Wednesday, February 6, 2013

ဒု ၊ သ ၊ န ၊ သော အဓိပ္ပာယ်


ဒု ၊ သ ၊ န ၊ သော အဓိပ္ပာယ်






ဤပို့စ်လေးကို ဆရာတော် အရှင်ဝိစိတ္တ (မနာပဒါယီ) ရေးသားတော်မူသောမနာပဒါယီဆိုဒ်မှကူးယူပြီး စာဖတ်သူဓမ္မမိတ်ဆွေများကို ပြန်လည်၍မျှဝေလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။
ဒု - သ - န - သော ဆိုတဲ့ ဒီစကား လေးလုံးအကြောင်း မကြာမကြာ အမေးခံရဖူးပါတယ်။ တစ်ချို့လည်း ကြားဖူးနေပေမယ့် အဓိပ္ပါယ် တိတိကျကျ မသိတဲ့အတွက် မေးကြခြင်းဖြစ်သလို တစ်ချို့လည်း စာအုပ်စာပေ တွေဖတ်ရင်းကြားညပ်ပါလာလို့ ဖတ်လိုက်ရပေမယ့် အကျယ်မရှင်းထားတော့ ဘာမှန်းမသိ ဖြစ်တဲ့အတွက် မေးကြတာလည်း ရှိပါတယ်။ တကယ်တော့ ဒီအသံတွေဟာ မကောင်းတဲ့ အလုပ်ကြောင့် မကောင်းတဲ့ဘ၀ ကနေခံစားနေရတဲ့ မကောင်းကျိုးတွေအပေါ် နောင်တရတဲ့ သူတွေရဲ့ သံဝေဂနဲ့အတူ အသိပေးတဲ့သတိ ပေးသံတွေပဲ ဖြစ်ပါတယ်။ ဒီစကားလေးတွေ ဖြစ်ပေါ်ခဲ့ရခြင်း အကြောင်းရဲ့ အတိတ်ကို ပြန်ကြည့်လိုက်ရင် ကြောက်လန့်စရာ တကယ့်ကိုပဲ ကောင်းလှပါတယ်။

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်


ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

(ဓာတ်ပုံ - ဟိန်းထက် ၊ မဇ္ဈိမ)
မဇ္စျိမသတင်းဌာန. ၅ရက်နေ့ ဖေဖော်ဝါရီ ၂၀၁၃  —–  ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆို သည်။

Tuesday, February 5, 2013

အပင်များ တစ်သက်လုံး အသက်ရှင်စေမည့် နည်းလမ်းနဲ့ ဆေးပညာ ကို တွေ့ရှိ


အပင်များ တစ်သက်လုံး အသက်ရှင်စေမည့် နည်းလမ်းနဲ့ ဆေးပညာ ကို တွေ့ရှိ 

အပင်များ တစ်သက်လုံး အသက်ရှင်စေမည့် နည်းလမ်းနဲ့ ဆေးပညာ ကို တွေ့ရှိ  ဂျာမနီက ဇီဝဗေဒ ပညာရှင်များရဲ့  ကြိုးစား ဖန်တီးနိုင်ခဲ့မှုကြောင့် ဖြစ် ပါတယ်။ တကယ်ပဲ အပင်တွေကို တစ်သက်လုံး အသက် မသေအောင် မွေးထားနိုင်မယ့် ဖော်မြူလာ ဖြစ်ကြောင်း သိရပါတယ်။   စမ်းသပ်မှုကိုတော့ ဆေးရွက်ကြီးပင်နဲ့ ပြုလုပ်ခဲ့ပြီး ယနေ့အထိ အသက် ရှင် နေသေးတာကို မြင်တွေ့ရပါတယ်။ သာမန်ဆိုရင် လေးလထက် ပိုမရှင် တဲ့ ဆေးရှက်ကြီးဟာ ယခုဆိုရင် ၈ နှစ်မက အသက်ရှင်နေပြီး ဖြစ် ပါတယ်။ ဆက်လက်လည်း ကြီးထား၊ရှင်သန်နေပြီး ၂ မီတာ ဝန်းကျင် လောက်ထိကို မြင့်ပါတယ်။ အပင်ကတော့ သာမန်အတိုင်း ပါပဲ။ ဘာ ဇီဝပြောင်းလဲမှုမှ မဖြစ်ပါဘူး။   အပင်ရဲ့  ဟောင်းနွမ်းပြီး ကြွေကျသွားတဲ့ အရွက်တွေ နေရာအစား အရွက် သစ် များ ပြန်လည်ပေါက်ဖွားဖို့ ပင်စည်ကလည်း ကောင်းကောင်း အလုပ် လုပ်နေပါတယ်။ ဆက်လက်လည်း ရှင်သန်နေအုံးမှာ ကို လေ့လာတွေ့ရှိ ခဲ့ပါတယ်။ ဒီအတွက် ၎င်းတို့ ကြိုးစား ဖန်တီးခဲ့တဲ့ ဇီဝ နည်းပညာနဲ့ ဆေး ပညာကို အသုံးပြုလို့ စိုက်ပျိုးရေး နယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရင် သက်ရှိမျိုးသုန်းမှု တစ်ခုကို ထိထိရောက်ရောက် ကာကွယ်နိုင်ပြီး လူသားအတွက်လည်း အကျိုးပြုပါတယ်။   ဂျပန်မှာဆိုရင်လည်း တစ်သက်လုံး မသေနိုင်မယ့် အာလူးပင်မျိုးကို ကြိုးစား စိုက်ပျိုးနေပြီး သက်ရှင် အပင်ပြီးရင် သက်ရှိလူသားအထိ အဆင့်ဆင့် ကြိုးပမ်း သွားမှာ ဖြစ်ကြောင်း သိရပါတယ်။  -- Ref: cbsnews ရိုးရာလေး ဗဟုသုတ  http://www.yoyarlay.com/health/medication/34060-biotechnologists-succeeded-to-make-immortal-tobacco-plants  --

