တိုက်ခိုက်မှုများ ရပ်တန့် ကြရန် ပြည်ပအခြေစိုက် ရခိုင် ၁၂ ဖွဲ့မှ ကြေငြာချက်ထုတ် တောင်းဆို
နိရဉ္စရာသတင်းဌာန. ၂၅ရက်နေ့ အောက်တိုဘာ ၂၀၁၂ —- ရခိုင်ပြည်နယ်တွင် ဆက်တိုက် ဖြစ်ပွားနေသည့် အပြန်အလှန် တိုက်ခိုက် နေမူများကို အမြန်ဆုံး ရပ်တန့်ရန်အတွက် ပြည်ပအခြေ စိုက် ရခိုင်အဖွဲ့အစည်း ၁၂ ဖွဲ့က စုပေါင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ကာ တောင်းဆို လိုက်သည်။
ရခိုင်အမျိုးသားကောင်းစီ (အိန္ဒိယ-ANC)မှ ဥက္ကဌ ဆရာတော် အရိယာ ၀ံသက ကြေငြာချက် ထုတ်ပြန်ရသည့် အကြောင်းကို ယခုကဲ့ သို့ ပြောသည်။