ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
Thursday, February 21, 2013
သိမ်းထားသည့် လယ်မြေများ တပ်က ဘယ်လိုပြန်ပေးမလဲ
စစ်အစိုးရလက်ထက် ဥပဒေမဲ့ပြုကျင့်မှုများ တိုင်ကြားနိုင်
စစ်အစိုးရလက်ထက် ဥပဒေမဲ့ပြုကျင့်မှုများ တိုင်ကြားနိုင်
by Nyatasay
နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီ ရုံးခန်း တွင် ယနေ့ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးအောင်ငြိမ်းက ဧရာဝတီ သတင်းဌာန၏ မေးမြန်းချက်ကို အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဧရာဝတီသတင်းဌာနက အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင် ရာကော်မတီ အနေဖြင့် ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစိုးရက ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု၊ အာဏာ အလွဲသုံးစားပြုမှုများနှင့် ဥပဒေမဲ့လုပ်ဆောင်မှုများကို ခံစားခဲ့ရသော ပြည်သူများက တိုင်ကြားလာပါက အရေးယူ ဆောင်ရွက်ပေးရန် ရှိ၊ မရှိ မေးမြန်းရာ ဦးအောင်ငြိမ်းက ကော်မတီအနေဖြင့် ယခင်အစိုးရ၊ ယခုအစိုးရ မခွဲခြားဘဲ ပြည်သူတို့၏ တိုင်ကြားစာတိုင်းကို လက်ခံအရေးယူ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
မည်သို့ပင်ဆိုစေ . . . . .
မည်သို့ပင်ဆိုစေ . . . . .
by သစ်ထူးလွင်
ယင်းမှာ လက်မထပ်ဘဲ အတူနေခြင်း။ Living Together ။
မြန်မာ့ထုံးတမ်း အစဉ်အလာအရ အငြင်းပွား ဖွယ်ရာ ကောင်းသည့် လူမှုပုံစံ တစ်ခုဖြစ်သည့် Living Together သည် မိသားစု နှုန်းစံမြင့်မားဆဲ ဖြစ်သည့်၊ အစဉ်အလာ ယဉ်ကျေးမှု နှုန်းစံများ မြင့်မားဆဲဖြစ် သည့် မြန်မာ့လူမှု နယ်ပယ်တွင် ပေါ်ပေါ် ထင်ထင် မတွေ့မြင်ရပေ။ ထို့ကြောင့် မည်ရွေ့မည်မျှ ရှိသည်ကို သိရှိရန် မဖြစ်နိုင်ပေ။ သို့သော် မိသားစု နှင့်အဝေး၊ ယဉ်ကျေးမှု နှုန်းစံများနှင့် အဝေးဖြစ် သည့် ပြည်ပ နိုင်ငံများ သို့ရောက်သွားသည့်အခါ Living Together ဟူသည့် အသံသည်ပိုကျယ် လာ သည်။ ထင်သာမြင်သာ ရှိလာသည်။
ခဏတာအတွေ့ တစ်ဘ၀စာအမှား
ခဏတာအတွေ့ တစ်ဘ၀စာအမှား
by သစ်ထူးလွင်
ခံစားမှုကို သူအလွန်ကြိုက်သွားသည်။ ဖန်စီဒိုင်းကို ဘိန်းမည်းနှင့် တွဲသုံးသည်။ တစ်ဆင့်ပြီးတစ်ဆင့်တက်ကာ ဘိန်းဖြူကိုပါ စွဲစွဲ လမ်းလမ်းအသုံးပြုတော့သည်။
လူဦးရေ ၅၀ ရာခိုင်နှုန်း မိုဘိုင်းဖုန်း ကိုင်နိုင်မယ် ဆိုတာ တကယ်ဖြစ်လာမှာလား
လူဦးရေ ၅၀ ရာခိုင်နှုန်း မိုဘိုင်းဖုန်း ကိုင်နိုင်မယ် ဆိုတာ တကယ်ဖြစ်လာမှာလား
by mmnewshub
DVB News, 21February 2013 —– (ဆောင်းပါး)
အခုတလော ပြည်တွင်းမှာ ပြည်သူတွေ စိတ် ဆုံး သတင်းကတော့
မိုဘိုင်းဖုန်းတွေနဲ့ ပတ်သက်တဲ့ သတင်းပဲ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်း