ဂျာမနီက ဇီဝဗေဒ ပညာရှင်များရဲ့  ကြိုးစား ဖန်တီးနိုင်ခဲ့မှုကြောင့် ဖြစ် ပါတယ်။ တကယ်ပဲ အပင်တွေကို တစ်သက်လုံး အသက် မသေအောင် မွေးထားနိုင်မယ့် ဖော်မြူလာ ဖြစ်ကြောင်း သိရပါတယ်။
စမ်းသပ်မှုကိုတော့ ဆေးရွက်ကြီးပင်နဲ့ ပြုလုပ်ခဲ့ပြီး ယနေ့အထိ အသက် ရှင် နေသေးတာကို မြင်တွေ့ရ ပါတယ်။ သာမန်ဆိုရင် လေးလထက် ပိုမရှင် တဲ့ ဆေးရှက်ကြီးဟာ ယခုဆိုရင် ၈ နှစ်မက အသက် ရှင်နေပြီး  ဖြစ် ပါတယ်။ ဆက်လက်လည်း ကြီးထား၊ရှင်သန်နေပြီး ၂ မီတာ ဝန်းကျင် လောက်ထိ ကို မြင့်ပါတယ်။ အပင်ကတော့ သာမန်အတိုင်း ပါပဲ။ ဘာ ဇီဝပြောင်းလဲမှုမှ မဖြစ်ပါဘူး။

"ငွေထုပ်ပိုက်၍ စောင့်နေကြသော နိုင်ငံတကာအင်န်ဂျီအိုများ ကချင်စစ်ဘေးဒုက္ခသည်များအား ကူညီခွင့်ရပြီ"


"ငွေထုပ်ပိုက်၍ စောင့်နေကြသော နိုင်ငံတကာအင်န်ဂျီအိုများ ကချင်စစ်ဘေးဒုက္ခသည်များအား ကူညီခွင့်ရပြီ"


ကချင်ပြည်နယ်အတွင်းသို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များအား ဝင်ရောက်ခွင့် ပြုလိုက် ပြီဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ သိရသည်။
နှစ်ဖက်တပ်များ၏တာဝန်ယူ ပေးမှုနှင့်အတူဝင်ရောက်ခွင့်ကို နိုင်ငံ တော်သမ္မတမှ ခွင့်ပြုပေးခြင်းဖြစ်ပြီး အဆိုပါကိစ္စကို မြစ်ကြီးနားရှိ ကယ် ဆယ်ရေးစခန်းများ သို့ ရောက်ရှိစဉ် သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ သမ္မတရုံးဝန်ကြီးဌာန(၃)မှ တာ ဝန်ရှိသူက ”ခွင့်ပြုမိန့် ကို စာနဲ့မထုတ် ပြန်သေးပေမယ့် မှန်ပါတယ်” ဟု အတည်ပြုသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။