Wednesday, March 13, 2013

စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာပါ အချက်အချို့အား လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာများ ကန့်ကွက်


စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာပါ အချက်အချို့အား လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာများ ကန့်ကွက်  

AddThis Social Bookmark Button
Biweeklyeleven-1-march14
ရန်ကုန် ပြည်သူ့ဆးရုံကြီးသို့ လာရောက်ဆေးကုသသည့် လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာ တစ်ပါးအား ဇန်န၀ါရီလအတွင်းက တွေ့ရစဉ်
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာပါ အချက်အချို့အား လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွဲမှုတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည့် သံဃာတော်များက ကန့်ကွက်ခဲ့ကြသည်။                 
ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် အရှင်သဇ္ဇနက "သာသနိက အဆောက်အဦတွေ ရွှေ့ဖို့ဆိုတာကို လုံးဝ သဘောမတူပါဘူး။ ဒီအတွက် ကိုရင်တို့အနေနဲ့ အသက်ပါ ရင်းပြီး လုပ်ဆောင်ခဲ့ကြရတာ။ မြန်မာပြည်သူတွေ ရဟန်းသံဃာတွေအနေနဲ့ လယ်တီ ဆရာတော် ဘုရားကြီးရဲ့ သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ပါလို့ အထူး မှာချင်ပါတယ်" ဟု မိန့်ကြားခဲ့ သည်။              
စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စီမံကိန်းကို ဆက်လက်လုပ်ဆောင်စေမည့် နည်းလမ်းအား အကြံပြု ထားပြီး ယင်းနည်းလမ်းအား ဆက်လက် အကောင်အထည်ဖော်မည် ဆိုပါက လက်ပံတောင်းတောင်ကြား တောရ စင်္ကြန်ကျောင်းခေါ်သော နေရာနှင့် ၎င်းပေါ်ရှိ စေတီ၊ သိမ်၊ ကျောင်း စသည့် ဗုဒ္ဓသာသနိက အဆောက်အအုံများသည် သတ္တုသိုက်တည်ရှိရာ အဓိကနေရာဖြစ်နေခြင်း၊ သာသနိက အဆောက်အအုံများကို ရှောင်ကွင်းပြီး  ကြေးနီသတ္တု တူးဖော်ထုတ်လုပ်မည် ဆိုလျှင်လည်း ယင်းအဆောက်အဦးများ၏ ကြံ့ခိုင်မှု မုချထိခိုက်မည် ဖြစ်ခြင်းတို့ကြောင့် သာသနိက အဆောက် အအုံ များကို လုံးဝထိခိုက် ပျက်စီးမှု မရှိစေဘဲ လက်ရှိအနေအထားများအတိုင်း သင့်တော်မည့် နေရာ သို့ ပြောင်းရွှေ့ပေးသင့်ကြောင်း သုံးသပ်အကြံပြုထားသည်။   

မူးယစ်ဆေးဝါး အဓိကထုတ်လုပ်တဲ့ နိုင်ငံတွေထဲ မှာ မြန်မာနိုင်ငံ ပါဝင်နေဆဲ


မူးယစ်ဆေးဝါး အဓိကထုတ်လုပ်တဲ့ နိုင်ငံတွေထဲ မှာ မြန်မာနိုင်ငံ ပါဝင်နေဆဲ 

ထိုင်း-မြန်မာနယ်စပ် ရွှေတြိဂံနယ်မြေတနေရာရှိ ဘိန်းစိုက်ခင်းတခုတွင် ဘိန်းပင်များကို ထိုင်းလူမျိုး လုပ်အားပေးတဦး ဖျက်ဆီးနေသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
RFA News, 13March 2013  —-  အမေရိကန် နိုင်ငံခြားရေးဌာနက ၂ဝ၁၃ ခုနှစ်အတွက် နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်မှုဆိုင်ရာ အစီရင်ခံစာကို မတ်လ ၁၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၂၂ ခုကို ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး အဓိကထုတ်လုပ် ကူးသန်းရောင်းဝယ်နေ တဲ့ နိုင်ငံတွေအဖြစ် ဖေါ်ပြထားပါတယ်။
တဆက်တည်းမှာပဲ အဲဒီ ၂၂ နိုင်ငံထဲက မြန်မာ၊ ဘိုလီဗီးယားနဲ့ ဗင်နီဇွဲလား နိုင်ငံတွေအနေနဲ့ ပြီးခဲ့တဲ့နှစ် အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့ပေမယ့် ဒီနိုင်ငံတွေရဲ့ မူးယစ်ပပျောက်ရေးလုပ်ငန်းတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားအတွက် အရေးကြီး တာကြောင့် လက်ရှိပူးတွဲလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို ဆက်လက်ကူညီပံ့ပိုးမယ်လို့ ဆိုပါတယ်။

