Saturday, December 22, 2012

မြန်မာ့မူးယစ်ဆေး နဲ့ အမေရိကန်အစိုးရ


မြန်မာ့မူးယစ်ဆေး နဲ့ အမေရိကန်အစိုးရ


VOA News, 21 December 2012  —- ၂၀၁၁ ဒီဇင်ဘာလဆန်းပိုင်းမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည် ကိုလာပြီးတဲ့နောက်ပိုင်း ဗမာအစိုးရအပေါ်ထားရှိတဲ့ အမေရိကန် သဘောထား ပြောင်းလဲလာပေမယ့် မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ လက်ရှိ အမေရိကန်အစိုးရသဘောထားကို လွန်ခဲ့တဲ့ မတ်လထုတ် International Narcotics control Strategy Report အတွဲ (၁) မှာ တွေ့နိုင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကော့သောင်းရောက်ရှိ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကော့သောင်းရောက်ရှိ 


7 Day News Journla, 22 December 2012  —-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၀း၃၀ နာရီအချိန်တွင် ကော့သောင်းမြို့ကို ရောက်ရှိလာပြီး၊  ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရန်ကြီးအောင် ဘောလုံးကွင်းတွင် မိန့်ခွန်းပြောကြားခဲ့သည်။

ကော့သောင်းမြို့နဲ့ မြိတ်မြို့တွေကို ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်


ကော့သောင်းမြို့နဲ့ မြိတ်မြို့တွေကို ဒေါ်အောင်ဆန်းစုကြည် ခရီးထွက် 

Photo : RFA/ Myo Zaw Ko ဒီဇင်ဘာ ၂၂ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကော့သောင်းမြို့တွင် ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံစဉ်
RFA News, 22 December 2012  —  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီ စည်းရုံးရေး ခရီးစဉ်အဖြစ် တနသာင်္ရီတိုင်း ကော့သောင်းမြို့နဲ့ မြိတ်မြို့တွေကို ဒီကနေ့ သွားရောက်ခဲ့ပါတယ်။

ထားဝယ်၊ ကျောက်ဖြူ၊ သီလဝါတို့တွင် အိန္ဒိယ ရင်းနှီးမြှုပ်နှံရန် သမ္မတ ဖိတ်ခေါ်ခဲ့


ထားဝယ်၊ ကျောက်ဖြူ၊ သီလဝါတို့တွင် အိန္ဒိယ ရင်းနှီးမြှုပ်နှံရန် သမ္မတ ဖိတ်ခေါ်ခဲ့ 

defence.pk
နယူးဒေလီ (မဇ္ဈိမ) . ၂၂ရက်နေ့ ဒီဇင်ဘာ ၂၀၁၂   —-   မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန်များ၌ လာရောက်ရင်းနှီးမြှုပ်နှံကြရန် အိန္ဒိယ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များအား သမ္မတ ဦးသိန်းစိန် က ဖိတ်ခေါ်ခဲ့သည်။
သောကြာနေ့ညက မုံဘိုင်းမြို့တွင် ပြုလုပ်ခဲ့သည့် တံခါးပိတ် ညစာစားပွဲတွင် ဦးသိန်းစိန် က အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီးများ အသင်းချုပ် CII မှ အမှုဆောင် အရာရှိများအား ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

သမ္မတဦးသိန်းစိန် သီပေါမင်းနန်းတော်နဲ့ အုတ်ဂူဆီသွားရောက်


သမ္မတဦးသိန်းစိန် သီပေါမင်းနန်းတော်နဲ့ အုတ်ဂူဆီသွားရောက်

ရတနာဂီရိကို သွားခဲ့တဲ့ သမ္မတ ဦးသိန်းစိန်
BBC News, 23 December 2012  —   အိန္ဒိယ နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ – အိန္ဒိယ ဆွေးနွေး ဖော်ဆောင်မှု ၁၀ နှစ်ပြည့် အခမ်း အနားကိုတက်ရောက်ရင်း သမ္မတဦးသိန်းစိန် ဟာ ရတနာဂီရိ အရပ်က ကုန်းဘောင်မင်းဆက် ရဲ့နောက်ဆုံး ဘုရင် သီပေါမင်းရဲ့ နန်းတော်နဲ့ အုတ်ဂူကိုလည်း သွားရောက်ခဲ့ပါတယ်။

မြန်မာ့သစ်တွေ တရုတ်နိုင်ငံကို တရားမ၀င် သယ်ထုတ်နေဆဲ


မြန်မာ့သစ်တွေ တရုတ်နိုင်ငံကို တရားမ၀င် သယ်ထုတ်နေဆဲ

တရားမ၀င်သစ်များကို တရုတ်နိုင်ငံဘက်သို့ သယ်ယူနေသောကားများ(ဓာတ်ပုံNewsCollection)
RFA News, 22 December 2012  —-  တရုတ်သစ်ကုန်သည်တွေက ကချင်ပြည်နယ် မံစီမြို့နယ် အတွင်းက ဒေသခံရွာသားတွေ ကနေ တဆင့် တရားမဝင် ဝယ်ယူကြတဲ့ သစ်တွေ တရုတ်နိုင်ငံဘက်ကို သယ်ယူဖို့ အတွက် သစ်တင်တဲ့ကား အများအပြား ရှမ်းပြည်မြောက် ပိုင်းမှာ အခုအခါရောက်ရှိနေကြတယ်လို့ သိရပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။