ဥပဒေ၏အထက်တွင် လူ့ဂုဏ်ရည်ရှိသည်
Moe MaKa News, 10February 2013 —-
ယနေ့တိုင်းပြည်တွင် ကားနှင့်ဆိုင်ကယ်တိုက်၍ သေဆုံးရသည့်အရေအတွက်မှာ ပြည်တွင်းစစ်တွင် သေနေသည်ထက် မလျော့ပေ။
တိုင်းသူပြည်သားများ၏အသက်ရှင်မှုကို ကာကွယ်ပေးရန်မှာ နိုင်ငံတော်အစိုးရ၏တာဝန်ပင်။ နိုင်ငံတော်အစိုးရ၏တာဝန်ဆိုသည်မှာ မျှတသည့်ဥပဒေ၊ သင့်လျှော်သည့်ဥပဒေပြဌာန်း၍ ယင်းဥပဒေကို သေချာလိုက်နာကျင့်သုံးမှုကို ဆိုပေသည်။ ဥပဒေတခု အရင်းပြု၍ ခုဆယ်ရာထောင်သောင်းမှသည် သိန်းပေါင်း သိန်းသန်းကုဋေဖြစ်ဖို့လုပ်သည်ကို မဆိုလိုပေ။