တပ်ဆင်ရေး ပြဿနာ နဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးဝန်ကြီးဟောင်းကို
စစ်ဆေးနေတယ်။ ဆက်သွယ်ရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိတွေကို
တရားစွဲထားတယ်။ သူတို့နဲ့ အတူလုပ်ကိုင်နေတဲ့ ခရိုနီတွေပိုင်
ကုမ္ပဏီတွေ ကို ခေါ်ယူစစ်ဆေးနေတယ်။ လာမယ့် ဧပြီလဆန်းဆိုရင် ပြည်သူတွေ
ဝမ်းသာစေမယ့် ဈေးနှုန်းနဲ့ မိုဘိုင်းဖုန်း ဆင်းကတ်တွေ
ရောင်းပေးတော့မယ် စတဲ့ သတင်းတွေအားလုံး ပြည်သူတွေ
စိတ်ဝင် စားကြပါတယ်။
စစ်မှန်တဲ့ သတင်းလွတ်လပ်ခွင့် ရရှိတော့မလား
စစ်မှန်တဲ့ သတင်းလွတ်လပ်ခွင့် ရရှိတော့မလား
by mmnewshub
VOA News, 20February 2013 —- (မျက်မှောက်ရေးရာ/သတင်းသုံးသပ်ချက်)
ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ သတင်းလွတ်လပ်ခွင့် ပေါ်ထွန်းရေးအတွက် အစိုးရနဲ့ မီဒီယာလောကအကြား အပြန်အလှန် နားလည်မှု နဲ့ ယုံကြည်စိတ်ချမှု ရှိဖို့လည်း လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ် က ပြောဆိုပါတယ်။ သတင်းလွတ်လပ်ခွင့် ဖန်တီးရေးမှာ တွေ့ကြုံရတဲ့ စိမ်ခေါ်မှုတွေ နဲ့ ပတ်သက်ပြီး ဦးရဲထွဋ် နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ကားရပ်နားရန် နေရာကိစ္စအတွက် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရမ်းကားမှုတွင် အာဏာပိုင်များ၏ သားသမီးများ ပါဝင်နေသည်ဟုဆို.. (ပေးစာ)
ကားရပ်နားရန် နေရာကိစ္စအတွက် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရမ်းကားမှုတွင် အာဏာပိုင်များ၏ သားသမီးများ ပါဝင်နေသည်ဟုဆို.. (ပေးစာ)
by ဒီမိုဝေယံ
.jpg)
ကားနေရာအခက်အခဲကြောင့် ယနေ့ရန်ကုန်မြို့မှ တိုင်ထောင်၍ ကားParking နေရာရယူကြပုံ တချို့

ကားရပ်နားရန် နေရာကိစ္စအတွက် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရမ်းကားမှုတွင် အာဏာပိုင်များ၏ သားသမီးများ ပါဝင်နေသည်ဟုဆို.. (ပေးစာ)
သမ္မတကြီး ဦးသိန်းစိန်ခင်ဗျား...သမ္မတကြီးနှင့် အစိုးရအဖွဲ့သည် clean government, good governance ဖြစ်ဖို့
ကြီးစားနေသည့် အစိုးရအဖွဲ့ဖြစ်ကြောင်း ပြည်သူများက ယုံကြည်နေကြပါသည်။
သို့သော် ထိုယုံကြည်ချက်များအား ဖျက်လို ဖျက်ဆီးပြုမည့်သူများက သမ္မတကြီးတို့အစိုး
အဖွဲ့အတွင်း၌ ရှိနေကြပါသည်။ ၎င်းအတွင်းလူများကြောင့် သမ္မတကြီးတို့ အစိုးရအဖွဲ့သည် တဖြည်းဖြည်းနှင့် အမည်းစက်များ များလာသည်ကို တွေ့လာရပါသည်။ ထိုလူများသည် သမ္မတကြီးတို့ အစိုးရအဖွဲ့၏ သားသမီး၊ ဆွေမျိုးတစ်စုပင် ဖြစ်ပါသည်။
အဖွဲ့အတွင်း၌ ရှိနေကြပါသည်။ ၎င်းအတွင်းလူများကြောင့် သမ္မတကြီးတို့ အစိုးရအဖွဲ့သည် တဖြည်းဖြည်းနှင့် အမည်းစက်များ များလာသည်ကို တွေ့လာရပါသည်။ ထိုလူများသည် သမ္မတကြီးတို့ အစိုးရအဖွဲ့၏ သားသမီး၊ ဆွေမျိုးတစ်စုပင် ဖြစ်ပါသည်။
Subscribe to:
Posts (Atom)