ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
Monday, January 28, 2013
လိုင်ဇာကို သိမ်းရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်လို့ ဒေါ်ဒွဲဘူ တုန့်ပြန်ပြောဆို
(1942) ခုနှစ် ရခိုင်-မွတ်စလင် ကုလား အဓိကရုဏ်း

by moethiha aung

-----------------------------------------------------
(1942 )ခုနှစ် ကုလားရခိုင် အဓီကရုဏ်း စတင်ဖြစ်ရခြင်း အကြောင်းတရားကား စစ်တွေမြို့မှ စတင်ဖြစ်ပွါးလေသည်၊ အင်္ဂလိပ် စစ်တပ်ဖြစ်သော ရာခ်ျပုကုလားစစ်သားများက ရခိုင်အမျိုးသမီးများကို အဓမ္မပြုကျင့် ရခိုင်အမျိုးသားများကို ကုလား အရပ်သား များနှငိ့ ပူးပေါင်း၍ အနိုင်ကျင့် နှိပ်စက် သတ်ဖြတ် ရာမှ မခံမရပ်နိုင်ဖြစ်ပြီး စတင်ဖြစ်ပွါးလာရခြင်းဖြစ်လေသည်။ ယင်းပြသနာ သည် မြေပုံမြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်များသို့ ကူးစက်သွားသည်။ ယင်းကိစ္စကို ရခိုင်နိုင် ငံရေးခေါင်းဆောင်များဖြစ်ကြသော ဦးပညာ သီဟ ၊ ဦးသာကျော်(ဘုံဘောက်)တို့က ပြန်ဖြေပေးသဖြင့် အထက်ပါမြို့များမှာ အေးဆေးငြိမ်သက်သွားခဲ့ပါသည်။အထက်ပါမြို့နယ်များမှ ထွက်ပြေးကြသော ကုလားများနှင့် ဘူးသီးတောင် မောင်တောမြို့နယ် များမှ ပညာတတ် ကုလားခေါင်းဆောင် အချို့သည် ယင်းဒေသရှိ ရခိုင်တိုင်းရင်းသားများနှင့် ရခိုင်ကျေးရွာများ ကို ချေမှုန်း သုတ် သင် သတ်ဖြတ်ကြရန် နှိုးဆော်စည်းရုံးကြလေသည်၊

ဆရာဝန်ကြီးများနှင့်ဆေးကုမ္မဏီကြီးများအကြောင်းတစေ့တစောင်း
ဆရာဝန်ကြီးများနှင့်ဆေးကုမ္မဏီကြီးများအကြောင်းတစေ့တစောင်း
by moethiha aung
Monday, January 28, 2013
by သက်တန့်ချို on Thursday, 24 January 2013 at 03:28 ·

ဒီအကြောင်းလေးကို
ရေးဖို့စိတ်ကူးထားတာတော့ကြာပါပြီ ။ တိုက် တိုက်ဆိုင်ဆိုင်
ဒီမနက်ကားပေါ်မှာ Shwe FM ကလာ တဲ့ ဒေါက်တာ ၀င်းမောင်နဲ့
အင်တာဗျူးလေးကိုနားထောင် လိုက်ရတာ ။ သိပ်ကောင်းတာပါပဲ
ဆရာ့ကိုချီးကျူးမိသလို မြန်မာပြည်ရောက် တုန်းရောက်ခိုက် အခုလို ပြည်သူတွေ
ဆရာဝန်တွေသိအောင် နိုင်ငံခြားကအတွေ့အကြုံလေးတွေမျှဝေပေးတာ
ဆရာဝန်တွေအတွက်ပါ များစွာ အကျိုးရှိစေပါတယ် ။ ဆရာပြောသွားတဲ့
နိုင်ငံခြားနဲ့ မြန်မာပြည်ရဲ့ကျန်းမာရေးဝန်ဆောင်မှုတွေထဲကကွာခြားချက်တွေ
ကိုလည်း ကျွန်တော့်အနေနဲ့ များစွာ ဗဟုသုတရသလို မြန်မာပြည်ရဲ့ကျန်းမာရေး ကဏ္ဍ
လိုအပ်ချက်တွေကိုလည်း များစွာ မြင်မိသွားပါတယ် ။ ကျေးဇူးတင်ပါတယ်
ဆရာဒေါက်တာဝင်းမောင်ခင်ဗျာ ။
အခုရေးလိုတဲ့အကြောင်းကတော့ ဆရာပြောသွားတဲ့ အထဲက ဆေးကုမ္မကြီးများနဲ့ ဆရာဝန်ကြီး များ အကြောင်းပါပဲ ။ မှန်ပါတယ် ဆရာဝန်ကြီးတွေဆိုတာက သာမန် MBBS ဘွဲ့လေးပြီးတော့ သူတို့ခက် ခက်ခဲခဲနဲ့ အချိန်တွေအကုန်ခံ ကြိုးစားမှုတွေအကုန်ခံ ငွေတွေအကုန်ခံပြီး သင်ကြရတယ် ။ အဲဒီအထဲမှာ ဆရာပြောသွားသလိုပါပဲ တချို့ သော နာမည်ကြီးဆရာဝန်ကြီးတွေနဲ့ တချို့သော ဆေးကုမ္မဏီကြီးတွေရဲ့ Ethic နဲ့မညီတဲ့ကိစ္စလေးတွေ ကျွန်တော်ပြောချင်တာပါပဲ ဆရာကြီးရေ ။ ဒီမနက်မှာ ဆရာပြောသွား ပါတယ် ။

Subscribe to:
Posts (Atom)