Monday, December 10, 2012

သည်မီးတာ ဘယ်တကိန်းမှာမှ ငြိမ်းပါ့မယ်လို့


သည်မီးတာ ဘယ်တကိန်းမှာမှ ငြိမ်းပါ့မယ်လို့   PDF Print
Written by မောင်သွေးချွန်   
Sunday, 09 December 2012 11:52
AddThis Social Bookmark Button

ha-9-12-3ညတကာည လတကာလတွေထဲမှာ တန်ဆောင်မုန်းလပြည့်ညဟာ အလှပဆုံးည ဖြစ်ပါတယ်။ ထက်ဝန်းကျင် ကောင်းကင်တစ်ခွင်တစ်ပြင်မှာ ဆီးနှင်းမြူတိမ် သူရိန်မီးခိုးဆိုတဲ့ ညစ်မျိုးငါးမည် ကင်းရှင်းနေပြီး ဖိုးရွှေလမင်းကြီး လင်းလင်းချင်းချင်း လှလှပပ သာနိုင်တဲ့ညဖြစ်တယ်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၊မကွေးမြို့ တို့တွင်ပြောကြားခဲ့သောမိန့်ခွန်းကောက်နုတ်ချက်များ



လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၊မကွေးမြို့ တို့တွင်ပြောကြားခဲ့သောမိန့်ခွန်းကောက်နုတ်ချက်များ

“ဘယ်တော့မဆို မှတ်ထားနော် အစိုးရသုံးသမျှဟာ နိုင်ငံပိုင် ပိုက်ဆံပဲ။ အစိုးရလုပ်ပေးလို့ဆိုပြီး ကျေးဇူးတင်ကြတယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတရားဆိုတာ ကောင်းပါတယ်။ လုပ်ပေးချင်တဲ့ စေတနာအတွက် ကျေးဇူးတင်တာ မမှားပါဘူး။ ဒါပေမယ့် ဒါဟာ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေဆိုတာ မမေ့ပါနဲ့။ ဒီနိုင်ငံရဲ့ ဘဏ္ဍာငွေနဲ့ လုပ်သမျှဟာ ပြည်သူလူထုရဲ့ ရထိုက်ပိုင်ခွင့်တွေဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံရဲ့ ဘဏ္ဍာငွေဟာ ပြည်သူလူထုပိုင်တဲ့ ငွေဖြစ်တယ်ဆိုတာကို ခေါင်းထဲမှာ အမြဲမှတ်ထားပါ။ ဒါကြောင့် ကိုယ့်ရဲ့ပိုက်ဆံတွေကို မှန်မှန်ကန်ကန် သုံးနေရဲ့လားဆိုတာကို ဆင်ခြင်ကြပါ။

ဒဏ်ရာအပြင်းဆုံးကိုယ်တော်ကို ရန်ကုန်မြို့ ပင့်ဆောင်ကုသ



ဒဏ်ရာအပြင်းဆုံးကိုယ်တော်ကို ရန်ကုန်မြို့ ပင့်ဆောင်ကုသ 

 မန္တလေးဆေးရုံကြီး လက်ပံတန်းတောင်မီးလောင်ဒဏ်ရရ ဆရာတော်အား (၈၈)ကျောင်းသားများဖြစ်ကြတဲ့ ကိုမင်းကိုနိုင် ၊ ကြို့ပုံးချို ၊ စမ်းချောင်းကိုကိုကြီး ၊ မဝါ ၊ မယုယုလှိုင် တို့ မှ လည်း ကန်တော့စဉ်

လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွင်းခံရတုန်းက အရေပြားလောင်ဒဏ်ရာ အပြင်းထန်ဆုံးရခဲ့တဲ့ ဦးပဉ္စင်း ဦးတိက္ခဥာဏကို ရန်ကုန်မြို့က အရေပြားအထူးကုဆေးရုံမှာ ပြောင်းရွှေ့ကုသပါတယ်။

မီးလျှံခသော တန်ဆောင်တိုင်ည


မီးလျှံခသော တန်ဆောင်တိုင်ည 

မီးလျှံခသော တန်ဆောင်တိုင်ညလက်ပံတောင်း လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး အထွေထွေ သပိတ်စခန်းများဖွင့်ထားသည့်သက်တမ်းကာလ၁၀ရက်မြောက်  သော ည ၈ နာရီအချိန်တွင် အဆိုပါ သပိတ်စခန်း များနှင့် ပတ်သက် ၍ မြန်မာ့ရုပ်မြင်သံကြား သတင်း အစီအစဉ်တွင် လက်ပံတောင်းတောင် ကြေး နီ စီမံကိန်း ဖျက်သိမ်းရေး အကြောင်း ပြ၍ ဆူပူ ဆန္ဒပြနေခြင်း အား ည ၁၂ နာရီ နောက်ဆုံး ထား၍ လူစုခွဲရန် ကြေညာခဲ့သည်။

မြန်မာပြည်သူတွေဆိုတာက သမ္မတတို့ ၀န်ကြီးတို့ စတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ တောင်းပန်ခြင်း ခံရထိုက်တဲ့ ပြည်သူတွေ မဖြစ်လို့လား..??


မြန်မာပြည်သူတွေဆိုတာက သမ္မတတို့ ၀န်ကြီးတို့ စတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ တောင်းပန်ခြင်း ခံရထိုက်တဲ့ ပြည်သူတွေ မဖြစ်လို့လား..?? 

တောင်းပန်တယ် ဆိုတဲ့ စကားတစ်ခွန်းဟာ တစ်ခါတစ်လေ ပြော ထွက်ဖို့ခက်တတ်တာကို နားလည်ပေးလို့ရပါတယ်..။ ကျနော်တို့  မြန်မာလူမျိုးတွေမှာ အသုံးများလွန်းတဲ့ စကားလုံး ထဲမှာ တောင်းပန်ပါတယ်.. ဆိုတာ သိပ်မပါတတ်ပါဘူး..။ အဲ့ဒီအစား အားနာလိုက်တာတို့.. အားနာတယ်ဗျာ..တို့ကိုတော့ အသုံးများ.. အပြောများတတ်ကြပါတယ်..။ တကယ်တော့ အားနာလိုက်တာ.. ဆိုတာကို အင်္ဂလိပ်လို ဘယ်လိုပြောလည်းဆိုတာတော့ ကျနော်တကယ်လဲမသိပါဘူး..။ ရှိသလား..မရှိဘူးလား..ဆိုတာလည်း တိတိကျကျ မသိပါဘူး..။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။