ကြေးနီစီမံကိန်း မှန်မှန်ကန်ကန်လုပ်ရင် တိုင်းပြည်အတွက် အကျိုးရှိမည်ဟု ဒေါ်စုပြော


ကြေးနီစီမံကိန်း မှန်မှန်ကန်ကန်လုပ်ရင် တိုင်းပြည်အတွက် အကျိုးရှိမည်ဟု ဒေါ်စုပြော  


DVB News, 13March 2013  —– လက်ပန်းတောင် ကြေးနီစီမံကိန်းကို မှန်မှန်ကန်ကန်လုပ်သွားရင် ဒေသခံတွေအတွက် သာမက တတိုင်းပြည်လုံးအတွက် အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက် ဆက်ပြီးလုပ်ဖို့ အကြံပြုတာလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဒီနေ့ စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “ဒီစီမံကိန်းဟာ ဒေသခံတွေအတွက်တင် မဟုတ်ဘူး။ မှန်မှန်ကန်ကန်လုပ်သွားရင် ကျမတို့ တတိုင်းပြည်လုံးအတွက် အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက် ဒါဆို ဆက်ပြီးလုပ်သွားဖို့ အကြံပြုတာ ဖြစ်ပါတယ်။ ကျမအတွက်လည်း ဘာအကျိုးကျေးဇူးမှ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ကြေးနီစီမံကိန်းကို ဆက်လုပ်ခြင်းအားဖြင့် အများကြီး အကျိုးကျေးဇူးတွေ ရှိလာနိုင်ပြီး ပြည်သူတွေအနေနဲ့ သတ္တိရှိရှိနဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်သွားဖို့ လိုတယ်လို့ ဆိုပါတယ်။
“သတ္တိရှိရှိနဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်ရမယ်။ အပြောင်းအလဲဆိုတာ ဘယ်လိုမှ မပြောင်းချင်ပါဘူးလို့ ပြောလည်း ပြောင်းနေမှာပဲ။ တနေ့နဲ့တနေ့ ပြောင်းနေမှာပဲ။ မပြောင်းလို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ မဖြစ်မနေ ဖြစ်ရမယ့် အပြောင်းအလဲတွေကို ကျမတို့ အတူတကွ ပူးပေါင်းပြီး လုပ်ဆောင်သွားရမယ်။ ရင်ဆိုင်တဲ့အခါမှာလည်း သတ္တိရှိရှိ ဉာဏ်အမြော်အမြင်နဲ့ ရင်ဆိုင်မယ်။”
ပြည်သူတွေအနေနဲ့ ဆန္ဒပြပွဲတွေကိုလည်း ခွင့်ပြုချက်တောင်းခံပြီးမှ ပြုလုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ဆန္ဒပြချင်ရင် တရားဥပဒေအရ ဆန္ဒပြပိုင်ခွင့် တောင်းပါ။ ဒေသခံ အုပ်ချုပ်ရေးပိုင်းကလည်း အာမခံထားပါတယ်။ တောင်းရင် ပေးပါမယ်။ မတောင်းဘဲနဲ့တော့ ဆန္ဒပြဖို့ မလုပ်ပါနဲ့။ ကျမကိုယ်တိုင်က ခွင့်ပြုချက်မတောင်းဘဲ ဆန္ဒပြပွဲတွေ လုပ်ရင်တော့ ဥပဒေအရ အရေးယူပါလို့ အကြံပြုပါတယ်။”

ပြန်ကြားရေးဝန်ကြီးဌာနကရေး ဆွဲပြီး ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို အရပ်ဘက်အဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်း များနှင့်သတင်းမီဒီယာ အဖွဲ့အ စည်း များက ကန့်ကွက်ပြီး ပြန်လည်ရုပ်သိမ်းရန် တင်ပြခြင်း။



 
Committee For Freedom of Press (Myanmar)

သို့/
ဦးခင်အောင်မြင့်
နာယက
ပြည်ထောင်စုလွှတ်တော်
ရက်စွဲ- မတ်လ ၁၄၊ ၂၀၁၃ ခုနှစ်။
အကြောင်းအရာ။ ။ ပြန်ကြားရေးဝန်ကြီးဌာနကရေး ဆွဲပြီး ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို အရပ်ဘက်အဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့်သတင်းမီဒီယာ အဖွဲ့အစည်း များက ကန့်ကွက်ပြီး ပြန်လည်ရုပ်သိမ်းရန် တင်ပြခြင်း။

ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကို အစိုးရပိုင် သတင်းစာများတွင် ထည့်သွင်းဖော်ပြပြီးနောက် ပြည်သူ့လွှတ်တော်သို့ ဥပဒေကြမ်းအဖြစ် တင်သွင်းလိုက်ပါသည်။

အဆိုပါဥပဒေကြမ်းတွင် စတ္ထုမဏ္ဍိုင်သတင်းမီဒီယာများ၏ လွတ်လပ်စွာသတင်းရယူခွင့်၊ သတင်းဖော်ပြခွင့်နှင့် မီဒီယာလုပ်ငန်းလုပ်ကိုင်ခွင့်ကို ပြန်ကြားရေးဝန်ကြီးဌာနက ထိန်းချုပ်ထားခြင်းဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို နောက်ကြောင်းပြန်လှည့်လိုသော မရိုးသားသည့် ရည်ရွယ်ချက်များပါရှိသည့် ဥပဒေကြမ်းဖြင့် ထိပါးလာပါသည်။

