"သူပုန်" လို့ ရေးရင် ဘာဖြစ်သလဲ
Friday, March 8, 2013
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ သူပုန် အစရှိတဲ့ အသုံးအနှုန်းတွေကို မြန်မာမီဒီယာတွေမှာ သုံးနေကြပါတယ်။ သောင်းကျန်းသူအဖွဲ့အစည်း လို့ သုံးတာလည်း ရှိပါတယ်။
၂၀၁၂ နိုဝင်ဘာ ၁ ရက်နေ့က တွေ့ရတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့အနီး ABSDF ၂၄ နှစ်ပြည့်အခမ်းအနား မြင်ကွင်းတခု (ဓာတ်ပုံ - ပြည်တော်မြင့်)သူပုန် ဆိုတဲ့ အသုံးအနှုန်းကိုတော့ စာနယ်ဇင်းသမားတချို့က ရှောင်ကြပါတယ်။ လက်နက်ကိုင်ထားသူတွေ ငြိုငြင်မှာကိုစိုးရိမ်လို့ ရှောင်တာ ဖြစ်နိုင်ပါတယ်။။
သူပုန်ဆိုတဲ့ အသုံးက ကျစ်လျစ်ပါတယ်။
စာနယ်ဇင်းအရေးအသားက ကျစ်လျစ်ရင် ပိုကောင်းပါတယ်။
ဒါကြောင့် လိုအပ်ရင် သူပုန်လို့ သုံးတာ ပိုသင့်တော်ပါလိမ့်မယ်။
လက်နက်ကိုင်ထားသူတွေ ငြိုငြင်နိုင်မလားသိဖို့ မေးကြည့်ရအောင်။
ABSDF လို့ လူသိများတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ဗဟို ဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင် နဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။
