခါနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် လိုက်လျောညီထွေ ဖြစ်အောင် ပြန်လည်လေ့လာ သုံးသပ်ဖို့လိုပြီလို့ အခိုင်အမာ ယူဆမိပါတယ်” ဟု သူရဦးအေးမြင့်က ပြောသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားကို ကျပ် ၂၀၀၀၀ စီ တိုးမြှင့်ရန် လျာထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား


 

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားကို ကျပ် ၂၀၀၀၀ စီ တိုးမြှင့်ရန် လျာထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား  

AddThis Social Bookmark Button
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားကို ကျပ် ၂၀၀၀၀ စီတိုးမြှင့်ရန် လျာထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၁၅ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
“လာမယ့် ဘဏ္ဍာရေးနှစ်မှာတော့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာနှုန်းထားတွေကို ကျပ်နှစ်သောင်းစီ တိုးပေးနိုင်ဖို့အတွက် လျာထားပါတယ်။ နောက်ပြီးတော့ အချိုးကျ တိုးမြှင့်လာမယ့် ပင်စင်လစာနဲ့ ဆုငွေတွေ အတွက်လည်း သာမန်အသုံး စရိတ်မှာ ထည့်သွင်း လျာထားမှု ပြုထားပါတယ်။ လက်ရှိခံစားခွင့်ပြုထားတဲ့ အပိုထောက်ပံ့ကြေး၊ ဒေသစရိတ်တို့ကိုလည်း ပြောင်းလဲမှုမရှိဘဲ ဆက်လက်ထောက်ပံ့ ပေးနိုင်ရန် လျာထားပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
ပြည်ထောင်စုအဆင့်နှင တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဌာနများ အပါအ၀င် အမြဲတမ်း နိုင်ငံ့ဝန်ထမ်းဦးရေ ၁ သန်း ၂ သိန်းခန့်၊ နေ့စားဝန်ထမ်းဦးရေ ၇ သောင်း ၄ ထောင်ခန့်၊ အငြိမ်းစား ၀န်ထမ်းဦးရေ ၇ သိန်း ၆ သောင်း ခန့်အတွက် ခန့်မှန်းလျာထားငွေ ကျပ် ၃၈၅ ဒသမ ၆၈၂ ဘီလီယံကို သာမန် အသုံးစရိတ်အပိုင်းတွင် တိုးမြှင့် ထည့်သွင်း လျာထားကြောင်း ပြည်ထောင်စု ၀န်ကြီးက ပြောကြားခဲ့သည်။

အမေစု လုပ်ရပ်ကို လုံးဝထောက်ခံကြောင်း ကြွေးကြော်သံများနှင့် မုံရွာလူထု ကြိုဆို


အမေစု လုပ်ရပ်ကို လုံးဝထောက်ခံကြောင်း ကြွေးကြော်သံများနှင့် မုံရွာလူထု ကြိုဆို 

“အမေစုလုပ်ရပ်ကို လုံးဝထောက်ခံတယ်”၊ “ အမေစုလုံးဝ မှန်ကန်တယ်” ဟု ကြွေးကြော်ကာ အားပေးခဲ့ကြသည်ဟု သတင်းထောက်က ပြောကြားသည်။ လာရောက် စောင့်ဆိုင်း ခဲ့သော ဒေသခံများထဲမှ မုံရွာမြို့ခံ အသက်၃၅နှစ်အရွယ် ကိုကျော်အောင်က“အမေစုက တိုင်းပြည်အတွက်မကောင်းတကာကို လုပ်မယ့်သူ မဟုတ်ပါဘူး၊  ဒေါ်အောင်ဆန်းစုကြည်သည် ညနေ ၆နာရီ မိနစ်၃၀တွင်မုံရွာ မြို့မှ နေပြည်တော် သို့ ထွက်ခွာသွားပြီဖြစ်သည်။ ၀င်းယူနတီဟိုတယ်ရှေ့တွင်ညနေကတည်းက စောင့်ဆိုင်းနေသောလူအုပ်မှာ ၅၀၀နီးပါးအထိ တိုးလာပြီး “အမေစုကျန်းမာပါစေ”၊ “အမေစုကိုထောက်ခံ ပါတယ်”ဟု အော်ဟစ်ကာ အားပေးနှုတ်ဆက်ခဲ့ကြကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။