Thursday, November 22, 2012

ဒေါက်တာထွန်းအောင်ကို ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်


ဒေါက်တာထွန်းအောင်ကို ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ် 

Photo:RFA ဇွန်လဆန်းပိုင်းက မောင်တောမြို့တွင် အကြမ်းဖက်မှုများ မဖြစ်ပွားခင် အခြေအနေကို တွေ့ရစဉ်။
RFA News, 22 November 2012  —-  ပြီးခဲ့တဲ့ဇွန်လက ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက အမှု ၅ မှုနဲ့ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဒေါက်တာထွန်းအောင်(ခေါ်) နုရာဟက်ကို စစ်တွေခရိုင် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံစေဖို့ မနေ့က အပြီးသတ် အမိန့် ချမှတ်လိုက်ပါတယ်။
ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ-၆(၁)အရ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေတဲ့ အမှုအပေါ် အလုပ်နဲ့ ထောင်ဒဏ် ၄ နှစ်၊ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ-၅(ည) အရ အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ်ကို သီးခြားစီ ထပ်မံကျခံစေဖို့ မနေ့က ချမှတ်ခဲ့တာပါ။
ဒေါက်တာထွန်းအောင်(ခေါ်) နုရာဟက်ကို ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက နိုင်ငံခြားငွေ လဲလှယ်မှု စည်းမျဉ်း သတ်မှတ်ရေး အက်ဥပဒေပုဒ်မ-၂၄(က) အရ ထောင်ဒဏ် ၃ နှစ်ကျခံစေဖို့ စစ်တွေခရိုင် တရားရုံး ကပဲ အမိန့် ချမှတ်ပေးခဲ့ပြီး ကျန်ရှိနေသေးတဲ့ ပုဒ်မတွေအတွက် မနေ့က အပြီးသတ် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒေါက်တာ ထွန်းအောင်ကို အာဏာပိုင်တွေက အမှု ၅ မှုနဲ့ စွဲချက်တင်ခဲ့ပေမယ့် အဲဒီအထဲက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၄၆၈ ၊ ၄၂၀ – မှတ်ပုံတင်အတု ပြုလုပ်တဲ့အပေါ် ပြစ်မှု မထင်ရှားတဲ့အတွက် အဲဒီပုဒ်မကို ပလပ်ခဲ့ပါတယ်။
ဒေါက်တာထွန်းအောင်ကို ပြီးခဲ့တဲ့ဇွန်လ ၁၁ ရက်နေ့က မောင်တောမြို့ ကုလသမဂ္ဂ UNHCR ရုံးခွဲမှာ ခိုလှုံနေစဉ် ဒေသဆိုင်ရာ အာဏာပိုင်တွေက မောင်တောမြို့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခဲ့တာပါ။ အဲဒီအချိန်ကတည်းက မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မရခဲ့ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
စစ်တွေခရိုင်တရားရုံးမှာ အမှုတွေ ရင်ဆိုင်နေရချိန်အတွင်း အာဏာပိုင်တွေရဲ့ စွပ်စွဲချက်တွေကို ခုခံချေပဖို့အတွက် ရှေ့နေမရှိဘဲ မိမိကိုယ်တိုင် ချေပလျှောက်လဲခဲ့ရတယ်လို့ ဆိုပါတယ်။
ဒေါက်တာထွန်းအောင်(ခေါ်) နုရာဟက်ဟာ ၁၉၉၀ ခုနှစ် နိုင်ငံရေး အခင်းအကျင်းကာလမှာ လူ့အခွင့် အရေးနဲ့ ဒီမိုကရေစီပါတီက မောင်တောမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တယ်လို့ သိရှိရပါတယ်။

