တေးသံရှင် ပလေးဘွိုင် ဦးသန်းနိုင်အား အာဏာအလွဲသုံးစားပြု၍ ဖမ်းဆီးခြင်းအား နိုင်ငံတော် သမ္မတထံသို့ တိုင်ကြားစာ

သို့
နိုင်ငံတော်သမ္မတ
ပြည်သူ့လွှတ်တော်ဥက္ကဌ
တရားဥပဒေစိုးမိုးရေးကော်မရှင်ဥက္ကဌ
မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌ
"
တေးသံရှင် ပလေးဘွိုင် ဦးသန်းနိုင် အား ဗိုလ်မှုးဟောင်း (ရဲချုပ်) စိုးဝင်း
မှ ပြစ်မှုမထင်ရှားဘဲ ပုဂ္ဂိုလ်ရေး မကျေနပ် မှုကြောင့် အာဏာ အလွဲသုံးစားပြု၍
ဖမ်းဆီးခြင်းအား ထိရောက်စွာ အရေးယူပေး ပါရန် တိုင်ကြား ခြင်း "
အခင်းဖြစ်ပွားသည့်နေရာ။ ၉ မိုင် Golf Club | ရန်ကုန် ၊ ၁၆ ရက် ဖေဖေါ်ဝါရီလ ၂၀၁၃ ခုနှစ် ။
ယနေ့
ည ဦးပိုင်းခန့်က ၉ မိုင် Golf ကွင်းတွင် အဆိုတော် Playboy (ဦး) သန်းနိုင်
နှင့် မိတ်ဆွေဟောင်း တစ်ချို့ တေးသီဆိုဖျော်ဖြေမှု အစီအစဉ်တစ်ခု
ကျင်းပခဲ့ပါသည်။

