ဖွဲ့စည်းပုံအရ မည်သည့်နိုင်ငံသားကိုမျှ ခွဲခြားမှု မရှိဟု ဆို
မြန်မာနိုင်ငံမှာ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူး ဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုး သား၊ အမျိုးသမီး၊ ဆင်းရဲ၊ ချမ်းသာ တို့ကို အကြောင်းပြုပြီး ခွဲခြားမှု မရှိစေရဘူး လို့ ကုလသမဂ္ဂ ၏ UN Women ရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်နဲ့ မူဝါဒနှင့် အစီအစဉ်ရေးရာ ဒု ညွှန်ကြားရေးမှူး မစ္စတာ John Hendra ဦးဆောင်တဲ့ အဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ ပြည်ထောင်စု ရှေ့နေ ချုပ် ဒေါက်တာ ထွန်းရှင် က ပြောလိုက်တာပါ။
