Thursday, December 20, 2012

မြန်မာနဲ့ အမေရိကန် စစ်ရေးပူးပေါင်းမှု မကြာခင်စတင်မယ်


မြန်မာနဲ့ အမေရိကန် စစ်ရေးပူးပေါင်းမှု မကြာခင်စတင်မယ် 

(U.S. Navy photos)
RFA News, 19 December 2012  —–  မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ကို အားပေးတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု က မြန်မာတပ်မတော်နဲ့ စစ်ရေးဆက်ဆံမှုတွေ ကို မကြာခင် စတင်တော့မယ့်လို့ မနေ့က ပြောဆိုလိုက်ပါတယ်။
ပင်တဂွန် အမေရိကန်စစ်ဌာနချုပ် ထိပ်ပိုင်းအရာရှိတစ်ဦးရဲ့ ဗုဒ္ဒဟူးနေ့ ပြောကြားချက်အရဆိုရင် မြန်မာ့တပ်မတော်က အရာရှိတွေကို လူသားချင်းစာနှာမှု ဆိုင်ရာ ကယ်ဆယ်ကူညီရေး၊ ခုခံကာကွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနဲ့ စစ်ဖက်ဆိုင်ရာ ဆေးဝါးကုသရေး ကဏ္ဍတွေမှာ အမေရိကန်တပ်မတော်က သင်တန်းပို့ချမှာ ဖြစ်ပါတယ်။

၂၀၁၂ အထူးခြားဆုံးပုဂ္ဂိုလ် သမ္မတအိုဘားမား


၂၀၁၂ အထူးခြားဆုံးပုဂ္ဂိုလ် သမ္မတအိုဘားမား


VOA News, 19 December 2012  —-  အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားကို ၂၀၁၂ ခုနှစ်အတွက် အထူးခြားဆုံး ပုဂ္ဂိုလ်အဖြစ် Time မဂ္ဂဇင်းက ရွေးချယ်လိုက်ပါတယ်။ သမ္မတအိုဘားမားရဲ့ သမိုင်းဝင် ရွေးကောက် ပွဲအောင်မြင်မှုဟာ အမေရိကန်နိုင်ငံရဲ့ အပြောင်းအလဲ ကို ဖော်ဆောင်တဲ့ ပြယုဂ်တခုဖြစ်ပြီး သူ ဟာ အမေရိကန်နိုင်ငံသစ်ရဲ့ ဗိသုကာတဦးအဖြစ်လည်း Time မဂ္ဂဇင်းက မှတ်ချက်ချ ထားပါတယ်။

လက်နက်ထိန်းချုပ်ရေး အိုဘားမားဆော်သြ


လက်နက်ထိန်းချုပ်ရေး အိုဘားမားဆော်သြ 


VOA News, 19 December 2012  —-  အမေရိကန်နိုင်ငံ သမိုင်းတလျှောက်မှာ ဒုတိယအဆိုးရွားဆုံးဖြစ်ခဲ့တဲ့ ကွန်နက်တီကပ် ပြည် နယ် မူလတန်းကျောင်းက ပစ်ခတ်မှုပြီးတဲ့နောက် ၅ ရက်အကြာမှာ တိုက်ပွဲသုံးလက်နက်တွေ ပိတ်ပင်ထားမှုကို ပြန်ပြီး အကောင်အထည်ဖော်ဖို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။

ပထမဆုံး အမျိုးသမီး သမ္မတ တောင်ကိုရီးယား ရွေးချယ်


ပထမဆုံး အမျိုးသမီး သမ္မတ တောင်ကိုရီးယား ရွေးချယ် 

ပထမဆုံးအမျိုးသမီးသမ္မတ ဖြစ်လာတော့မယ့်ParkGeunHye
BBC News, 20 December  2012  —  တောင်ကိုးရီးယားမှာ ပထမဆုံး အမျိုးသမီး သမ္မတတစ်ဦးကို လူထုက ရွေးချယ်လိုက်ကြပါပြီ။
မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရပါတီက ကွန်ဆာဗေးတစ် သမ္မတလောင်း Park Geun-hye ဟာ သူ့ရဲ့ပြိုင်ဘက် Democratic United Party က Moon Jae-in ကို မဲကပ်ပြီးတော့ အနိုင်ရလိုက်တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားရွေးကောက်ပွဲ Park Geun-hye အနိုင်ရ


တောင်ကိုရီးယားရွေးကောက်ပွဲ Park Geun-hye အနိုင်ရ 


VOA News, 19 December 2012   —-  ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာကျင်းပတဲ့ တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲမှာ Conservative ပါတီ သမ္မတလောင်း ပတ်ဂင်ဟဲ (박근혜/Park Geun-hye) က အနိုင်ရသွားပါပြီ။
တောင်ကိုးရီးယားရဲ့ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာတဲ့ အသက် ၆၀ အရွယ် ပက်ကွန်ဟဲလ် က မဲအရေ အတွက် ၅၀.၁% နဲ့ ပြိုင်ဘက် Liberal သမ္မတလောင်း မွန်ဂျဲအင် (문재인/Moon Jae-in) က ၄၈.၉% အသီးသီး ရရှိနေကြတယ်လို့ မဲပေးပြီးသူတွေဆီ က ကောက်ယူ တဲ့ စစ်တမ်းမှာဖော်ပြလိုက်ပါတယ်။

လာမယ့်နှစ် အတွင်း လူထုရဲ့ဘဝတွေ သိသာမြင်သာ တိုးတက်အောင် ကြိုးပမ်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား


လာမယ့်နှစ် အတွင်း လူထုရဲ့ဘဝတွေ သိသာမြင်သာ တိုးတက်အောင် ကြိုးပမ်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား 

Photo: NLD Facebook အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည်၂၀၁၂ခုနှစ်၊ဒီဇင်ဘာလ(၁၃)ရက်နေ့က ရန်ကုန်တက္ကသိုလ်သို့ သွားရောက်လေ့လာနေစဉ်
RFA News, 19 December 2012  —-  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်နဲ့ မုံရွာကြေးနီတောင်စီမံ ကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က လက်ပန်းတောင်းတောင် အရေးအခင်းမှာ မီးလောင်ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေ နိုင်ငံခြားပို့ပြီး ကုသရေးအတွက် ဆရာဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုအပ်သလို ဆောင်ရွက်မှာ ဖြစ်တယ်လို့ RFA ကို ပြောဆိုလိုက်ပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။