ယင်းဥပဒေကြမ်းသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းများကို ရည်ရွယ်ပါသည်ဟု ဆိုထားသော်လည်း စာနယ်ဇင်းနှင့် သတင်းမီဒီယာ လုပ်ငန်းများဖြစ်ကြသည့် သတင်းစာ၊ စာအုပ်၊ ဂျာနယ်၊ မဂ္ဂဇင်းတို့ကိုပါ ထည့်သွင်းထားသည့်အပြင် ပုံနှိပ်ထုတ်ဝေခြင်းနှင့် လုံးဝ မသက်ဆိုင်သော သတင်းအေဂျင်စီ၊ ၀က်ဆိုက်တို့ပါ အကျူံးဝင်စေရန် ပြဋ္ဌာန်းထားခြင်းဖြင့် စတ္ထုမဏ္ဍိုင်စာနယ်ဇင်းသတင်းမီဒီယာများအားလုံးကို ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ထားရှိရေးဆိုသော မူဝါဒ၊ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ တွေ့မြင်ရပါသည်။ ယင်းဥပဒေကြမ်းနှင့်ပတ်သက်သော အသေးစိတ်ခွဲခြမ်း စိတ်ဖြာမှုများ ကို "ဥပဒေကြမ်းအပေါ် သုံးသပ်ချက်" တွင် ဖော်ပြထားပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းတွင် ပြန်ကြားရေးဝန်ကြီးဌာနသည် အုပ်ချုပ်ရေးမဏ္ဍိုင်အနေဖြင့် သတင်းစာနယ်ဇင်းမီဒီယာလုပ်ငန်းများကို ချုပ်ကိုင်နိုင်သော အခွင့်အာဏာရှိခြင်း၊ ဥပဒေပြုရေး မဏ္ဍိုင် တခုကဲ့သို့ လိုအပ်သောဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြား ချက်နှင့်လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်သော ဥပဒေပြုခွင့်လုပ်ပိုင်ခွင့် များအပ်နှင်းထားခြင်း၊ တရားစီရေးမဏ္ဍိုင်တခုကဲ့သို့ စာနယ်ဇင်းသတင်းမီဒီယာများ၏ လုပ်ငန်းလုပ်ကိုင်ခွင့်ကို ပိတ်သိမ်းနိုင်ခြင်း၊ ရုပ်သိမ်းနိုင်ခြင်း၊ ဆိုင်းငံ့နိုင်ခြင်းတည်းဟူသော ဆုံးဖြတ်အပြစ်ပေးပိုင်ခွင့် အာဏာအပ်နှင်းထားခြင်းတို့ ကြောင့် စာနယ်ဇင်းသတင်းမီဒီယာများသည် စတ္ထုမဏ္ဍိုင်အဖြစ် မရပ်တည်နိုင်တော့ဘဲ အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သော အစိုးရပြန်ကြားရေးဝန်ကြီးဌာန၏ထိန်းချုပ်မှုအောက်တွင်သာ ရောက်ရှိနေပါသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွေ့အကြုံ KIO ရှင်းလင်း


ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွေ့အကြုံ KIO ရှင်းလင်း 

မတ်လ ၁၁ရက်နေ့ မြန်မာစံတော်ချိန် ည၁၁နာရီခွဲတွင် သဘောတူညီမှု ရရှိပြီးချိန် တွေ့မြင်ရသော နှစ်ဘက်ကိုယ်စားလှယ်များ (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO အဖွဲ့တို့ မတ် ၁၁၊ ၁၂ ရက်များတွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ ဆွေးနွေးခဲ့ကြပြီး၊ ယင်း ဆွေးနွေးပွဲ အတွေ့အကြုံများကို KIO ဗိုလ်ချုပ်ဂွန်မော်နှင့် ကိုယ်စားလှယ်အဖွဲ့က လိုင်ဇာမြို့ရှိ ကချင်ပြည်သူတို့အား ရှင်းလင်းတင်ပြ ခဲ့ကြောင်း သိရသည်။
လိုင်ဇာမြို့တော်ဝန်က အခမ်းအနားမှူးလုပ်ပြီး ကေအိုင်အို ဒုတိယ အထွေထွေအတွင်းရေးမှူး လက်ရှိ ကေအိုင်အိုရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးလနန်၊ ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ဗိုလ်ချုပ်ဂွန်မော်တို့က ပြည်သူတွေ ကို ပြန်လည် တင်ခြင်း ဖြစ်သည်။
“ဗဟိုကော်မတီမှာ မတင်ပြခင် အခုလို ပြည်သူပြည်သားတွေကို အရင်တင်ပြတာ ဖြစ်ပါတယ်” ဟု ယင်း ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။