Tuesday, February 5, 2013

စစ်ပြေငြိမ်းရေး အကောင်အထည်ဖော်ကြရန် အစိုးရနှင့် KIO သဘောတူ


စစ်ပြေငြိမ်းရေး အကောင်အထည်ဖော်ကြရန် အစိုးရနှင့် KIO သဘောတူ 

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ဗိုလ်ချုပ် ဂွန်မော်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ် ခေါင်းဆောင် ဦးအောင်မင်း (ဓာတ်ပုံ – Waiyan Moe Thone Thann / Facebook)
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့ရှိ Jin Cheng Hotel တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဖက်ခိုင်မာသည့် စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည် ဖော်နိုင်ရန် သဘောတူညီကြကြောင်း ပူးတွဲကြေညာချက် ထုတ်လိုက်သည်။
ယင်းထုတ်ပြန်ချက်တွင် “အစိုးရနှင့် KIO အကြား ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည် ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားရာ နေရာများကို လေ့လာစောင့်ကြည့် စိစစ်ရေးစနစ် ပေါ်ပေါက်ရန် ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားရန် သဘောတူညီကြသည်” ဟု ပါရှိသည်။

Monday, February 4, 2013

မြန်မာအတွက် ပထဝီနိုင်ငံရေးကစားပွဲတစ်ရပ်ဖြစ်လာမယ့် တရုတ်-မြန်မာရေနံဓါတ်ငွေ့ ပိုက်လိုင်း


မြန်မာအတွက် ပထဝီနိုင်ငံရေးကစားပွဲတစ်ရပ်ဖြစ်လာမယ့် တရုတ်-မြန်မာရေနံဓါတ်ငွေ့ ပိုက်လိုင်း 


Moe MaKa News, 2February 2013  —– အခုလာမယ့် မေလမှာဆို အရေးကြီးတဲ့ကိစ္စတစ်ခုဟာ တရုတ်ပြည်ရဲ့ ပထဝီဝင်အနေအထားကို ထူးခြားမှုတစ်ခုခု ဖြစ်စေ ပါတော့မယ်။ ကမ္ဘာ့ တိုက်ကြီးတစ်ခုစာပမာဏရှိတဲ့ တရုတ်ပြည်ဟာ ၎င်းရဲ့စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု ကို နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းမြို့တွေမှာ အခြေ စိုက် ဖေါ်ဆောင်လာခဲ့ရာမှ နိုင်ငံရဲ့ မြောက်ဘက်ကို အခြေချပါတော့မယ်။ အရှည်အားဖြင့် ကီလိုမီတာ ၈၀၀ ရှည်တဲ့ တရုတ်-မြန်မာ ရေနံနဲ့ ဓါတ်ငွေ့ ပိုက် လိုင်းဟာ တရုတ်ပြည်ရဲ့ အနောက် ဘက်ပိုင်း ယူနန်ပြည်နယ် မြို့တော်ကူမင်းကို မြန်မာမှတဆင့် ဘင်္ဂလားပင်လယ်အော်အထိ သွယ်တန်းကာ တည်ရှိလာတော့မယ်ဖြစ်ပါတယ်။ နောက်နှစ်ဆိုရင်တော့ ဓါတ်ငွေ့  ပိုက်လိုင်းအပြင် ရေနံပိုက်လိုင်းကလည်း အဲဒီလမ်း ကြောင်းအတိုင်း စတင်ဖွင့်လှစ်ပြီး ရေနံတွေ ပို့ လွှတ်ပါတော့မယ်။

လွတ်လပ်မျှတမှု မရှိသေးတဲ့ တရားရေးမဏ္ဍိုင်


လွတ်လပ်မျှတမှု မရှိသေးတဲ့ တရားရေးမဏ္ဍိုင် 

Lady Justice
VOA News , 3February 2013  —- (မျက်မှောက်ရေးရာ/ဒီမိုကရေစီရေးရာ)
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မတရားဖမ်းဆီးခြင်း ခံထားရတဲ့ ဒေါက်တာထွန်းအောင် အမှု၊ ပြစ်ဒဏ်၊ တရားစီရင်ရေး လုပ်ပုံလုပ်နည်း၊ ဆောင်ရွက်လုပ်ကိုင် ဆုံးဖြတ်ချက်ဆိုင်ရာများကို ဟောင်ကောင် (Hong Kong) အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ (Asian Human Rights Commission ) အကျိုးဆောင်ရှေ့ နေ ဦးမင်းလွင်ဦး နဲ့ ဗွီအိုအေမြန်မာသတင်း ဌာနမှူး ဦးသန်းလွင်ထွန်း တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

Friday, February 1, 2013

ကချစ်စစ်ပွဲနဲ့ ပွင့်လင်းစ မီဒီယာ


ကချစ်စစ်ပွဲနဲ့ ပွင့်လင်းစ မီဒီယာ 

တိုက်ပွဲကြားက ကေအိုင်အေ စစ်သားများကို ဧရာဝတီ ဓာတ်ပုံဆရာက မှတ်တမ်းယူထားနိုင်ခဲ့တယ် (ဓာတ်ပုံ – Steve Tickner)
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတာ နှစ်ပေါင်း ၆၀ ကျော်နေပြီဖြစ်ပေမယ့် စစ်မြေပြင်အခြေနေကို လွတ်လပ်စွာသတင်းပို့ခွင့်ရတာကတော့ ရက် ၆၀ မပြည့်သေးဘူးလို့ ပြောရမှာပါ။ အထူးသဖြင့် အခုဖြစ်နေတဲ့ ကချင်စစ်ပွဲဟာ အစိုးရသစ်၊ လွှတ်တော်သစ်လက်ထက် ပြုပြင်ပြောင်းလဲရေးကာလ၊ အတိအကျ ပြောရမယ်ဆိုရင် ပြန်ကြားဝန်ကြီးအသစ်နဲ့ ဒုဝန်ကြီးအသစ်လက်ထက် မီဒီယာအသွင်ကူးပြောင်းရေး ကာလလို့ ကြွေးကြော်နေချိန်မှာ ပထမဆုံးကြုံလိုက်ရတဲ့ မီဒီယာ လွတ်လပ်ခွင့် စမ်းသပ်မှု တခုဖြစ်ပါ တယ်။

လူရှုပ်တွေကို သတိထား


လူရှုပ်တွေကို သတိထား 

“လေကောင်းလေသန့်တွေရဖို့ ပြတင်းတံခါးဖွင့်လိုက်ပြီဆိုရင် ယင်ကောင်တွေ ၀င်လာမယ်ဆိုတာကိုလည်း ကြိုတွက်ထား ရမယ်” -တိန့်ရှောင်ဖိန်
အထက်ပါ စကားစုသည် တရုတ်နိုင်ငံအပေါ် သြဇာကြီးမားသော ခေါင်းဆောင်တစ်ဦးဖြစ်သူ တိန့်ရှောင်ဖိန်က သူ့နိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး ၁၉၈၀ အစောပိုင်းနှစ်များအတွင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။