OIC အတွင်းရေးမှူးချုပ် မြန်မာပြည် လာရန် စီစဉ်နေ


OIC အတွင်းရေးမှူးချုပ် မြန်မာပြည် လာရန် စီစဉ်နေ 

OIC အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu
မဇ္ဈိမသတင်းဌာန .၂၂ရက်နေ့ နိုဝင်ဘာ ၂၀၁၂ —  ကမ္ဘာ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် ဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့တခုသည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအရေး ဖြေရှင်းနိုင်ရန် နည်းလမ်းများနှင့် ပတ်သက်၍
ဆွေးနွေးရန် မြန်မာနိုင်ငံကို လာရောက်ရန် စီစဉ်နေကြောင်း သိရှိရသည်။

ဆီးရီးယား-တူရကီနယ်စပ် ဒုံးခွင်းဒုံးမထားဖို့ ရုရှားသတိပေး


ဆီးရီးယား-တူရကီနယ်စပ် ဒုံးခွင်းဒုံးမထားဖို့ ရုရှားသတိပေး 

NATO's Patriot surface-to-air missiles
VOA News, 22 November 2012  —  ဆီးရီးယားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တူရကီဘက်အခြမ်းမှာ Patriot ဒုံးခွင်းဒုံးတွေ မချဖို့ နေတိုးအဖွဲ့ကို ရုရှားက သတိပေးလိုက်ပါတယ်။ အဲဒီ ဒုန်းကျည်တွေချထားဖို့ အနောက်အုပ်စု မဟာမိတ်တပ်ဖွဲ့အပေါ် တူရကီရဲ့ တောင်းဆိုမှုဟာ ဒေသတွင်း တည်ငြိမ်ရေးကို အထောက်အကူ ဖြစ်စေမှာ မဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Alexander Lukashevich က ကြာသပတေးနေ့မှာ သတိပေး ပြောလိုက်တာပါ။

တရုတ်ပတ်(စ်)ပို့ပါမြေပုံ ဖိလစ်ပိုင်ကန့်ကွက်



တရုတ်ပတ်(စ်)ပို့ပါမြေပုံ ဖိလစ်ပိုင်ကန့်ကွက် 


VOA News, 22 November 2012  —  တရုတ်နိုင်ငံကူး လက်မှတ် အသစ်ပေါ်မှာ တွေ့ရတဲ့ မြေပုံထဲမှာ တောင်တရုတ် ပင်လယ်ပြင်ဒေသ
တခုလုံးကို တရုတ် ပိုင်နက်အဖြစ်နဲ့ ဖော်ပြထားတဲ့ အတွက် ဖိလစ်ပိုင်နိုင်ငံက ကန့်ကွက်လိုက်ပါ တယ်။

ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် အသစ်ခန့်


ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် အသစ်ခန့် 

ညွှန်ကြားရေးမှူးချုပ် အသစ်လော့ဒ်ဟောလ်
BBC News, 23 November 2012  —  ဘီဘီစီ ညွှန်ကြားရေးမှူး ချုပ် အသစ် အဖြစ် ၂ဝဝ၁ ခုနှစ်ထိ ဘီဘီစီ သတင်း ဌာန အကြီးအကဲဟောင်း လုပ်ခဲ့တဲ့ တိုနီဟောကို ခန့်အပ် လိုက်ပါတယ်။
သူဟာ Royal Opera House တော်ဝင် ကဇာတ်ရုံကြီးရဲ့ အကြီးအကဲ အဖြစ်လက်ရှိ တာဝန်ယူထားသူ ဖြစ်ပါတယ်။

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ခွင့် ပစ္စည်း ၂၂ မျိုး တိုး


မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ခွင့် ပစ္စည်း ၂၂ မျိုး တိုး 

(photo - the Business Line) မြန်မာ- အိန္ဒိယ နယ်စပ်ကားလမ်းမ တစ်နေရာ
နယူးဒေလီ (မဇ္ဈိမ) . ၂၂ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —   စိုက်ပျိုးရေးပစ္စည်းများနှင့် အဝတ်အထည်များ အပါအဝင် ပစ္စည်းအမျိုးအမည် ၂၂ မျိုးကို မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ခွင့်တွင် ထပ်မံ ခွင့်ပြုလိုက်သည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။